< Бытие 28 >
1 Призвав же Исаак Иакова, благослови его и заповеда ему, глаголя: да не поймеши жены от дщерей Хананейских:
၁ထိုအခါ ဣဇာက်သည် ယာကုပ်ကို ခေါ်၍၊ သင်သည် ခါနာန်အမျိုးသမီးနှင့် အိမ်ထောင်ဘက်မပြုရ။
2 востав отбежи в Месопотамию в дом Вафуила отца матере твоея, и поими себе оттуду жену от дщерей Лавана брата матере твоея:
၂အမိ၏အဘ ဗေသွေလအမျိုးသားနေရာ ပါဒ နာရံအရပ်သို့ ထ၍ သွားလော့။ သင့်ဦးရီးလာဗန်၏ သမီးတစုံတယောက်နှင့် အိမ်ထောင်ဘက်ပြုလော့။
3 Бог же мой да благословит тя и возрастит тя и умножит тя, и будеши в собрания языков:
၃အနန္တတန်ခိုးရှင် ဘုရားသခင်သည် ကောင်းကြီး ပေး၍ တိုးပွားစေသဖြင့်၊ သင်သည် အမျိုးကြီးဖြစ်မည် အကြောင်းနှင့် များပြားစေတော်မူစေသတည်း။
4 и да даст тебе благословение Авраама отца моего, тебе и семени твоему по тебе наследити землю обитания твоего, юже даде Бог Аврааму.
၄အထက်က အာဗြဟံအား ပေးတော်မူ၍၊ သင် ယခု ဧည့်သည်ဖြစ်လျက်နေသော ဤပြည်ကို၊ သင်အမွေ ခံရမည်အကြောင်း၊ သင့်အား၎င်း၊ သင်၏အမျိုးအနွယ် အား၎င်း၊ အာဗြဟံ၏ ကောင်းကြီးမင်္ဂလာကို ပေးတော် မူစေသတည်းဟု ကောင်းကြီးပေးလျက်မှာထား၍ လွှတ် လိုက်လေ၏။
5 Посла же Исаак Иакова: и отиде в Месопотамию к Лавану сыну Вафуила Сирина, к брату же Ревекки матере Иаковли и Исавли.
၅ထိုသို့ ယာကုပ်နှင့် ဧသော၏ အမိ၊ ရေက္ကေ၏ မောင်၊ ရှုရိလူဗေသွေလသား လာဗန်နေရာ ပါဒနာရံပြည် သို့ ယာကုပ်သွားလေ၏။
6 Виде же Исав, яко благослови Исаак Иакова и посла в Месопотамию сирскую пояти оттуду себе жену, егда благослови его и заповеда ему, глаголя: да не поймеши жены от дщерей Хананейских.
၆ထိုသို့ ဣဇာက်သည် ယာကုပ်ကို ကောင်းကြီး ပေး၍၊ ပါဒနာရံပြည်၌ အိမ်ထောင်ဘက်ပြုစေခြင်းငှါ လွှတ်လိုက်သောအကြောင်းကို၎င်း၊ ခါနာန်အမျိုးသမီးနှင့် အိမ်ထောင်ဘက်မပြုရဟု၊ ကောင်းကြီးပေးသောအခါ မှာထားကြောင်းကို၎င်း၊
7 И послуша Иаков отца и матере своея, и отиде в Месопотамию сирскую.
၇ယာကုပ်သည် မိဘစကားကို နားထောင်၍၊ ပါဒနာရံပြည်သို့ သွားကြောင်းကို၎င်း၊
8 Видев же Исав, яко злы суть дщери Хананейския пред Исааком отцем его,
၈ခါနာန်အမျိုးသမီးတို့ကို အဘဣဇာက် မနှစ်သက်ကြောင်းကို၎င်း၊ ဧသောသိမြင်လျှင်၊
9 отиде Исав ко Исмаилу и взя Маелефу дщерь Исмаила сына Авраамля, сестру Навеофову, жену к женам своим.
၉ဣရှမေလထံသို့သွား၍ အထက်မယားတို့မှ တပါး၊ အာဗြဟံသား ဣရှမေလသမီး၊ နဗာယုတ်နှမ၊ မဟာလတ်နှင့် တဖန် အိမ်ထောင်ဘက် ပြုပြန်လေ၏။
10 И отиде Иаков от кладязя Клятвеннаго и иде в Харран,
၁၀ယာကုပ်သည် ဗေရရှေဘရွာမှ ထွက်၍၊ ခါရန် ပြည်သို့ ခရီးသွားစဉ်တွင်၊
11 и обрете место и успе тамо, зайде бо солнце: и взя от камения места (того) и положи в возглавие себе, и спа на месте онем.
၁၁တစုံတခုသောအရပ်သို့ရောက်၍၊ မိုဃ်းချုပ် သောကြောင့်၊ ညဉ့်ကို လွန်စေမည်အကြံရှိသည်နှင့်၊ ထိုအရပ်၌ ကျောက်ကိုယူ၍ ခေါင်းအုံးဘို့ ထားပြီးလျှင် အိပ်လေ၏။
12 И сон виде: и се, лествица утверждена на земли, еяже глава досязаше до небесе, и Ангели Божии восхождаху и низхождаху по ней:
၁၂မြင်ရသော အိပ်မက်ဟူမူကား၊ မြေကြီးပေါ်၌ လှေကားထောင်လျက် အဖျားသည် မိုဃ်းကောင်းကင် တိုင်အောင်မှီ၏။ ဘုရားသခင်၏ ကောင်းကင်တမန်တို့ သည်၊ ထိုလှေကားဖြင့် ဆင်းလျက် တက်လျက်ရှိကြ၏။
13 Господь же утверждашеся на ней и рече: Аз есмь Бог Авраама отца твоего и Бог Исаака, не бойся: земля, идеже ты спиши на ней, тебе дам ю и семени твоему:
၁၃ထာဝရဘုရားသည် လှေကားထက်၌ ရပ်တော်မူ လျက်၊ ငါသည် သင်၏အဘ အာဗြဟံဘုရား၊ ဣဇာက်၏ ဘုရားတည်းဟူသော ထာဝရဘုရားဖြစ်၏။ သင်အိပ် သော မြေကို သင်နှင့်သင်၏ အမျိုးအနွယ်အား ငါပေး မည်။
14 и будет семя твое яко песок земный, и распространится на море, и ливу, и север, и на востоки: и благословятся о тебе вся колена земная и о семени твоем:
၁၄သင်၏အမျိုးအနွယ်သည် မြေမှုန့်ကဲ့သို့ များပြား လိမ့်မည်။ အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ လေးမျက်နှာ အရပ်တို့သို့နှံ့ပြားကြလိမ့်မည်။ သင်နှင့်သင်၏အမျိုး အနွယ်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းကြီး မင်္ဂလာကို ခံကြရလိမ့်မည်။
15 и се, Аз есмь с тобою, сохраняяй тя на всяком пути, аможе аще пойдеши, и возвращу тя в землю сию: яко не имам тебе оставити, дондеже сотворити ми вся, елика глаголах тебе.
၁၅ငါသည် သင့်ဘက်မှာရှိ၏။ သင်သွားလေရာ ရာ၌ ငါစောင့်မမည်။ ဤပြည်သို့တဖန် ဆောင်ခဲ့ဦးမည်။ ဂတိထားသည်အတိုင်း မပြည့်စုံမှီ၊ သင့်ကိုငါမစွန့်ဟု မိန့်တော်မူ၏။
16 И воста Иаков от сна своего и рече: яко есть Господь на месте сем, аз же не ведех.
၁၆ယာကုပ်သည်အိပ်ပျော်ရာမှ နိုးလျင်၊ အကယ်စင်စစ် ထာဝရဘုရားသည် ဤအရပ်၌ရှိတော်မူ၏။ ရှိတော်မူကြောင်းကို ငါမသိ။
17 И убояся и рече: яко страшно место сие: несть сие, но дом Божий, и сия врата небесная.
၁၇ဤအရပ်ကား၊ အဘယ်မျှလောက် ကြောက်မက် ဘွယ် ဖြစ်သည်တကား။ ဤအရပ်ကား၊ အခြားမဟုတ်၊ ဘုရားသခင်၏ ဘုံဗိမာန်၊ ကောင်းကင်တံခါးဝ ဖြစ်သည် တကားဟု၊ ကြောက်ရွံ့ခြင်းသို့ ရောက်၍ ဆို၏။
18 И воста Иаков заутра, и взя камень, егоже положи тамо в возглавие себе: и постави его в столп, и возлия елей верху его.
၁၈နံနက်စောစော ယာကုပ်သည်ထ၍၊ ခေါင်းအုံး သော ကျောက်ကို ယူသဖြင့်၊ မှတ်တိုင်ဖြစ်စေလျက် ထူ ထောင်ပြီးလျှင်၊ ကျောက်ထိပ်ဖျားအပေါ်၌ ဆီကို လောင်းလေ၏။
19 И прозва Иаков имя месту тому Дом Божий: Уламлуз же бе имя граду первее.
၁၉ထိုအရပ်ကိုလည်း၊ ဗေသလအမည်ဖြင့် မှည့် လေ၏။ ထိုမြို့၏ အမည်ဟောင်းကား၊ ဥလံလုဇဟူ သတည်း။
20 И положи Иаков обет, глаголя: аще будет Господь Бог со мною и сохранит мя на пути сем, в оньже аз иду, и даст ми хлеб ясти, и ризы облещися,
၂၀ထိုအခါ ယာကုပ်က၊ ဘုရားသခင်သည် ငါ့ဘက် ၌ ရှိလျက်၊ ငါယခုသွားရာလမ်းမှာ၊ငါ့ကိုစောင့်မ၍ စားစရာအစား၊ ဝတ်စရာအဝတ်ကို ပေးသနားတော်မူ လျှင်၎င်း၊
21 и возвратит мя здрава в дом отца моего, и будет Господь мне в Бога:
၂၁ငါသည် တဖန် အဘ၏အိမ်သို့ ငြိမ်ဝပ်စွာ ပြန် ရောက်၍၊ ထာဝရဘုရားသည်ငါ၏ဘုရား ဖြစ်တော်မူ လျှင်၎င်း၊ မှတ်တိုင်ပြု၍ ငါထူထောင်သော ဤကျောက် သည်လည်း၊ဘုရားသခင်၏ ဗိမာန်ဖြစ်ရမည်။
22 и камень сей, егоже поставих в столп, будет ми дом Божий, и от всех, яже ми даси, десятину одесятствую та Тебе.
၂၂ပေးသနားတော်မူသမျှတို့ကို ဆယ်ဘို့တဘို့ ပူဇော်ပါမည်ဟူ၍ သစ္စာပြုလေ၏။