< Первая книга Паралипоменон 11 >
1 И собрася весь Израиль к Давиду в Хеврон, глаголюще: се, кости твоя и плоть твоя мы:
၁ထိုအခါ ဣသရေလ အမျိုးသားအပေါင်းတို့ သည် ဒါဝိဒ်ရှိရာ ဟေဗြုန်မြို့၌ စည်းဝေး၍၊ ကျွန်တော် တို့သည် ကိုယ်တော်အရိုး၊ ကိုယ်တော်အသားဖြစ်ကြ ပါ၏။
2 вчера же и третияго дне, егда еще царствоваше Саул, ты был еси изводяй и вводяй Израиля, и тебе рече Господь Бог твой: ты упасеши люди Моя Израиля, и ты будеши князь над людьми Моими Израилем.
၂အထက်က ရှောလုသည် ရှင်ဘုရင်ဖြစ်သော အခါ၊ ကိုယ်တော်သည် ဣသရေလအမျိုးကို ဆောင်သွား လျက်၊ သွင်းပြန်လျက် နေတော်မူပြီ။ ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားကလည်း၊ သင်သည်ငါ၏လူ ဣသရေလအမျိုးကိုလုပ်ကျွေး အုပ်စိုးရမည်ဟု ကိုယ် တော်အား မိန့်တော်မူပြီဟု လျှောက်ဆိုကြ၏။
3 И приидоша вси старейшины Израилевы ко царю в Хеврон: и утверди Давид с ними завет в Хевроне пред Господем: и помазаша Давида в царя над Израилем по словеси Господню, (еже глагола) рукою Самуиловою.
၃ထိုသို့ ဣသရေလအမျိုးအသက်ကြီးသူအပေါင်း တို့သည် ရှင်ဘုရင်ရှိရာ ဟေဗြုန်မြို့သို့ ရောက်လာလျှင်၊ ဒါဝိဒ်သည် ဟေဗြုန်မြို့၊ ထာဝရဘုရားရှေ့တော်မှာ သူတို့ နှင့် မိဿဟာယဖွဲ့၍၊ ရှမွေလအားဖြင့် ထာဝရဘုရား ဗျာဒိတ်ထားတော်မူသည်နှင့်အညီ၊ သူတို့သည် ဒါဝိဒ်ကို ဘိသိတ်ပေး၍ ဣသရေလရှင်ဘုရင်အရာ၌ ချီးမြှောက် ကြ၏။
4 И иде царь Давид и весь Израиль во Иерусалим, сей есть Иевус, идеже бяху Иевусее жителие земли.
၄တဖန်ဒါဝိဒ်သည် ဣသရေလလူအပေါင်းတို့ကို ခေါ်၍၊ ပြည်သားရင်း ယေဗုသိလူတို့နေရာ ယေဗုတ်မြို့ တည်းဟူသော ယေရုရှလင်မြို့သို့သွားလျှင်၊
5 Рекоша же Давиду, иже обиташа в Иевусе: не внидеши семо. И взя Давид крепость Сионю, яже есть град Давидов.
၅ယေဗုတ်မြို့သားတို့က၊ သင်သည် ဤမြို့သို့ မဝင်ရဟု ဆိုကြသော်လည်း၊ ဒါဝိဒ်သည် ဒါဝိဒ်မြို့တည်း ဟူသော ဇိအုန်ရဲတိုက်ကို တိုက်ယူလေ၏။
6 Рече же Давид: всяк иже убиет Иевусеа в первых, будет князь и воевода. И взыде нань прежде Иоав сын Саруиев и бысть князем.
၆ဒါဝိဒ်ကလည်း၊ ယေဗုသိလူတို့ကို အဦးလုပ်ကြံ သောသူသည် ဗိုလ်ချုပ်ဖြစ်စေဟု အမိန့်တော်ရှိသည် အတိုင်း၊ ဇေရုယာသားယွာဘသည် အဦးတက်၍ ဗိုလ်ချုပ်အရာကိုခံရ၏။
7 И седе Давид во обдержании: сего ради именова е град Давидов.
၇ထိုနောက် ဒါဝိဒ်သည်ရဲတိုက်၌နေသောကြောင့်၊ ဒါဝိဒ်မြို့ဟူသောအမည်ဖြင့် သမုတ်ကြ၏။
8 И созда град окрест от Маала даже да окружения: Иоав же прочее града сострои: и воева и взя град.
၈မိလ္လောအရပ်နှင့်တကွ မြို့ပတ်လည်၌ တည် ဆောက်ပြီးမှ ကျန်ကြွင်းသောမြို့ကိုယွာဘပြုပြင်လေ၏။
9 Преспеваше же Давид идый и растый, и Господь Вседержитель бе с ним.
၉ဒါဝိဒ်သည် တိုးပွား၍ အားကြီးသဖြင့်၊ ကောင်း ကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် သူနှင့်အတူ ရှိတော်မူ၏။
10 Сии же князи сильных Давидовых, иже помогаху ему в царстве его со всем Израилем, да царь будет по словеси Господню, над Израилем,
၁၀ဣသရေလအမျိုး၌ ထာဝရဘုရား၏ အမိန့် တော်အတိုင်း၊ ဒါဝိဒ်ကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ခြင်း ငှါ ဣသရေလအမျိုးအပေါင်းတို့နှင့် ဝိုင်း၍ ဒါဝိဒ်မင်း ဘက်မှာ ကြိုးစားအားထုတ်သော အမှုတော်ထမ်းသူရဲကြီး တို့၏ စာရင်းဟူမူကား၊
11 и сие число крепких Давидовых: Иесваал сын Ахамань, первый между тридесятми: той извлече мечь свой единожды на триста язвеных во едино время.
၁၁ဟခမောနိအမျိုးယာရှောဗံသည် ဗိုလ်ချုပ်ဖြစ် ၏။ ထိုသူသည် လှံကိုကိုင်လျက်၊ လူသုံးရာကို တခါတည်း တိုက်၍ လုပ်ကြံလေ၏။
12 И по нем Елеазар, сын Додеа Ахохии: сей бе между треми сильными:
၁၂သူ့နောက်မှာ အဟောဟိအမျိုးဒေါဒေါသား ဧလာဇာသည် ဒါဝိဒ်နှင့်အတူပါ၊ သဒမ္မိမ်မြို့သို့လိုက်သော သူရဲသုံးယောက် အဝင်ဖြစ်၏။
13 сей бе с Давидом в Фасодомине, идеже иноплеменницы собрани быша на брань, и бе часть нивы полна ячменя, и людие побегоша от лица иноплеменнича:
၁၃ဖိလိတ္တိလူတို့သည် စစ်တိုက်ခြင်းငှါ မုယော စပါးစိုက်သော လယ်ကွက်၌ စုဝေး၍ ဣသရေလလူတို့ သည် ရန်သူရှေ့မှာ ပြေးကြသော်လည်း၊
14 и ста посреде части и защити ю, и изби иноплеменники, и сотвори Господь спасение велие (людем Своим).
၁၄ထိုသူတို့သည် လယ်ကွက်အလယ်၌ရပ်၍ စောင့် မလျက် ဖိလိတ္တိ လူတို့ကိုလုပ်ကြံသောအခါ၊ ထာဝရဘုရား သည် ကြီးစွာသော အောင်ခြင်းအားဖြင့် သူတို့ကို ကယ်တင်တော်မူ၏။
15 Снидоша же тии трие от тридесяти князей на камень ко Давиду в пещеру Одолламлю, а полк иноплеменничь стояше во юдоли Гигантов.
၁၅ဗိုလ်စုအဝင်သုံးယောက်တို့သည် ဒါဝိဒ်ရှိရာ ကျောက်ကြား၊ အဒုလံဥမင်သို့ ဆင်းသွား၍၊ ဖိလိတ္တိလူတို့ သည် ရေဖိမ်ချိုင့်၌ တပ်ချလျက် ရှိကြ၏။
16 Давид же бе тогда в крепости, полк же иноплеменничь бе тогда в Вифлееме.
၁၆ထိုအခါ ဒါဝိဒ်သည် ရဲတိုက်တွင်နေ၍၊ ဖိလိတ္တိ လူတို့သည် ဗက်လင်မြို့၌လည်း တပ်ချကြ၏။
17 И возжада Давид и рече: кто напоит мя водою от кладязя Вифлеемска, иже есть во вратех?
၁၇ဒါဝိဒ်ကလည်း တစုံတယောက်သောသူသည် ဗက်လင်မြို့တံခါးနားမှာရှိသော ရေတွင်းထဲက ရေကို ခပ်၍ ငါ့အား ပေးပါစေသောဟု တောင့်တသောစိတ်နှင့် ဆိုသော်၊
18 И трие тии проторгошася сквозе полк иноплеменничь и почерпоша воду из кладязя, иже в Вифлееме, иже бе во вратех, и взяша и принесоша к Давиду, да пиет. И не восхоте Давид пити ея и возлия ю Господеви
၁၈ထိုသူသုံးယောက်တို့သည် ဖိလိတ္တိတပ်ကိုဖျက်၍၊ ဗက်လင်မြို့ တံခါးနားမှာရှိသော ရေတွင်းထဲကရေကို ခပ်ယူပြီးလျှင် ဒါဝိဒ် ထံတော်သို့ဆောင်ခဲ့ကြ၏။ သို့သော်လည်း ဒါဝိဒ် သည် မသောက်ဘဲ ထာဝရဘုရား ရှေ့တော်၌ သွန်းလျက်၊
19 и рече: милостив ми Бог, еже сотворити глагол сей: аще кровь мужей сих испию в душах их, понеже душами своими принесоша. И не восхоте пити ея. Сие сотвориша трие сильнии.
၁၉ဤရေကို သောက်သောအမှုသည် ငါနှင့်ဝေးပါ စေသော။ ကိုယ်အသက်ကို မနှမြောဘဲသွားသောသူတို့၏ အသွေးကို ငါသောက်ရမည်လော။ သူတို့သည် ကိုယ် အသက်ကို စွန့်စား၍ ဤရေကိုဆောင်ခဲ့ကြ ပြီဟုဆိုလျက် မသောက်ဘဲနေ၏။ ထိုသူရဲသုံးယောက်တို့သည် ထိုသို့ သော အမှုတို့ကိုပြုကြ၏။
20 И Авесса брат Иоавль, той бе первый в триех: сей извлече мечь свой противу триех сот мужей во един час и уби их, и той бе посреде триех именит:
၂၀ယွာဘညီအဘိရှဲသည်လည်း သူရဲသုံးယောက် တွင် အကြီးဖြစ်၏။ သူသည် လှံကိုကိုင်၍ လူသုံးရာ တို့ကို တိုက်ဖျက်လုပ်ကြံသောကြောင့်၊ သူရဲသုံးယောက် အဝင်နေရာရသတည်း။
21 от триех между двема преславный, и бе им началник, обаче ко трием первым не достиже.
၂၁သူရဲသုံးယောက်တွင် နှစ်ယောက်ထက်သာ၍ မြတ်သောကြောင့် ဗိုလ်ချုပ်အရာကိုရ၏။ သို့သော်လည်း ပဌမသူရဲသုံးယောက်တို့ကို မမှီ။
22 И Ванеа сын Иодаев, сын мужа крепкаго, многа дела его, от Каваслила: той уби двоих Ариилов Моавских, и той сниде и уби льва у кладязя во время снега:
၂၂အထူးသဖြင့် ပြုဘူးသောကပ်ဇေလမြို့သား၊ သူရဲယောယဒ၏သား ဗေနာယသည်လည်း ခြင်္သေ့နှင့် တူသော မောဘလူနှစ်ယောက်ကို သတ်၏။ ဆောင်း ကာလ၌လည်း၊ အခြားသို့သွား၍ မြေတွင်း၌ရှိသော ခြင်္သေ့ကိုသတ်၏။
23 и той уби мужа Египтянина, емуже возраст бе пять лакот, и в руце Египтянина копие яко вратило ткущих: и сниде к нему Ванеа с жезлом, и восхити копие из руки Египтянина и уби его копием его:
၂၃အရပ်ငါးတောင်မြင့်သော အဲဂုတ္တု လူကိုလည်း သတ်၏။ အဲဂုတ္တုလူသည် ရက်ကန်းလက်လိပ်နှင့်အမျှ ကြီးသော လှံကိုကိုင်သော်လည်း၊ ဗေနာယသည် တောင် ဝေးကိုသာ ကိုင်လျက်သွား၍၊ အဲဂုတ္တုလူလက်မှလှံကို လုယူပြီးလျှင် ထိုလှံနှင့်သူ့ကို သတ်၏။
24 сия сотвори Ванеа сын Иодаев, и бе именит посреде триех сильных:
၂၄ထိုသို့သော အမှုတို့ကို ယောယဒသား ဗေနာယ သည် ပြု၍ သူရဲသုံးယောက်အဝင်နေရာကိုရ၏။
25 над тридесятию бе славен сей, а ко трием не достиже: и постави его Давид над отечеством своим.
၂၅ဗိုလ်များထက်သာ၍မြတ်သော်လည်း ပဌမ သူရဲသုံးယောက်တို့ကိုမမှီ။ ဒါဝိဒ်သည် အတွင်းဝန်ချုပ် အရာကိုလည်း ပေး၏။
26 И сильнии сил: Асаил, брат Иоавль, Елеанан, сын Додоев от Вифлеема,
၂၆ယွာဘညီ အာသဟေလသည်လည်း ဗိုလ်စု အဝင်ဖြစ်၏။ ထိုအတူ၊ ဗက်လင်မြို့နေ၊ ဒေါဒေါ၏သား ဧလဟာနန်၊
27 Саммоф Аддитянин, Хелкий Афелонин,
၂၇ဟေရောဒိအမျိုး ရှမ္မ၊ ဖာလတိအမျိုး ဟေလက်၊
28 Орей сын от Киса Фекуйский, Авиезер Анафофский,
၂၈တေကောအမျိုး ဣကေရှ၏သား ဣရ၊ အနေ သောသိအမျိုး အဗျေဇာ၊
29 Совохай Асофийский, Илий Ахойский,
၂၉ဟုရှသိအမျိုးသိဗေကဲ၊ အဟောဟိအမျိုး ဣလဲ၊
30 Воорай сын Нетофафиев, Еллаф сын Ваинака Нетофафийскаго,
၃၀နေတောဖာသိအမျိုး မဟာရဲ၊ နေတောဖာသိ အမျိုး ဗာန၏သား ဟေလက်၊
31 Ифай сын Ривеин от холма Вениаминя, Ванеа сын Фарафониев,
၃၁ဗင်္ယာမိန်အမျိုး၊ ဂိဗာမြို့နေ၊ ရိဘဲ၏သားဣတ္တဲ၊ ပိရသောနိအမျိုး ဗေနာယ၊
32 Урий от Неали, Галсавиил Аравефийский,
၃၂ဂါရှချိုင့်သားဟုရဲ၊ အာဗသိအမျိုးအဗျေလ၊
33 Азмоф Варсамийский, Елиава Саламийский,
၃၃ဗာဟုမိအမျိုးအာဇမာဝက်၊ ရှာလဗောနိအမျိုး ဧလျာဘ၊
34 Ирас Гоинийский, Ионафан сын Саги Арарийский,
၃၄ဂိဇောနိအမျိုးယာရှင်၏သားတို့တွင် ယောန သန်၊ ဟာရရိအမျိုး ရှမ္မ၊
35 Ахиам сын Сахара Арарийскаго, Зифаал сын Орин,
၃၅ဟာရရိအမျိုးရှာရ၏ သားအဟိအံ၊ ဥရ၏သား ဧလိဖလ၊
36 Афер Мехурафинский, Ахиа Фелонийский,
၃၆မေခေရသိအမျိုးဟေဖာ၊ ပေလောနိအမျိုး အဟိယ၊
37 Асарай Мармелинский, Ноорай сын Авдиев,
၃၇ကရမေလအမျိုးဟေဇရဲ၊ ဧဇဗဲ၏သားနာရဲ၊
38 Иоиль брат Нафанов, Мавар сын Тараиев,
၃၈နာသန်၏ညီယောလ၊ ဟဂ္ဂေရိ၏သား မိဗဟာ၊
39 Селлик Аммониин, Наарей Вирофин, иже носил оружие Иоава сына Саруиева,
၃၉အမ္မုန်အမျိုးဇေလက်၊ ဇေရုံယာသား ယွာဘ၏ လက်နက်ဆောင် လုလင်၊ ဗေရောသိအမျိုး နဟာရဲ၊
40 Ира Иефериин, Гарив Фериин,
၄၀ဣသရိအမျိုး ဣရ၊ ဣသရိအမျိုးဂါရက်၊
41 Уриа Хетфейский, Вазаф сын Оолиев,
၄၁ဟိတ္တိအမျိုးဥရိယ၊ အာလဲ၏သား ဇာဗဒ်၊
42 Адина сын Саха, Рувима князь, и у него тридесять,
၄၂ရုဗင်အမျိုးသားသုံးကျိပ်ကို အုပ်သောဗိုလ်၊ ရှိဇ၏သား အဒိန၊
43 Анан сын Маахин, и Иосафат Фафаин,
၄၃မာခါ၏သားဟာနန်၊ မိသနိအမျိုး ယောရှဖတ်၊
44 Озиа Астарофин, Самма и Иеил сынове Хофана Арариина,
၄၄အာရှတယောသိအမျိုးဩဇိ၊ အာရော်အမျိုး ဟောသန်၏သား ရှာမနှင့်ယေဟေလ၊
45 Иедиил сын Саамерин, и Иозае брат его Фосаин,
၄၅တိဇိအမျိုးရှိမရိ၏သား ယေဒျေလနှင့် သူ၏ညီ ယောဟ၊
46 Иелиил Маоин, и Арива, и Осоиа сын его, Енаам, и Иефема Моавитский,
၄၆မဟာဝိအမျိုးဧလျေလ၊ ဧလနန်၏သား ယေရိဗဲနှင့် ယောရှဝိ၊ မောဘအမျိုးဣသမနှင့်တကွ၊
47 Елиил, и Овид, и Иесиил Месовиев.
၄၇ဧလျေလ၊ ဩဗက်၊ မေဇောဗိတ်အမျိုး ယာသေ လတည်း။