< Книга пророка Иезекииля 8 >
1 И бысть в лето шестое в шестый месяц, в пятый день месяца, аз седех в дому моем, и старейшины Иудины седяху предо мною, и бысть на мне рука Адоная Господа.
၁ငါတို့ပြည်နှင်ဒဏ်ခံရချိန်ခြောက်နှစ်မြောက်၊ ဆဋ္ဌမလ၊ ပဉ္စမနေ့၌ယုဒအမျိုးသားခေါင်းဆောင်များသည်ငါ၏အိမ်တွင်ထိုင်၍ငါနှင့်စကားပြောလျက်နေကြစဉ် အရှင်ထာဝရဘုရား၏တန်ခိုးတော်သည်ရုတ်တရက်ငါ၏အပေါ်သို့ကျရောက်လာ၏။-
2 И видех, и се, подобие мужа, от чресл его и даже до низу огнь, от чресл же его в верх его якоже видение зари и яко взор илектра.
၂ငါသည်မော်၍ကြည့်လိုက်သောအခါမီးလျှံတောက်နေသောလူပုံသဏ္ဌာန်တစ်ခုကိုမြင်ရ၏။ သူ၏ခါးမှခြေဖျားအထိအောက်ပိုင်းတစ်ခုလုံးသည်မီးနှင့်တူ၍ အထက်ပိုင်းတစ်ခုလုံးမှာတိုက်ချွတ်ထားသည့်ကြေးဝါသဖွယ်တောက်ပလျက်နေ၏။-
3 И простре подобие руки и взя мя за верх главы моея, и взя мя дух среде земли и среде небесе и веде мя во Иерусалим в видении Божии на преддверие врат внутреннейших зрящих на север, идеже бе столп и образ ревности притяжавающаго.
၃သူသည်လက်နှင့်တူသောအရာကိုဆန့်၍ငါ၏ဦးဆံကိုဆွဲကိုင်လိုက်၏။ ထိုနောက်ဤဗျာဒိတ်ရူပါရုံထဲ၌ဝိညာဉ်တော်သည်ငါ့အားလေထဲသို့ချီပင့်ပြီးလျှင် ယေရုရှလင်မြို့ဗိမာန်တော်မြောက်မျက်နှာတံခါးဝသို့ခေါ်ဆောင်သွားတော်မူ၏။ ထိုနေရာတွင်ဘုရားသခင်ရှုစိမ့်တော်မမူလိုသည့်ရုပ်တုတစ်ခုရှိသတည်း။
4 И се, ту бяше слава Господа Бога Израилева по видению, еже видех на поли.
၄ငါသည်ခေဗာမြစ်အနီးဗျာဒိတ်ရူပါရုံတွင်မြင်ရသည်နည်းတူ ဤအရပ်တွင်လည်းဣသရေလအမျိုးသားတို့၏ဘုရားသခင်၏ဘုန်းအသရေတော်ကိုမြင်ရ၏။-
5 И рече ко мне: сыне человечь, воззри очима твоима на север. И воззрех очима моима на север, и се, от севера ко вратом зрящым на восток требника, идеже образ рвения сего во входе.
၅ဘုရားသခင်ကငါ့အား``အချင်းလူသား၊ မြောက်ဘက်သို့ကြည့်လော့'' ဟုမိန့်တော်မူသဖြင့်ကြည့်လိုက်သောအခါ တံခါးဝအနီးယဇ်ပလ္လင်ဘေးတွင်ဘုရားသခင်ရှုစိမ့်တော်မမူလိုသည့်ရုပ်တုကိုငါမြင်ရ၏။
6 И рече ко мне: сыне человечь, видел ли еси, что сии творят? Беззакония велика дом Израилев творит зде, еже удалятися от святынь Моих: и еще обратився узриши болшая беззакония.
၆ဘုရားသခင်ကငါ့အား``အချင်းလူသား၊ ထိုသူတို့ပြုနေသည့်အမှုကိုသင်မြင်သလော။ ဤအရပ်တွင်ဣသရေလအမျိုးသားတို့ပြုနေကြသည့်စက်ဆုပ်ဖွယ်ရာများကိုကြည့်လော့။ သူတို့သည်ငါ့အားသန့်ရှင်းရာဌာနတော်နှင့်ဝေးသည်ထက်ဝေးအောင်နှင်ထုတ်လျက်နေကြ၏။ သင်သည်ထိုအရာတို့ထက်ပို၍ရှက်ကြောက်ဖွယ်ကောင်းသည့်အရာတို့ကိုမြင်ရလိမ့်မည်'' ဟု မိန့်တော်မူ၏။
7 И введе мя ко предвратию двора, и видех, и се, скважня едина в стене.
၇ကိုယ်တော်သည်ငါ့အားအပြင်တံတိုင်းအဝင်ဝသို့ခေါ်ဆောင်သွားပြီးလျှင် တံတိုင်းတွင်ရှိသောအပေါက်တစ်ခုကိုပြတော်မူ၏။-
8 И рече ко мне: сыне человечь, раскопай стену. И раскопах, и се, дверь едина.
၈ကိုယ်တော်က``အချင်းလူသား၊ တံတိုင်းကိုဤနေရာမှတူးဖောက်လိုက်လော့'' ဟုမိန့်တော်မူသည့်အတိုင်း ငါသည်တူးဖောက်လိုက်သောအခါတံခါးတစ်ခုကိုမြင်ရ၏။-
9 И рече ко мне: вниди и виждь беззакония злая, яже творят сии зде.
၉ကိုယ်တော်သည်ငါ့အား``အထဲသို့ဝင်၍ထိုသူတို့ပြုနေကြသည့်ဆိုးညစ်စက်ဆုပ်ဖွယ်သောအမှုတို့ကိုကြည့်လော့'' ဟုမိန့်တော်မူလျှင်၊-
10 И внидох и видех, и се, всякое подобие гада и скота, суетная гнушения и всяцыи кумиры дому Израилева написани быша на стене всюду около.
၁၀ငါသည်အထဲသို့ဝင်၍ကြည့်၏။ တံတိုင်းနံရံများတွင်တွားသွားသောသတ္တဝါရုပ်များ၊ အခြားမသန့်စင်သည့်တိရစ္ဆာန်ရုပ်များနှင့် ဣသရေလအမျိုးသားတို့ကိုးကွယ်သည့်အခြားရုပ်တုပုံများကိုရေးဆွဲထား၏။-
11 И седмьдесят мужей от старейшин дому Израилева, и Иезониа сын Сафанов посреде их стояше пред лицем их, и кийждо кадилницу свою имеяше в руце своей, и дым кадила восхождаше.
၁၁ထိုအရပ်တွင်ရှာဖန်၏သားယာဇညာအပါအဝင် ဣသရေလအမျိုးသားခေါင်းဆောင်ခုနစ်ဆယ်ရှိ၏။ သူတို့သည်ကိုယ်စီကိုယ်ငှနံ့သာပေါင်းကို မီးရှို့ရာလင်ပန်းတစ်ချပ်စီကိုင်ထားကြ၏။ နံ့သာပေါင်းမှမီးခိုးတို့သည်လည်းအထက်သို့တက်၍နေ၏။-
12 И рече ко мне: видел ли еси, сыне человечь, яже старцы дому Израилева творят зде, кийждо их на ложи тайнем своем, зане реша: не видит Господь, оставил Господь землю.
၁၂ဘုရားသခင်ကငါ့အား``အချင်းလူသား၊ ဣသရေလအမျိုးသားခေါင်းဆောင်များလျှို့ဝှက်စွာပြုလျက်နေကြသောအမှုကိုသင်မြင်သလော။ သူတို့သည်မိမိတို့ကိုယ်ပိုင်ရုပ်တုများရှိသောအခန်းထဲ၌ကိုးကွယ်ဝတ်ပြုနေကြ၏။ သူတို့က`ထာဝရဘုရားသည်ငါတို့ကိုမမြင်။ ကိုယ်တော်သည်ငါတို့ပြည်ကိုစွန့်တော်မူလေပြီ' ဟုဆင်ခြေပေးကြ၏'' ဟုမိန့်တော်မူ၏။
13 И рече ко мне: еще обратися, и узриши беззакония болшая, яже сии творят.
၁၃ထိုနောက်ထာဝရဘုရားက``သူတို့သည်ဤထက်ပိုမိုစက်ဆုပ်ဖွယ်ကောင်းသောအမှုများပြုကြသည်ကိုသင်မြင်ရလိမ့်မည်'' ဟုမိန့်တော်မူပြီးလျှင်၊-
14 И введе мя в преддверие врат дому Господня зрящих на север: и се, тамо жены седящыя плачущяся о Фаммузе.
၁၄ငါ့အားဗိမာန်တော်မြောက်တံခါးသို့ခေါ်ဆောင်သွားတော်မူ၏။ ထိုနောက်တမ္မုဇနတ်ဘုရားကွယ်လွန်သဖြင့် ငိုကြွေးနေကြသောအမျိုးသမီးတို့ကိုပြတော်မူ၏။
15 И рече ко мне: сыне человечь, видел еси, и еще узриши мерзости их болшыя сих.
၁၅ကိုယ်တော်က``အချင်းလူသား၊ ထိုအခြင်းအရာကိုမြင်သလော။ ထိုထက်ပင်ပို၍စက်ဆုပ်ဖွယ်ကောင်းသောအမှုတို့ကိုသင်မြင်ရလိမ့်မည်'' ဟုမိန့်တော်မူ၏။-
16 И введе мя во двор дому Господня внутренний, и в преддверие храма Господня, между Еламом и между жертвенником, яко двадесять и пять мужей, задняя своя давших ко храму Господню, и лица их прямо к востоку: и сии покланяются на восток солнцу.
၁၆သို့ဖြစ်၍ကိုယ်တော်သည်ငါ့အား ဗိမာန်တော်အတွင်းတံတိုင်းသို့ခေါ်ဆောင်သွားတော်မူ၏။ ဗိမာန်တော်အဝင်ဝအနီးယဇ်ပလ္လင်နှင့်ဆင်ဝင်စပ်ကြား၌ လူနှစ်ဆယ့်ငါးယောက်ခန့်ရှိ၏။ သူတို့သည်ဗိမာန်တော်ကိုကျောခိုင်းလျက်အရှေ့ဘက်သို့မျက်နှာမူလျက် ထွက်ပြူလာသောနေမင်းအားရှိခိုးနေကြ၏။
17 И рече ко мне: видел еси, сыне человечь, еда мало дому Иудину, еже творити беззакония, яже сотвориша зде? Понеже наполниша землю беззакония, и обратишася разгневати Мя: и се, сии простирают лозу аки ругающеся Мне:
၁၇ထာဝရဘုရားကငါ့အား``အချင်းလူသား၊ ထိုအချင်းအရာကိုသင်မြင်သလော။ ဤယုဒအမျိုးသားတို့သည်သင်မြင်ခဲ့ရသမျှသောစက်ဆုပ်ဖွယ်ရာအမှုများကိုပြုရသည်မှာအသေးအဖွဲသာဖြစ်၍ သူတို့သည်တိုင်းပြည်တစ်ခုလုံးကိုအကြမ်းဖက်မှုများဖြင့်ပြည့်နှက်စေလေပြီ။ ထိုမျှမကဗိမာန်တော်သို့လာရောက်၍ဤအမှုများကိုပြုရခြင်းအားဖြင့် သူတို့သည်ငါ့အားပို၍ပင်အမျက်ထွက်စေ၏။-
18 и Аз сотворю им с яростию: не пощадит око Мое, и не помилую: и воззовут во ушы Мои гласом великим, и не услышу их.
၁၈သူတို့သည်သစ်ခက်ကိုနှာခေါင်းတွင်ကပ်လျက် ငါ့အားစော်ကားကြပုံကိုကြည့်လော့။ ငါ၏အမျက်ဒဏ်ကိုသူတို့သည်အပြည့်အဝခံရကြလိမ့်မည်။ ငါသည်သူတို့အားချမ်းသာပေးလိမ့်မည်မဟုတ်။ အဘယ်သို့မျှလည်းကရုဏာပြလိမ့်မည်မဟုတ်။ သူတို့သည်ငါ့ထံသို့အစွမ်းကုန်အော်ဟစ်၍ဆုတောင်းပတ္ထနာပြုကြမည်ဖြစ်သော်လည်း ငါသည်နားညောင်းလိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။