< Исход 32 >
1 И видевше людие, яко умедли Моисей снити с горы, восташа людие на Аарона и глаголаша ему: востани и сотвори нам боги, иже пойдут пред нами: Моисей бо сей человек, иже изведе нас от земли Египетския, не вемы, что бысть ему.
၁မောရှေသည်တောင်အောက်သို့မဆင်းဘဲ တောင် ပေါ်တွင်ကြာမြင့်စွာနေသောအခါ၊ လူတို့ သည်အာရုန်ထံသို့စုရုံးရောက်ရှိလာပြီး လျှင်``အကျွန်ုပ်တို့အားအီဂျစ်ပြည်မှထုတ် ဆောင်ခဲ့သောမောရှေအဘယ်သို့ဖြစ်သည် ကို အကျွန်ုပ်တို့မသိရသဖြင့်အကျွန်ုပ်တို့ ကိုရှေ့ဆောင်မည့်ဘုရားတစ်ဆူကိုသွန်း လုပ်ပေးပါလော့'' ဟုတောင်းဆိုကြ၏။
2 И рече им Аарон: измите усерязи златыя, яже во ушесех жен ваших и дщерей, и принесите ко мне.
၂အာရုန်က``သင်တို့၏မယားနှင့်သားသမီး တို့ ဝတ်ဆင်ထားသောရွှေနားတောင်းများကို ချွတ်၍ ငါ့ထံသို့ယူခဲ့ကြလော့'' ဟုဆို လေ၏။-
3 И изяша вси людие усерязи златы, яже во ушесех жен их, и принесоша ко Аарону.
၃သို့ဖြစ်၍လူအပေါင်းတို့သည်မိမိတို့ ၏ရွှေနားတောင်းများကိုချွတ်၍ အာရုန် ထံသို့ယူဆောင်ခဲ့ကြ၏။-
4 И взя от рук их и слия их делом литым, и сотвори им телца литаго. И рекоша: сии бози твои, Израилю, иже изведоша тя из земли Египетския.
၄အာရုန်သည်နားတောင်းများကိုအရည် ကျိုပြီးလျှင်၊ ရွှေဖြင့်နွားငယ်ပုံသွန်းလုပ် လေ၏။ ထိုနောက်လူအပေါင်းတို့က``ဣသရေလ အမျိုးသားတို့၊ ဤဘုရားသည်သင်တို့အား အီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သောငါတို့ ၏ဘုရားဖြစ်သည်'' ဟုဆိုလေ၏။
5 И видев Аарон, созда олтарь прямо ему, и проповеда Аарон, глаголя: праздник Господнь утре.
၅ထိုနောက်အာရုန်သည်ရွှေနွားရုပ်ရှေ့မှာ ပလ္လင် ကိုတည်၍``နက်ဖြန်နေ့တွင်ထာဝရဘုရား အတွက်ပွဲခံရကြမည်'' ဟုကြေညာ၏။-
6 И обутреневав наутрие, вознесе всесожжения и принесе жертву спасения. И седоша людие ясти и пити и восташа играти.
၆နောက်နေ့နံနက်စောစောတွင်လူအပေါင်းတို့ သည် မီးရှို့ရာယဇ်နှင့်မိတ်သဟာယယဇ်များ ကိုပူဇော်ကြ၏။ ထိုသို့ယဇ်ပူဇော်ကြပြီး နောက်၊ သူတို့သည် စားသောက်မူးယစ်ကြပြီး လျှင်၊ အမျိုးသား၊ အမျိုးသမီးများအပျော် ကူးကြကုန်၏။
7 И рече Господь к Моисею глаголя: иди скоро, сниди отсюду, беззаконноваша бо людие твои, ихже извел еси из земли Египетския:
၇ထာဝရဘုရားကမောရှေအား ``တောင်အောက် သို့အမြန်ဆင်းလော့။ အီဂျစ်ပြည်မှသင်ထုတ် ဆောင်ခဲ့သောသင်၏လူတို့သည်ငါ့ကိုစွန့်ပယ် ကြပြီ။-
8 преступиша с пути скоро, егоже заповедал еси им: сотвориша себе телца, и поклонишася ему, и пожроша ему, и реша:
၈သူတို့သည်ငါချမှတ်သောလမ်းစဉ်မှသွေဖည် သွားကြလေပြီ။ ရွှေနွားငယ်ရုပ်ကိုသွန်းလုပ် ပြီးလျှင်၊ ထိုရုပ်တုကိုယဇ်ပူဇော်ရှိခိုးကြ ပြီ။ ထိုဘုရားသည် သူတို့အားအီဂျစ်ပြည် မှထုတ်ဆောင်ခဲ့သောဘုရားဖြစ်ကြောင်း၊ ကြွေးကြော်နေကြပြီ။''-
9 сии бози твои, Израилю, иже изведоша тя из земли Египетския:
၉ထာဝရဘုရားက ``ဤသူတို့အလွန် ခေါင်းမာကြောင်းငါသိ၏။-
10 и ныне остави Мя, и возярився гневом на ня, потреблю их, и сотворю тя в язык велик.
၁၀ငါ့ကိုမဆီးတားနှင့်။ ငါသည်အမျက်ထွက်၍ သူတို့ကိုသုတ်သင်ပစ်မည်။ ထိုနောက်သင်နှင့် သင်၏အဆက်အနွယ်တို့ကိုလူမျိုးကြီး ဖြစ်စေမည်'' ဟုမိန့်တော်မူ၏။
11 И помолися Моисей пред Господем Богом и рече: вскую, Господи, яришися гневом на люди Твоя, ихже извел еси из земли Египетския крепостию великою и мышцею Твоею высокою?
၁၁သို့ရာတွင်မောရှေသည် မိမိ၏ဘုရားသခင် ထာဝရဘုရားအားတောင်းပန်လျှောက်ထား သည်မှာ``အို ထာဝရဘုရား၊ ကိုယ်တော်သည် အီဂျစ်ပြည်မှ၊ မဟာတန်ခိုးတော်ဖြင့်ကယ် တင်ခဲ့သောကိုယ်တော်၏လူမျိုးတော်ကို အမျက်ပြင်းစွာထွက်တော်မူမည်လော။-
12 Да не когда рекут Египтяне, глаголюще: с лукавством изведе их погубити в горах и потребити их от земли: утоли гнев ярости Твоея и милостив буди о злобе людий Твоих,
၁၂အီဂျစ်အမျိုးသားတို့ကကိုယ်တော်ရှင်သည် ဣသရေလအမျိုးသားတို့ကိုတောင်များ ပေါ်သို့ခေါ်ဆောင်၍၊ အကုန်အစင်ရှင်းလင်း သုတ်သင်ပစ်ရန်အီဂျစ်ပြည်မှထုတ်ဆောင် သွားသည်ဟူ၍ဆိုဖွယ်ရာအကြောင်းရှိ စေရပါမည်လော။ ပြင်းပြသောအမျက် တော်ကိုပြေစေလျက်ကိုယ်တော်၏လူမျိုး တော်အားပေးမည့်အပြစ်ဒဏ်မှလွတ် ငြိမ်းချမ်းသာခွင့်ရစေပါ။-
13 помянув Авраама и Исаака и Иакова, Твоя рабы, имже клялся еси Собою, и рекл еси к ним, глаголя: зело умножу семя ваше, яко звезды небесныя множеством, и всю сию землю, юже рекл еси дати семени их, и обладают ею во веки.
၁၃ကိုယ်တော်၏ကျွန်အာဗြဟံ၊ ဣဇာက်နှင့် ယာကုပ်တို့ကိုအောက်မေ့သတိရတော်မူ ပါ။ ကိုယ်တော်သည်သူတို့၏အဆက်အနွယ် တို့ကိုမိုးကောင်းကင်ကြယ်များကဲ့သို့ ပွား များစေမည်ဖြစ်ကြောင်းနှင့်ကိုယ်တော်ရှင် ကတိထားတော်မူသော ထိုပြည်အားလုံး ကိုသူတို့၏အဆက်အနွယ်တို့အား ထာဝစဉ်ပိုင်ဆိုင်ရန်ပေးမည်ဖြစ်ကြောင်း ကိုသတိရတော်မူပါ။-''
14 И умилостивися Господь о зле, еже рече сотворити людем Своим.
၁၄ထို့ကြောင့်ထာဝရဘုရားသည်အမျက် တော်ပြေ၍၊ မိမိလူမျိုးတော်အားပေး မည့်အပြစ်ဒဏ်မှလွတ်ငြိမ်းချမ်းသာခွင့် ရစေတော်မူ၏။
15 И возвратився Моисей, сниде с горы: и две скрижали свидения в руку его, скрижали каменны написаны от обою страну их, сюду и сюду быша написаны:
၁၅မောရှေသည်မျက်နှာနှစ်ဘက်စလုံးတွင် ပညတ် တော်များကိုအက္ခရာတင်ထားသောကျောက် ပြားနှစ်ချပ်ကိုယူဆောင်လျက်တောင်ပေါ်မှ ဆင်းလာ၏။-
16 и скрижали дело Божие быша, и написание, написание Божие изваяно на скрижалех.
၁၆ထိုကျောက်ပြားများနှင့်ကျောက်ပြားများပေါ် ရှိအက္ခရာတို့သည် ဘုရားသခင်၏လက်ရာ တော်ဖြစ်သတည်း။
17 И услышав Иисус глас людий кричащих, рече к Моисею: глас ратный в полце.
၁၇ယောရှုသည်လူများ၏ကြွေးကြော်သံကို ကြားရသောအခါ၊ မောရှေအား``စခန်းထဲ ၌တပ်လှန့်သံကိုကြားရပါသည်တကား'' ဟုဆို၏။-
18 И рече Моисей: несть глас начинающих одолевати, ниже глас начинающих бежати, но глас начинающих напиватися вином аз слышу.
၁၈မောရှေက``ငါကြားရသောအသံသည်၊ စစ် အောင်သံလည်းမဟုတ်၊ စစ်ရှုံးသံလည်းမဟုတ်၊ သီချင်းသံပင်ဖြစ်သည်'' ဟုပြန်ပြော၏။
19 И егда приближашеся к полку, узре телца и лики: и возярився гневом Моисей, поверже из руку своею обе скрижали, и сокруши я под горою:
၁၉မောရှေသည်စခန်းအနီးသို့ရောက်ရှိသော အခါ၊ နွားငယ်ရုပ်ကိုလည်းကောင်း၊ လူများ ကခုန်နေသည်ကိုလည်းကောင်း၊ တွေ့မြင်ရ လျှင်၊ အလွန်အမျက်ထွက်သဖြင့်၊ သူယူ ဆောင်ခဲ့သောကျောက်ပြားများကိုတောင် ခြေရင်း၌ပစ်ချလိုက်ရာအပိုင်းပိုင်းကျိုး ကုန်၏။-
20 и взем телца, егоже сотвориша, сожже его во огни и сотре его подробну, и разсыпа его по воде, и напои ею сыны Израилевы.
၂၀သူသည်သူတို့လုပ်သောနွားရုပ်ကိုအရည် ကျို၍၊ အမှုန့်ထောင်းပြီးလျှင်၊ အမှုန့်ကိုရေ ပေါ်၌ဖြူးလေ၏။ ထိုနောက်ဣသရေလ အမျိုးသားတို့အားထိုရေကိုသောက်စေ၏။-
21 И рече Моисей Аарону: что сотвориша тебе людие сии, яко навел еси на них грех велик?
၂၁မောရှေကအာရုန်အား``ဤသူတို့သည်သင့် ကြောင့်ထိုမျှလောက်ကြီးလေးသောအပြစ် ကိုပြုမိရန် သူတို့သည်သင့်အားအဘယ် သို့ပြုကြသနည်း'' ဟုမေး၏။
22 И рече Аарон к Моисею: не гневайся, господине: ты бо веси людий сих устремление.
၂၂အာရုန်က``အကျွန်ုပ်ကိုအမျက်မထွက်ပါ နှင့်။ ဤသူတို့သည်မကောင်းမှုကိုပြုရန် မည် မျှလောက်စိတ်ဆန္ဒကြီးကြောင်းကိုယ်တော် သိပါ၏။-
23 Глаголаша бо ми: сотвори нам боги, иже пойдут пред нами: Моисей бо сей человек, иже изведе ны от Египта, не вемы, что бысть ему:
၂၃သူတို့ကအကျွန်ုပ်အား`အီဂျစ်ပြည်မှအကျွန်ုပ် တို့ကိုထုတ်ဆောင်ခဲ့သောမောရှေသေသည်၊ ရှင် သည်ကိုအကျွန်ုပ်တို့မသိရသဖြင့်၊ အကျွန်ုပ် တို့ကိုရှေ့ဆောင်မည့်ဘုရားတစ်ဆူကိုသွန်း လုပ်ပေးပါလော့' ဟုတောင်းဆိုကြပါသည်။-
24 и рекох им: иже имать злато, измите: и изяша, и даша мне, и ввергох е во огнь, и излияся телец сей.
၂၄အကျွန်ုပ်ကသူတို့အား`သင်တို့၏ရွှေဝတ် တန်ဆာကိုချွတ်၍ငါ့အားပေးလော့' ဟု ပြောပါသည်။ အကျွန်ုပ်သည်သူတို့ထံမှ ရရှိသောရွှေအားမီးထဲသို့ပစ်ချရာ၊ ဤ နွားရုပ်ထွက်လာပါသည်'' ဟုဆိုလေ၏။
25 Видев же Моисей люди, яко разделишася, раздели бо их Аарон в порадование супостатом их:
၂၅ဣသရေလအမျိုးသားတို့သည်၊ ပတ်ဝန်း ကျင်၌ရန်သူများကဲ့ရဲ့စရာဖြစ်လျက်၊ အာရုန်၏အားပေးမှုဖြင့်စည်းကမ်းမဲ့ ကခုန်မြူးထူးနေသည်ကို၊ မောရှေမြင်ရ၏။-
26 ста же Моисей во вратех полка и рече: аще кто есть Господнь, да идет ко мне. Снидошася убо к нему вси сынове Левиины.
၂၆ထို့ကြောင့်သူသည်စခန်းပေါက်ဝတွင်ရပ် လျက်``ထာဝရဘုရား၏ဘက်တော်သားဖြစ် သူတို့၊ ငါ့ထံသို့လာကြလော့'' ဟုအော်ဟစ် ဖိတ်ခေါ်လေ၏။ ထိုအခါလေဝိအမျိုးသား အပေါင်းတို့သည်မောရှေထံသို့စုရုံးလာ ကြသောအခါ၊-
27 И рече им: сия глаголет Господь Бог Израилев: препояшите кийждо свой мечь при бедре и пройдите, и возвратитеся от врат до врат сквозе полк, и убийте кийждо брата своего и кийждо ближняго своего и кийждо соседа своего.
၂၇မောရှေကသူတို့အား``ဣသရေလအမျိုးသား တို့၏ဘုရားသခင်ထာဝရဘုရားက`သင်တို့ တစ်ယောက်စီဋ္ဌားကိုကိုင်စွဲ၍၊ စခန်းတစ်ဘက် မှတစ်ဘက်သို့နေရာအနှံ့အပြားသွားပြီး လျှင်၊ သင်တို့၏ညီအစ်ကို၊ အဆွေခင်ပွန်း၊ အိမ်နီး ချင်းတို့ကိုသတ်လော့' ဟုမိန့်တော်မူသည်'' ဟု ဆင့်ဆိုလေ၏။-
28 И сотвориша сынове Левиины, якоже глагола им Моисей: и паде от людий в той день до трех тысящ мужей.
၂၈လေဝိအမျိုးသားတို့သည်မောရှေအမိန့် ပေးသည့်အတိုင်းဆောင်ရွက်သဖြင့်၊ ထိုနေ့ တွင်လူပေါင်းသုံးထောင်ခန့်သေဆုံးလေ၏။-
29 И рече им Моисей: наполнисте руки вашя днесь Господу, кийждо в сыне своем и в брате своем, да дастся на вас благословение.
၂၉ထိုနောက်မောရှေကလေဝိအမျိုးသားတို့ အား``ယနေ့တွင်သင်တို့သည်မိမိ၏သား ရင်းညီအစ်ကိုရင်းတို့ကိုသတ်ခြင်းအား ဖြင့်၊ ထာဝရဘုရား၏အမှုတော်ကိုဆောင် ရန်ယဇ်ပုရောဟိတ်များအဖြစ်မိမိတို့ ကိုယ်ကိုဆက်ကပ်ကြပြီ။ ထို့ကြောင့်ထာဝရ ဘုရားသည်သင်တို့အားကောင်းချီးပေး တော်မူပြီ'' ဟုဆို၏။
30 И бысть на утрие, рече Моисей к людем: вы согрешисте грех велик: и ныне взыду к Богу, да умолю о гресе вашем.
၃၀နောက်တစ်နေ့တွင်မောရှေက ဣသရေလ အမျိုးသားတို့အား``သင်တို့သည်ကြီးလေး သောပြစ်မှုကူးလွန်ခဲ့ကြပြီ။ ယခုငါသည် ထာဝရဘုရားရှိတော်မူရာတောင်ပေါ်သို့ တက်မည်။ သင်တို့၏အပြစ်ကိုလွှတ်ရန် ထာဝရ ဘုရားအားတောင်းပန်၍ရကောင်းရလိမ့်မည်'' ဟုဆိုလေ၏။-
31 И возвратися Моисей ко Господу и рече: молюся ти, Господи: согрешиша людие сии грех велик и сотвориша себе боги златы:
၃၁မောရှေသည်ထာဝရဘုရားထံတော်သို့ ပြန်လာ၍``ဤသူတို့သည်ကြီးလေးသော ပြစ်မှုကိုကူးလွန်ခဲ့ပါပြီ။ ရွှေဘုရား ကိုသွန်းလုပ်၍ကိုးကွယ်ကြပါ၏။-
32 и ныне, аще убо оставиши им грех их, остави: аще же ни, изглади мя из книги Твоея, в нюже вписал еси.
၃၂သူတို့၏အပြစ်ကိုလွှတ်တော်မူပါ။ သူတို့၏ အပြစ်ကိုလွှတ်တော်မမူလျှင်၊ ကိုယ်တော်၏လူ မျိုးတော်နာမည်စာရင်းမှအကျွန်ုပ်၏နာမည် ကိုပယ်ဖျက်တော်မူပါ'' ဟုတောင်းပန်လျှောက် ထားလေ၏။
33 И рече Господь к Моисею: аще кто согреши предо Мною, изглажу его из книги Моея:
၃၃ထာဝရဘုရားက``ငါ့ကိုပြစ်မှားသူ၏ နာမည်ကိုသာငါ၏စာအုပ်မှပယ်ဖျက်မည်။-
34 ныне же иди, сниди и возведи люди сия на место, еже рех тебе: се, Ангел Мой предидет пред лицем твоим: в оньже день присещу, наведу на них грех их.
၃၄ယခုသွား၍သင့်အားငါမိန့်မှာပြီးသော အရပ်သို့သူတို့ကိုပို့ဆောင်လော့။ ငါ၏ကောင်း ကင်တမန်သည် သင့်အားလမ်းပြမည်။ သို့ရာ တွင်ဤသူတို့၏အပြစ်အတွက်ငါဒဏ်စီရင် မည့်အချိန်ကျရောက်လာလိမ့်မည်'' ဟုမိန့် တော်မူ၏။
35 И порази Господь люди за сотворение телца, егоже сотвори Аарон.
၃၅ထို့ကြောင့်ထာဝရဘုရားသည် ဣသရေလ အမျိုးသားတို့တွင်ကပ်ရောဂါဆိုက်ရောက် စေတော်မူ၏။ အဘယ်ကြောင့်ဆိုသော်သူတို့ သည်အာရုန်အား ရွှေနွားငယ်ရုပ်ကိုသွန်း လုပ်စေသောကြောင့်ဖြစ်သည်။