< Книга пророка Иезекииля 24 >
1 И бысть слово Господне ко мне, в девятое лето, в месяц десятый, в десятый день месяца, глаголя:
၁သက္ကရာဇ်ကိုးခု၊ ဒသမလဆယ်ရက်နေ့တွင်၊ တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊
2 сыне человечь, напиши себе имя дне сего, от негоже укрепися царь Вавилонский на Иерусалим, от сего дне, иже днесь,
၂အချင်းလူသား၊ ဤမည်သောနေ့၊ ယခုနေ့ရက် ကိုမှတ်လော့။ ယခုနေ့၌ ဗာဗုလုန်ရှင်ဘုရင်သည် ယေရု ရှလင်မြို့ကို ဝိုင်းထားစပြု၏။
3 и рцы притчу к дому прогневляющему, и речеши к ним: сия глаголет Адонаи Господь: настави коноб, настави и влий в онь воду,
၃ပုန်ကန်တတ်သော အမျိုးအားလည်း ပုံစကား တည်းဟူသော၊ အရှင်ထာဝရဘုရား မိန့်တော်မူသော စကားကို ဆင့်ဆိုရမည်မှာ၊ အိုးကင်းကို မီးဖို၌ တင်ထား၍ ရေကိုလောင်းလော့။
4 и верзи в онь на двое разсеченая, всякое разсечение доброе, голень и рамо, обрезана от костей,
၄အမဲသားတစ်များ၊ ကောင်းသောအတစ်တို့ကို စုထား၍၊ ပေါင်၊ ပခုံး၊ အစရှိသော အကောင်းဆုံးသော အရိုးတို့ကို အိုးကင်း၌အပြည့်ထည့်လော့။
5 от избранных скотов взятая, и подгнещай костьми под ними: возвре и воскипе, и сваришася кости его посреде его.
၅သိုးအကောင်းဆုံးတို့ကို ယူပြီးလျှင်၊ အရိုးအချို့ တို့ကို အိုးကင်းအောက်မှာပုံ၍၊ အိုးကင်းထဲမှာ အရိုးတို့ကို ကျက်စေခြင်းငှါ၊ ကျပ်ကျပ်ဆူစေလော့။
6 Того ради сия глаголет Адонаи Господь: о, граде кровей! Конобе, в немже есть яд, и яд не изыде из него: по удом его изнесе, не паде на нем жребий.
၆ဤအမှု၌ အရှင်ထာဝရဘုရားမိန့်တော်မူသည် ကား၊ လူအသက်ကိုသတ်တတ်သောမြို့၊ သံချေးတက်၍ ရှိသေး သောအိုးကင်းသည် အမင်္ဂလာရှိ၏။ သားတစ်တို့ကို တခုနောက်တခုထုတ်လော့။ စာရေးတံမပြုနှင့်။
7 Яко кровь его среде его есть, на гладцем камени вчиних ю: не пролиях ея на землю, еже покрыти ю землею,
၇အကြောင်းမူကား၊ ထိုမြို့သတ်သော သူ၏ အသွေးသည် မြို့အလယ်၌ ရှိ၏။ ထိုအသွေးကိုမြေမှုန့်နှင့် ဖုံးခြင်းငှါ မြေပေါ်မှာသွန်းသည်မဟုတ်၊ ရှင်းလင်းသော ကျောက်ပေါ်မှာတင်ထားပြီ။
8 еже навести ярость Мою (на ню), во отмщение еже отмстити: дах кровь его на гладцем камени, еже не покрыти ея.
၈ငါသည်လည်း အပြစ်ဒဏ်ပေးမည်အကြောင်း၊ ဒေါသအမြတ်ထွက်စေခြင်းငှါ၊ ထိုအသွေကိုမဖုံးဘဲ ရှင်းလင်းသောကျောက်ပေါ်မှာ တင်ထားပြီ။
9 Того ради сия глаголет Адонаи Господь: о, люте, граде кровей! Аз же возвеличу главню
၉ဤအမှု၌ အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ လူအသက် ကိုသတ်တတ်သောမြို့သည် အမင်္ဂလာရှိ၏။ ကြီးစွာသော မီးပုံကို ငါစီရင်မည်။
10 и умножу дрова и возгнещу огнь, яко да истают мяса, и оскудеет юха, и кости истают,
၁၀ထင်းများကို ပုံထား၍မီးရှို့လော့။ အမဲသား လျော့၍ မြိန်စွာသော စားဘွယ်ဖြစ်စေလော့။ အရိုးတို့ကို လည်း ကျွမ်းစေ။
11 и станет на главнях его, (тощь) разгореся, яко да изгорит, и распалится и сгорит медь его, и истает среде его нечистота его, и оскудеет яд его:
၁၁ထိုနောက်၊ အဘယ်အရာမျှမပါဘဲ မီးခဲပေါ်မှာ မီးခဲပေါ်မှာ တင်ထားလော့။ ကြေးနီပူ၍ မီးတောက်စေ။ အိုးကင်း၌ပါသော အညစ်အကြေးကို အရည်ကျို၍ သံချေးကုန်စေ။
12 да смирится яд его, и не изыдет из него многий яд его, и посрамится яд его:
၁၂ကြိုးစား၍ ပင်ပန်းသော်လည်း၊ များစွာသော သံချေးမထွက်တတ်။ မီးအားဖြင့် မကုန်တတ်။
13 в нечистоте твоей укроп, понеже осквернялся еси ты и не очистился от нечистоты твоея: и что будет аще не очистишися по сем, дондеже исполню ярость Мою в тебе?
၁၃သင်၏အညစ်အကြေး၌ အဓမ္မအမှုပါ၏။ ငါဆေးကြော၍ သင်သည်ဆေးကြောခြင်းကို မခံသော ကြောင့်၊ ငါ၏အမျက်အရှိန်သည် သင့်အပေါ်သို့ မရောက် မချင်းတိုင်အောင်၊ သင်၏အညစ်အကြေးကို မဆေး ကြောရ။
14 Аз Господь глаголах, и приидет, и сотворю, и не укосню, и не пощажу, и не буду умолен: по путем твоим и по помыслом твоим сужду тебе, глаголет Адонаи Господь: сего ради, се, Аз сужду тебе по кровем твоим и по помыслом твоим сужду тебе, нечисте, пресловуте и великий на разгневание.
၁၄ငါထာဝရဘုရားပြောပြီ။ ပြောသည်အတိုင်း ငါပြု၍ပြည့်စုံစေမည်။ နောက်သို့မဆုတ်၊ မနှမြော၊ နောင်တမရ၊ သင်ကျင့်ကြံပြုမူသမျှ အတိုင်း၊ ငါစီရင်မည် ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
15 И бысть слово Господне ко мне глаголя:
၁၅တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
16 сыне человечь, се, Аз вземлю от тебе желания очес твоих в поражении, не восплачи, ниже возрыдай, ниже да приидут тебе слезы,
၁၆အချင်းလူသား၊ သင်ကြည့်ရှုလိုဘွယ်သော သူကိုငါသည် ဒဏ်ခတ်၍ ပယ်ရှားမည်။ သို့ရာတွင်၊ သင်သည် ငိုကြွေးမြည်တမ်းခြင်းကို မပြုရ။ မျက်ရည် မကျရ။
17 возстени молчя: стенание крове, чресл плачь есть: да будут власи твои сплетени на тебе, и сапози твои на ногах твоих, и да не утешишися устнами их, и хлеба мужей да не снеси.
၁၇တိုးတိုးညည်းတွားလော့။ သေသောသူအတွက် မြည်တမ်းခြင်းကို မပြုနှင့်။ ခေါင်းပေါင်းပေါင်း၍ ခြေနင်း ကိုစီးလော့။ နှုတ်ကိုမဖုံးနှင့်။ ဆင်းရဲသောသူ၏ အစာကို မစားနှင့်ဟု မိန့်တော်မူ၏။
18 И глаголах к людем заутра, якоже заповеда ми, и умре жена моя в вечер, и сотворих заутра, якоже повелеся ми.
၁၈ထိုသို့ငါသည် နံနက်အချိန်၌ လူများတို့အား ကြားပြော၏။ ညဦးအချိန်၌ ငါ့ခင်ပွန်းသည် သေ၏။ မှာထားတော်မူသည်အတိုင်း နက်ဖြန်နံနက်မှငါပြု၏။
19 И рекоша ко мне людие: не возвестиши ли нам, что суть сия, яже ты твориши?
၁၉လူများတို့ကလည်း ဤသို့သင်ပြုသောအမှုသည် ငါတို့နှင့်အဘယ်သို့ ဆိုင်သနည်း။ ငါတို့အားမပြော သလောဟု ငါ့အားမေးကြသော်၊
20 И рекох к ним: слово Господне бысть ко мне глаголя:
၂၀ငါက၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက် လာ၍၊
21 рцы к дому Израилеву, сия глаголет Адонаи Господь: се, Аз оскверню святая Моя, величания крепости вашея, желания очес ваших, и ихже щадят души вашя: и сынове ваши и дщери вашя, яже остависте, мечем падут:
၂၁အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဣသရေလအမျိုးသား ဆင့်ဆိုရမည်မှာ၊ ငါ၏သန့်ရှင်းရာ ဌာန၊ သင်တို့အစွမ်းသတ္တိအထွဋ်အမြတ်၊ သင်တို့ကြည့်ရှု လိုဘွယ်သောအရာ၊ အလွန်နှမြောသော အရာကို ငါရှုတ်ချမည်။ သင်တို့ဘွားမြင်သောသားသမီးတို့သည် ထားဖြင့်ဆုံးကြလိမ့်မည်။
22 и сотворите, якоже аз сотворих: от уст их не утешитеся и хлеба мужей не снесте,
၂၂ထိုအခါ သင်တို့သည် ငါပြုသကဲ့သို့ ပြုကြ ရလိမ့်မည်။ နှုတ်ကိုမဖုံး၊ ဆင်းရဲသောသူတို့၏ အစာကို မစားရကြ။
23 и власи ваши на главах ваших, и сапози ваши на ногах ваших: не будете терзатися, ниже плакати, и истаете в неправдах ваших, и не утешите кийждо брата своего.
၂၃ခေါင်းပေါင်းပေါင်း၍ ခြေနင်းကို စီးရကြလိမ့် မည်။ ငိုကြွေးမြည်တမ်းခြင်းကိုမပြုရကြ။ ကိုယ်အပြစ် ကြောင့် ပိန်ကြုံး၍ တယောက်ကိုတယောက် ညည်းတွား ရကြလိမ့်မည်။
24 И будет вам Иезекииль в чудо: по всему елика сотворих, сотворите: егда приидут сия, и уразумеете, яко Аз Адонаи Господь.
၂၄ထိုသို့ဇေကျေလသည် သင်တို့အား ပုပ္ပနိမိတ် ဖြစ်ရ၏။ သူပြုသမျှအတိုင်း သင်တို့သည်၊ အမှုရောက် သောအခါ ပြု၍၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သိရကြလိမ့်မည်။
25 И ты, сыне человечь, не в день ли той, егда возму от них крепость их, вознесение хвальбы их, желания очию их и возношение души их, сыны их и дщери их:
၂၅အချင်းလူသား၊ သင်၏အမှုမူကား၊ သူတို့ အစွမ်းသတ္တိ၊ ဝါကြွားစရာဘုန်း၊ ကြည့်ရှုလိုဘွယ်သော အရာ၊ စိတ်စွဲလမ်းသောအရာကို၎င်း၊ သားသမီးတို့ကို၎င်း ငါပယ်ရှားသောအခါ၊
26 в той день приидет уцелевый к тебе возвестити тебе во ушы,
၂၆လွတ်သောသူ တစုံတယောက်သည် သင်ရှိရာသို့ရောက်လာ၍ ကြားပြောလိမ့်မည်။
27 в той день отверзутся уста твоя ко уцелевшему, и возглаголеши и не премолчиши ктому, и будеши им в чудо: и уведят, яко Аз Адонаи Господь.
၂၇ထိုအခါ လွတ်လပ်သောသူနှင့်တွေ့သဖြင့် သင်၏နှုတ်ပွင့်လိမ့် မည်။ စကားမပြောဘဲနေချိန်လွန်၍ ဟောပြောရလိမ့်မည်။ ထိုသို့သင်သည် သူတို့အား ပုပ္ပနိမိတ်ဖြစ်၍၊ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။