< Numeri 2 >
1 Jehovha akati kuna Mozisi naAroni:
၁တဖန် ထာဝရဘုရား သည် မောရှေ နှင့် အာရုန် အား မိန့် တော်မူသည်ကား၊
2 “VaIsraeri vanofanira kuvaka musasa vakapoteredza Tende Rokusangana nechokure, mumwe nomumwe pasi pomureza wokwake nezviratidzo zvedzimba dzamadzibaba ake.”
၂ဣသရေလ အမျိုးသား အသီးအသီးတို့သည်၊ မိမိ တပ်နှင့်ဆိုင်သောအလံ၊ မိမိ အဆွေအမျိုး နှင့် ဆိုင်သော အလံ အနား မှာ၊ ပရိသတ်စည်းဝေး ရာ တဲ တော်ကို ရှေ့ရှုပြု၍ နေရာ ချရမည်။
3 Kumabvazuva, kwakanangana nokunobuda nezuva, mapoka okwaJudha anofanira kuvaka misasa yawo pasi pomureza wavo. Mutungamiri wavanhu vaJudha ndiNashani mwanakomana waAminadhabhi.
၃နေ ထွက်ရာ အရှေ့ မျက်နှာ၌ ၊ ယုဒ တပ် အလံ နှင့် ဆိုင်သော အလုံးအရင်း သည် နေရာ ကျ၍ ၊ အမိနဒပ် သား နာရှုန် သည်၊ ယုဒ အမျိုးသား တို့တွင် ဗိုလ် လုပ်ရမည်။
4 Boka rake rina vanhu vanosvika zviuru makumi manomwe nezvina, namazana matanhatu.
၄သူ အုပ်ရသောအလုံးအရင်း အရေအတွက် ကား၊ ခုနစ်သောင်း လေးထောင်ခြောက် ရာ ရှိသတည်း။
5 Rudzi rwaIsakari ruchavaka misasa pedyo navo. Mutungamiri wavanhu vaIsakari ndiNetaneri mwanakomana waZuari.
၅ယုဒတပ်အနား မှာ၊ ဣသခါ တပ်ချ ၍ ၊ ဇုအာ သား နာသနေလ သည်၊ ဣသခါ အမျိုးသား တို့တွင် ဗိုလ် လုပ်ရမည်။
6 Boka rake rina vanhu vanosvika zviuru makumi mashanu nezvina, namazana mana.
၆သူ အုပ်ရသောအလုံးအရင်း အရေအတွက် ကား၊ ငါးသောင်း လေးထောင်လေး ရာ ရှိသတည်း။
7 Rudzi rwaZebhuruni ndirwo ruchatevera. Mutungamiri wavanhu vaZebhuruni ndiEriabhi mwanakomana waHeroni.
၇ထိုနောက်၊ ဇာဗုလုန် တပ်ချ၍၊ ဟေလုန် သား ဧလျာဘ သည်၊ ဇာဗုလုန် အမျိုးသား တို့တွင် ဗိုလ် လုပ်ရမည်။
8 Boka rake rina vanhu vanosvika zviuru makumi mashanu nezvinomwe, namazana mana.
၈သူ အုပ်ရသောအလုံးအရင်း အရေအတွက် ကား၊ ငါးသောင်း ခုနစ်ထောင်လေး ရာ ရှိသတည်း။
9 Varume vose vanodiwa kumusasa waJudha maererano namapoka avo, vanokwana zviuru zana namakumi masere nezvitanhatu, namazana mana. Ava ndivo vachatanga kusimuka.
၉ယုဒ တပ် နှင့်ဆိုင်သော အလုံးအရင်း အရေအတွက် ကား၊ တသိန်း ရှစ်သောင်း ခြောက် ထောင် လေး ရာ ရှိသတည်း။ ဤသူတို့သည်၊ တပ် ဦး အရာ၌ ချီ ရကြမည်။
10 Kurutivi rwezasi kuchava namapoka emisasa yaRubheni ichange iri pasi pomureza wavo. Mutungamiri wavanhu vokwaRubheni ndiErizuri mwanakomana waShedheuri.
၁၀တောင် မျက်နှာ၌ ၊ ရုဗင် တပ် အလုံးအရင်း သည်၊ ရုဗင်အလံ ကိုထူ၍၊ ရှေဒုရ သား ဧလိဇုရ သည်၊ ရုဗင် အမျိုးသား တို့တွင် ဗိုလ် လုပ်ရမည်။
11 Boka rake rina vanhu vanosvika zviuru makumi mana nezvitanhatu, namazana mashanu.
၁၁သူ အုပ်ရသောအလုံးအရင်း အရေအတွက် ကား၊ လေးသောင်း ခြောက်ထောင်ငါး ရာ ရှိသတည်း။
12 Rudzi rwaSimeoni ruchavaka misasa pedyo navo. Mutungamiri wavanhu vokwaSimeoni ndiSharumiri mwanakomana waZurishadhai.
၁၂ရုဗင်တပ်အနား မှာ ရှိမောင် တပ်ချ ၍ ၊ ဇုရိရှဒ္ဒဲ သား ရှေလုမျေလ သည်၊ ရှိမောင် အမျိုးသား တို့တွင် ဗိုလ် လုပ်ရမည်။
13 Boka rake rina vanhu vanosvika zviuru makumi mashanu nezvipfumbamwe, namazana matatu.
၁၃သူ အုပ်ရသောအလုံးအရင်း အရေအတွက် ကား၊ ငါးသောင်း ကိုးထောင်သုံး ရာ ရှိသတည်း။
14 Rudzi rwaGadhi ndirwo ruchatevera. Eriasafi mwanakomana waDheueri ndiye mutungamiri wavanhu vokwaGadhi.
၁၄ထိုနောက် ဂဒ် တပ်ချ၍၊ ဒွေလ သား ဧလျာသပ် သည်၊ ဂဒ် အမျိုးသား တို့တွင် ဗိုလ် လုပ်ရမည်။
15 Boka rake rina vanhu vanosvika zviuru makumi mana nezvishanu, namazana matanhatu namakumi mashanu.
၁၅သူ အုပ်ရသောအလုံးအရင်း အရေအတွက် ကား၊ လေးသောင်း ငါးထောင်ခြောက် ရာ ငါးဆယ် ရှိသတည်း။
16 Varume vose vakadanwa kumusasa waRubheni maererano namapoka avo, vaisvika zviuru zana namakumi mashanu nerimwe chete, namazana mana namakumi mashanu. Ndivo vachava vechipiri pakusimuka.
၁၆ရုဗင် တပ် နှင့်ဆိုင်သော အလုံးအရင်း အရေအတွက် ကား၊ တသိန်း ငါးသောင်း တထောင်လေး ရာ ငါးဆယ် ရှိသတည်း။ ဤသူတို့သည် ဒုတိယ တပ် အရာ၌ ချီ ရကြမည်။
17 Ipapo Tende Rokusangana nomusasa wavaRevhi zvichasimuka pakati pemisasa. Vachasimuka zvimwe chetezvo zvavanoita pakumisa misasa, mumwe nomumwe panzvimbo yake, pasi pomureza wake.
၁၇ထိုအခါ ၊ တပ်မ အလယ် ၌ ပရိသတ်စည်းဝေး ရာ တဲ တော်နှင့်တကွ၊ လေဝိ တပ် ချီ ရမည်။ တပ်ချ သည် အတိုင်း ၊ လူအသီးသီး တို့သည်၊ မိမိ နေရာ ၌ မိမိ ဆိုင်သော အလံ နှင့်အတူလိုက်လျက်ချီ ရကြမည်။
18 Nechokumavirira kuchava namapoka emisasa yaEfuremu ari pasi pemireza yawo. Mutungamiri wavanhu vokwaEfuremu ndiErishama mwanakomana waAmihudhi.
၁၈အနောက် မျက်နှာ၌ ဧဖရိမ်တပ် အလုံးအရင်း သည်၊ ဧဖရိမ် အလံ ကိုထူ၍၊ အမိဟုဒ် သား ဧလိရှမာ သည်၊ ဧဖရိမ် အမျိုးသား တို့တွင် ဗိုလ် လုပ်ရမည်။
19 Boka rake rina vanhu vanosvika zviuru makumi mana, namazana mashanu.
၁၉သူ အုပ်ရသောအလုံးအရင်း အရေအတွက် ကား၊ လေးသောင်း ငါး ရာ ရှိသတည်း။
20 Rudzi rwaManase ndirwo ruchavatevera. Mutungamiri wavanhu vokwaManase ndiGamarieri mwanakomana waPedhazuri.
၂၀ဧဖရိမ်တပ်အနား မှာ မနာရှေ တပ်ချ၍၊ ပေဒါဇုရ သား ဂါမလေလျလ သည်၊ မနာရှေ အမျိုးသား တို့တွင် ဗိုလ် လုပ်ရမည်။
21 Boka rake rina vanhu vanosvika zviuru makumi matatu nezviviri, namazana maviri.
၂၁သူ အုပ်ရသောအလုံးအရင်း အရေအတွက် ကား၊ သုံးသောင်း နှစ်ထောင်နှစ်ရာ ရှိသတည်း။
22 Rudzi rwaBhenjamini ndirwo ruchatevera. Mutungamiri wavanhu vokwaBhenjamini ndiAbhidhani mwanakomana waGidheoni.
၂၂ထိုနောက် ဗင်္ယာမိန် တပ်ချ၍၊ ဂိဒေါနိ သား အဘိဒန် သည်၊ ဗင်္ယာမိန် အမျိုးသား တို့တွင် ဗိုလ် လုပ်ရမည်။
23 Boka rake rina vanhu vanosvika zviuru makumi matatu nezvishanu, namazana mana.
၂၃သူ အုပ်ရသောအလုံးအရင်း အရေအတွက် ကား၊ သုံးသောင်း ငါးထောင်လေး ရာ ရှိသတည်း။
24 Varume vose vakadanwa kumusasa waEfuremu, maererano namapoka avo, vanosvika zviuru zana nezvisere, nezana rimwe chete. Vachava vechitatu pakusimuka.
၂၄ဧဖရိမ် တပ် နှင့်ဆိုင်သော အလုံးအရင်း အရေအတွက် ကား၊ တသိန်း ရှစ်ထောင် တရာ ရှိသတည်း။ ဤသူတို့သည် တတိယ တပ် အရာ၌ ချီ ရကြမည်။
25 Nechokumusoro kuchava namapoka emisasa yaDhani, pasi pomureza wavo. Mutungamiri wavanhu vokwaDhani ndiAhiezeri mwanakomana waAmishadhai.
၂၅တပ်များ မြောက် မျက်နှာ၌ ၊ ဒန်တပ်အလုံးအရင်း သည်၊ ဒန် အလံ ကိုထူ၍၊ အမိရှဒ္ဒဲ သား အဟေဇာ သည်၊ ဒန် အမျိုးသား တို့တွင် ဗိုလ် လုပ်ရမည်။
26 Boka rake rina vanhu vanosvika zviuru makumi matanhatu nezviviri, namazana manomwe.
၂၆သူ အုပ်ရသောအလုံးအရင်း အရေအတွက် ကား၊ ခြောက်သောင်း နှစ်ထောင်ခုနှစ် ရာ ရှိသတည်း။
27 Rudzi rwaAsheri ruchadzika misasa pedyo navo. Mutungamiri wavanhu vokwaAsheri ndiPagieri mwanakomana waOkerani.
၂၇ဒန်တပ်အနား မှာ၊ အာရှာ တပ်ချ၍၊ ဩကရန် သား ပါဂျေလ သည်၊ အာရှာ အမျိုးသား တို့တွင် ဗိုလ် လုပ် ရမည်။
28 Boka rake rina vanhu vanosvika zviuru makumi mana nechimwe chete namazana mashanu.
၂၈သူ အုပ်ရသောအလုံးအရင်း အရေအတွက် ကား၊ လေးသောင်း တထောင်ငါး ရာ ရှိသတည်း။
29 Rudzi rwaNafutari ndirwo ruchatevera. Mutungamiri wavanhu vokwaNafutari ndiAhira mwanakomana waEnani.
၂၉ထိုနောက် ၊ နဿလိ တပ်ချ၍၊ ဧနန် သား အဟိရ သည်၊ နဿလိ အမျိုးသား တို့တွင် ဗိုလ် လုပ်ရမည်။
30 Boka rake rina vanhu vanosvika zviuru makumi mashanu nezvitatu, namazana mana.
၃၀သူ အုပ်ရသောအလုံးအရင်း အရေအတွက် ကား၊ ငါးသောင်း သုံးထောင်လေး ရာ ရှိသတည်း။
31 Varume vose vakadanwa kumusasa waDhani vanosvika zviuru zana namakumi mashanu nezvinomwe, namazana matanhatu. Ndivo vachava vokupedzisira pakusimuka, vari pasi pemireza yavo.
၃၁ဒန် တပ် နှင့်ဆိုင်သော အလုံးအရင်း အရေအတွက် ကား၊ တသိန်း ငါးသောင်း ခုနစ်ထောင်ခြောက် ရာ ရှိသတည်း။ ဤသူတို့သည်၊ မိမိ တို့အလံ ပါလျက် နောက်ဆုံး တပ်အရာ၌ ချီ ရကြမည်။
32 Ava ndivo vaIsraeri vakaverengwa maererano nemhuri dzavo. Vose vakanga vari mumisasa, namapoka avo vanosvika zviuru mazana matanhatu nezvitatu, namazana mashanu ana makumi mashanu.
၃၂ထိုသို့နှင့်အညီ၊ အဆွေအမျိုး အလိုက် ရေတွက် သော ဣသရေလ အမျိုးသား တပ် အလုံးအရင်း လူပေါင်း ကား၊ ခြောက် သိန်းသုံးထောင် ငါးရာ ငါးဆယ် ရှိသတည်း။
33 Kunyange zvakadaro, vaRevhi havana kuverengwa pamwe chete navamwe vaIsraeri, sokurayirwa kwakanga kwaitwa Mozisi naJehovha.
၃၃ထာဝရဘုရား သည်၊ မောရှ အား မှာ ထားတော်မူသည်အတိုင်း ၊ လေဝိ သားတို့ကို၊ ဣသရေလ အမျိုးသား တို့ နှင့် ရောနှော၍ မ ရေတွက် ရ။
34 Saizvozvo vaIsraeri vakaita zvose zvakarayirwa Mozisi naJehovha; ndiyo nzira yavakamisa nayo misasa yavo pasi pemireza yavo, uye ndiyo nzira yavakasimuka nayo, mumwe nomumwe neimba yake nemhuri yake.
၃၄ထာဝရဘုရား သည်၊ မောရှေ အား မှာ ထား တော်မူသည်အတိုင်း ၊ ဣသရေလ အမျိုးသား အသီးသီး တို့သည်၊ မိမိ အလံ အနားမှာ မိမိနေရာချ ခြင်းကို၎င်း၊ မိမိ ဘိုး ဘ အမျိုး အလိုက် ချီ ခြင်းကို၎င်းပြု ရကြ၏။