< Первая книга Царств 25 >
1 И умре Самуил, и собрашася весь Израиль, и плакашася его, и погребоша его в дому его во Армафеме. И воста Давид, и сниде в пустыню Маоню.
၁ရှမွေလကွယ်လွန်သွားသဖြင့် ဣသရေလ အမျိုးသားအပေါင်းတို့သည်လာရောက်စု ဝေးလျက်ငိုကြွေးမြည်တမ်းကြ၏။ ထိုနောက် သူ့အားရာမမြို့နေအိမ်တွင်သင်္ဂြိုဟ်လိုက် ကြ၏။ ယင်းသို့သင်္ဂြိုဟ်ပြီးသောအခါဒါဝိဒ်သည် ပါရန်တောကန္တာရသို့ထွက်ခွာသွားလေ သည်။-
2 И бе человек в Маоне и стада его на Кармиле, и человек велик зело: и сему овец три тысящы и коз тысяща: и бысть егда стрижаше стада своя на Кармиле:
၂ကာလက်သားချင်းစုတွင်မောနမြို့သား နာဗလဆိုသူလူတစ်ယောက်ရှိ၏။ သူသည် ကရမေလမြို့အနီးတွင်နေထိုင်သောမြေ ပိုင်ရှင်ဖြစ်သည်။ သူသည်သိုးသုံးထောင်နှင့် ဆိတ်တစ်ထောင်ကိုပိုင်သဖြင့် အလွန်ကြွယ်ဝ ချမ်းသာသူဖြစ်၏။ သူ၏ဇနီးအဘိဂဲလ သည်အဆင်းလှ၍ ပညာအမြော်အမြင်ရှိ သူအမျိုးသမီးဖြစ်၏။ နာဗလမူကား သဘောယုတ်၍ရိုင်းပြသူဖြစ်သတည်း။ နာဗလသည်ကရမေလမြို့တွင်မိမိ၏သိုး များကိုအမွေးညှပ်လျက်နေ၏။-
3 имя же человеку Навал и имя жене его Авигеа: и жена его блага смыслом и добра взором зело, муж же ея человек жесток и лукав в начинаниих и человек зверонравен.
၃
4 И услыша Давид в пустыни, яко стрижет Навал на Кармиле стада своя.
၄ထိုအကြောင်းကိုတောကန္တာရရှိဒါဝိဒ်ကြား သိရသဖြင့်၊-
5 И посла Давид десять отроков и рече отроком: взыдите на Кармил и идите к Навалу и вопросите его именем моим с миром,
၅ကရမေလမြို့သို့လူငယ်လူရွယ်ဆယ်ယောက် ကိုစေလွှတ်ကာ``သင်တို့သည်နာဗလကိုရှာ၍ ငါ့ကိုယ်စားနှုတ်ဆက်ကြလော့။-
6 и рцыте сия: здрав ли еси ты и дом твой, и вся твоя здрава ли суть?
၆သူ့အားဤသို့ပြောကြားလော့။ `ချစ်မိတ်ဆွေ၊ ဒါဝိဒ်သည်သင့်ကိုနှုတ်ဆက်လိုက်ပါ၏။ သင် နှင့်တကွသင်၏အိမ်ထောင်စုသားများသည် လည်းကောင်း၊ သင်နှင့်သက်ဆိုင်သူအပေါင်းတို့ သည်လည်းကောင်း ကျန်းမာချမ်းသာကြစေ ရန်ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။-
7 И ныне се, услышах, яко стригут тебе ныне пастуси твои, иже беша с нами в пустыни, и не возбранихом им, и не повелехом им ничесоже во вся дни, егда беша на Кармиле:
၇သင်သည်သိုးများကိုအမွေးညှပ်လျက်နေ ကြောင်းကြားသိရသဖြင့် ဒါဝိဒ်ကသင်၏ သိုးထိန်းတို့သည်ကျွန်တော်တို့ရှိရာအရပ် တွင် သိုးများကိုထိန်းကျောင်းနေကြသော် လည်း ကျွန်တော်တို့သည်သူတို့အားဘေး အန္တရာယ်မပြုခဲ့ကြောင်းကိုလည်းကောင်း၊ သူတို့သည်ကရမေလမြို့တွင်ရှိနေစဉ် အတောအတွင်း၌ မည်သည့်အရာတစ် စုံတစ်ခုမျှခိုးဝှက်ခြင်းမခံရကြ ကြောင်းကိုလည်းကောင်းသင့်အားသိစေ လိုပါသည်။-
8 вопроси отроков твоих и возвестят ти: и да обрящут отроцы твои благодать пред очима твоима, яко в день благ приидохом: даждь убо ныне еже обрящет рука твоя отроком твоим и сыну твоему Давиду.
၈ဤအကြောင်းကိုသိုးထိန်းတို့အားမေးမြန်း လျှင်သင်သိရှိနိုင်ပါလိမ့်မည်။ ကျွန်တော်တို့ သည်ဤပွဲနေ့၌ဤအရပ်သို့လာပါပြီ။ ဒါဝိဒ်ကကျွန်တော်တို့အားကြိုဆိုဧည့်ခံ ပါရန်ပန်ကြားလိုက်ပါ၏။ သင်၏အစေခံ ကျွန်တော်တို့အားလည်းကောင်း၊ သင်၏မိတ် ဆွေဒါဝိဒ်အားလည်းကောင်းသင်ပေးနိုင် သည့်အရာကိုကျေးဇူးပြု၍ပေးပါလော့။'
9 И приидоша отроцы Давидовы и глаголаша словеса сия к Навалу, по всем глаголом сим именем Давидовым.
၉ယင်းသို့ညွှန်ကြားလိုက်သည့်အတိုင်းဒါဝိဒ် ၏လူတို့သည် နာဗလအားနှုတ်ဆက်ပြော ကြားပြီးလျှင်စောင့်ဆိုင်း၍နေကြ၏။-
10 И возскочи Навал и отвеща отроком Давидовым и рече: кто Давид? И кто сын Иессеов? Днесь умножени суть раби отходяще кийждо от лица господина своего:
၁၀နာဗလကလည်း``ဒါဝိဒ်ဆိုသူမှာအဘယ် သူနည်း။ သူ၏အကြောင်းကိုငါတစ်ခါမျှ မကြားဘူးပါတကား။ ယခုခေတ်အခါ ၌တိုင်းပြည်သည်ကျွန်ပြေးများနှင့်ပြည့် နှက်လျက်ရှိနေလေပြီ။-
11 и возму ли хлебы моя и вино мое и закланая моя, яже заклах стригущым моя овцы, и дам ли оная мужем, ихже не вем откуду суть?
၁၁သိုးမွေးညှပ်သူတို့အတွက်ပြင်ဆင်ထားသည့် ငါ့မုန့်၊ ငါ့ရေ၊ ငါ့အမဲသားကိုယူ၍လေလွင့် နေသူတို့အားမပေးနိုင်'' ဟုပြန်၍ပြော၏။
12 И возвратишася отроцы Давидовы путем своим, и возвращшеся приидоша и возвестиша Давиду по глаголом сим.
၁၂ဒါဝိဒ်၏လူတို့သည်ပြန်လာပြီးလျှင် နာဗလ ပြောဆိုလိုက်သောစကားကိုဒါဝိဒ်အား ပြောပြကြ၏။-
13 И рече Давид мужем своим: препояшитеся кийждо оружием своим. И препоясашася оружием своим, и сам Давид препоясася мечем своим, и идоша вслед Давида, яко четыреста мужей, а двести их осташася у сосудов.
၁၃ထိုအခါဒါဝိဒ်သည်သူတို့အား``ဋ္ဌားကိုခါး တွင်ပတ်စည်းကြလော့'' ဟုအမိန့်ပေးသည့် အတိုင်းသူတို့သည်ပတ်စည်းကြ၏။ ဒါဝိဒ် သည်လည်းမိမိ၏ဋ္ဌားကိုခါးတွင်ပတ်စည်း ကာ လူလေးရာခန့်နှင့်အတူထွက်ခွာသွား လေသည်။ လူနှစ်ရာကိုမူစခန်းစောင့်ရန် ထားခဲ့၏။
14 И Авигеи жене Навалове поведа един отрок, глаголя: се, присыла Давид послы от пустыни благословити господина нашего, он же отвратися от них:
၁၄နာဗလ၏အစေခံတစ်ဦးက နာဗလ၏ ဇနီးအဘိဂဲလအား``ဤအကြောင်းကို သခင်မကြားပြီးပါပြီလော။ ဒါဝိဒ်သည် တောကန္တာရမှနေ၍ ကျွန်တော်တို့၏သခင် ထံသို့စေတမန်တို့ကိုလွှတ်ကာနှုတ်ဆက် ပါ၏။ သို့ရာတွင်သခင်ကထိုသူတို့အား စော်ကားမော်ကားပြောဆိုလိုက်ပါ၏။-
15 мужие же блази (беша) нам зело, не возбраняху нам, ниже повелеваху нам что во вся дни, в няже бехом с ними:
၁၅သူတို့သည်ကားကျွန်တော်တို့အားများစွာ ကျေးဇူးပြုသူများဖြစ်ပါ၏။ အဘယ်အခါ ၌မျှကျွန်တော်တို့အားအနှောင့်အယှက်မ ပေးခဲ့ကြပါ။ ကျွန်တော်တို့သည်သူတို့နှင့် အတူကွင်းထဲတွင်ရှိနေစဉ်အခါများ၌ လည်း တစ်စုံတစ်ရာမျှပျောက်ဆုံးခဲ့သည် ဟူ၍ပင်မရှိပါ။-
16 и сущым нам на селе, аки стена беша окрест нас, и в нощи и во дни, по вся дни в няже бехом с ними пасуще стада:
၁၆သိုးအုပ်များကိုကျွန်တော်တို့ထိန်းကျောင်း လျက်နေစဉ် သူတို့သည်ကျွန်တော်တို့အား ကွယ်ကာစောင့်ရှောက်ခဲ့ကြပါ၏။-
17 и ныне разумей и виждь ты, что сотвориши, яко совершися злоба на господина нашего и на дом его, и сей сын губитель, и не возможно глаголати к нему.
၁၇ဤအမှုကိုဆင်ခြင်စဉ်းစား၍အဘယ်သို့ ပြုသင့်သည်ကိုဆုံးဖြတ်ပါလော့။ ဤကိစ္စ သည်ကျွန်တော်တို့၏သခင်နှင့်အိမ်ထောင်စု တစ်ခုလုံးကိုဘေးဥပဒ်ပေးနိုင်ပါသည်။ ကျွန်တော်တို့၏သခင်သည်စိတ်သဘော ထားသေးသိမ်သူဖြစ်၍ အဘယ်သူ၏ စကားကိုမျှနားထောင်လိမ့်မည်မဟုတ် ပါ'' ဟုဆို၏။
18 И потщася Авигеа, и взя двести хлебов и два сосуда вина и пять овец устроеных и пять мер муки чистыя и кошницу гроздия и двести вязаниц смоквей, и возложи на ослята,
၁၈အဘိဂဲလသည်မုန့်အလုံးနှစ်ရာ၊ စပျစ်ရည် အပြည့်ရှိသောသားရေဘူးနှစ်ဘူး၊ သိုးကင် ငါးကောင်၊ ပေါက်ပေါက်နှစ်တင်း၊ စပျစ်သီးခြောက် အပြွတ်တစ်ရာနှင့်သင်္ဘောသဖန်းသီးပျဉ် အပြားနှစ်ရာကို အလျင်အမြန်စုဆောင်း ပြီးလျှင်မြည်းများအပေါ်သို့တင်၏။-
19 и рече ко отроком своим: поидите предо мною, и се, аз вслед вас иду. Мужу же своему не возвести.
၁၉ထိုနောက်သူ၏အစေခံတို့အား``သင်တို့ရှေ့ မှသွားနှင့်ကြ။ ငါနောက်ကလိုက်ခဲ့မည်'' ဟု ဆို၏။ မိမိ၏ခင်ပွန်းနာဗလကိုမူအသိ မပေးချေ။
20 И бысть, вседшей ей на ослицу и сходящей в подгорие, и се, Давид и мужие его идяху сопротиву ея, и срете их.
၂၀သူသည်မြည်းကိုစီး၍လာရာတောင်ခြေလမ်း ကွေ့သို့ရောက်သောအခါ မိမိ၏ထံသို့ဦးတည် လာနေသောဒါဝိဒ်တို့လူစုနှင့်ရုတ်တရက် ဆုံမိလေ၏။-
21 И рече Давид: воистинну всуе вся навалова сохраних в пустыни, и ничесоже повелех взяти от всех яже его, и воздаде ми злая за благая:
၂၁ထိုသို့မဆုံမိခင်ဒါဝိဒ်က ဤသို့ဆို၏။ ``အဘယ် ကြောင့်တောကန္တာရတွင် ထိုလူ၏ပစ္စည်းဥစ္စာများ ကိုငါစောင့်ထိန်းပေးခဲ့မိပါသနည်း။ ယင်းသို့ သူ့အားကူညီစောင့်ရှောက်ခဲ့သဖြင့် ဤသို့ငါ့ အားကျေးဇူးကန်းလေပြီတကား။-
22 сия да сотворит Бог Давиду и сия да приложит, аще до утра оставлю от всех Наваловых даже до мочащагося к стене.
၂၂မိုးမလင်းမီသူတို့အားတစ်ယောက်မကျန် ငါမသတ်ပါမူ ဘုရားသခင်သည်ငါ့အား အဆုံးစီရင်တော်မူပါစေသော။''
23 И увиде Авигеа Давида, и потщася и скочи со осляте, и паде пред Давидом на лице свое, и поклонися ему до земли,
၂၃အဘိဂဲလသည်ဒါဝိဒ်ကိုမြင်လျှင်ဆောလျင် စွာမြည်းပေါ်မှဆင်း၍ ဒါဝိဒ်၏ခြေရင်းတွင် မြေပေါ်သို့လှဲချကာ ဤသို့လျှောက်၏။ ``အရှင်၊ ကျေးဇူးပြု၍ကျွန်မ၏စကားကိုနားထောင် တော်မူပါ။ ဖြစ်ခဲ့သမျှအမှုအတွက်ကျွန်မ ကိုပင်အပြစ်တင်တော်မူပါ။-
24 и паде на ноги его и рече: во мне, господине мой, неправда моя: да глаголет ныне раба твоя во ушы твои, и послушай словес рабы твоея:
၂၄
25 да не возложит ныне господин мой сердца своего на человека гибелнаго сего, яко по имени своему той есть: Навал имя ему, и безумие с ним: аз же раба твоя не видех отроков господина моего, ихже послал еси:
၂၅အသုံးမကျသူ၊ နာဗလ၏စကားကိုဂရု ပြုတော်မမူပါနှင့်။ သူသည်မိမိနာမည်နှင့် လိုက်အောင် မိုက်မဲသူဖြစ်ပါ၏။ အရှင်၊ အရှင့်အစေခံများလာရောက်ချိန်က အိမ်တွင်ကျွန်မမရှိပါ။-
26 и ныне, господине мой, жив Господь и жива душа твоя, якоже возбрани тебе Господь еже не приити на кровь неповинну и спасти тебе руку твою: и ныне да будут якоже Навал врази твои и ищущии господину моему зла:
၂၆ရန်သူများကိုအရှင်ကိုယ်တိုင်သတ်ဖြတ်၍ လက် စားချေမှုကိုမပြုရန်ဆီးတားတော်မူသူမှာ ထာဝရဘုရားဖြစ်တော်မူပါ၏။ အရှင်၏ ရန်သူများသည်လည်းကောင်း၊ အရှင့်အားဘေး အန္တရာယ်ပြုလိုသူအပေါင်းတို့သည်လည်း ကောင်း နာဗလကဲ့သို့ပင်အပြစ်ဒဏ်စီရင် ခြင်းကိုခံရကြပါစေသောဟု အသက်ရှင် တော်မူသောထာဝရဘုရားကိုတိုင်တည် ၍ကျွန်မကျိန်ဆိုပါ၏။-
27 и ныне возми благословение сие, еже принесе раба твоя господину моему, и даждь отроком предстоящым господину моему:
၂၇အရှင်၊ အရှင်၏ထံသို့ကျွန်မယူဆောင်လာ သောလက်ဆောင်များကိုကျေးဇူးပြု၍ လက်ခံပြီးလျှင် အရှင်၏လူတို့အားပေး တော်မူပါ။-
28 отими ныне неправду рабы твоея, яко творя сотворит Господь дом верен господину моему, яко на брани господина моего Господь споборет, и злоба не обрящется в тебе никогдаже:
၂၈ကျွန်မပြုမိခဲ့သောအမှားအတွက်အပြစ် လွှတ်တော်မူပါ။ အရှင်သည်ထာဝရဘုရား ၏စစ်ပွဲများကိုဆင်နွှဲလျက်ရှိသဖြင့် ထာဝရ ဘုရားသည်အရှင်နှင့်အရှင့်သားမြေးတို့အား မင်းမြှောက်တော်မူပါလိမ့်မည်။ အရှင်၌လည်း အသက်ထက်ဆုံးဘေးရောက်မည်မဟုတ်ပါ။-
29 и аще востанет человек гоняй тя и ищай души твоея, и будет душа господина моего привязана соузом жизни у Господа Бога, и душу врагов твоих поразиши пращею посреде пращи:
၂၉အကယ်၍တစ်စုံတစ်ယောက်သောသူသည် အရှင့်အားတိုက်ခိုက်သတ်ဖြတ်ရန်ကြိုးစား ပါမူ လူသည်အဖိုးထိုက်သည့်ရတနာကို လုံခြုံစွာသိမ်းဆည်းထားတတ်သကဲ့သို့ ထာဝရဘုရားသည်အရှင်၏အသက်ကို လည်းဘေးမဲ့လုံခြုံစွာထားတော်မူပါလိမ့် မည်။ အရှင်၏ရန်သူတို့ကိုမူကား လူသည် ကျောက်ခဲကိုလောက်လွှဲဖြင့်ပစ်ထုတ်သကဲ့ သို့ကိုယ်တော်ပစ်ထုတ်တော်မူပါလိမ့်မည်။-
30 и будет егда сотворит Господь господину моему вся, елика глаголаше благая о тебе, и повелит тебе Господь (быти) вождем во Израили,
၃၀ထာဝရဘုရားသည်မိမိကတိထားတော်မူ သမျှသောကောင်းကျိုးချမ်းသာများကို အရှင် အားမုချပေးတော်မူ၍ဣသရေလဘုရင် အဖြစ်ဖြင့်ဘိသိက်သွန်းတော်မူသောအခါ၊-
31 и не будет тебе сие мерзость и соблазн сердцу господина моего, еже излияти кровь неповинную туне и спасти руку свою себе: и да благо сотворит Господь господину моему, и воспомянеши рабу твою, еже благосотворити ей.
၃၁အရှင်သည်မိမိပြုခဲ့သည့်လက်စားချေမှုနှင့် အကြောင်းမဲ့သတ်ဖြတ်မှုတို့အတွက်ဝမ်းနည်း ရလိမ့်မည်မဟုတ်ပါ။ နောင်တရရန်အကြောင်း လည်းရှိလိမ့်မည်မဟုတ်ပါ။ အရှင်ပြုသည့်အမှု မှန်သမျှကိုထာဝရဘုရားကောင်းချီးပေး တော်မူသောအခါ ကျွန်တော်မအားသတိရ တော်မူပါ။''
32 И рече Давид ко Авигеи: благословен Господь Бог Израилев, иже посла тя днесь на сретение ми,
၃၂ဒါဝိဒ်ကလည်း``ယနေ့သင့်အားငါ့ထံသို့ စေလွှတ်တော်မူသော ဣသရေလအမျိုးသား တို့၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။-
33 и благословен совет твой, и благословена ты удержавшая мя в день сей ити на пролитие крове, и спасти ми руку мою:
၃၃လူသတ်မှုနှင့်လက်စားချေမှုတို့ကိုမပြုမိ စေရန် သင်သည်ယနေ့အမြော်အမြင်ကြီးစွာ ဖြင့် ငါ့အားဆီးတားခဲ့သည့်အတွက်ငါသည် ထာဝရဘုရား၏ကျေးဇူးတော်ကိုချီးမွမ်း ပါ၏။-
34 обаче жив Господь Бог Израилев, иже возбрани ми днесь зло сотворити тебе: зане аще бы не потщалася и не пришла еси на сретение мне, тогда рех: аще останется Навалу до утренняго света мочащийся к стене.
၃၄ထာဝရဘုရားသည်သင့်အားဘေးအန္တရာယ် မပြုမိစေရန်လည်း ငါ့အားဆီးတားတော်မူ လေပြီ။ သို့ရာတွင်အကယ်၍သင်သည်ငါ့ထံ သို့အလျင်အမြန်မရောက်လာပါမူ နက်ဖြန် နံနက်မတိုင်မီနာဗလ၏လူအပေါင်းတို့အား ငါသတ်မိမည်ဖြစ်ကြောင်း အသက်ရှင်တော်မူ သောထာဝရဘုရားကိုတိုင်တည်၍ငါကျိန် ဆို၏'' ဟုပြော၏။-
35 И прия Давид от руку ея вся, яже принесе ему, и рече ей: иди с миром в дом свой: виждь, послушах гласа твоего и приях лице твое.
၃၅ထိုနောက်ဒါဝိဒ်သည်အဘိဂဲလယူဆောင် လာသောလက်ဆောင်များကိုလက်ခံပြီး လျှင်သူ့အား``သင်ပြုစေလိုသည့်အတိုင်း ငါပြုမည်။ စိုးရိမ်မှုမရှိဘဲအိမ်သို့ပြန် လော့'' ဟုဆို၏။
36 И прииде Авигеа к Навалу: и се, у него пир в дому его, яко пир царев: и сердце навалово весело в нем, и той пиян до зела. И не возвести Авигеа Навалу глагола ни велика ни мала до света утренняго.
၃၆အဘိဂဲလသည်လည်းနာဗလထံသို့ပြန် လေ၏။ နာဗလကားမိမိ၏အိမ်တွင် ဘုရင့် ပွဲတော်တမျှခမ်းနားသည့်စားပွဲကြီးကို ကျင်းပလျက်နေ၏။ သူသည်သေရည်ယစ်မူး ကာပျော်ရွှင်လျက်ရှိသဖြင့် အဘိဂဲလ သည်သူ့အားနောက်တစ်နေ့နံနက်တိုင်အောင် အဘယ်အရာကိုမျှမပြောဘဲနေ၏။-
37 И бысть заутра, егда истрезвися Навал от вина, поведа ему жена его вся глаголы сия, и умре сердце его в нем, и той бысть яко камень.
၃၇ထိုနောက်အရက်မူးပြေ၍လာသောအခါ၌ မူ သူ့အားဇနီးသည်ကဖြစ်သမျှသောအမှု တို့ကိုပြောပြလေသည်။ ထိုအခါသူသည် လေဖြတ်သဖြင့်တစ်ကိုယ်လုံးမလှုပ်မရှား နိုင်တော့ချေ။-
38 И бысть яко десять дний, и порази Господь Навала, и умре.
၃၈ဆယ်ရက်ခန့်ကြာသော်ထာဝရဘုရားဒဏ် ခတ်တော်မူသဖြင့်နာဗလကွယ်လွန်လေ၏။
39 И услыша Давид и рече: благословен Господь, иже суди суд поношения моего от руки Навали, и раба Своего удержа от руки злых, и злобу Навалю обрати Господь на главу его. И посла Давид и глагола ко Авигеи пояти ю себе в жену.
၃၉ဒါဝိဒ်သည် နာဗလကွယ်လွန်ကြောင်းကြား သိရသောအခါ``ထာဝရဘုရားသည်မင်္ဂ လာရှိတော်မူပါစေသတည်း။ ကိုယ်တော် သည်နာဗလငါ့ကိုစော်ကားသည့်အတွက် လက်စားချေတော်မူ၍ကိုယ်တော်၏အစေခံ ငါ့ကိုလည်းမိုက်မှားမှုမပြုရန်ဆီးတား တော်မူပြီ။ ထာဝရဘုရားသည်နာဗလ ပြုသည့်ဒုစရိုက်အတွက် သူ့ကိုဒဏ်ခတ် တော်မူလေပြီ'' ဟုမြွက်ဆို၏။ ထိုနောက်ဒါဝိဒ်သည်အဘိဂဲလအား မိမိ နှင့်ထိမ်းမြားမင်္ဂလာပြုရန်လူလွှတ်၍စကား ကမ်းလှမ်းလိုက်လေသည်။-
40 И приидоша отроцы Давидовы ко Авигеи в Кармил, и реша ей, глаголюще: Давид посла нас к тебе, да тя поймет себе в жену.
၄၀သူ၏အစေခံတို့သည်ကရမေလမြို့သို့ သွားပြီးလျှင် အဘိဂဲလအား``ဒါဝိဒ်သည် သခင်မနှင့်ထိမ်းမြားလက်ထပ်လိုသဖြင့် သခင်မအားခေါ်ဆောင်ခဲ့ရန်ကျွန်တော်တို့ အားစေလွှတ်လိုက်ပါသည်'' ဟုပြောကြား ကြ၏။
41 И воста и поклонися до земли лицем и рече: се, раба твоя в рабыню умывати ноги отроком твоим.
၄၁အဘိဂဲလသည် မြေသို့တိုင်အောင်ဦးညွှတ် ပြီးလျှင်``ကျွန်မသည်ထိုသခင်၏အစေခံ ဖြစ်သဖြင့် သူ့အစေခံများ၏ခြေကိုပင် ဆေးရန်အသင့်ရှိပါ၏'' ဟုဆိုကာ၊-
42 И воста Авигеа, и вседе на осля, и пять девиц идяху вслед ея, и пойде вслед отроков Давидовых, и бысть ему в жену.
၄၂လျင်မြန်စွာထ၍မြည်းကိုစီးလေ၏။ ထို နောက်အမျိုးသမီးအစေခံငါးယောက် ကိုခေါ်၍ ဒါဝိဒ်၏စေတမန်များနှင့်အတူ လိုက်သွားပြီးလျှင် ဒါဝိဒ်၏ဇနီးအဖြစ် ခံယူလေသည်။
43 И Ахинааму поят Давид от Иезраеля, и бесте ему обе жены.
၄၃ဒါဝိဒ်သည်ယေဇရေလမြို့သူ အဟိနောင် နှင့်ထိမ်းမြားမင်္ဂလာပြုထားပြီးဖြစ်သော် လည်း ယခုအဘိဂဲလအားလည်းမိမိ၏ ဇနီးအဖြစ်ဖြင့်သိမ်းပိုက်လိုက်၏။-
44 Саул же даде Мелхолу дщерь свою жену Давидову Фалтию сыну Амисову иже от Роммы.
၄၄ဤအတောအတွင်း၌ရှောလုသည် ဒါဝိဒ်၏ ဇနီးဟောင်း၊ မိမိ၏သမီးတော်မိခါလ အားဂလ္လိမ်မြို့မှလဲရှ၏သားဖာလတိနှင့် ထိမ်းမြားပေးစားပြီးဖြစ်သတည်း။