< Первая книга Царств 26 >
1 И приидоша Зифее от знойныя к Саулу на холм, глаголюще: се, Давид скрыся у нас на холме Ехелаф, прямо Иессемону.
၁ဇိဖမြို့မှလူအချို့တို့သည်ရှောလုရှိရာဂိဗာ မြို့သို့လာရောက်၍ ဒါဝိဒ်သည်ယုဒတောကန္တာရ အစွန်နားရှိဟခိလတောင်ပေါ်တွင်ပုန်းအောင်း နေပါသည်ဟုလျှောက်ထားကြ၏။-
2 И воста Саул, и сниде в пустыню Зиф, и с ним три тысящы мужей избранных от Израиля, искати Давида в пустыни Зиф.
၂ရှောလုသည်ချက်ချင်းပင်မိမိ၏လက်ရွေး စင်စစ်သည်တော်သုံးထောင်နှင့်အတူ ဒါဝိဒ် ကိုရှာရန်ဇိဖတောကန္တာရသို့ချီတက်ပြီး လျှင်၊-
3 И ополчися Саул на холме Ехелаф иже прямо Иессемону при пути, Давид же седяше в пустыни. И виде Давид, яко идет Саул вслед его в пустыню,
၃ဟခိလတောင်ပေါ်လမ်းအနီးတွင်တပ်စခန်း ချ၏။ ထိုအချိန်၌ဒါဝိဒ်သည်တောကန္တာရ တွင်ပင်ရှိ၍ မိမိအားရှာဖွေရန်ရှောလုတော ကန္တာရထဲသို့ရောက်ရှိလာသည့်သတင်း ကိုကြားသောအခါ၊-
4 и посла Давид соглядатаи, и разуме, яко идет Саул готов из Кеиля:
၄သူလျှိုများကိုစေလွှတ်စုံစမ်းစေရာအကယ် ပင်ရှောလုရောက်ရှိနေကြောင်းသိရှိရလေ သည်။-
5 и воста Давид отай, и вниде в место, идеже почиваше Саул, и тамо бяше Авенир сын Ниров, первый воевода его, и Саул спаше в колеснице царстей, и людие ополчившеся окрест его.
၅သူသည်ရှောလုတပ်ချရာသို့ချက်ချင်းသွား ၍ရှောလုနှင့်နေရ၏သား၊ ရှောလု၏ဗိုလ်ချုပ် အာဗနာတို့အိပ်စက်သည့်နေရာကိုကြည့်ရှု ၏။ ရှောလုသည်တပ်စခန်းအလယ်တွင်အိပ်၍ သူ၏လူတို့မူကားသူ့ကိုဝိုင်းရံလျက်အိပ် ကြ၏။
6 И отвеща Давид и рече ко Авимелеху Хеттеину и ко Авессе сыну Саруину брату Иоавлю, глаголя: кто внидет со мною к Саулу в полк? И рече Авесса: аз вниду с тобою.
၆ထိုနောက်ဒါဝိဒ်သည်ဟိတ္တိအမျိုးသားအဟိ မလက်နှင့်ဇေရုယာ၏သား၊ ယွာဘ၏ညီ အဘိရှဲတို့အား``သင်တို့နှစ်ဦးအနက် အဘယ်သူသည်ရှောလု၏တပ်စခန်းသို့ ငါနှင့်အတူ လိုက်ပါမည်နည်း'' ဟုမေး၏။ အဘိရှဲက``အကျွန်ုပ်လိုက်ပါမည်'' ဟုဆို၏။
7 И внидоста Давид и Авесса в люди нощию: и се, Саул спяй сном в колеснице царстей, и копие его водружено в землю при главе его, Авенир же и воини его спаху окрест его.
၇သို့ဖြစ်၍ထိုညဥ့်၌ဒါဝိဒ်နှင့်အဘိရှဲတို့ သည်ရှောလု၏တပ်စခန်းသို့ဝင်ရောက်ကြ ရာတပ်စခန်းအလယ်တွင် ရှောလုသည်မိမိ ၏လှံကိုခေါင်းရင်းတွင်စိုက်၍အိပ်ပျော်နေ သည်ကိုတွေ့ရှိကြ၏။ အာဗနာနှင့်စစ်သည် တပ်သားတို့ကမူရှောလုပတ်လည်တွင် အိပ်လျက်နေကြလေသည်။-
8 И рече Авесса к Давиду: заключи Господь днесь врага твоего в руце твои, и ныне поражу его копием в землю единожды, и не повторю ему.
၈အဘိရှဲကဒါဝိဒ်အား``ဘုရားသခင်သည် အရှင်၏ရန်သူကိုယနေ့အရှင့်လက်သို့အပ် တော်မူပြီ။ သို့ဖြစ်၍သူ့အားသူ့လှံဖြင့်ပင် တစ်ချက်တည်းမြေတွင်စိုက်နေအောင်ထိုး သတ်ခွင့်ပေးတော်မူပါ။ နှစ်ချက်ထိုးရန် လိုမည်မဟုတ်ပါ'' ဟုလျှောက်၏။
9 И рече Давид ко Авессе: не убивай его, яко кто прострет руку свою на христа Господня, и неповинен будет?
၉သို့ရာတွင်ဒါဝိဒ်က``သင်သည်မင်းကြီးအား ဘေးအန္တရာယ်မပြုရ။ ထာဝရဘုရားသည် မိမိဘိသိက်ပေးတော်မူသောဘုရင်အား ဘေး အန္တရာယ်ပြုသူမည်သူကိုမဆိုဧကန်မုချ အပြစ်ဒဏ်ခတ်တော်မူလိမ့်မည်။-
10 И рече Давид: жив Господь, аще не Господь поразит его, или день его приидет, и умрет, или на брань снидет и погибнет:
၁၀ထာဝရဘုရားကိုယ်တော်တိုင်ပင်လျှင်ရှောလု အား ဋ္ဌမ္မတာအလျောက်သေချိန်ရောက်သည့်အခါ ၌ဖြစ်စေ၊ စစ်ပွဲတွင်ကျဆုံးသောအခါ၌ဖြစ် စေဒဏ်စီရင်တော်မူမည်ဖြစ်ကြောင်း အသက် ရှင်တော်မူသောထာဝရဘုရားအားဖြင့် ငါသိ၏။-
11 да не будет ми от Господа нанести руку мою на христа Господня: и ныне возми копие от возглавия его и сосуд водный, и отидем мы о себе.
၁၁ဘုရားသခင်ခန့်ထားတော်မူသည့်ဘုရင်ကို ဘေးအန္တရာယ်မပြုမိစေရန် ငါ့အားကိုယ်တော် ဆီးတားတော်မူပါစေသော။ ငါတို့သည်မင်း ကြီး၏လှံတော်နှင့်ရေဘူးတော်တို့ကိုယူ၍ သွားကြကုန်အံ့'' ဟုဆို၏။-
12 И взя Давид копие и сосуд водный от возглавия его, и отидоста о себе: и не бе иже бы видел или разумел, и не бяше востающаго, вси бо спаху, яко сон крепок от Господа нападе на ня.
၁၂ထိုနောက်ဒါဝိဒ်သည်ရှောလု၏ခေါင်းရင်းတွင် ရှိသောလှံနှင့်ရေဘူးကိုယူ၍ အဘိရှဲနှင့် အတူထွက်သွား၏။ ထာဝရဘုရားသည်တစ် တပ်လုံးကိုအိပ်မောကျစေတော်မူသဖြင့် အဘယ်သူမျှမသိမမြင်မနိုးမကြား ကြ။
13 И прейде Давид на он пол и ста на версе горы издалеча, и мног бе путь между ими.
၁၃ထိုနောက်ဒါဝိဒ်သည်ချိုင့်ဝှမ်းတစ်ဘက်သို့ကူး ပြီးနောက် ဘေးကင်းလောက်အောင်ဝေးရာသို့ ရောက်သောအခါတောင်ကုန်းထိပ်တွင်ရပ် လျက်၊-
14 И воззва Давид к людем, и Авениру рече глаголя: не отвещаеши ли, Авенире? И отвеща Авенир и рече: кто ты еси зовый мя?
၁၄ရှောလု၏တပ်သားများနှင့်အာဗနာအား``အို အာဗနာသင်သည်ငါပြောသည်ကိုကြား ရပါ၏လော'' ဟုဟစ်အော်လေ၏။ အာဗနာက``မင်းကြီးအိပ်ရာမှနိုးအောင်အော် ဟစ်နေသူကားအဘယ်သူနည်း'' ဟုမေး၏။
15 И рече Давид ко Авениру: не муж ли еси ты? И кто, якоже ты, во Израили? И почто не храниши господина твоего царя? Яко вниде един от людий убити господина твоего царя:
၁၅ဒါဝိဒ်က``အို အာဗနာ၊ သင်သည်ဣသရေလ ပြည်တွင်ခွန်အားအကြီးဆုံးသောသူမဟုတ် ပါလော။ သို့ဖြစ်၍သင်၏အရှင်သခင်ဘုရင် မင်းမြတ်အား အဘယ်ကြောင့်မကာကွယ်မစောင့် ရှောက်ဘဲနေပါသနည်း။ ခုတင်ကပင်လျှင်လူ တစ်ယောက်သည်သင်၏အရှင်သခင်ကိုသတ် ရန်တပ်စခန်းထဲသို့ဝင်ခဲ့၏။-
16 и не благо сие (зело), еже сотворил еси: жив Господь, яко сынове смерти вы, не хранящии господа своего царя христа Господня: и ныне виждь, где есть копие царево и сосуд водный, яже беша при главе его?
၁၆အချင်းအာဗနာ၊ သင်သည်ဝတ္တရားပျက်ကွက် ခဲ့ပါသည်တကား။ ဘုရင်အဖြစ်ဘုရားသခင် ခန့်ထားတော်မူသောသင်၏အရှင်ကို သင်သည် မစောင့်ရှောက်ခဲ့သဖြင့်သင်တို့အားလုံးပင် သေဒဏ်ခံသင့်ကြောင်း အသက်ရှင်တော်မူ သောထာဝရဘုရားကိုတိုင်တည်၍ငါ ကျိန်ဆိုပါ၏။ ဘုရင်၏လှံတော်သည် အဘယ်မှာရှိသည်ကိုကြည့်လော့။ ခေါင်း ရင်းတော်အနီးတွင်ထားသည့်ရေဘူးတော် ကားအဘယ်မှာရှိသနည်း'' ဟုမေး၏။
17 И позна Саул глас Давидов и рече: твой ли глас сей, чадо Давиде? И рече Давид: аз раб твой, господи царю.
၁၇ရှောလုသည်ဒါဝိဒ်၏အသံကိုမှတ်မိသဖြင့်``သင် သည်ငါ့သားဒါဝိဒ်ပေလော'' ဟုမေးတော်မူ၏။ ဒါဝိဒ်က``မှန်လှပါအရှင်မင်းကြီး၊-
18 И рече Давид: почто гониши раба твоего, господи царю? Яко что (ти) согреших? И кая обретеся во мне неправда?
၁၈အရှင်သည်အဘယ်ကြောင့်မိမိ၏အစေခံဖြစ် သူအကျွန်ုပ်အား လိုက်လံဖမ်းဆီးလျက်ပင်ရှိ နေပါသေးသနည်း။ အကျွန်ုပ်သည်အဘယ် ရာဇဝတ်မှုကိုကူးလွန်မိပါသနည်း။-
19 И ныне да послушает господь мой царь глаголов раба своего: аще Бог поощряет тя на мя, да будет благовонна жертва твоя: аще же сынове человечестии, прокляти сии пред Господем, яко изгнаша мя днесь не утвердитися в жребии Господни, глаголюще: пойди, работай богом чуждим:
၁၉အရှင်မင်းကြီး၊ အကျွန်ုပ်လျှောက်ထားသည်ကို နားညောင်းတော်မူပါ။ အရှင့်အားအကျွန်ုပ်နှင့် ရန်သူဖြစ်အောင်ပြုသူသည် ထာဝရဘုရား ဖြစ်ခဲ့သော်အမျက်တော်ပြေစေရန်ပူဇော် သကာကိုဆက်သနိုင်ပါသည်။ အကယ်၍ ယင်းသို့ရန်သူဖြစ်အောင်ပြုသောသူတို့မှာ လူသားများဖြစ်ပါမူ သူတို့သည်ထာဝရ ဘုရား၏ကျိန်စာသင့်ကြပါစေသတည်း။ ဣသရေလအမျိုးသားတို့အားထာဝရ ဘုရားပေးတော်မူသောနယ်မြေမှ လူမျိုး ခြားတို့၏ဘုရားများကိုသာကိုးကွယ် နိုင်သောနယ်မြေသို့အကျွန်ုပ်အားသူတို့ နှင်ထုတ်ကြပါ၏။-
20 и ныне да не падет кровь моя на землю пред лицем Господним, яко изыде царь Израилев искати души моея, и гонит якоже нощный вран по горам.
၂၀အကျွန်ုပ်သည်ထာဝရဘုရားနှင့်ဝေးရာ တိုင်းတစ်ပါးတွင်မသေပါရစေနှင့်။ ဣသ ရေလဘုရင်သည်အဘယ်ကြောင့်ခွေးလှေး မျှသာဖြစ်သောအကျွန်ုပ်ကို သတ်ဖြတ်ရန် ကြွလာတော်မူရပါသနည်း။ မင်းကြီးသည် အဘယ်ကြောင့်အကျွန်ုပ်အားတောငှက်သဖွယ် လိုက်လံဖမ်းဆီးတော်မူရပါသနည်း။''
21 И рече Саул: согреших: возвратися, чадо Давиде, яко ктому не сотворю ти зла, зане честна душа моя пред очима твоима в день сей: безумно сотворих, и погреших много зело.
၂၁ရှောလုကလည်း``ငါမှားလေပြီ။ ငါ့သားဒါဝိဒ်၊ ငါ့ထံသို့ပြန်ခဲ့လော့။ သင်သည်ယနေ့ညငါ၏ အသက်ကိုချမ်းသာပေးခဲ့သဖြင့် ငါသည်သင့် အားနောင်အဘယ်အခါ၌မျှဘေးအန္တရာယ် ပြုတော့မည်မဟုတ်။ ငါသည်မိုက်မဲသူဖြစ် ချေပြီ။ အလွန်ဆိုးရွားသည့်အမှုကိုပြုမိ လေပြီတကား'' ဟုမိန့်တော်မူ၏။
22 И отвеща Давид и рече: се, копие царево, да приидет отрок един и возмет е:
၂၂ဒါဝိဒ်ကပြန်၍လျှောက်ထားသည်မှာ ``အရှင် မင်းကြီး၊ အရှင့်လှံတော်သည်ဤမှာရှိပါ၏။ လူတစ်ယောက်ကိုစေလွှတ်၍ယူစေတော်မူပါ။-
23 и Господь да возвратит коемуждо по правде его и по вере его: якоже предаде тя Господь днесь в руце мои, и не восхотех нанести руки моея на христа Господня:
၂၃ထာဝရဘုရားသည်သစ္စာစောင့်သူ၊ ဖြောင့်မှန် သူတို့ကိုဆုတော်လာဘ်တော်များပေးသနား တော်မူပါ၏။ ယနေ့ကိုယ်တော်သည်အရှင့်အား အကျွန်ုပ်လက်သို့ပေးအပ်တော်မူခဲ့သော်လည်း အကျွန်ုပ်သည်ထာဝရဘုရားဘိသိက်ပေး တော်မူသောဘုရင်အားဘေးအန္တရာယ်မပြု ခဲ့ပါ။-
24 и се, якоже возвеличися душа твоя днесь во очию моею, тако да возвеличится душа моя пред Господем, и да покрыет мя и измет мя от всякия печали.
၂၄ယနေ့အရှင်၏အသက်ကိုအကျွန်ုပ်ချမ်းသာ ပေးခဲ့သည့်နည်းတူ ထာဝရဘုရားသည် အကျွန်ုပ်၏အသက်ကိုချမ်းသာပေး၍ ဆင်းရဲ ဒုက္ခအပေါင်းမှကယ်ဆယ်တော်မူပါစေ သော'' ဟူ၍ဖြစ်၏။
25 И рече Саул к Давиду: благословен ты, чадо, и творяй сотвориши и могий возможеши. И отиде Давид в путь свой, а Саул возвратися на место свое.
၂၅ရှောလုကလည်း``ငါ့သား၊ သင့်အားဘုရားသခင် ကောင်းချီးပေးတော်မူပါစေသော။ သင်သည်ပြု လေသမျှသောအမှုကိစ္စတို့တွင်အောင်မြင် ပါလိမ့်မည်'' ဟုဒါဝိဒ်အားမိန့်တော်မူ၏။ ထိုနောက်ဒါဝိဒ်သည်ထွက်ခွာ၍ရှောလုသည် နန်းတော်သို့ပြန်သွားတော်မူ၏။