< Книга пророка Исаии 25 >

1 Господи Боже мой, прославлю Тя, воспою имя Твое, яко сотворил еси чудная дела, совет древний истинный: да будет, Господи.
အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော်ကို မြှောက်စား ပါမည်။ နာမတော်ကို ချီးမွမ်းပါမည်။ အံ့ဘွယ်သော အ မှုတို့ကိုပြုတော်မူပြီ။ ရှေးအကြံတော်တို့သည် မရွေ့၊ သစ္စာ နှင့် မြဲမြံကြပါ၏။
2 Яко положил еси грады в персть, грады твердыя, еже пасти основанием их, нечестивых град да не созиждется во век.
မြို့ကိုအမှိုက်ပုံ၊ ခိုင်ခံ့သောမြို့ကို ဖြိုဖျက်ရာဖြစ် စေတော်မူပြီ။ တကျွန်းတနိုင်ငံသားတို့၏ နေရာဘုံဗိမာန် သည် မြို့မဖြစ်၊ နောက်တဖန် မတည်မဆောက် ရမည် အကြောင်းစီရင်တော်မူပြီ။
3 Сего ради благословят Тя людие нищии, и гради человеков обидимых возблагословят Тя.
ထိုကြောင့်၊ အားကြီးသော လူမျိုးသည် ကိုယ်တော်ကို ချီး မွမ်းကြပါလိမ့်မည်။ ကြောက်မက်ဘွယ်သော လူမျိုးတို့၏ နေရာမြို့သည် ကိုယ်တော်ကို ကြောက်ရွံ့ပါလိမ့်မည်။
4 Был бо еси всякому граду смиренному помощник, и изнемогающым за оскудение покров, от человек злых избавиши их: покров жаждущих, и дух человеков обидимых.
ကိုယ်တော်သည် ဆင်းရဲသောသူတို့ ခိုလှုံရာ၊ ငတ်မွတ်သောသူအမှု ရောက်သည်ကာလ၌ ခိုလှုံရာဖြစ် တော်မူ၏။ ထရံကို တိုက်သော မိုဃ်းသက်မုန်တိုင်းကဲ့သို့၊ ကြောက်မက်ဘွယ်သောသူတို့၏ ဒေါသအမျက်ထွက် သောအခါ၊ မိုဃ်းသက်မုန်တိုင်း လွတ်ရာ၊ နေရောင်ကွယ် ကာရာ ဖြစ်တော်မူ၏။
5 Аки человецы малодушнии жаждущии в Сионе, яко избавиши их от человек нечестивых, имже нас предал еси.
သွေ့ခြောက်သော အရပ်၌ နေအရှိန်ကိုကဲ့သို့၊တ ကျွန်းတနိုင်ငံတို့၏ အသံဗလံကို ငြိမ်းစေတော်မူလိမ့်မည်။ ထူထပ်သော မိုဃ်းတိမ်အားဖြင့် နေအရှိန် ပျောက်သကဲ့ သို့၊ ကြောက်မက်ဘွယ်သောသူတို့၏ သီချင်းသံပျောက် ရပါလိမ့်မည်။
6 И сотворит Господь Саваоф всем языком: на горе сей испиют радость, испиют вино,
ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည်၊ ခဲဘွယ်စားဘွယ်ပွဲ၊ ဟောင်းသောစပျစ်ရည်ပွဲတည်းဟူ သော၊ ဆူသောခဲဘွယ်စားဘွယ်၊ ကောင်းမွန်စွာစစ်သော စပျစ်ရည်ဟောင်းကို လူခပ်သိမ်းတို့အဘို့ ဤတောင်ပေါ် မှာ စီရင်တော်မူလိမ့်မည်။
7 помажутся миром на горе сей: предаждь сия вся языком: той бо совет на вся языки.
လူခပ်သိမ်းတို့ကို ဖုံးသော မျက်နှာဖုံးကို၎င်း၊ ခပ်သိမ်းသော လူမျိုးတို့ကို ဖုံးလွှမ်းသော တင်းတိမ်ကို၎င်း၊ ဤတောင်ပေါ်မှာ ပယ်တော်မူလိမ့်မည်။
8 Пожре смерть возмогши, и паки отят Господь Бог всякую слезу от всякаго лица: поношение людий отят от всея земли, уста бо Господня глаголаша (сия).
သေခြင်းကိုလည်း နစ်မွန်းဆုံးရှုံးစေတော်မူလိမ့် မည်။ အရှင်ထာဝရဘုရားသည်လည်း၊ ခပ်သိမ်းသော မျက်နှာတို့မှ မျက်ရည်ကိုသုတ်တော်မူလိမ့်မည်။ ကိုယ် တော်၏လူတို့သည် ခံရသော ကဲ့ရဲ့ခြင်းကိုလည်း၊ မြေကြီး တပြင်လုံး၌ ပယ်ရှင်းတော်မူလိမ့်မည်ဟု၊ ထာဝရဘုရား အမိန့်တော်ရှိ၏။
9 И рекут в день оный: се, Бог наш, Наньже уповахом, и спасет нас: Сей Господь, потерпехом Его, и возрадовахомся и возвеселихомся о спасении нашем.
ထိုကာလ၌ ကြည့်ရှုလော့။ ဤအရှင်ကား၊ ငါတို့ မြော်လင့်သော၊ ငါတို့၏ဘုရားသခင်တည်း။ ငါတို့ကို ကယ် တင်တော်မူလိမ့်မည်။ ဤအရှင်ကား၊ ငါတို့မြော်လင့်သော ထာဝရဘုရားတည်း။ ကယ်တင်တော်မူခြင်းကျေးဇူး ကြောင့်၊ ငါတို့သည် ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့ဟုဆို ကြလိမ့်မည်။
10 Покой даст Бог на горе сей, и поперется Моавитида, якоже топчут ток колесницами.
၁၀အကြောင်းမူကား၊ ထာဝရဘုရား၏ လက်တော် သည် ဤတောင်ပေါ်မှာ ငြိမ်းလိမ့်မည်။ ကောက်ရိုးသည် နောက်ချေးရွှံ့ပွက်၌ နှိပ်နင်းခြင်းကို ခံရသကဲ့သို့၊ မောဘ ပြည်သည် မိမိ၌ နှိပ်နင်းတော်မူခြင်းကိုခံရလိမ့်မည်။
11 И воздвигнет руце свои, якоже и той смири, еже погубити: и смирит гордыню его, на няже руце возложи.
၁၁ရေကူးသောသူသည် ရေကူးခြင်းငှါ လက်ကို ဆန့်သကဲ့သို့၊ မောဘပြည်အလယ်၌ လက်တော်ကို ဆန့် ၍၊ မောဘ၏မာနနှင့် လက်သတ္တိကို ချတော်မူလိမ့်မည်။
12 И высоту убежища ограды твоея смирит, и обнизится даже до земли.
၁၂သင်တို့၏ မြို့ရိုးပြအိုး အထွဋ်ကို ဖြို၍၊ မြေတိုင် အောင် နှိမ့်သဖြင့်၊မြေမှုန့်ထဲမှာ ချတော်မူလိမ့်မည်။

< Книга пророка Исаии 25 >