< Книга пророка Даниила 10 >
1 В лето третие Кира царя Персскаго, слово открыся Даниилу, емуже прозвася имя Валтасар: истинно же слово и сила велика и разум дадеся ему в видении.
၁ပေရသိ ရှင်ဘုရင် ကုရု နန်းစံသုံး နှစ် တွင် ၊ ဗေလတရှာဇာ အမည် ဖြင့် သမုတ် သော ဒံယေလ သည် ဗျာဒိတ် တော်ကိုခံရ ၏။ ထိုဗျာဒိတ် တော်စကား မှန် ပေ၏။ ကြီးစွာ သော စစ်တိုက် ခြင်းနှင့် ဆိုင်ပေ၏။ သူသည် ထိုစကား ကို နားလည် ၏။ မြင်ရသောရူပါရုံ သဘောကိုလည်း ရိပ်မိ၏။
2 В тыя дни аз Даниил бех рыдая три седмицы дний:
၂ထို ကာလ ၌ ငါ ဒံယေလ သည် အရက် နှစ်ဆယ် တရက် တိုင်တိုင်ခြိုးခြံစွာကျင့် လျက်နေ၏။
3 хлеба вожделеннаго не ядох, и мясо и вино не вниде во уста моя, и мастию не помазахся до исполнения триех седмиц дний.
၃အရက် နှစ်ဆယ် တရက်မ စေ့ မှီမြိန် သော မုန့် ကိုမ စား ။ အမဲသား နှင့် စပျစ်ရည် ကိုမ မြည်း ။ ဆီ လိမ်းခြင်းကိုလည်း အလျှင်းမပြု။
4 В день двадесять четвертый перваго месяца аз бех близ реки великия, яже есть Тигр Еддекель,
၄ပဌမ လ နှစ် ဆယ် လေး ရက် နေ့၌ ငါ သည် ဟိဒကေလ မြစ် ကြီး အနားမှာရှိ စဉ်၊
5 и воздвигох очи мои и видех, и се, муж един облечен в ризу льняну, и чресла его препоясана златом светлым:
၅မျှော် ကြည့်၍ ပိတ်ချော နှင့် ဥဖတ် ရွှေစင် ခါးပန်း ကို ဝတ် စည်းလျက် ရှိသောလူ တဦး ကို မြင် ၏။
6 тело же его аки фарсис, лице же его аки зрение молнии, очи же его аки свещы огнены, и мышцы его и голени аки зрак меди блещащияся, глас же словес его аки глас народа.
၆သူ ၏ ကိုယ် သည် ကျောက် မျက်ရွဲကဲ့သို့ ဖြစ်၏။ သူ့ မျက်နှာ သည်လည်း လျှပ်စစ် ကဲ့သို့ ထင်၏။ သူ့ မျက်စိ သည်လည်း မီးခွက် ကဲ့သို့ ဖြစ်၏။ သူ့ လက် ခြေ တို့သည် ဦးသစ်သော ကြေးဝါ အရောင်အဆင်းရှိ၏။ သူ့ စကား သံ သည် များစွာ သော လူစုအသံ နှင့် တူ၏။
7 И видех аз Даниил един явление, а мужие, иже со мною, не видеша явления, но ужас великий нападе на них, и отбегнуша во страсе.
၇ထိုဗျာဒိတ် ရူပါရုံကို ငါ ဒံယေလ တယောက် တည်း မြင် ရ၏။ ငါ နှင့်အတူ ပါသောလူ တို့သည် မ မြင် ရကြ။ သူတို့သည် အလွန် ကြောက်ရွံ့ တုန်လှုပ်ခြင်းသို့ ရောက် သဖြင့် ပုန်းရှောင် ၍ နေခြင်းငှါ ပြေး ကြ၏။
8 Аз же остах един и видех явление великое сие, и не оста во мне крепость, и слава моя обратися в разсыпание, и не удержах крепости.
၈ငါ မူကား၊ တယောက် တည်းနေရစ် ၍ ထို ကြီးစွာ သော ရူပါရုံ ကိုမြင် ရလျှင် ၊ ခွန်အား လျော့၍ မျက်နှာ ပျက် လျက်၊ ကိုယ်၌ အစွမ်း သတ္တိအလျှင်းမ ရှိ ဖြစ်လေ၏။
9 И слышах глас словес его. И внегда слышах, бех сокрушен, лице же мое на земли:
၉သို့ရာတွင် ၊ ထိုသူ ၏ စကား သံ ကို ငါကြား ၏။ ကြား သောအခါ မြေ ပေါ် မှာပြပ်ဝပ် ၍ မိန်းမော တွေဝေလျက်နေ၏။
10 и се, рука прикасающися мне, и возстави мя на колена моя и на длани рук моих.
၁၀ထိုအခါ လက် တဘက်သည်ငါ့ ကို ကြွ ၍ ၊ ငါ သည် ဒူး နှင့် လက်ဝါး ဖြင့် ထောက် လျက်နေရ၏။
11 И рече ко мне: Данииле, мужу желаний, разумей во словесех сих, яже аз глаголю к тебе, и стани на стоянии своем, яко ныне послан есмь к тебе. И егда возглагола слово сие ко мне, востах трепетен.
၁၁သူကလည်း၊ အလွန် ချစ်အပ်သောသူ၊ ဒံယေလ ၊ ငါ့စကား ကို နားလည် အံ့သောငှါမတ်တတ် နေလော့။ သင် ရှိရာသို့ ငါ့ကိုစေလွှတ် တော်မူ၍ ယခု ငါလာပြီဟု ဆိုလျှင်၊ ငါသည်တုန်လှုပ် မတ်တတ် နေ၏။
12 И рече ко мне: не бойся, Данииле, яко от перваго дне, в оньже подал еси сердце твое, еже разумети и трудитися пред Господем Богом твоим, услышана быша словеса твоя, аз же приидох во словесех твоих:
၁၂ထိုအခါ သူကလည်း၊ အချင်းဒံယေလ ၊ မ ကြောက် နှင့်။ သင် သည် နားလည် ခြင်းငှါ ၎င်း ၊ သင် ၏ ဘုရား ရှေ့ မှာ ကိုယ်ကိုကိုယ်ဆုံးမ ခြင်းငှါ ၎င်း ၊ စိတ် ပြဌာန်း သော ပဌမ နေ့ မှစ၍ သင် ၏ စကား ကိုကြား တော်မူပြီ။ ထိုစကား ကြောင့် လည်း ငါ ရောက် လာပြီ။
13 князь же царства Персскаго стояше противу мне двадесять и един день: и се Михаил един от старейшин первых прииде помощи мне, и того оставих тамо со князем царства Персскаго,
၁၃ပေရသိ နိုင်ငံ ကို အစိုးရသောမင်း မူကား ၊ အရက် နှစ် ဆယ်တရက် ပတ်လုံးငါ့ ကို ဆီးတား၏။ နောက်တခါ အမြတ်ဆုံးသော မင်း စုထဲက မိက္ခေလ သည် ငါ့ ကို အကူ လာ ၍၊ ငါသည်လည်း ထိုအရပ်၌ ပေရသိ မင်းကြီး တို့ထံမှာ ဆိုင်းလင့် ၍ နေရ၏။
14 и приидох сказати тебе, елика срящут людий твоих в последния дни, яко еще видение на дни.
၁၄ယခုမူကား ၊ နောင် ကာလ တွင် သင် ၏ အမျိုးသား ချင်းတို့၌ ဖြစ် လတံ့သော အမှုအရာတို့ကို သင် သည် နားလည် စေခြင်းငှါ ငါရောက် လာပြီ။ ဤဗျာဒိတ် ရူပါရုံသည် တာရှည်သောကာလ နှင့် ဆိုင်ပေ၏ဟု ငါ့ အား ပြောဆို ၏။
15 И егда глагола со мною по словесем сим, дах лице мое на землю и умилихся.
၁၅ထိုသို့ ပြောဆို ပြီးမှ ၊ ငါသည် ဦးညွတ်ပြပ်ဝပ်၍ စကား မပြောနိုင်ပဲနေ၏။
16 И се, аки подобие сына человеча прикоснуся устнам моим, и отверзох уста моя и глаголах, и рех ко стоящему предо мною: господи, в видении твоем обратися утроба моя во мне, и не имех силы:
၁၆ထိုအခါ လူ သား ၏ သဏ္ဌာန် ရှိသောသူတဦးသည် ငါ့ နှုတ် ကို လက်နှင့်တို့ လျှင် ၊ ငါသည်နှုတ် ကို ဖွင့် ၍ ပြော ရသောအခွင့်ကို ရပြီးလျှင် ၊ အကျွန်ုပ် ၏သခင် ၊ ဗျာဒိတ် ရူပါရုံကြောင့် အကျွန်ုပ်သည် ပြင်းစွာသော ဝေဒနာ ကို ခံရ၍၊ ကိုယ်၌ ခွန်အား အလျှင်းမ ရှိပါ။
17 и како возможет раб твой господи, глаголати с господем сим моим? Аз бо изнемогох, и отныне не станет во мне крепость, (сила бо) и дыхание не оста во мне.
၁၇ကိုယ်တော် ကျွန် သည် ကိုယ်တော် အရှင်နှင့် အဘယ်သို့ စကားပြော နိုင် ပါအံ့နည်း။ ယခုပင် အကျွန်ုပ် ကိုယ်၌ ခွန်အား အလျှင်းမ ရှိပါ။ အကျွန်ုပ် အသက် လည်း ကုန်ပါပြီဟု ငါ့ ရှေ့ မှာ ရပ် နေသောသူအား ငါလျှောက် ၏။
18 И приложи, и прикоснуся мне яко зрак человечь, и укрепи мя,
၁၈နောက် တဖန် လူ သဏ္ဌာန် ရှိသောသူသည် လာ၍ ငါ့ ကို လက်နှင့်တို့ လျက် အားပေး ပြီးလျှင် ၊
19 и рече ми: не бойся, мужу желаний, мир тебе: мужайся и крепися и егда глагола со мною, укрепихся и рех: да глаголет господь мой яко укрепил мя еси.
၁၉အလွန် ချစ်အပ်သောသူ၊ မ ကြောက် နှင့်။ ငြိမ်သက် ခြင်းရှိပါစေ။ အားရှိ လော့။ ခွန်အား နှင့်ပြည့်စုံလော့ ဟု ဆို၏။ ထိုသို့ဆိုပြီးမှခွန်အားကို ငါရ၍၊ အကျွန်ုပ်၏ သခင်၊ မိန့်တော်မူပါ။ အကျွန်ုပ်ကို ခွန်အားပေးတော်မူပြီ ဟု လျှောက်၏။
20 И рече: веси ли, почто приидох к тебе? И ныне возвращуся, еже ратися со князем Персским: аз же исхождах, князь же Еллинский грядяше:
၂၀ထိုသူကလည်း၊ ငါသည် သင် ရှိရာသို့ လာ ရသော အကြောင်းကို နားလည် သလော။ ပေရသိ မင်း ကို စစ်တိုက် အံ့သောငှါ ယခု ငါပြန် သွားရမည်။ ငါ သွား ပြီး သည်နောက်၊ တဖန် ဟေလသ မင်း သည် ပေါ်လာ လိမ့်မည်။
21 но да возвешу ти вчиненое в писании истины, инесть ни единаго помогающаго со мною о сих, но точию Михаил князь ваш.
၂၁သို့ရာတွင် သမ္မာ ကျမ်းစာ၌ မှတ်သား သော အမှုအရာကို ငါပြ ဦးမည်။ ဤ အမှုတို့တွင် သင် တို့၏ မင်း မိက္ခေလ မှတပါး ငါ့ ဘက်မှာ နေသောသူမ ရှိ။