< Книга пророка Иезекииля 38 >
1 И бысть слово Господне ко мне глаголя:
၁ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၏။-
2 сыне человечь, утверди лице твое на Гога и на землю Магога князя Рос, Мосоха и Фовеля, и прорцы нань,
၂ကိုယ်တော်က``အချင်းလူသား၊ မာဂေါဂပြည်၊ မေရှက်နှင့်တုဗလလူမျိုးတို့၏အကြီးဆုံး ဖြစ်သောအုပ်စိုးသူဂေါဂမင်းအားရှုတ်ချ၍၊-
3 и рцы ему: сия глаголет Адонаи Господь: се, Аз на тя, Гог, и на князя Рос, Мосоха и Фовеля,
၃ငါအရှင်ထာဝရဘုရားသည်မေရှက်နှင့် တုဗလလူမျိုးတို့၏အကြီးဆုံးဖြစ်သူ ဂေါဂမင်း၏ရန်သူဖြစ်ကြောင်းဆင့်ဆို လော့။-
4 и обращу тя окрест, и вложу узду в челюсти твоя, и соберу тя и всю силу твою, кони и конники оболчены во броня вся, собор мног, шлемы и мечы и щиты вси тии имуще:
၄ငါသည်သူ့အားလှည့်စေ၍သူ၏ပါးရိုးကို သံချိတ်များဖြင့်ချိတ်ကာ သူ၏စစ်သူရဲ များနှင့်အတူဆွဲခေါ်သွားမည်။ သူ၏တပ် မတော်သည်မြင်းများ၊ ဝတ်စုံတူမြင်းစီး သူရဲများဖြင့်ပြည့်စုံ၍အလွန်ပင်ကြီး မား၏။ စစ်သူရဲမှန်သမျှသည်လည်းဒိုင်း လွှားကြီးငယ်နှင့်ဋ္ဌားကိုကိုင်ဆောင်ထား ကြ၏။-
5 Персяне и Муряне, и Лидяне и Ливиане, вси сии щиты и шлемы имуще:
၅ပါရှပြည်သား၊ ကုရှပြည်သားနှင့်ဖုတ ပြည်သားတို့သည်သူနှင့်အတူလိုက်ပါ လာကြ၏။ သူတို့အားလုံးပင်ဒိုင်းလွှား များကိုကိုင်ဆောင်ကာသံခမောက်များ ကိုဆောင်းထားကြ၏။-
6 Гомер и вси иже окрест его, дом Форгамань от конец севера и вси иже окрест его, и языцы мнози с тобою.
၆ဂေါမာပြည်မြောက်ဘက်တွင်ရှိသောတော ဂါမပြည်နှင့်အခြားတိုင်းပြည်များမှ၊ စစ်သည်တပ်သားအပေါင်းတို့သည်သူ နှင့်အတူလိုက်ပါလာကြ၏။-
7 Уготовися, уготовися сам ты и весь сонм твой собраный с тобою, и будеши ми в преднюю стражбу.
၇သူ့အားမိမိကိုယ်ကိုအသင့်ရှိနေစေရန် နှင့် မိမိ၏စစ်သည်တပ်သားအပေါင်းတို့ အားအဆင်သင့်ရှိနေစေရန်မှာကြား လော့။-
8 От дний множайших уготовишися, и в последняя лета приидеши, и приидеши на землю низвращенную от меча, собраных от язык многих на землю Израилеву, яже бысть пуста весьма: и тии от язык изыдоша, и вселятся с миром вси.
၈နှစ်ပေါင်းအတော်ကြာသောအခါငါသည် သူ့အားလက်နက်များပြင်ဆင်လျက် တိုင်း ပြည်တစ်ပြည်ကိုချင်းနင်းဝင်ရောက်စေမည်။ ထိုပြည်တွင်လူတို့သည်မိမိတို့အားအတိုင်း တိုင်းအပြည်ပြည်မှ ငါပြန်လည်စုသိမ်း ခေါ်ဆောင်လာချိန်မှအစပြု၍ စစ်မက် အန္တရာယ်အတွက်စိုးရိမ်ပူပန်မှုမရှိဘဲ နေထိုင်လျက်ရှိ၏။ ဂေါဂမင်းသည်ဣသ ရေလတောင်တို့အားချင်းနင်းဝင်ရောက် တိုက်ခိုက်လိမ့်မည်။ ထိုတောင်တို့သည်အချိန် ကြာမြင့်စွာလူသူဆိတ်ငြိမ်ရာအရပ် ဖြစ်၍နေခဲ့သော်လည်း ယခုအခါလူ အပေါင်းတို့ထံမှထုတ်ဆောင်၍ငြိမ်း ချမ်းစွာနေထိုင်ရာဖြစ်၏။-
9 И взыдеши аки дождь и приидеши аки облак, покрыти землю, и падеши ты и вси иже окрест тебе, и языцы мнози с тобою.
၉သူနှင့်စစ်သည်ဗိုလ်ခြေတို့သည်လည်းကောင်း၊ သူနှင့်အတူလိုက်ပါလာသည့်လူမျိုးတကာ တို့သည်လည်းကောင်း၊ ထိုပြည်ကိုမုန်တိုင်း သဖွယ်တိုက်ခိုက်ကာမိုးတိမ်သဖွယ်လွှမ်းမိုး ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
10 Сия глаголет Адонаи Господь: и будет в той день, взыдут глаголы на сердце твое,
၁၀အရှင်ထာဝရဘုရားကဂေါဂအား``ထို အချိန်ကျရောက်သောအခါသင်သည် ဆိုးညစ်သောအကြံအစည်တစ်ခုကို ပြုလိမ့်မည်။-
11 и помыслиши помышления злая и речеши: взыду на землю отверженую, прииду на молчащыя в тишине и живущыя мирно, на вся живущыя на земли, на нейже несть ограды, ни дверий, ни верей,
၁၁ခိုကိုးရာမဲ့ဖြစ်၍နေသောတိုင်းပြည်တစ် ပြည်ကိုချင်းနင်းဝင်ရောက်ရန်စိတ်ပိုင်းဖြတ် လိမ့်မည်။ ထိုပြည်မှလူတို့သည်တံတိုင်း အကာအရံမရှိသည့်မြို့များတွင်အေး ချမ်းစွာနေထိုင်ကြသူများဖြစ်ကြ၏။-
12 еже пленити плен и взяти корысти их, еже обратити руку мою на землю опустошеную, яже населися, и на язык собраный от языков многих, сотворивших притяжания имений и живущих на пупе земли.
၁၂သင်သည်အခါတစ်ပါးကယိုယွင်းပျက်စီး ခဲ့သောမြို့များတွင်နေထိုင်လျက်ရှိသူတို့ အား တိုက်ခိုက်လုယူရန်ကြံစည်လိမ့်မည်။ သူ တို့သည်ကားလူမျိုးတကာတို့ထံမှငါပြန် လည်စုသိမ်းထားသူများဖြစ်ကြ၏။ သူတို့ သည်ယခုအခါ၌တိရစ္ဆာန်များနှင့်ဥစ္စာ ပစ္စည်းများပိုင်လျက် ကမ္ဘာ့လမ်းဆုံဒေသ များတွင်နေထိုင်ကြလေသည်။-
13 Сава и Дедан и купцы Кархидонстии и вся веси их рекут тебе: еда на пленение, еже пленити, ты грядеши, и взяти корысти? И собрал еси люди твоя взяти сребро и злато, отвести притяжания и имения, еже пленити плен велик.
၁၃ရှေဘပြည်နှင့်ဒေဒန်ပြည်မှပြည်သား များ၊ တာရှုပြည်မြို့များမှကုန်သည်တို့ က`သင်သည် ရွှေငွေနှင့်သိုး၊ နွား၊ ပစ္စည်းဥစ္စာ များကိုလုယူကာတိုက်ရာပါပစ္စည်းရှိ သမျှတို့ကိုယူဆောင်သွားရန်စစ်သည် ဗိုလ်ခြေတို့ကိုစုရုံးလာပါသလော' ဟု သင့်အားမေးကြလိမ့်မည်'' ဟုမိန့်တော် မူ၏။
14 Того ради прорцы, сыне человечь, и рцы Гогу: сия глаголет Адонаи Господь: не в той ли день, егда жити будут людие Мои Израиль с миром, востанеши?
၁၄သို့ဖြစ်၍အရှင်ထာဝရဘုရားသည်ငါ့ အားဂေါဂထံသို့စေလွှတ်တော်မူ၍``ငါ၏ လူမျိုးတော်ဣသရေလအမျိုးသားတို့ အေးချမ်းစွာနေထိုင်လျက်ရှိစဉ် သင်သည် မိမိနေထိုင်ရာမြောက်မျက်နှာစွန်းမှချီ လာလိမ့်မည်။ လူမျိုးတကာပါဝင်၍အင် အားကြီးမားသောမြင်းစီးသူရဲတပ် အလုံးအရင်းနှင့်ချီတက်ကာ၊-
15 И приидеши от места своего от конца севера, и языцы мнози с тобою: конницы на конех вси, собор велик и сила многа,
၁၅
16 и взыдеши на люди Моя Израиля, яко облак покрыти землю: в последния дни будет, и возведу тя на землю Мою, да Мя уведят вси языцы, егда освящуся в тебе пред ними, (о, Гог!)
၁၆ငါ၏လူမျိုးတော်ဣသရေလအမျိုးသား တို့အားမုန်တိုင်းသဖွယ်စစ်ဆင်တိုက်ခိုက် လိမ့်မည်။ အသင်ဂေါဂအချိန်ကျသော အခါငါ၏ပြည်ကိုတိုက်ခိုက်စေရန် သင့် အားစေလွှတ်မည်။ ဤနည်းအားဖြင့်ငါ သည်အဘယ်သူဖြစ်ကြောင်းလူမျိုးတကာ တို့အားသိရှိစေလိမ့်မည်။ သင့်ကိုငါပြု စေသောအမှုများအားဖြင့်လည်း ငါ၏ သန့်ရှင်းမြင့်မြတ်သောနာမတော်ကို ပေါ်လွင်စေလိမ့်မည်။-
17 сия глаголет Адонаи Господь Гогу: ты еси, о немже глаголах во дни первыя рукою раб Моих пророк Израилевых, прорекших в оныя дни и лета, еже привести тя на ня.
၁၇နောင်အခါ၌ငါသည်ဣသရေလပြည် ကိုတိုက်ခိုက်ရန်အတွက်လူတစ်ဦးကိုစေ လွှတ်မည်ဟုလွန်လေပြီးသောအခါက ပရောဖက်များမှတစ်ဆင့်ငါမြွက်ကြားရာ ၌သင့်ကိုရည်စူး၍မိန့်တော်မူကြောင်းဂေါဂ အားပြောကြားလော့၊ ထိုအချိန်ကပရော ဖက်များက ငါသည်သင့်ကိုသူတို့အား တိုက်ခိုက်စေမည်ဟုနှစ်ပေါင်းကြာရှည်စွာ ဟောပြောခဲ့သည်'' ဟုမိန့်တော်မူ၏။ ဤ ကားထာဝရဘုရားသခင်မိန့်တော်မူ သောစကားဖြစ်၏။
18 И будет в той день, в оньже приидет Гог на землю Израилеву, глаголет Адонаи Господь, взыдет ярость Моя во гневе Моем
၁၈အရှင်ထာဝရဘုရားက``ဣသရေလပြည် ကိုဂေါဂချင်းနင်းဝင်ရောက်သောနေ့၌ငါ သည်အမျက်ဒေါသချောင်းချောင်းထွက် လိမ့်မည်။-
19 и рвения Моя во огни гнева Моего: глаголах, аще не будет в той день трус велик на земли Израилеве:
၁၉ငါ၏အမျက်တော်မီးအရှိန်ကြောင့်ထိုနေ့၌ ဣသရေလပြည်တွင်မြေငလျင်ပြင်းစွာ လှုပ်လိမ့်မည်ဖြစ်ကြောင်းငါမိန့်ဆို၏။-
20 и потрясутся от лица Господня рыбы морския и птицы небесныя, и зверие польнии и вси гади ползающии по земли, и вси человецы иже на лицы земли, и расторгнутся горы и падут дебри, и всяка стена на землю падет.
၂၀ကမ္ဘာမြေပြင်ပေါ်တွင်ရှိသမျှသော လူ၊ ငါး၊ ငှက်နှင့်တိရစ္ဆာန်များ၊ မြေပေါ်၌သွားလာ လျက်ရှိသောအခြားသတ္တဝါကြီးငယ် အပေါင်းတို့သည် ငါ့အားကြောက်လန့်တုန် လှုပ်ကြလိမ့်မည်။ တောင်တို့သည်ပြို၍ ကျောက်ဆောင်တို့သည်ကြေမွကာ တံတိုင်း ရှိသမျှတို့သည်လဲကျပျက်စီးလိမ့်မည်။-
21 И призову нань весь страх мечный, глаголет Адонаи Господь: мечь человека на брата его будет.
၂၁ငါ၏တောင်ပေါ်တွင်ငါသည်ဂေါဂအားဋ္ဌား အားဖြင့် ထိတ်လန့်တုန်လှုပ်စေမည်။ ဤကားငါ ထာဝရဘုရားမိန့်တော်မူသောစကားဖြစ် ၏။ သူ၏လူတို့သည်အချင်းချင်းသတ်ဖြတ် ကြလိမ့်မည်။-
22 И отсужду ему смертию и кровию, и дождем потопляющим и камением градным, огнь и камень горящь одождю нань и на вся сущыя с ним и на языки многия с ним:
၂၂ငါသည်ဋ္ဌားဘေး၊ အနာရောဂါဘေးတို့ အားဖြင့်သူ့ကိုဆုံးမမည်။ သူနှင့်တကွ သူ၏စစ်သည်ဗိုလ်ခြေများ၊ အပေါင်းပါ လူအမျိုးမျိုးတို့အပေါ်သို့ကန့်နှင့်မီး အပါအဝင်မိုးသီးမိုးပေါက်ကြီးများ ကိုပြင်းထန်စွာရွာသွန်းစေမည်။-
23 и возвеличуся и освящуся, и прославлюся и уведан буду пред языки многими, и уведят, яко Аз есмь Господь.
၂၃ဤနည်းအားဖြင့်ငါသည်ကြီးမြတ်၍သန့် ရှင်းမြင့်မြတ်တော်မူကြောင်းလူမျိုးတကာ တို့အားငါပြမည်။ ငါသည်ထာဝရဘုရား ဖြစ်တော်မူသည်ကိုသူတို့သိရှိကြလိမ့် မည်'' ဟုမိန့်တော်မူ၏။