< Numeri 36 >

1 Vakuru vemhuri yeimba yaGireadhi mwanakomana waMakiri, mwanakomana waManase, vaibva kudzimba dzezvizvarwa zvaJosefa, vakauya vakataura pamberi paMozisi navatungamiri, ivo vakuru vemhuri dzavaIsraeri.
ယောသပ် အမျိုး ဖြစ်သော မနာရှေ နှင့် မာခိရ တို့ မှ ဆင်းသက်သော ဂိလဒ် ၏သား အဆွေအမျိုး သူကြီး တို့သည်၊ မောရှေ အစရှိသော ဣသရေလ အမျိုးသား အဆွေအမျိုး သူကြီးတို့ထံသို့ လာ၍၊
2 Vakati, “Jehovha paakarayira ishe wangu kuti ape nyika kuvaIsraeri nomujenya ive nhaka yavo, akakurayirai kuti mupe nhaka yehama yedu Zerofehadhi kuvanasikana vake.
အကျွန်ုပ် တို့သခင် သည် စာရေးတံချ သဖြင့်၊ ဣသရေလ အမျိုးသား တို့အား ခါနာန်ပြည် ကို အမွေ ပေး စေခြင်းငှါ ၎င်း၊ အကျွန်ုပ် တို့အစ်ကို ဇလောဖဒ် ၏ အမွေ မြေကို သူ ၏သမီး တို့အား ပေး စေခြင်းငှါ ၎င်း၊ ထာဝရဘုရား အမိန့် တော် ရှိပါ၏။
3 Zvino ivo kana vakawanikwa navarume vanobva kuna mamwe marudzi aIsraeri, ipapo nhaka yavo ichabviswa panhaka yamadzitateguru edu ikawedzerwa kurudzi urwo rwavawanikwa narwo. Nokudaro chikamu chenhaka yakagoverwa kwatiri nemijenya chichabviswa.
ထိုမိန်းမတို့သည် မိမိအမျိုး မှတပါး ၊ အခြားသော ဣသရေလ အမျိုးသား နှင့် စုံဘက် လျှင်၊ သူ တို့အမွေ မြေကို အကျွန်ုပ် တို့ မိဘ အစဉ်အဆက်အမွေ မှ နှုတ် ၍ သူတို့ ဝင် သော အမျိုး ၏ အမွေ ထဲ၌ ပါ သွားသဖြင့် ၊ အကျွန်ုပ် တို့ အမွေ မြေသည် လျော့ ပါလိမ့်မည်။
4 Gore reJubhiri ravaIsraeri parinosvika, nhaka yavo ichawedzerwa kunhaka yorudzi urwo rwavakawanikwa kwarwuri, uye pfuma yavo ichatorwa kubva kunhaka yorudzi rwamadzibaba edu.”
ဣသရေလ အမျိုးသား တို့၌ ယုဘိလ နှစ်ရောက် သောအခါ ၊ သူ တို့အမွေ မြေသည် သူတို့ဝင် သော အမျိုး ၏ အမွေ ၌ အမြဲတည်သဖြင့်၊ အကျွန်ုပ် တို့၏ မိစဉ်ဘဆက် အမွေ မှ အစဉ်နှုတ် လျက် ရှိပါလိမ့်မည်ဟု လျှောက်ထားကြ၏။
5 Ipapo Mozisi akarayira murayiro uyu kuvaIsraeri sezvaakarayirwa naJehovha achiti, “Zvinotaurwa norudzi rwezvizvarwa zvaJosefa ndizvozvo.
ထိုအခါ မောရှေ သည် ထာဝရဘုရား ၏ အမိန့် တော်အတိုင်း ၊ ဣသရေလ အမျိုးသား တို့အား မှာထား လေ သည်မှာ၊ ယောသပ် အမျိုးသား တို့၏ စကား သည် လျောက်ပတ် ပေ၏။
6 Uku ndiko kurayira kwaJehovha kuvanasikana vaZerofehadhi: Vangawanikwa havo naani zvake anovafadza kana chete ari worudzi rweimba yamadzibaba avo.
ဇလောဖဒ် သမီး တို့၏ အမှု၌ ထာဝရဘုရား မိန့် တော်မူသည်ကား၊ သူ တို့သည် အလိုရှိ သောသူနှင့် စုံဘက် ပါလေစေ။ သို့ရာတွင် မိစဉ်ဘဆက် အမျိုးသား မှတပါး၊ အခြားသူနှင့် စုံဘက် ခြင်းကို မပြုစေနှင့်။
7 Hakuna nhaka muvaIsraeri inofanira kubva kuno rumwe rudzi ichienda kuno rumwe rudzi, nokuti muIsraeri wose anofanira kuchengeta nyika yorudzi rwake iri nhaka inobva kumadzibaba avo.
ဣသရေလ အမျိုးသား တို့၏ အမွေ မြေသည် တမျိုး မှ တမျိုး သို့ မ ပြောင်း ရ။ ဣသရေလ အမျိုးသား အပေါင်းတို့သည်၊ အသီးအသီး မိမိ တို့မိစဉ်ဘဆက် အမွေ မြေ၌ နေ ရကြမည်။
8 Mwanasikana mumwe nomumwe anogara nhaka yenyika murudzi rupi zvarwo rwavaIsraeri anofanira kuwanikwa nomunhu anobva muimba yorudzi rwababa vake, kuitira kuti muIsraeri wose awane nhaka yamadzibaba ake.
ဣသရေလ အမျိုး တစုံတမျိုး၌ အမွေ မြေရှိသော မိန်းမ သည် မိမိ တို့ မိစဉ်ဘဆက် အမျိုးသား နှင့် စုံဘက် ရမည်။ ထိုသို့ ဣသရေလ အမျိုးသား အသီးအသီး တို့သည် မိမိတို့ မိစဉ်ဘဆက် အမွေ မြေကို ခံစား ရကြမည်။
9 Hakuna nhaka inobva kuno rumwe rudzi ichienda kuno rumwe rudzi, nokuti rudzi rwose rwavaIsraeri runofanira kuchengeta nyika yavakapiwa senhaka.”
အမွေ မြေသည် တမျိုး မှ တမျိုး သို့ မ ပြောင်း ရ။ ဣသရေလ အမျိုးသား အသီးအသီး တို့သည် မိမိ တို့အမွေ မြေ၌ နေ ရကြမည်ဟု မိန့်တော်မူ၏။
10 Saka vanasikana vaZerofehadhi vakaita sezvakarayirwa Mozisi naJehovha.
၁၀ထာဝရဘုရား သည် မောရှေ အား မှာထား တော်မူ သည်အတိုင်း ၊ ဇလောဖဒ် ၏ သမီး မာလာ ၊
11 Vanasikana vaZerofehadhi, Mara, Tiza, Hogira, Mirika naNoa vakawanikwa navanakomana vababamunini vavo.
၁၁တိရဇာ ၊ ဟောဂလာ ၊ မိလကာ ၊ နောအာ တို့သည် ပြု ၍၊ ဘကြီး သား ၊ ဘထွေးသားတို့နှင့် စုံဘက် ကြ၏။
12 Vakawanikwa mukati medzimba dzezvizvarwa zvaManase mwanakomana waJosefa, uye nhaka yavo yakaramba iri mumba yorudzi rwababa vavo.
၁၂ထိုသို့ ယောသပ် တွင်မြင်သော မနာရှေ သား အဆွေအမျိုး ၌ စုံဘက် ခြင်းအမှုကို ပြု၍ ၊ သူ တို့အမွေ မြေ သည် သူ တို့မိစဉ်ဘဆက် အမျိုး တည် နေ၏။
13 Iyi ndiyo mirayiro nemitemo yakapiwa kuvaIsraeri naJehovha kubudikidza naMozisi pamapani eMoabhu pedyo neJorodhani uchibva mhiri kuJeriko.
၁၃ဤရွေ့ကား ၊ မောဘ လွင်ပြင် ၊ ယော်ဒန် မြစ်နား ယေရိခေါ မြို့တဘက်၌ ထာဝရဘုရား သည် မောရှေ အားဖြင့် ဣသရေလ အမျိုးသား တို့အား ထား တော်မူသော စီရင် ထုံးဖွဲ့ချက် ဖြစ်သတည်း။

< Numeri 36 >