< Johani 9 >

1 Wakati achipfuura, akaona munhu bofu kubva pakuberekwa.
လမ်း၌သွားတော်မူစဉ်၊ အမိဝမ်းတွင်းကပင် မျက်စိကန်းသောသူတယောက်ကို တွေ့မြင်သော်မူ၏။
2 Vadzidzi vake ndokumubvunza, vachiti: Rabhi, ndiani wakatadza, uyu kana vabereki vake, kuti aberekwe ari bofu?
တပည့်တော်တို့က၊ အရှင်ဘုရား၊ ဤသူသည် အဘယ်သူ၏အပြစ်ကြောင့် ကန်းသနည်း။ ကိုယ်အပြစ် ကြောင့် ကန်းသလော။ မိဘအပြစ်ကြောင့် ကန်းသလောဟု မေးလျှောက်ကြ၏။
3 Jesu akapindura akati: Uyu haana kutadza, kana vabereki vake; asi kuti mabasa aMwari aoneswe maari.
ယေရှုကလည်း၊ ကိုယ်အပြစ်ကြောင့်မဟုတ်။ မိဘအပြစ်ကြောင့်လည်းမဟုတ်။ ဘုရားသခင်၏ အမှု တော်ကို သူ၌ ထင်ရှားစေမည်အကြောင်းတည်း။
4 Ndinofanira kushanda mabasa ewakandituma achiri masikati; usiku hunouya, apo pasina munhu angagona kushanda.
ငါ့ကို စေလွှတ်တော်မူသော သူ၏အမှုကို နေ့အချိန်၌ရှိစဉ်တွင် ငါပြုရမည်။ အဘယ်သူမျှအမှုမပြုနိုင် သော အချိန်တည်းဟူသော ညဉ့်အချိန်လာသေး၏။
5 Kana ndichiri panyika, ndiri chiedza chenyika.
ငါသည် ဤလောက၌ ရှိစဉ်တွင် ဤလောက၏အလင်းဖြစ်၏ဟု မိန့်တော်မူပြီးလျှင်၊
6 Wakati areva izvi, akapfira pasi, akaita dope nemate, akazodza dope pameso ebofu,
မြေပေါ်မှာ ထွေး၍ တံထွေးနှင့်ရွှံ့လုပ်ပြီးမှ၊ ကန်းသောသူ၏မျက်စိကို ရွှံ့နှင့်လူး၍၊
7 akati kwaari: Enda unoshamba mudziva reSiroami (zvinoshandurwa kuti: Wakatumwa). Naizvozvo wakaenda akashamba, akadzoka achiona.
သင်သွားလော့။ ရှိလောင်ရေကန်၌ မျက်စိကိုဆေးလော့ဟု မိန့်တော်မူ၏။ ရှိလောင်အနက်ကား စေ လွှတ်သည်ဟု ဆိုလိုသတည်း။ ထိုသူသည် သွား၍ဆေးပြီးမှ၊ မျက်စိမြင်လျက် ပြန်လေ၏။
8 Naizvozvo vavakidzani nevaimuona pakutanga kuti wakange ari bofu, vakati: Haasi iye uyu waigara achipemha here?
သူသည် သူတောင်းစားဖြစ်သည်ကို အိမ်နီးချင်းမှစ၍ မြင်ဘူးသောသူတို့က၊ ဤသူသည် ထိုင်၍ တောင်းသောသူမဟုတ်လောဟု ဆိုကြ၏။
9 Vamwe vakati: Uyu ndiye; asi vamwe vakati: Wakaita saiye. Iye akati: Ndini.
လူအချို့က၊ ဟုတ်ကဲ့ဟုဆိုကြ၏။ အချို့ကလည်း၊ ထိုသူနှင့်တူသည်ဟု ဆိုကြ၏။ ထိုသူကလည်း၊ အကျွန်ုပ်သည် ထိုသူပင်ဖြစ်သည်ဟုဆို၏။
10 Naizvozvo vakati kwaari: Meso ako akazarurwa sei?
၁၀သူတို့ကလည်း၊ အဘယ်သို့သင်၏မျက်စိပွင့်သနည်းဟု မေးမြန်းကြလျှင်၊
11 Akapindura izvo akati: Munhu anonzi Jesu wakaita dope, akazodza meso angu, akati kwandiri: Enda kudziva reSiroami unoshamba. Zvino ndikaenda ndikashamba, ndikaonazve.
၁၁ထိုသူက၊ ယေရှုအမည်ရှိသော သူတယောက်သည် ရွှံ့လုပ်၍ ကျွန်ုပ်မျက်စိကိုလူးပြီးမှ၊ ရှိလောင် ရေကန်သို့သွား၍ မျက်စိကိုဆေးလောဟုဆိုသည်အတိုင်း အကျွန်ုပ်သွား၍ဆေးလျှင် မျက်စိမြင်သည်ဟုဆို၏။
12 Naizvozvo vakati kwaari: Iye aripi? Akati: Handizivi.
၁၂လူများကလည်း၊ ထိုသူသည် အဘယ်မှာရှိသနည်းဟု မေးမြန်းကြလျှင်၊ အကျွန်ုပ်မသိဟုဆို၏။
13 Vakamuisa kuVaFarisi, iye waimbova bofu.
၁၃လူများသည် မျက်စိကန်းဘူးသော ထိုသူကို ဖာရိရှဲတို့ထံသို့ ပို့ကြ၏။
14 Zvino raiva sabata apo Jesu akaita dope, akasvinudza meso ake.
၁၄ယေရှုသည် ရွှံ့လုပ်၍ သူ၏မျက်စိကို ပွင့်တော်မူသောနေ့သည် ဥပုသ်နေ့ဖြစ်သတည်း။
15 Naizvozvo zvekare VaFarisi vakamubvunzawo, kuti wakaonazve sei. Akati kwavari: Waisa dope pameso angu ndikashamba, ndava kuona.
၁၅တဖန်ဖာရိရှဲတို့က၊ အဘယ်သို့သင်၏မျက်စိမြင်သနည်းဟုမေးပြန်လျှင်၊ အကျွန်ုပ်မျက်စိ၌သူသည် ရွှံ့ ကိုထည့်၍ အကျွန်ုပ်ဆေးလျှင် မျက်စိမြင်သည်ဟုဆို၏။
16 Naizvozvo vamwe veVaFarisi vakati: Munhu uyu haabvi kuna Mwari, nokuti haachengeti sabata. Vamwe vakati: Munhu ari mutadzi angaita sei zviratidzo zvakadai? Kukava nekupesana pakati pavo.
၁၆ဖာရိရှဲအချို့တို့က၊ ထိုသူသည် ဥပုသ်မစောင့်။ ဘုရားသခင်စေလွှတ်တော်မူသောသူမဟုတ်ဟု ဆိုကြ ၏။ အချို့တို့က၊ ဆိုးသောသူသည် ဤသို့သော နိမိတ်လက္ခဏာတို့ကို အဘယ်သို့ပြနိုင်မည်နည်းဟု ဆိုကြ၏။ ထိုသို့အချင်းချင်းမသင့် ကွဲပြားခြင်းသို့ရောက်၏။
17 Vakatizve kubofu: Iwe unoti kudini pamusoro pake, sezvo asvinudza meso ako? Akati: Muporofita.
၁၇တဖန်မျက်စိကန်းဘူးသောသူအား၊ သင်၏မျက်စိကိုဖွင့်သောသူသည် အဘယ်သို့သောသူဖြစ် သနည်း ဟု မေးကြလျှင်၊ ပရောဖက်ဖြစ်သည်ဟုဆို၏။
18 Zvino VaJudha havana kutenda pamusoro pake, kuti wakange ari bofu, akaonazve, kusvikira vadana vabereki vewakaonazve,
၁၈ထိုသူသည် အထက်မျက်စိမမြင်၊ နောက်မှမျက်စိမြင်သည်ကို ယုဒလူတို့သည် မယုံကြသဖြင့် သူ၏ မိဘကိုခေါ်၍၊
19 zvino vakavabvunza, vachiti: Uyu mwanakomana wenyu imwi wamunoti wakaberekwa ari bofu here? Naizvozvo ikozvino woona sei?
၁၉ဤသူသည် သင်တို့ဆိုသည်အတိုင်း အမိဝမ်းတွင်းကပင် မျက်စိကန်းသော သင်တို့၏ သားမှန်လော။ သို့မှန်လျှင် အဘယ်သို့ယခုမျက်စိမြင်သနည်းဟု မေးကြ၏။
20 Vabereki vake vakavapindura vakati: Tinoziva kuti uyu mwanakomana wedu, uye kuti wakaberekwa ari bofu;
၂၀မိဘတို့ကလည်း၊ ဤသူသည် အကျွန်ုပ်တို့၏ သားမှန်သည်ကို၎င်း၊ အမိဝမ်းတွင်းကပင် မျက်စိကန်း သည်ကို၎င်း၊ အကျွန်ုပ်တို့ သိကြပါ၏။
21 asi kuti ikozvino woona sei, hatizivi; kana ndiani wasvinudza meso ake, isu hatizivi; iye wayaruka, mubvunzei, iye pachake achazvitaurira.
၂၁အဘယ်ကြောင့် မျက်စိမြင်သည်ကို၎င်း၊ အဘယ်သူသည်သူ၏ မျက်စိကိုဖွင့်သည်ကို၎င်း၊ အကျွန်ုပ်တို့ မသိကြပါ။ သူသည် အသက်ရွယ်နှင့်ပြည့်စုံပါ၏။ သူ့ကိုမေးကြပါလော့။ သူသည်ကိုယ်အကြောင်းကို ကိုယ် တိုင်ပြောပါလိမ့်မည်ဟု ပြန်ပြောကြ၏။
22 Vabereki vake vakareva izvi, nokuti vaitya VaJudha; nokuti VaJudha vakange vatotenderana kuti kana ani nani anobvuma kuti ndiye Kristu, abudiswe musinagoge.
၂၂ဤသို့ပြောသည်အကြောင်းကား၊ ယေရှုသည် ခရစ်တော်ဖြစ်သည်ဟု ဝန်ခံသောသူမည်သည်ကို တရား စရပ်မှနှင်ထုတ်ရမည်ဟု ယုဒလူတို့သည် တိုင်ပင်စီရင်ကြနှင့်ပြီ။
23 Naizvozvo vabereki vake vakati: Wayaruka, mubvunzei.
၂၃ထိုကြောင့် မိဘတို့က၊ သူသည် အသက်အရွယ်နှင့် ပြည့်စုံပါ၏။ သူ့ကိုမေးကြလော့ဟု ယုဒလူတို့ကို ကြောက်၍ ပြောကြ၏။
24 Naizvozvo vakadana rwechipiri uyo munhu wakange ari bofu, vakati kwaari: Ipa Mwari rumbidzo; isu tinoziva kuti munhu uyu mutadzi.
၂၄ထိုကြောင့်၊ မျက်စိကန်းဘူသောသူကို ဒုတိယအကြိမ်ခေါ်၍ ဘုရားသခင်ကို ချီးမွမ်းလော့။ ထိုသူသည် လူဆိုးဖြစ်ကြောင်းကို ငါတို့သိ၏ဟုဆိုကြလျှင်၊
25 Naizvozvo iye akapindura achiti: Kana ari mutadzi handizivi; chinhu chimwe chandinoziva, kuti ndaiva bofu, ikozvino ndoona.
၂၅လူဆိုးဖြစ်သည်မဖြစ်သည်ကို အကျွန်ုပ်မသိ။ အကျွန်ုပ်သည် အထက်ကမျက်စိကန်း၍ ယခုမျက်စိမြင် သည်အကြောင်းတခုကို အကျွန်ုပ်သိသည်ဟုဆို၏။
26 Zvino vakati kwaarizve: Wakaitei kwauri? Wakasvinudza meso ako sei?
၂၆တဖန်သူတို့က၊ သူသည်သင်တို့၌ အဘယ်သို့ပြုသနည်း။ သင်၏ မျက်စိကိုအဘယ်သို့ ဖွင့်သနည်းဟု မေးကြလျှင်၊ အကျွန်ုပ်တခါပြောပြီ၊ သင်တို့နားမကြားကြ။
27 Akavapindura, akati: Ndadokuudzai, asi hamuna kunzwa, munodirei kunzwa zvekare? Nemwi munoda kuva vadzidzi vake kanhi?
၂၇အဘယ်ကြောင့် တဖန်ကြားချင်သနည်း။ သူ့တပည့် ဖြစ်ချင်သလောဟု ဆိုကြ၏။
28 Naizvozvo vakamutuka, vakati: Ndiwe mudzidzi wake; asi isu tiri vadzidzi vaMozisi.
၂၈ထိုသူတို့ကလည်း၊ သင်သည်သူ့တပည့်ဖြစ်၏။ ငါတို့မူကား မောရှ၏တပည့်ဖြစ်ကြ၏။
29 Isu tinoziva kuti Mwari wakataura kuna Mozisi; asi uyu hatizivi kwaanobva.
၂၉ဘုရားသခင်သည်မောရှ၌ ဗျာဒိတ်ထားတော်မူကြောင်းကို ငါတို့ သိကြ၏။ ထိုသူသည် အဘယ်က ဖြစ်သည်ကို အသိဟုကဲ့ရဲ့၍ ပြောဆိုကြလျှင်၊
30 Munhu akapindura akati kwavari: Nokuti pachinhu ichi pane chinoshamisa, kuti imwi hamuzivi kwaanobva, asi wasvinudza meso angu.
၃၀သူသည် အကျွန်ုပ်မျက်စိကိုဖွင့်သော်လည်း အဘယ်ကဖြစ်သည်ဟု သင်တို့မသိကြသည်ကို အံ့ဩ ဘွယ်ရှိ၏။
31 Zvino tinoziva kuti Mwari haanzwi vatadzi; asi kana munhu ari mushumiri waMwari, achiita chido chake, uyu anomunzwa.
၃၁ဘုရားသခင်သည် လူဆိုးတို့ စကားကိုနားထောင်တော်မမူသည်ကို ငါတို့သိကြ၏။ ဘုရားသခင်ကို ရိုသေလေးမြတ်၍ အလိုတော်ကို လိုက်သောသူဖြစ်လျှင် ထိုသူ၏စကားကို နားထောင်တော်မူ၏။
32 Kubvira rinhi hakuna kumbonzwika kuti umwe wakasvinudza meso ewakaberekwa ari bofu. (aiōn g165)
၃၂အမိဝမ်းတွင်းကပင် မျက်စိကန်းသောသူကိုမျက်စိမြင်စေခြင်းငှါ တတ်နိုင်သည်ကို ကမ္ဘာဦးမှစ၍ မကြားစဖူး။ (aiōn g165)
33 Dai uyu anga asingabvi kuna Mwari, haasaigona kuita chinhu.
၃၃ထိုသူသည်ဘုရားသခင်စေလွှတ်တော်မူသောသူမဟုတ်လျှင် အဘယ်အမှုကိုမျှမတတ်နိုင်ဟုပြောဆို၏။
34 Vakapindura vakati kwaari: Iwe zvachese wakaberekerwa muzvivi, zvino iwe wotidzidzisa here? Vakamudzingira kunze.
၃၄ထိုသူတို့ကလည်း၊ သင်သည် မွေးစကပင်တကိုယ်လုံး၌ ဒုစရိုက်အပြစ်စွဲသောသူဖြစ်လျက်နှင့် ငါတို့ကို ဆုံးမပါသည်တကားဟု ပြေဆိုကြပြီလျှင်၊ ထိုသူကို တရားစရပ်မှနှင်ထုတ်ကြ၏။
35 Jesu akanzwa kuti vamudzingira kunze; akati amuwana, akati kwaari: Iwe unotenda kuMwanakomana waMwari here?
၃၅နှင်ထုတ်သည်အကြောင်းကို ယေရှုသည်ကြားပြီးမှ ထိုသူကိုတွေ့တော်မူလျှင်၊ သင်သည် ဘုရားသခင် ၏ သားတော်ကို ယုံကြည်သလောဟု မေးတော်မူ၏။
36 Iye akapindura akati: Ndiani, Ishe, kuti nditende kwaari?
၃၆သခင်၊ အကျွန်ုပ်ယုံကြည်ရမည်အကြောင်း ဘုရားသခင်၏သားတော်ကား အဘယ်သူနည်းဟု မေး လျှောက်သော်၊
37 Jesu ndokuti kwaari: Newe wamuona, uye anotaura newe, ndiye.
၃၇ယေရှုက၊ သင်သည် ထိုသူကိုမြင်ခဲ့ပြီးသာမက၊ သင်နှင့်ယခု စကားပြောသောသူသည် ဘုရားသခင်၏ သားတော်ဖြစ်သည်ဟု မိန့်တော်မူလျှင်၊
38 Zvino akati: Ishe ndinotenda; akamunamata.
၃၈သခင်၊ အကျွန်ုပ်ယုံကြည်ပါ၏ဟု လျှောက်၍ ညွတ်ပြပ်ကိုးကွယ်လေ၏။
39 Jesu ndokuti: Kutonga ndiko ini kwandakauira panyika ino, kuti vasingaoni vaone; nevanoona vave mapofu.
၃၉ထိုအခါ ယေရှုကလည်း၊ မျက်စိမမြင်သောသူသည် မြင်စေခြင်းငှါ၎င်း၊ မြင်သောသူကို မျက်စိကန်းစေ ခြင်းငှါ၎င်း၊ ငါသည် တရားစီရင်၍ ဤလောကသို့ ရောက်လာပြီဟု မိန့်တော်မူ၏။
40 Uye avo veVaFarisi vaiva naye vakanzwa zvinhu izvi, vakati kwaari: Nesu tiri mapofu here?
၄၀အထံတော်၌ရှိသော ဖာရိရှဲအချို့တို့သည် ထိုစကားကိုကြားလျှင်၊ ငါတို့သည် မျက်စိကန်းသလောဟု မေးကြ၏။
41 Jesu akati kwavari: Dai maiva mapofu, mungadai musina chivi. Asi ikozvino munoti: Tinoona; naizvozvo chivi chenyu chinogara.
၄၁ယေရှုကလည်း၊ သင်တို့သည် မျက်စိကန်းသည်မှန်လျှင် အပြစ်မရှိ၊ ငါတို့မျက်စိမြင်သည်ဟု ငါတို့ ဆိုကြ၏။ ထိုကြောင့် သင်တို့၌အပြစ်တည်သည်ဟု မိန့်တော်မူ၏။

< Johani 9 >