< Второзаконие 10 >
1 Во оно время рече Господь ко мне: истеши себе две скрижали каменны якоже первыя, и взыди ко Мне на гору, и да сотвориши себе ковчег древян:
၁ထိုအခါ ထာဝရဘုရားက၊ အရင်ကျောက်ပြား နှစ်ပြားနည်းတူ၊ ကျောက်ပြားနှစ်ပြားကို ခုတ်ဦးလော့။ ငါရှိရာသို့ တက်လာလော့။ သေတ္တာကိုလည်း လုပ်လော့။
2 и напишу на скрижалех словеса, яже бяху на скрижалех первых, ихже сокрушил еси, и да вложиши я в ковчег.
၂သင်ချိုးဖဲ့သော အရင်ကျောက်ပြား၌ စကားပါ သည်အတိုင်း၊ နောက်ကျောက်ပြားပေါ်မှာ ငါရေးထားဦး မည်။ သင်သည် ထိုကျောက်ပြားကို သေတ္တာထဲမှာ ထားရမည်ဟု ငါ့အား မိန့်တော်မူ၏။
3 И сотворих ковчег от древ негниюших, и истесах две скрижали каменны якоже и первыя, и взыдох на гору: и обе скрижали во юбою руку моею:
၃ငါသည်လည်း၊ အကာရှသစ်သားဖြင့် သေတ္တာ ကို လုပ်၍၊ အရင်ကျောက်ပြားနည်းတူ ကျောက်ပြား နှစ်ပြားကို ခုတ်ပြီးမှ၊ ထိုကျောက်ပြားကို ကိုင်လျက် တောင်ပေါ်သို့ တက်လေ၏။
4 и написа на скрижалех по писанию первому десять словес, яже глагола Господь к вам на горе от среды огня, и даде я Господь мне.
၄သင်တို့စည်းဝေးသောနေ့၌ ထာဝရဘုရားသည် တောင်ပေါ်မှာ မီးထဲက မိန့်မြွက်တော်မူသော ပညတ် တော်ဆယ်ပါးတို့ကို၊ အရင်စာ၌ လာသည်အတိုင်း၊ ထာဝရဘုရားသည် ရေးထား၍ ငါ့အားပေးတော်မူ၏။
5 И обратився снидох с горы, и вложих скрижали в ковчег, егоже сотворих: и беста ту, якоже повеле ми Господь.
၅ငါသည်လည်း လှည့်၍ တောင်ပေါ်က ဆင်းသ ဖြင့်၊ လုပ်ပြီးသော သေတ္တာထဲ၌ ထိုကျောက်ပြားကို ထား၍၊ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ထိုသေတ္တာထဲ၌ ယခုရှိ၏။
6 И сынове Израилевы воздвигошася от Вирофа сынов Иакимлих в Мисадай: тамо умре Аарон, и погребен бысть ту, и бысть жрец Елеазар сын его вместо его.
၆ငါသည်တောင်ပေါ်မှာ အရင်နေသောကာလ နှင့်အမျှ၊ အရက်လေးဆယ်ပတ်လုံး တဖန်နေပြန်၍၊ ထိုအခါ၌လည်း ထာဝရဘုရားသည် သင်တို့ကို မဖျက်ဆီး မည်အကြောင်း၊ ငါ့စကားကို နားထောင်တော်မူ၏။
7 Оттуду же воздвигошася в Гадгад, и от Гадгада до Етавафа, земли водотечи вод.
၇ထာဝရဘုရားကလည်း၊ ထလော့။ ဤလူမျိုးအား ပေးခြင်းငှာ၊ သူတို့ဘိုးဘေးတို့အား ငါကျိန်ဆိုသောပြည်သို့ သူတို့သည် သွား၍ သိမ်းယူမည်အကြောင်း၊ သူတို့ရှေ့မှာ ခရီးသွားလော့ဟု ငါ့အား မိန့်တော်မူ၏။
8 Во оно время отдели Господь племя Левиино носити ковчег завета Господня, предстояти пред Господем, служити и молитися и благословляти о имени Его до днешняго дне:
၈ဣသရေလအမျိုးသားတို့သည် မောသရုတ် အရပ်မှ ခရီးသွား၍၊ ဗင်္ယာကန်အရပ်၌ စားခန်းချကြ၏။
9 сего ради несть левитом части и жребия в братии их: Господь Сам жребий их, якоже рече им.
၉ထိုအရပ်မှ ခရီးသွား၍ ဟောရဂိဒ်ဂဒ်အရပ်၌ စားခန်းချကြ၏။ ထိုအရပ်မှ ခရီးသွား၍ ဧဗြောနအရပ်၌ စားခန်းချကြ၏။ ထိုအရပ်မှ ခရီးသွား၍ ဧဇယုန်ဂါဗာ အရပ်၌ စားခန်းချကြ၏။ ထိုအရပ်မှ ခရီးသွား၍ ဇိနတောကာဒေရှအရပ်၌ စားခန်းချကြ၏။ ထိုအရပ်မှ ခရီးသွား၍ ဟောရတောင်၌ စားခန်းချကြ၏။ ထိုအရပ်၌ အာရုန်သည် အနိစ္စရောက်၍၊ သူ့ကို သင်္ဂြိုဟ်ရ၏။ သူ၏သား ဧလာဇာသည် အဘ၏အရာ၌ ယဇ်ပုရော ဟိတ်အမှုကို ဆောင်ရ၏။
10 И аз стоях на горе четыредесять дний и четыредесять нощей, и послуша Господь мене и во время сие, и не восхоте Господь погубити вас.
၁၀လေဝိသားတို့သည် ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာကို ထမ်းစေခြင်းငှာ၎င်း၊ ရှေ့တော်၌ ရပ်၍ အမှုတော်ကို ဆောင်ရွက်စေခြင်းငှာ၎င်း၊ အခွင့်တော်နှင့် ကောင်းကြီးပေးစေခြင်းငှာ၎င်း၊ ယနေ့တိုင်အောင် ထိုသူ တို့ကို ခွဲခန့်တော်မူ၏။
11 И рече Господь ко мне: гряди, воздвигнися пред людьми сими, и да внидут и наследят землю, еюже кляхся отцем их, дати ю им.
၁၁ထို့ကြောင့် လေဝိသားတို့သည် ညီအစ်ကိုတို့နှင့် ရော၍ အဘို့ကိုမပိုင်၊ အမွေကိုမခံရ။ သင်၏ ဘုရား သခင် ထာဝရဘုရားသည် သူတို့ခံရသောအမွေ ဖြစ် တော်မူ၏။
12 И ныне, Израилю, что просит Господь Бог твой у тебе, точию еже боятися Господа Бога твоего и ходити во всех путех Его, и любити Его и служити Господу Богу твоему от всего сердца твоего и от всея души твоея,
၁၂အို ဣသရေလအမျိုး၊ သင်၏ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့၍၊ လမ်းတော်သို့ လိုက်သွား ခြင်း၊ သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံး အကြွင်းမဲ့ချစ်၍ အမှုတော်ကို ဆောင်ရွက်ခြင်း၊
13 хранити заповеди Господа Бога твоего и оправдания Его, елика аз заповедаю тебе днесь, да благо тебе будет?
၁၃သင်၏အကျိုးကို ထောက်၍ ယနေ့ ငါဆင့်ဆို သော ထာဝရဘုရား၏ ပညတ်တော်ကို စောင့်ရှောက် ခြင်းအမှုမှတပါး၊ သင်၏ဘုရားသခင် ထာဝရဘုရား သည် အဘယ်အမှုကို တောင်းတော်မူသနည်း။
14 Се, Господа Бога твоего небо и небо небесе, земля и вся елика суть на ней:
၁၄မိုဃ်းကောင်းကင်နှင့် ကောင်းကင်ဘဝဂ်ကို၎င်း၊ မြေကြီးနှင့် မြေကြီးတန်ဆာရှိသမျှကို၎င်း၊ သင်၏ဘုရား သခင် ထာဝရဘုရား ပိုင်တော်မူ၏။
15 обаче отцы вашы произволи Господь любити их, и избра семя их по них, вас, паче всех язык, в день сей.
၁၅သို့ရာတွင် ထာဝရဘုရားသည် သင်၏ဘိုးဘေး တို့ကို ချစ်ခင်မြတ်နိုး၍၊ ယနေ့ရှိသကဲ့သို့၊ သူတို့အမျိုး အနွယ်တည်းဟူသော သင့်ကို၊ အခြားသော လူမျိုးတကာ တို့တွင် ရွေးကောက်တော်မူ၏။
16 И обрежите жестокосердие ваше, и выи вашея не ожесточите ктому:
၁၆သို့ဖြစ်၍ သင်၏နှလုံးအရေဖျားကို လှီးဖြတ် လော့။ နောက်တဖန် ခိုင်မာသောလည်ပင်း မရှိစေနှင့်။
17 ибо Господь Бог ваш сей Бог богов и Господь господей, Бог великий и крепкий и страшный, иже не дивится лицу, ниже вземлет дара:
၁၇အကြောင်းမူကား၊ သင်၏ဘုရားသခင် ထာဝရ ဘုရားသည်၊ ဘုရားတို့၏ ဘုရား၊ သခင်တို့၏သခင်၊ ကြီးမြတ်သောဘုရား၊ တန်ခိုးနှင့်ပြည့်စုံ၍ ကြောက်မက် ဘွယ်သောဘုရား၊ လူမျက်နှာကို မထောက်၊ တံစိုးကို မစားဘဲ၊
18 творяй суд пришелцу и сиру и вдовице, и любит пришелца дати ему хлеб и ризу.
၁၈မိဘမရှိသော သူငယ်၊ မုတ်ဆိုးမဘက်၌ တရား စီရင်၍၊ ဧည့်သည်အာဂန္တုတို့ကို စုံမက်သဖြင့်၊ အဝတ် အစားတို့ကို ပေးသနားသော ဘုရားဖြစ်တော်မူ၏။
19 И возлюбите пришелца: пришелцы бо бесте в земли Египетстей.
၁၉သို့ဖြစ်၍ ဧည့်သည်တို့ကို ချစ်ကြလော့။ အကြောင်းမူကား၊ သင်တို့သည် အဲဂုတ္တုပြည်၌ ဧည့်သည် ဖြစ်ကြဘူးပြီ။
20 Господа Бога твоего да убоишися, и Тому (единому) послужиши, и к Нему прилепишися, и именем Его кленешися:
၂၀သင်၏ဘုရားသခင် ထာဝရဘုရားကို ကြောက် ရွံ့၍ အမှုတော်ကို ဆောင်ရွက်ရမည်။ ကိုယ်တော်၌ ဆည်းကပ်ရမည်။ နာမတော်အားဖြင့် ကျိန်ဆိုခြင်းကို ပြုရမည်။
21 Той хвала твоя и Той Бог твой, иже сотвори тебе великая и славная сия, яже видесте очи твои:
၂၁ထာဝရဘုရားသည် သင်၏ဂုဏ်အသရေ၊ သင်၏ဘုရားသခင် ဖြစ်တော်မူ၏။ သင်သည် ကိုယ် မျက်စိနှင့် မြင်သည်အတိုင်း၊ ကြောက်မက်ဘွယ်သော အမူအရာကြီးတို့ကို သင့်အဘို့ပြုတော်မူပြီ။
22 в седмидесятих и пяти душах снидоша отцы твои во Египт: ныне же сотвори тя Господь Бог твой яко звезды небесныя множеством.
၂၂သင်၏ ဘိုးဘေးတို့သည်၊ အရေအတွက်အား ဖြင့် လူခုနစ်ဆယ်မျှသာ ရှိလျက်၊ အဲဂုတ္တုပြည်သို့ ဆင်းသွားကြ၏။ ယခုမူကား၊ အရေအတွက်အားဖြင့် မိုဃ်းကောင်းကင်ကြယ်နှင့်အမျှ သင်၏ဘုရားသခင် ထာဝရဘုရားသည် များပြားစေတော်မူပြီ။