< Книга пророка Иеремии 12 >
1 Праведен еси, Господи, яко отвещаю к Тебе: обаче судбы возглаголю к Тебе: что, яко путь нечестивых спеется, угобзишася вси творящии беззакония?
၁အို ထာဝရဘုရား၊ကျွန်တော်မျိုး၏အမှုကို အထံတော်တွင်လျှောက်လဲရသော် ကိုယ်တော်ရှင်သာလျှင်ဖြောင့်မတ်သောအရှင် ဖြစ်ပါသည်။ သို့ရာတွင်တရားမျှတမှုရှိမရှိနှင့်ပတ် သက်၍ ကျွန်တော်မျိုးလျှောက်ထားလိုပါ၏။ အဘယ်ကြောင့်သူယုတ်မာတို့သည် ချမ်းသာကြွယ်ဝကြပါသနည်း။ မရိုးမဖြောင့်သူတို့သည်အဘယ်ကြောင့် အေးချမ်းစွာနေရပါသနည်း။
2 Насадил еси их, и укоренишася, чада сотвориша и сотвориша плод: близ еси Ты уст их, далече же от утроб их.
၂ကိုယ်တော်ရှင်သည်သူတို့အားစိုက်ပျိုးတော် မူသဖြင့် သူတို့သည်အမြစ်စွဲကာကြီးပွားလျက် အသီးအနှံများအောင်ကြပါ၏။ သူတို့သည်အစဉ်ပင်ကိုယ်တော်ရှင်ကောင်း မြတ် တော်မူကြောင်းကိုပြောဆိုကြသော်လည်း၊ အမှန်အားဖြင့်ကိုယ်တော်ရှင်ကိုပမာဏ မပြုကြပါ။
3 И Ты, Господи, разумееши мя, видел мя еси и искусил еси сердце мое пред Тобою: собери их яко овцы на заколение и очисти их в день заколения их.
၃သို့ရာတွင် အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည် ကျွန်တော်မျိုး၏အကြောင်းကိုသိတော်မူပါ၏။ ကျွန်တော်မျိုးပြုကျင့်သည့်အမှုကိုလည်းကောင်း၊ ကိုယ်တော်ရှင်အား၊ကျွန်တော်မျိုး၏အကြံ အစည် ကိုလည်းကောင်းသိမြင်တော်မူပါ၏။ ထိုဆိုးညစ်သူတို့အားအသတ်ခံရမည့်သိုး များကဲ့သို့ ဆွဲထုတ်သွားတော်မူပါ၏။ အသတ်ခံရချိန်မတိုင်မီသူတို့အား စောင့်ကြပ်ထားတော်မူပါ၏။
4 Доколе плакати имать земля, и трава вся селная изсхнет от злобы живущих на ней? Погибоша скоти и птицы, яко рекоша: не узрит Бог путий наших.
၄ကျွန်တော်မျိုးတို့၏ပြည်သည်အဘယ်မျှ ကြာကြာ ခြောက်သွေ့လျက်၊ လယ်ကွင်းများရှိမြက်တို့သည်လည်း၊အဘယ်မျှ ကြာကြာညှိုးနွမ်းလျက်နေရပါမည်နည်း။ `ငါတို့ပြုကျင့်ပုံကိုဘုရားသခင်တွေ့မြင်တော် မမူ' ဟုပြောဆိုကြသည့် ဤပြည်သူတို့၏ယုတ်မာမှုကြောင့်ငှက်များ၊ တိရစ္ဆာန်များသည်သေကြေပျက်စီးလျက်ရှိ ပါ၏။''
5 Нозе твои текут и разслабляют тя: како уготовишися с коньми? И в земли мира твоего уповал еси, како сотвориши в шуме Иорданстем?
၅ထာဝရဘုရားက``ယေရမိ၊အကယ်၍သင်သည် လူတို့နှင့်အပြေးပြိုင်ရာတွင်မောပန်းနေပါမူ မြင်းများနှင့်အဘယ်သို့အပြေးပြိုင်နိုင်မည် နည်း။ သင်သည်လွင်ပြင်တွင်လဲနေလျှင်ယော်ဒန်မြစ် အနီးရှိ တောအုပ်များ၌အဘယ်သို့ခံရပ်နိုင်မည်နည်း။
6 Понеже и братия твоя и дом отца твоего, и сии отвергошася тебе и тии возопиша, созади тебе собрашася: не веруй им, егда глаголати будут тебе благая.
၆သင်၏အိမ်ထောင်စုသားများ၊သင့်ညီအစ်ကို များ ပင်လျှင်သင့်အားသစ္စာဖောက်ကြလေပြီ။ သူတို့သည်သင်၏တစ်ဘက်မှဝင်၍သင့်အား အော်ဟစ်နေကြ၏။ သူတို့သည်သင့်အားနှုတ်ချိုစွာပြောသော်လည်း သူတို့ကိုသင်မယုံနှင့်'' ဟုမိန့်တော်မူ၏။
7 Оставих дом Мой, оставих достояние Мое, дах возлюбленную душу Мою в руки врагов ея:
၇ထာဝရဘုရားက၊ ``ငါသည်ငါ၏အိမ်ကိုစွန့်ပစ်လိုက်လေပြီ။ ငါရွေးချယ်ထားသည့်ငါ၏အမွေခံကိုပစ်ပယ် လိုက်လေပြီ။ ငါချစ်မြတ်နိုးသည့်လူတို့အားရန်သူများ၏ လက်သို့ အပ်နှံလိုက်လေပြီ။
8 бысть Мне достояние Мое яко лев в дубраве, даде противу Мене глас свой: сего ради возненавидех е.
၈ငါရွေးချယ်ထားသည့်ငါ၏အမွေခံတို့သည် တောတွင်းမှခြင်္သေ့ကဲ့သို့ငါ့ကိုတော်လှန်ကြ လေပြီ။ သူတို့သည်ငါ့ကိုဟိန်းဟောက်ကြသဖြင့် ငါသည်သူတို့ကိုမုန်း၏။
9 Не вертеп ли иенин достояние Мое Мне, или пещера окрест его? Идите, соберите вся звери селныя, и да приидут снести е.
၉ငါရွေးချယ်ထားသည့်ငါ၏အမွေခံသည်သိမ်း ငှက်များ ဝိုင်းဝန်း၍ထိုးဆိတ်ခံရသည့်ငှက်နှင့်တူ၏။ သားရဲတိရစ္ဆာန်တို့လာ၍စားသောက်ကြရန် ခေါ်ဖိတ်လော့။
10 Пастырие мнози растлиша виноград Мой, оскверниша часть Мою, даша часть желаемую Мою в пустыню непроходную,
၁၀လူမျိုးခြားဘုရင်အများပင်ငါ၏ စပျစ် ဥယျာဉ်ကိုဖျက်ဆီးပစ်ကြလေပြီ။ သူတို့သည်ငါ၏လယ်ယာများကို နင်းချေပစ်ကြလေပြီ။ နှစ်သက်ဖွယ်ကောင်းသည့်ငါ့ပြည်တော် ကို သဲကန္တာရဖြစ်စေကြလေပြီ။
11 положиша в потребление пагубы: Мене ради разорением разорена есть вся земля, яко ни един есть, иже размышляет сердцем.
၁၁သူတို့သည်ထိုပြည်ကိုမြေရိုင်းဖြစ်စေကြ လေပြီ။ ထိုပြည်သည်ငါ၏ရှေ့မှောက်၌လူသူ ကင်းမဲ့လျက်ရှိ၏။ တစ်ပြည်လုံးပင်စွန့်ပစ်ခြင်းခံရ၍အဘယ်သူမျှ ဂရုမစိုက်ကြ။
12 Во всякий путь пустыни приидоша опустошающии, яко мечь Господень пояст от края земли даже до края ея: несть мира всяцей плоти.
၁၂လူတို့သည်တိုက်ခိုက်လုယက်ရန်သဲကန္တာရရှိ ကုန်းမြင့်များကိုဖြတ်၍လာလေပြီ။ ဤပြည်တစ်ခုလုံးကိုဖျက်ဆီးချေမှုန်းပစ်ရန် ငါသည်စစ်ပွဲကိုဖြစ်ပွားစေလေပြီ။ အဘယ်သူမျှငြိမ်းချမ်းစွာမနေမထိုင် ရကြ။
13 Посеясте пшеницу, а терние пожасте: достояния их не полезна будут им: постыдитеся стыдением от похваления вашего, от поношения пред Господем.
၁၃ငါ၏လူမျိုးတော်သည်ဂျုံစပါးကိုစိုက်ပျိုး သော်လည်း ဆူးပင်များကိုရိတ်သိမ်းရကြ၏။ သူတို့သည်အလုပ်ကိုကြိုးစား၍လုပ်သော် လည်း အဘယ်သို့မျှအကျိုးမရှိ။ ငါ၏အမျက်တော်ပြင်းထန်မှုကြောင့် သူတို့သည်ရှက်ကြောက်ခြင်းသီးနှံကို ရိတ်သိမ်း ရလိမ့်မည်'' ဟုမိန့်တော်မူ၏။
14 Яко сия глаголет Господь о всех соседех лукавых, прикасающихся наследию Моему, еже разделих людем Моим Израилю: се, Аз исторгну их от земли их и дом Иудин извергну от среды их:
၁၄ထာဝရဘုရားက``ငါ၏လူမျိုးတော်ဣသရေလ အမျိုးသားတို့အား ငါအမွေပေးအပ်ခဲ့သည့် ပြည်တော်ကိုပျက်စီးယိုယွင်းစေသော ဣသရေလ ပြည်၏အိမ်နီးချင်းနိုင်ငံတို့နှင့်ပတ်သက်၍ငါ ပြောစရာရှိ၏။ ငါသည်ထိုသူယုတ်မာတို့အား အမြစ်ပြုတ်သည့်အပင်ငယ်ကဲ့သို့သူတို့ပြည် မှဆွဲထုတ်မည်။ ယုဒပြည်ကိုသူတို့လက်မှ ဆွဲထုတ်ကယ်ဆယ်မည်။-
15 и будет, егда исторгну их, обращуся и помилую их, и вселю их когождо в достояние свое и когождо в землю свою:
၁၅သို့ရာတွင်ငါသည်သူတို့အားယင်းသို့ဆွဲ ထုတ်ပြီးနောက်ကရုဏာပြမည်။ ထိုလူမျိုး အသီးသီးကိုမိမိတို့ပိုင်သည့်နယ်မြေသို့ လည်းကောင်း၊ မိမိတို့၏ပြည်သို့လည်းကောင်း ပြန်လည်ပို့ဆောင်မည်။-
16 и будет, аще учащеся научатся путем людий Моих, еже клятися именем Моим, жив Господь, якоже научиша людий Моих клятися Ваалом, и созиждутся посреде людий Моих:
၁၆အကယ်၍သူတို့သည်ငါ့လူမျိုးတော်၏ ဘာသာတရားကိုလက်ခံကာ အခါတစ်ပါး ကဗာလဘုရားအားတိုင်တည်ကျိန်ဆိုမှု ကိုသူတို့သည် ငါ၏လူမျိုးတော်အားသင် ကြားပေးခဲ့သည့်နည်းတူယခုအခါ`ထာဝရ ဘုရားအသက်ရှင်တော်မူသည့်အတိုင်း' ဟု ငါ၏နာမတော်အားဖြင့်ကျိန်ဆိုကြပါမူ သူတို့သည်ငါ၏လူမျိုးတော်တွင်အပါ အဝင်ဖြစ်လျက်ကောင်းစားကြလိမ့်မည်။-
17 аще же не послушают, исторгну язык оный исторганием и погублением, рече Господь.
၁၇သို့ရာတွင်ငါ့စကားကိုနားမထောင်သော လူမျိုးကို ငါသည်အမြစ်မှနုတ်၍ဖျက်ဆီး ပစ်မည်။ ဤကားငါထာဝရဘုရားမြွက်ဟ သည့်စကားဖြစ်၏'' ဟုမိန့်တော်မူ၏။