< Numeri 13 >

1 Jehovha akati kuna Mozisi,
တဖန် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊
2 “Tuma vamwe varume kuti vandosora nyika yeKenani, yandiri kupa kuvaIsraeri. Tuma mutungamiri mumwe kubva kurudzi rumwe norumwe rwamadzitateguru avo.”
ဣသရေလ အမျိုးသား တို့အား ငါ ပေး သော ခါနာန် ပြည် ကို စူးစမ်း စေခြင်းငှါ၊ အမျိုးအနွယ် အသီးအသီး ထဲက အဆွေအမျိုး သူကြီး ဖြစ်သောသူ တမျိုး တယောက်စီ ရွေးကောက်၍ စေလွှတ် လော့ဟု၊
3 Saka, sokurayira kwaJehovha, Mozisi akavatuma vachibva nokurenje reParani. Vose vakanga vari vatungamiri vavaIsraeri.
ထာဝရဘုရား မှာထား တော်မူသည်အတိုင်း၊ မောရှေ သည် လူ တို့ကို ပါရန် တော က စေလွှတ် လေ၏။ စေလွှတ်သောသူအပေါင်း တို့သည် ဣသရေလ အမျိုး ၌ အကဲအမှူး ဖြစ်ကြ၏။
4 Haano mazita avo: kubva kurudzi rwaRubheni, Shamua mwanakomana waZakuri;
သူ တို့အမည် ကား၊ ရုဗင် အမျိုး ၊ ဇက္ကုရ သား ရှမွာ။
5 kubva kurudzi rwaSimeoni, Shafati mwanakomana waHori;
ရှိမောင် အမျိုး ၊ ဟောရိ သား ၊ ရှာဖတ်။
6 kubva kurudzi rwaJudha, Karebhu mwanakomana waJefune;
ယုဒ အမျိုး ၊ ယေဖုန္န သား ကာလက်။
7 kubva kurudzi rwaIsakari, Igari mwanakomana waJosefa;
ဣသခါ အမျိုး ၊ ယောသပ် သား ဣဂါလ။
8 kubva kurudzi rwaEfuremu, Hoshea mwanakomana waNuni;
ဧဖရိမ် အမျိုး ၊ နုန် သား ဩရှေ။
9 kubva kurudzi rwaBhenjamini, Pareti mwanakomana waRafu;
ဗင်္ယာမိန် အမျိုး ၊ ရာဖု သား ပါလတိ။
10 kubva kurudzi rwaZebhuruni, Gadhieri mwanakomana waSodhi;
၁၀ဇာဗုလုန် အမျိုး ၊ သောဒိ သား ဂါဒျေလ။
11 kubva kurudzi rwaManase (rudzi rwaJosefa), Gadhi mwanakomana waSusi;
၁၁ယောသပ် သား တွင် မနာရှေ အမျိုး ၊ သုသိ သား ဂဒ္ဒိ။
12 kubva kurudzi rwaDhani, Amieri mwanakomana waGemari;
၁၂ဒန် အမျိုး ၊ ဂေမလ္လိ သား အမျေလ။
13 kubva kurudzi rwaAsheri, Seturi mwanakomana waMikaeri;
၁၃အာရှာ အမျိုး ၊ မိက္ခေလ သား သေသုရ။
14 kubva kurudzi rwaNafutari, Nabhi mwanakomana waVhofisi;
၁၄နဿလိ အမျိုး ၊ ဝါဖသိ သား နာဘိ။
15 kubva kurudzi rwaGadhi, Generi mwanakomana waMaki.
၁၅ဂဒ် အမျိုး မာခိ သား ဂွေလ တည်းဟူသော၊
16 Aya ndiwo mazita avarume vakatumwa naMozisi kundosora nyika. (Mozisi akatumidza Hoshea mwanakomana waNuni zita rokuti Joshua).
၁၆ခါနာန်ပြည် ကို စူးစမ်း စေခြင်းငှါ မောရှေ စေလွှတ် သောသူတို့ ၏အမည် တည်း။ နုန် ၏သား ဩရှေ ကို ယောရှု ဟူသောအမည်ဖြင့် မောရှေ မှည့် လေ၏။
17 Mozisi akati avatuma kundosora nyika yeKenani, akati kwavari, “Kwidzai mupinde nechokuNegevhi uye nomunyika yamakomo.
၁၇ခါနာန် ပြည် ကို စူးစမ်း စေခြင်းငှါ မောရှေ စေလွှတ် လျက် ၊ သင်တို့သည် တောင် မျက်နှာလမ်းဖြင့် သွား ၍ တောင်ရိုး ပေါ်သို့တက် ကြလော့။
18 Mundoona kuti nyika yakadini uye kuti vanhu vanogarako vakasimba here kana kuti havana, vashoma here kana kuti vazhinji.
၁၈ထိုပြည် သည် အဘယ်သို့ သော ပြည်ဖြစ် သနည်း။ ပြည်သား တို့သည် အားကြီး သလော၊ အားနည်း သလော။ များ သလော၊ နည်း သလော။
19 Nyika yavanogara yakadini? Yakanaka here kana kuti yakaipa? Maguta avagere maari akadiniko? Haana masvingo here kana kuti akakomberedzwa?
၁၉သူ တို့နေ သောပြည် သည် ကောင်း သလော၊ မကောင်း လော။ သူ တို့နေ သော မြို့ ရွာတို့သည် အဘယ်သို့ နည်း။ တဲ နှင့် နေကြသလော။ ခိုင်ခံ့ သော မြို့နှင့် နေကြသလော။
20 Ko, ivhu racho rakadini? Rakaorera here kana kuti kwete? Mune miti here kana kuti hamuna? Muedze kwazvo kuti muuye nezvimwe zvezvibereko zvenyika iyo.” (Yakanga iri nguva yokutanga kuibva kwamazambiringa).
၂၀ထိုမြေ သည် ကောင်း သလော၊ မကောင်း လော။ တော များသလော၊ နည်း သလောဟုကြည့်ရှုကြလော့။ ရဲရင့် သောစိတ်ရှိကြလော့။ သစ်သီး အချို့ ကိုလည်း ယူ ခဲ့ ကြလော့ဟု မှာလိုက်လေ၏။ ထိုကာလ သည် စပျစ်သီး မှည့် စကာလ ဖြစ်သတည်း။
21 Naizvozvo vakakwidza vakandosora nyika kubva kurenje reZini kusvikira kuRehobhi, kwakanangana neRebho Hamati.
၂၁ထိုသူတို့သည် ဇိန တော မှ သွား ၍ ဟာမတ် မြို့သို့ ရောက်သော လမ်းနား၊ ရဟောဘ မြို့တိုင်အောင် ခါနာန် ပြည် ကို စူးစမ်း ကြ၏။
22 Vakakwidza vachipinda nechokuNegevhi vakasvika kuHebhuroni paigara Ahimeni, Sheshai naTarimai, zvizvarwa zvaAnaki. (Hebhuroni rakanga ravakwa makore manomwe Zoani risati ravakwa muIjipiti).
၂၂တောင် မျက်နှာ၌ ရှောက်သွား ၍ အာနက အမျိုးသား အဟိမန် ၊ ရှေရှဲ ၊ တာလမဲ နေသောဟေဗြုန် မြို့သို့ ရောက် ကြ၏။ ဟေဗြုန် မြို့ကား၊ အဲဂုတ္တု ပြည်၌ ဇောန မြို့ မ တည်မှီ ခုနစ် နှစ် ကတည် သော မြို့ဖြစ်သတည်း။
23 Vakati vasvika paMupata weEshikori, vakatema davi rimwe raiva nesumbu ramazambiringa. Vaviri vavo vakaritakura nedanda pakati pavo pamwe chete namatamba uye namaonde.
၂၃ဧရှကောလ ချိုင့် သို့ ရောက် လျှင် ၊ အသီး တ ပြွတ် ပါသောစပျစ်နွယ်ပင်အခက် တခက်ကို ခုတ် ၍ လူ နှစ် ယောက်တို့သည် ထမ်းဘိုး နှင့်ထမ်း ကြ၏။ သလဲသီး ၊ သင်္ဘောသဖန်းသီး များကိုလည်း ဆောင်ခဲ့ကြ၏။
24 Nzvimbo iyo yakanzi Mupata weEshikori nokuda kwesumbu ramazambiringa rakatemwa ipapo navaIsraeri.
၂၄ဣသရေလ အမျိုးသား ခုတ် ယူသော စပျစ်သီး ပြွတ်ကိုထောက်၍ ၊ ထို ချိုင့် ကို ဧရှကောလ ချိုင့် ဟူသောအမည်ဖြင့် မှည့် သတည်း။
25 Mazuva makumi mana akati apera, vakadzoka kubva kundosora nyika.
၂၅အရက် လေးဆယ် လွန် မှ ခါနာန်ပြည် ကို စူးစမ်း သော အမှုပြီး၍ ပြန် လာကြ၏။
26 Vakadzokera kuna Mozisi naAroni nokuungano yose yavaIsraeri paKadheshi murenje reParani. Ipapo vakazivisa kwavari nokuungano yose uye vakavaratidza zvibereko zvenyika.
၂၆မောရှေ နှင့် အာရုန် မှစ၍ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့နေရာ ပါရန် တော ၊ ကာဒေရှ အရပ်သို့ ရောက် သောအခါ ၊ ပရိသတ် အပေါင်း တို့အား သိတင်း ကြားပြော၍ ၊ ထိုပြည် ၌ သီးသော အသီး ကို ပြ ကြ၏။
27 Vakapa nhoroondo iyi kuna Mozisi: “Takaenda kunyika yamakatituma, uye inoerera mukaka nouchi! Hezvi zvibereko zvayo.
၂၇မောရှေ အား လည်း ၊ အကျွန်ုပ်တို့သည်ကိုယ်တော်စေလွှတ် သော ပြည် သို့ ရောက် ခဲ့ပါပြီ။ အကယ်စင်စစ် ထိုပြည်သည် နို့ နှင့် ပျားရည် စီး သော ပြည်ဖြစ်ပါ၏။ ဤ အသီးတို့ ကား ထိုပြည်၌သီးသော အသီး ဖြစ်ပါ၏။
28 Asi vanhu vanogarako vane simba kwazvo, uye maguta akakomberedzwa uye makuru kwazvo. Takaona kunyange zvizvarwa zvaAnaki ikoko.
၂၈သို့ရာတွင် ပြည်သူ ပြည်သားတို့သည် အားကြီး ပါ၏။ ခိုင်ခံ့ သော မြို့ ကြီး နှင့်နေကြပါ၏။ ထိုမျှမက ၊ အာနက အမျိုးသား တို့ကိုလည်း မြင် ရပါ၏။
29 VaAmareki vanogara nechokuNegevhi; vaHiti, vaJebhusi navaAmori vanogara munyika yamakomo; uye vaKenani vanogara pedyo negungwa uye nomunzvimbo inotevedza Jorodhani.”
၂၉အာမလက် အမျိုးသားတို့သည် တောင် ဘက် ၌၎င်း၊ ဟိတ္တိ လူ၊ ယေဗုသိ လူ၊ အာမောရိ လူတို့သည် တောင်ရိုး ပေါ်၌ ၎င်း၊ ခါနာနိ လူတို့သည် ပင်လယ် နား ယော်ဒန် မြစ်နား၌၎င်း၊ နေ ကြပါသည်ဟု လျှောက်ဆို ကြ ၏။
30 Ipapo Karebhu akanyaradza vanhu pamberi paMozisi akati, “Tinofanira kukwidza tindotora nyika nokuti zvirokwazvo tinogona kuitora.”
၃၀ကာလက် ကလည်း ချက်ခြင်းချီ သွား၍ ထိုပြည် ကို သိမ်းယူ ကြစို့။ အောင်နိုင် ကောင်းသည်ဟု ဆို ၍ မောရှေ ရှေ့မှာ လူ များတို့ကို ငြိမ်း စေ၏။
31 Asi varume vakanga vaenda naye vakati, “Hatigoni kurwisa vanhu ava; vakasimba kutipfuura isu.”
၃၁သူ နှင့်အတူ လိုက် သွားသော သူ တို့က၊ ထိုပြည်သား တို့ကို ငါတို့ မ တိုက် နိုင်။ သူ တို့သည် ငါ တို့ထက် သာ၍အားကြီး ကြသည်ဟူ၍၎င်း၊
32 Saka vakaparadzira mashoko akaipa pakati pavaIsraeri pamusoro penyika yavakanga vandosora. Vakati, “Nyika yatakandosora inodya vaya vanogaramo. Vanhu vose vatakaona ikoko vakakura kwazvo.
၃၂ငါတို့သွား ၍ စူးစမ်း သော ပြည် သည် မိမိ သား တို့ကို ဖျက်ဆီး တတ်၏။ ငါတို့တွေ့မြင် သော ပြည်သား အပေါင်း တို့သည် အလွန် အရပ်မြင့်ကြ၏။
33 Takaona vaNefirimi (izvo zvizvarwa zvavaAnaki vanobva kuvaNefirimi) ikoko. Isu tainge mhashu pakuona kwedu, uye tainge takadarowo pakuona kwavo.”
၃၃ကိုယ် ကြီးသောလူအမျိုးအနွယ်၊ အာနက အမျိုးအနွယ် ဖြစ်၍၊ အလွန် ကြီးမားသောသူတို့ ကိုလည်း မြင် ခဲ့ ကြပြီ။ သူတို့ရှေ့မှာငါတို့သည် ကိုယ် အထင် အတိုင်း နှံကောင် ကဲ့သို့ ဖြစ် ကြ၏။ သူ တို့အထင် အတိုင်း လည်း ထိုသို့ ဖြစ် ကြသည်ဟူ၍၎င်း၊ မိမိတို့စူးစမ်း သော ပြည် ကို ဣသရေလ အမျိုးသား တို့အား မကောင်း သော သိတင်းကို ကြားပြော ကြလေ၏။

< Numeri 13 >