< Вторая книга Паралипоменон 32 >
1 И по словесех сих и по истине сей, прииде Сеннахирим царь Ассирийский, и прииде на Иудею, и ополчися на грады крепкия хотя взяти их.
၁ထိုအမှုများတို့ကို လက်စသတ်သည်နောက်၊ အာရှုရိရှင်ဘုရင် သနာခရိပ်သည်၊ ယုဒပြည်သို့စစ်ချီ၍ ခိုင်ခံ့သောမြို့တို့ကို ဝိုင်းထားလျက် တိုက်ယူခြင်းငှါ အားထုတ်လေ၏။
2 И виде Езекиа, яко прииде Сеннахирим, и лице его воевати на Иерусалим:
၂ထိုသို့ သနာခရိပ်သည်လာ၍၊ ယေရုရှလင်မြို့ကို တိုက်မည့်အကြံရှိကြောင်းကို၊ ဟေဇကိသည်သိမြင်လျှင်၊
3 и советова со старейшины своими и с сильными, да заключат воды источников, иже беша вне града: и соизволиша ему.
၃မြို့ပြင်၌ရှိသော စမ်းရေကိုဖြတ်ခြင်းငှါ မှူးမတ်၊ စစ်သူကြီးတို့နှင့် တိုင်ပင်၍။ သူတို့သည် ဝိုင်းလုပ်ကြ၏။
4 И собра много людий, и заключи воды источников и поток текущь посреде града, глаголя: да не приидет царь Ассирийский, и обрящет вод много, и укрепится.
၄အာရှုရိရှင်ဘုရင်တို့သည် လာ၍၊ များစွာသော ရေကို အဘယ်ကြောင့်တွေ့ရမည်နည်းဟု လူများတို့သည် ဆိုလျက်၊ စုဝေး၍ စမ်းရေတွင်းရှိသမျှကို ပိတ်ကြ၏။ ပြည်အလယ်၌ စီးသောချောင်းရေကိုလည်း ဖြတ်ကြ၏။
5 И укрепися Езекиа, и созда вся стены, яже быша разсыпаны, и столпы, и отвне предстение ино, и укрепи разрушенная града Давидова, и уготова оружия многа:
၅ဟေဇကိသည်လည်း ကိုယ်ကို ခိုင်ခံ့စေ၏။ ပြိုသောမြို့ရိုးရှိသမျှကို ပြုပြင်၍၊ ရဲတိုက်တို့နှင့် တညီတည်း တည်၏။ ပြင်မြို့ရိုးကိုလည်း တည်၏။ ဒါဝိဒ်မြို့၌ မိလ္လော ရဲတိုက်ကိုလည်း ပြုပြင်၍၊များစွာသော လှံလက်နက်ဒိုင်း လွှားတို့ကိုလည်း လုပ်လေ၏။
6 и постави началники бранем над людьми, и собрашася к нему на площадь врат дебри, и глагола в сердца их глаголя:
၆လူများတို့တွင် တပ်မှူးတို့ကိုခန့်ထား၍၊ မြို့ လမ်းမ၌ စုဝေးစေသဖြင့်၊ အားပေးသော စကားကို ပြောလျက်၊
7 укрепитеся и мужайтеся и не устрашайтеся, ниже ужасайтеся от лица царя Ассирийска и от лица всего множества, еже с ним: яко множайшии с нами суть неже с ним:
၇ခွန်အားယူ၍ ရဲရင့်ခြင်းရှိကြလော့။ အာရှုရိ ရှင်ဘုရင်နှင့် သူ၌ပါသောအလုံးအရင်း အပေါင်းတို့ ကြောင့် မကြောက်ကြနှင့်။ စိတ်မပျက်ကြနှင့်။ ငါတို့ ဘက်၌နေသော သူတို့သည်၊ သူ့ဘက်၌ နေသောသူတို့ထက်သာ၍ များကြ၏။
8 с ним мышца плотская, с нами же Господь Бог наш, еже спасати и поборати на брани нашей. И укрепишася людие словесы Езекии царя Иудина.
၈သူ့ဘက်၌ လူလက်ရုံးရှိ၏။ ငါတို့ဘက်၌ ထောက်မ၍၊ စစ်ကူတော်မူသော ငါတို့၏ဘုရားသခင် ထာဝရဘုရားရှိတော်မူသည်ဟု မိန့်တော်မူ၏။ လူများတို့ သည် ယုဒရှင်ဘုရင်ဟေဇကိ၏ စကားကိုကိုးစား ကြ၏။
9 И по сих посла Сеннахирим царь Ассирийский рабы своя во Иерусалим, сам же со всеми вои своими обстояше Лахис, и посла ко Езекии царю Иудину и ко всему Иуде, иже во Иерусалиме, глаголя:
၉ထိုနောက် အာရှုရိရှင်ဘုရင်သနာခရိပ်သည် ဗိုလ်ခြေအပေါင်းတို့နှင့်တကွ၊ လာခရှမြို့ကိုဝိုင်ထားစဉ် တွင်၊ မိမိကျွန်အချို့ကို ယေရုရှလင်မြို့၊ ယုဒရှင်ဘုရင် ဟေဇကိထံသို့၎င်း၊ ယေရုရှလင်မြို့၌ရှိသော ယုဒ လူအပေါင်းတို့ရှိရာသို့၎င်း စေလွှတ်၍၊
10 сия глаголет Сеннахирим царь Ассирийский: на что вы уповаете и седите во обстоянии во Иерусалиме?
၁၀အာရှုရိရှင်ဘုရင်သနာခရိပ် မိန့်တော်မူသည် ကား၊ သင်တို့သည် ယေရုရှလင်မြို့၌ ဝိုင်းထားခြင်းကို ခံခြင်းငှါ၊ အဘယ်သို့ခိုလှုံကြသနည်း။
11 Ни ли Езекиа прельщает вас, да предаст вы в смерть и в глад и жажду, глаголя: Господь Бог наш спасет нас от руки царя Ассирийска?
၁၁ဟေဇကိက၊ ငါတို့၏ဘုရားသခင် ထာဝရ ဘုရားသည် ငါတို့ကို အာရှုရိရှင်ဘုရင်လက်မှ ကယ်လွှတ် တော်မူမည်ဟုဆိုလျက်၊ မွတ်သိပ်ခြင်း၊ ရေငတ်ခြင်း အားဖြင့် အသေခံရသည်တိုင်အောင်၊ ကိုယ်ကိုစွန့်ပစ်စေ ခြင်းငှါ၊ သင်တို့ကို ဖြားယောင်းသည်မဟုတ်လော။
12 Не сей ли есть Езекиа, иже разори олтари Его и вышняя Его, и повеле Иуде и живущым во Иерусалиме, глаголя: олтарем пред олтарем сим покланяйтеся и в нем кадите фимиам?
၁၂ထိုဟေဇကိသည် ထာဝရဘုရား၏ မြင့်သော အရပ်ဌာနနှင့် ယဇ်ပလ္လင်တို့ကို ပယ်၍၊ သင်တို့သည် တခုတည်းသော ယဇ်ပလ္လင် ရှေ့မှာကိုးကွယ်ရမည်။ ထိုယဇ် ပလ္လင်ပေါ်မှာ နံ့သာပေါင်းကို မီးရှို့ရမည်ဟု ယုဒပြည်သူ ယေရုရှလင်မြို့ သားတို့ကို မိန့်တော်မူပြီမဟုတ်လော။
13 Или не весте сего, что аз сотворих и отцы мои всем людем земли? Еда могуще возмогоша бози языков всея земли избавити люди своя от руки моея?
၁၃ငါနှင့် ငါ့ဘိုးဘေးတို့သည် အတိုင်းတိုင်းအပြည် ပြည်တို့၌ အဘယ်သို့ပြုသည်ကို သင်တို့မသိကြသလော။ အတိုင်းတိုင်းအပြည်ပြည် ဘုရားတို့သည် မိမိတို့ပြည် များကို ငါ့လက်မှ ကယ်လွှတ်ခြင်းငှါ တတ်စွမ်းနိုင် သလော။
14 Кто во всех бозех языков сих, ихже искорениша отцы мои? Еда возмогоша избавити люди своя от руки моея, и како может Бог ваш избавити вас от руки моея?
၁၄ငါ့ဘိုးဘေးအကုန်အစင်ဖျက်ဆီးသော တိုင်း နိုင်ငံတို့၏ ဘုရားတို့တွင်၊ အဘယ်မည်သောဘုရားသည် မိမိပြည်ကို ငါ့လက်မှ ကယ်လွှတ်ဘူးသနည်း။ သင်တို့၏ ဘုရားသည် သင်တို့ကိုငါ့လက်မှ အဘယ်သို့ကယ်လွှတ် မည်နည်း။
15 Ныне убо да не прельщает вас Езекиа и да не творит вас уповати по сему, и не веруйте ему: аще бо ни един бог всякаго языка и царства возможе избавити люди своя от руки моея и от руку отец моих, то ниже Бог ваш возможет избавити вас от руки моея.
၁၅သို့ဖြစ်၍၊ ဟေဇကိသည် သင်တို့ကိုမလှည့်စား စေနှင့်။ ထိုသို့ မဖြားယောင်းစေနှင့်။ သူ့စကားကို မယုံကြ နှင့်။ အခြားသော တိုင်းနိုင်ငံ၌ ကိုးကွယ်သော ဘုရား မည်မျှသည်၊ မိမိပြည်ကိုငါ့လက်မှ၎င်း၊ ငါ့ဘိုးဘေး လက်မှ၎င်း မကယ်မလွှတ်နိုင်။ ထိုမျှမက၊ သင်တို့၏ဘုရားသည် သင်တို့ကို ငါ့လက်မှ မကယ်မလွှတ်နိုင်ဟု မှာလိုက်လေ၏။
16 И ина (многа) глаголаша раби его противу Господа Бога и противу Езекии раба Его.
၁၆သူ့ကျွန်တို့သည် ထာဝရအရှင်ဘုရားသခင် တဘက်၊ ဘုရားသခင်၏ကျွန်ဟေဇကိတဘက်၌ သာ၍ ပြောဆိုကြ၏။
17 И послания написа поношая Господа Бога Израилева, и рече Нань, глаголя: якоже бози язык земли не могоша избавити людий своих от руки моея, тако ниже Бог Езекиин избавит люди Своя от руки моея.
၁၇ထိုမှတပါး အခြားသော တိုင်းနိုင်ငံဘုရားတို့ သည်၊ မိမိလူများကို ငါ့လက်မှ မကယ်မလွှတ်နိုင်သည် နည်းတူ၊ ဟေဇကိကိုးကွယ်သော ဘုရားသည်၊ သူ၏ လူများကို ငါ့လက်မှ မကယ်မလွှတ်ရဟုဣသရေလအမျိုး ၏ ဘုရားသခင်ထာဝရဘုရားကို ကဲ့ရဲ့ပြစ်တင်သော စာကို ရေး၍ ပေးလိုက်သေး၏။
18 И возопи воплем великим языком Иудейским к людем, иже седяху на стенах Иерусалимлих, да устрашит их и ужасит, и возмет град:
၁၈တဖန်မြို့ရိုးပေါ်မှာရှိသော ယေရုရှလင်မြို့သား တို့ကို ခြိမ်းချောက်နှောက်ရှက်၍၊ မြို့ကိုတိုက်ယူနိုင်အောင်၊ ယုဒဘာသာစကားအားဖြင့် ကျယ်သော အသံနှင့် ကြွေး ကြော်ကြ၏။
19 и глагола на Бога Иерусалимля, якоже и на богов людий земли, дела рук человеческих.
၁၉လူတို့လက်ဖြင့် လုပ်သောဘုရား၊ မြေကြီးသား များ ကိုးကွယ်သော ဘုရားတို့နှင့် ယေရုရှလင်မြို့ ဘုရား သခင်ကို ရော၍ ကဲ့ရဲ့ကြ၏။
20 И помолися Езекиа царь и Исаиа сын Амосов пророк о сих, и возопиша на небо.
၂၀ထိုအကြောင်းကြောင့်၊ ဟေဇကိမင်းကြီးနှင့် အာမုတ်သား ပရောဖက်ဟေရှာယသည် ဆုတောင်း၍၊ ကောင်းကင်ဘုံသို့ ဟစ်ခေါ်သဖြင့်၊
21 И посла Господь Ангела, и порази всех мужей храбрых и бранников, и началников и воевод в полцех царя Ассирийска: и возврати лице его со стыдом на землю его, и прииде в дом бога своего, и сынове его изшедшии из чрева его погубиша его мечем.
၂၁ထာဝရဘုရားစေလွှတ်တော်မူသော ကောင်းကင် တမန်သည်၊ အာရှုရိရှင်ဘုရင်တပ်၌ ခွန်အားကြီးသော သူရဲများ၊ တပ်မှူး၊ စစ်ကဲများအပေါင်းတို့ကို သုတ်သင် ပယ်ရှင်းလေ၏။ ရှင်ဘုရင်သည် မျက်နှာပျက်လျက်၊ မိမိ ပြည်သို့ပြန်သွား၏။ မိမိဘုရား၏ ဗိမာန်သို့ရောက်သော အခါ၊ မိမိသားရင်းတို့သည် ထားနှင့်သတ်ကြ၏။
22 И спасе Господь Езекию и обитающих во Иерусалиме от руки Сеннахирима царя Ассирийска и от руку всех, и подаде им покой окрест.
၂၂ထိုသို့ထာဝရဘုရားသည် ဟေဇကိနှင့် ယေရုရှလင်မြို့သားတို့ကို၊ အာရှုရိရှင်ဘုရင်လက်မှ၎င်း၊ အခြားသောရန်သူလက်မှ၎င်း ကယ်လွှတ်၍၊ အရပ်ရပ်၌ စောင့်မတော်မူ၏။
23 И мнози приношаху дары Господу во Иерусалим и даяния Езекии царю Иудину, и возвышен бысть пред очесы всех языков по сих.
၂၃အများသောသူတို့သည် ယေရုရှလင်မြို့သို့ ထာဝဘုရားအဘို့ ပူဇော်သက္ကာကို၎င်း၊ ယုဒရှင်ဘုရင် ဟေဇကိထံသို့ လက်ဆောင်ပဏ္ဏာကို၎င်း ဆောင်ခဲ့ကြ သဖြင့်၊ ဟေဇကိသည် ထိုကာလမှစ၍ ခပ်သိမ်းသောလူ မျိုး ရှေ့မှာဘုန်းကြီးတော်မူ၏။
24 Во днех оных разболеся Езекиа даже до смерти и помолися ко Господу: и услыша его и даде ему знамение.
၂၄ထိုကာလအခါ ဟေဇကိမင်းသည် သေနာစွဲ၍ ထာဝရဘုရားအား ဆုတောင်းသဖြင့်၊ ဗျာဒိတ်တော်နှင့် ထူးဆန်းသော တန်ခိုးတော်ကို ခံရ၏။
25 И не по воздаянию, еже даде ему, воздаде Езекиа, но вознесеся сердце его, и бысть на него гнев и на Иуду и на Иерусалим.
၂၅သို့ရာတွင် ဟေဇကိသည် မိမိခံရသော ကျေးဇူးတော်နှင့် အထိုက်အလျောက်မကျင့်၊ ထောင်လွှား သော စိတ်ရှိ၏။ ထိုကြောင့် သူ၌၎င်း၊ ယုဒပြည်နှင့် ယေရုရှလင်မြို့၌၎င်း၊ အမျက်တော်ထွက်လေ၏။
26 И смирися Езекиа от высоты сердца своего сам и живущии во Иерусалиме, и не прииде на них гнев Господень во дни Езекиины.
၂၆သို့ရာတွင် ဟေဇကိသည် မိမိစိတ်ထောင်လွှား သော အပြစ်ကြောင့်၊ ယေရုရှလင်မြို့သားတို့နှင့်တကွ ကိုယ်တိုင်ကိုယ်ကို နှိမ့်ချသောကြောင့်၊ လက်ထက်တော် ကာလတွင်၊ ထာဝရဘုရား၏ အမျက်တော်မသက် ရောက်။
27 И бысть Езекиеви богатство и слава многа зело: и сокровища себе собра сребра и злата и камения честнаго, и ароматы, и оружия хранилницы, и сосуды драгоценны,
၂၇ဟေဇကိသည် များစွာသော စည်းစိမ်ဥစ္စာ ဂုဏ် အသရေရှိ ၏။ ရွှေ၊ ငွေ၊ ကျောက်မြတ်၊ နံ့သာမျိုး၊ ဒိုင်းလွှား၊ နှမြောဘွယ်သော တန်ဆာ သိုထားရာဘဏ္ဍာ တိုက်များကို တည်လေ၏။
28 и житницы жит, пшеницы и вина и елеа, и села, и ясли всякому скоту, и ограды стадом,
၂၈စပါးကျီများ၊ ဆီ၊ စပျစ်ရည်သိုထားရာ တိုက်များ၊ တိရစ္ဆာန်မျိုး တင်းကုပ်များ၊ သိုးခြံများကိုလည်း လုပ်လေ ၏။
29 и грады, яже созда себе, и строения овцам и волом множество: зане даде ему Господь собрания многа зело.
၂၉ကိုယ်အဘို့ မြို့တို့ကိုတည်၍၊ များစွာသော သိုးနွား တို့ကိုလည်း ဆည်းဖူးလေ၏။ ဘုရားသခင်သည် များစွာ သောဥစ္စာကို ပေးသနားတော်မူ၏။
30 Той Езекиа загради исход воды Геона вышняго и проведе ю в низ к полудню града Давидова. И преуспе Езекиа во всех делех своих.
၃၀ထိုမှတပါး၊ ဟေဇကိသည် ဂိဟုတ်အထက် ချောင်းရေကို ပိတ်၍၊ ဒါဝိဒ်မြို့အနောက်သို့ တည့်တည့် စီးစေ၏။ ထိုသို့ ဟေဇက်သည် ပြုလေရာရာ၌ အကြံ ထမြောက်၏။
31 И тако послом князей от Вавилона, иже послани бяху к нему, да вопросят его о чудеси, еже случися на земли, остави его Господь, да искусит его уведати, яже в сердцы его.
၃၁သို့ရာတွင်၊ နိုင်ငံတော်၌ ဖြစ်သောအံ့ဘွယ်သော အမှုကို မေးမြန်းစေခြင်းငှါ၊ ဗာဗုလုန်မင်းတို့သည် သံတမန်ကို စေလွှတ်သော အမှုမှာ၊ ဟေဇကိမင်း၏ သဘောကို အကုန်အစင်သိခြင်းငှါ၊ ဘုရားသခင်သည် စုံစမ်း၍အလွတ်ထားတော်မူ၏။
32 Прочая же словес Езекииных, и щедроты его, се, писана суть в пророчестве Исаии пророка сына Амосова и в книзе царей Иудиных и Израилевых.
၃၂ဟေဇကိပြုမူသော အမှုအရာကြွင်းလေသမျှ တို့နှင့် ကျေးဇူးပြုခြင်းအရာသည် အာမုတ်သား ပရော ဖက်ဟေရှာယ၏ ရူပါရုံကျမ်း၊ ယုဒရာဇဝင်၊ ဣသရေလ ရာဇဝင်၌ ရေးထားလျက် ရှိ၏။
33 И успе Езекиа со отцы своими, и погребоша его на восходех гробов сынов Давидовых: и славу и честь даша ему в смерти его весь Иуда и живущии во Иерусалиме. И воцарися Манассиа сын его вместо его.
၃၃ဟေဇကိသည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ ဒါဝိဒ် ၏သားတော် မြေးတော်တို့ သင်္ချိုင်းတွင် အမြတ်ဆုံးသော သင်္ချိုင်း၌ သင်္ဂြိုဟ်ခြင်းကို ပြုလေ၏။ ယုဒပြည်သူ ယေရုရှလင်မြို့သားအပေါင်းတို့သည်၊ ဟေဇကိ အနိစ္စ ရောက်သောအခါ၊ ဂုဏ်အသရေတော်ကို ချီးမြှောက်ကြ ၏။ သားတော်မနာရှေသည် ခမည်းတော်အရာ၌ နန်းထိုင်၏။