< Книга пророка Иеремии 46 >
1 Слово, еже бысть ко Иеремии пророку от Господа на языки,
၁ထာဝရဘုရားသည်နိုင်ငံတကာကို ရည်မှတ်၍ ငါ့အားဗျာဒိတ်ပေးတော်မူ၏။-
2 ко Египту противу силы фараона Нехао царя Египетскаго, иже бысть над рекою Евфратом во Кархамисе, егоже порази Навуходоносор царь Вавилонский, в лете четвертем Иоакима сына Иосиина, царя Иудина.
၂အီဂျစ်ပြည်အကြောင်းနှင့်ပတ်သက်၍ ကိုယ် တော်မိန့်တော်မူသည်မှာအောက်ပါအတိုင်း ဖြစ်၏။ ထာဝရဘုရားသည်ယောရှိ၏သား ယုဒဘုရင်ယောယကိမ်နန်းစံစတုတ္ထနှစ် ၌ ဥဖရတ်မြစ်အနီးကာခေမိတ်အရပ်တွင် ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာနှိမ်နင်းလိုက် သည့်အီဂျစ်ဘုရင်ဖာရောနေခေါ်၏တပ်မ တော်ကိုရည်မှတ်၍ဗျာဒိတ်ပေးတော်မူ ၏။
3 Возмите оружие и щиты и идите на брань,
၃``အီဂျစ်တပ်မှူးတို့က`သင်တို့၏ဒိုင်းလွှား များကို အသင့်ပြင်ဆင်ကာတိုက်ပွဲသို့ဝင်ကြလော့''
4 оседлайте кони и вседайте, всадницы, и станите во шлемех ваших, уставите копия и облецытеся в броня вашя.
၄သင်တို့၏မြင်းများကိုကြိုးတန်ဆာဆင်စီး ကြလော့။ စီတန်းပြီးလျှင်သင်တို့၏သံခမောက်များ ကို ဆောင်းကြလော့။ လှံများကိုသွေးကြလော့။ သံချပ်အင်္ကျီကိုဝတ်ကြလော့' ဟုအော်ဟစ် ကြ၏။
5 Что убо видех их страшливых и хребты обращающих? Крепцыи их избити, побегоша скоро и не озрешася вспять, отвсюду страх, глаголет Господь.
၅သို့ရာတွင်ထာဝရဘုရားက``ငါမြင်ရ သည်ကား အဘယ်သို့နည်း။ သူတို့သည်ကြောက်လန့်၍နောက်သို့ဆုတ်ခွာ နေကြ၏။ သူတို့၏စစ်သူရဲများသည်အရေးရှုံးနိမ့်ကြ လေပြီ။ သူတို့သည်ကြောက်အားကြီး၍၊ နောက်သို့လှည့်မကြည့်ဘဲအစွမ်းကုန်လျင် မြန်စွာ ပြေးကြလေကုန်၏'' ဟုမိန့်တော်မူ၏။
6 Не утечет легкий, ниже возможет избавитися крепкий на полунощь: близ реки Евфрата побеждени суть и падоша.
၆လျင်မြန်စွာပြေးသူတို့သည်မလွတ်နိုင်။ စစ်သူရဲတို့သည်မလွတ်မြောက်နိုင်။ သူတို့သည်မြောက်ဘက်ဒေသ၊ဥဖရတ် မြစ် အနီးတွင်ခြေချော်၍လဲကြကုန်၏။
7 Кто есть той, иже яко река восходит, и яко реки воздвижутся волны его?
၇ရေလျှံသောမြစ်ကဲ့သို့လည်းကောင်း၊ နိုင်းမြစ်ရေကဲ့သို့လည်းကောင်း၊ ချီတက်လာသူကားအဘယ်သူနည်း။
8 Воды Египта аки река взыдут, и аки река восколеблются воды его. И рече: взыду и покрыю землю, и погублю град и живущыя в нем.
၈ရေလျှံသောမြစ်ကဲ့သို့လည်းကောင်း၊ နိုင်းမြစ်ရေကဲ့သို့လည်းကောင်း ချီတက်လာသူမှာအီဂျစ်နိုင်ငံဖြစ်ပေ သည်။ အီဂျစ်နိုင်ငံက`ငါသည်ချီတက်၍ကမ္ဘာကို လွှမ်းမိုးမည်။ မြို့များနှင့်မြို့သူမြို့သားတို့အားဖျက်ဆီးမည်။
9 Возсядите на кони и устройте колесницы, изыдите, сильнии Муринстии, и Ливиане вооруженнии щитами, и Лидяне, взыдите наляцающе лук.
၉မြင်းများတို့တက်ကြလော့။ ရထားများတို့၊အပြင်းနှင်ကြလော့။ ဒိုင်းလွှားကိုင်ဆောင်သူဆူဒန်ပြည်သားနှင့် လစ်ဗျားပြည်သားတို့လုဒပြည်သားလေး သည်တော် အစရှိသည့် စစ်သည်တော်တို့ထွက်သွားကြလော့' ဟုဆို၏'' ဟူ၍ ထာဝရဘုရားမိန့်တော်မူ၏။
10 День сей Господа Бога Вседержителя, день отмщения, да отмстит врагом Своим, и пожрет я мечь Господень и насытится и упиется кровию их, яко жертва Господу Вседержителю в земли полунощней, близ реки Евфрата.
၁၀ဤနေ့သည်အနန္တတန်ခိုးရှင်အရှင် ထာဝရဘုရား၏နေ့တော်ဖြစ်၏။ ကိုယ်တော်သည်ရန်သူတို့အားယနေ့ပင် လက်စားချေတော်မူမည်။ သူတို့အားအပြစ်ဒဏ်ခတ်တော်မူမည်။ ကိုယ်တော်၏ဋ္ဌားသည်သူတို့အသားကိုအဝ စား၍ သူတို့၏သွေးကိုအဝသောက်လိမ့်မည်။ ယနေ့အနန္တတန်ခိုးရှင်သည်ဥဖရတ်မြစ် အနီး မြောက်ဘက်ဒေသ၌ မိမိ၏ယဇ်ကောင်များကိုပူဇော်တော်မူ၏။
11 Взыди в Галаад и возми ритину, дево, дщи Египетска! Всуе умножила еси врачевания твоя, и цельбы несть тебе.
၁၁အီဂျစ်ပြည်သူပြည်သားတို့၊ ဂိလဒ်ပြည်သို့သွား၍ ဆေးဝါးများကိုရှာကြလော့။ သင်တို့၏ဆေးများသည်တန်ခိုးအာနိသင် မရှိ။ သင်တို့၏အနာရောဂါကိုမပျောက်ကင်းစေနိုင်။
12 Услышаша языцы глас, и плачь твой наполни землю: яко сильный сретеся с сильным, и оба вкупе изнемогоста и падоста.
၁၂လူမျိုးတကာတို့သည်သင်တို့အရှက်ကွဲမှုကို ကြားသိကြလေပြီ။ သင်တို့ငိုကြွေးသံကိုလူတိုင်းကြားရကြ၏။ စစ်သူရဲသည်တစ်ဦးနှင့်တစ်ဦးတိုက်မိသဖြင့် နှစ်ဦးစလုံးမြေပေါ်သို့လဲကျကြလေပြီ။
13 Слово, еже глагола Господь ко Иеремии пророку о сем: яко име приити Навуходоносор царь Вавилонский и поразити землю Египетску.
၁၃အီဂျစ်ပြည်ကိုတိုက်ခိုက်ရန်ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာလာရောက်သောအခါ ထာဝရ ဘုရားသည်ငါ့အားဗျာဒိတ်ပေးတော်မူ၏။ ကိုယ်တော်က၊
14 Возвестите Египту и разгласите во Магдалу, и возопийте во Мемфисе и во Тафнасе поведите: стой и уготовися, яко пожрет мечь сия, яже окрест тебе суть.
၁၄``အီဂျစ်မြို့များဖြစ်သောမိဂဒေါလ၊နောဖနှင့် တာပနက်မြို့တို့အား၊ သင်တို့သည်မိမိတို့အတွက်ခုခံကာကွယ် အသင့်ပြင်ဆင်ကြလော့။ သင်တို့တွင်ရှိသမျှသောအရာတို့သည် စစ်ပွဲတွင် ဆုံးရှုံးပျက်စီးလိမ့်မည်။''
15 Почто убежа от тебе апис? Телец избранный твой не пребысть, яко Господь разруши его.
၁၅သင်တို့၏တန်ခိုးကြီးသောဘုရားအာပိ သည် အဘယ်ကြောင့်ပြိုလဲရသနည်း။ သူ့အားထာဝရဘုရားတွန်းချတော်မူလေပြီ။
16 И множество твое изнеможе и паде, и кийждо ко ближнему своему глаголаху: востаним и возвратимся к людем нашым и в землю рождения нашего от лица меча Еллинскаго.
၁၆သင်တို့၏စစ်သူရဲများသည်ခြေချော်၍လဲ ကြကုန်၏။ သူတို့တစ်ယောက်ကိုတစ်ယောက်`မြန်မြန်လာကြ။ ငါတို့သည်မိမိတို့နေရင်းပြည်သို့ပြန်ကြ ကုန်အံ့။ ရန်သူ၏ဋ္ဌားဘေးမှလွတ်မြောက်ရန်ပြေးကြ ကုန်အံ့' ဟုဆိုကြ၏။
17 Назовите имя фараона Нехао царя Египетска, смятение преведе время.
၁၇``အီဂျစ်ဘုရင်ဖာရောအား `အခွင့်ကောင်းကိုလက်လွတ်သူ၊လေအိုးကြီး' ဟူသောနာမည်သစ်ကိုပေးကြလော့။
18 Живу Аз, глаголет Царь, Господь Вседержитель имя Его: ибо, якоже Фавор на горах и якоже Кармель в мори, приидет.
၁၈အနန္တတန်ခိုးရှင်ငါထာဝရဘုရားသည် ဘုရင်ဖြစ်တော်မူ၏။ ငါသည်အသက်ရှင်တော်မူသော ဘုရားသခင်ပေတည်း။ တာဗော်တောင်ထိပ်သည်တောင်တကာတို့ ထက် မြင့်သကဲ့သို့လည်းကောင်း၊ ကရမေလတောင်ထိပ်သည်လည်း၊ပင်လယ် အနီးတွင် မြင့်မားစွာတည်ရှိသကဲ့သို့လည်းကောင်း၊ သင်တို့တိုက်ခိုက်မည့်သူသည်ခွန်အား ကြီးမား ပေလိမ့်မည်။
19 Сосуды пленения сотвори себе, живущая дщи Египетска, яко Мемфис в запустение будет, и наречется, увы! И не будут в нем жити.
၁၉အချင်းအီဂျစ်ပြည်သားတို့၊ သုံ့ပန်းအဖြစ်ခေါ်ဆောင်ခြင်းကိုခံရန် အသင့် ပြင်ဆင်ထားကြလော့။ နောဖမြို့သည်လူသူဆိတ်ငြိမ်ရာ သဲကန္တာရဖြစ်လိမ့်မည်။
20 Юница (избранна и) украшена Египет, разорение от полунощи прииде на ню,
၂၀အီဂျစ်ပြည်သည်မြောက်အရပ်မှ မှက်ကိုက်ခံရသည့် လှပဆူဖြိုးသည်နွားမနှင့်တူ၏။
21 и наемницы его, живущии посреде его, якоже телцы тучнии питаеми в нем: зане и тии обратишася и побегоша вкупе, и не могоша стати, яко день погибели их прииде на ня и время отмщения их.
၂၁အငှားစစ်သည်များပင်လျှင်နွားသငယ်များ သဖွယ် ခိုကိုးရာမဲ့ဖြစ်ကြ၏။ သူတို့သည်ခုခံတိုက်ခိုက်မှုကိုမပြုဘဲ အားလုံးလှည့်၍ပြေးကြလေသည်။ အဘယ်ကြောင့်ဆိုသော်သူတို့ဆုံးပါးပျက်စီး ရမည့်နေ့၊ ကံကြမ္မာဆိုးကြုံတွေ့ရမည့်နေ့ရက်ကာလသည် ကျရောက်လာပြီဖြစ်သောကြောင့်တည်း။
22 Глас их, якоже змиа звиздающаго, понеже с силою пойдут, со секирами приидут на него.
၂၂ရန်သူတပ်မတော်နီးကပ်လာသည်နှင့်အီဂျစ် ပြည်သည် မြည်သံပြုသောမြွေကဲ့သို့ထွက်ပြေးလေ၏။ လူတို့သစ်ပင်များကိုခုတ်သကဲ့သို့ရန်သူ တို့သည် သူ့အားရဲတင်းများနှင့်တိုက်ခိုက်ကြ၏။
23 Яко древие секуще посекут лес его, глаголет Господь Бог: ибо не может сочтен быти, яко умножишася паче пругов, и несть им числа.
၂၃သူတို့သည်သစ်တောကိုခုတ်လှဲသကဲ့သို့ တိုက်ခိုက်ကြ၏။ သူတို့၏လူများသည်မရေမတွက်နိုင်အောင် များပြား၍ သူတို့၏စစ်သူရဲများသည်၊အရေအတွက် အားဖြင့် ကျိုင်းကောင်များထက်ပင်များပြားကြ၏။
24 Посрамленна есть дщи Египетска и дана в руце людем полунощным.
၂၄အီဂျစ်ပြည်သူတို့သည်အရှက်ကွဲရကြ လေပြီ။ သူတို့အားမြောက်အရပ်မှလူတို့က နှိမ်နင်းလိုက်ကြ၏'' ဟုမိန့်တော်မူ၏။
25 Рече Господь Вседержитель, Бог Израилев: се, Аз посещу на Аммона сына ея, и на фараона и на Египет, и на боги его и на цари его, и на фараона и на уповающыя нань,
၂၅ဣသရေလအမျိုးသားတို့၏ဘုရားသခင် အနန္တတန်ခိုးရှင်ထာဝရဘုရားက``ငါသည် သိဘိမြို့၌ရှိသောအမ္မုန်ဘုရားကိုအီဂျစ် ပြည်၊ အီဂျစ်ဘုရားများ၊ ဘုရင်များနှင့် အတူဆုံးမမည်။ အီဂျစ်ပြည်ဘုရင်နှင့် သူ့ကိုအားထားယုံကြည်သူမှန်သမျှကို ငါဆုံးမမည်။-
26 и дам их в руце ищущих души их, и в руку Навуходоносора царя Вавилонска, и в руце слуг его: и посем поживут якоже и первее, глаголет Господь.
၂၆သူတို့ကိုသတ်ဖြတ်လိုသူဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာနှင့်တပ်မတော်လက်သို့ငါ ပေးအပ်မည်။ သို့ရာတွင်နောင်အခါ၌လူတို့ သည်ရှေးကာလများကနည်းတူ အီဂျစ်ပြည် တွင်ပြန်လည်နေထိုင်ကြလိမ့်မည်။ ဤကား ငါထာဝရဘုရားမြွက်ထားသည့်စကား ဖြစ်၏'' ဟုမိန့်တော်မူ၏။
27 Ты же не убойся, рабе мой Иакове, ни устрашайся, Израилю: се бо, Аз тебе спасена сотворю издалеча и семя твое от земли пленения их: и возвратится Иаков и почиет и благоуспеет, и не будет устрашаяй его.
၂၇``ငါ၏လူမျိုးတော်တို့၊မကြောက်ကြနှင့်။ ဣသရေလ ပြည်သားတို့၊ထိတ်လန့်တုန်လှုပ်မှုမဖြစ် ကြနှင့်။ သုံ့ပန်းများအဖြစ်နှင့်သင်တို့သေရကြ သောပြည်၊ ထိုဝေးလံသောပြည်မှသင်တို့အားငါကယ် ဆယ်မည်။ သင်တို့သည်ပြန်လာ၍ငြိမ်းချမ်းစွာနေထိုင် ရကြလိမ့်မည်။ ဘေးမဲ့လုံခြုံမှုရှိလိမ့်မည်။ အဘယ်သူမျှသင်တို့အားကြောက်လန့် စေလိမ့်မည်မဟုတ်။
28 Не бойся, рабе Мой Иакове, глаголет Господь, яко с тобою есмь Аз: яко сотворю скончание во всех языцех, в няже извергох тя, тебе же не сотворю оскудети, но накажу тя судом и обезвиняя не обезвиню тя.
၂၈ငါသည်သင်တို့ထံသို့ကြွလာ၍ သင်တို့အားကယ်တင်မည်။ သင်တို့အားငါကွဲလွင့်စေခဲ့ရာ နိုင်ငံတကာတို့ကိုငါဖျက်ဆီးမည်။ သို့ရာတွင်သင်တို့ကိုမူဖျက်ဆီးမည် မဟုတ်။ ငါသည်သင်တို့အားအပြစ်ဒဏ်မခတ်ဘဲ ထားမည်မဟုတ်သော်လည်း၊ အပြစ်ဒဏ်ခတ်သောအခါ၌မူကားမျှတစွာ ဒဏ်ခတ်မည်။ ဤကားငါထာဝရဘုရားပြောကြားသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။