< Revhitiko 10 >

1 Zvino Nadhabhi naAbhihu, vanakomana vaAroni vakatora, mumwe nomumwe, hadyana yake yezvinonhuhwira, vakaisamo moto, vakaisawo zvinonhuhwira, vakaisa moto usingabvumirwi pamberi paJehovha zvaakanga asina kuvarayira.
အာရုန်၏သားနာဒပ်နှင့် အတိဟုတို့သည်၊ ကိုယ်စီဆိုင်သော လင်ပန်းတို့ကို ယူလျက်၊ မီးကိုထည့်၍ လောဗန်ကို တင်ပြီးလျှင်၊ ထာဝရဘုရား မှာထားတော်မူသော မီးမဟုတ်၊ ထူးခြားသော မီးကို ရှေ့တော်၌ ပူဇော်၏။
2 Saka naizvozvo moto wakabuda kubva pamberi paJehovha ukavapisa vose ndokubva vafa pamberi paJehovha.
ထိုအခါ ထာဝရဘုရားထံတော်မှ မီးထွက်၍၊ သူတို့ကို လောင်သဖြင့် ရှေ့တော်၌ သေကြ၏။
3 Ipapo Mozisi akati kuna Aroni, “Izvi ndizvo zvakataurwa naJehovha paakati: “‘Pakati peavo vachaswedera kwandiri ndicharatidza utsvene hwangu, pamberi pavanhu vose ndichakudzwa.’” Aroni akaramba anyerere.
ထိုအခါ၊ မောရှေသည် အာရုန်ကိုခေါ်၍၊ ထာဝရဘုရားက၊ ငါသည် သန့်ရှင်းခြင်းရှိသည်ဟု ငါ့ထံ သို့ ချဉ်းကပ်သူတို့သည် မှတ်ရမည်။ လူအပေါင်းတို့သည် ငါ့ဘုန်းကို ချီးမြှင့်ရကြမည်ဟု မိန့်တော်မူ ရာ၌၊ ထိုသို့သော အမှုကို ရည်ဆောင်၍ မိန့်တော်မူသည်ဟု ဆိုလျှင်၊ အာရုန်သည် တိတ်ဆိတ်စွာ နေလေ၏။
4 Mozisi akadana Mishaeri naErizafani, vanakomana vaUzieri, babamunini vaAroni, akati kwavari, “Uyai pano mutakure madzikoma enyu muende navo kunze kwomusasa vabve pamberi penzvimbo tsvene.”
မောရှေသည် အာရုန်၏ ဘထွေး ဩဇေလသားမိရှေလနှင့် ဧလဇာဖန်ကိုခေါ်၍၊ လာကြ။ သင်တို့ ပေါက်ဘော်တို့ကို သန့်ရှင်းရာ ဌာနတော်က၊ တပ်ပြင်သို့ ယူသွားကြလော့ဟု ဆိုသည်အတိုင်း၊
5 Saka vakauya vakavatakura vachakapfeka hanzu dzavo vakaenda navo kunze kwomusasa sezvazvakanga zvarayirwa naMozisi.
သူတို့သည် လာ၍ အင်္ကျီဝတ်လျက်ရှိသော အသေကောင်ကို တပ်ပြင်သို့ယူသွားကြ၏။
6 Ipapo Mozisi akati kuna Aroni navanakomana vake, Ereazari naItamari, “Musarega bvudzi renyu risina kukamwa uye musabvarura nguo dzenyu nokuti mungafa, Mwari akatsamwira ungano yose. Asi hama dzenyu, imba yose yaIsraeri, vanogona kuchema avo vakaparadzwa nomoto naJehovha.
မောရှေသည် အာရုန်နှင့် သူ၏သားဧလာဇာနှင့် ဣသမာတို့ကိုခေါ်၍၊ သင်တိ့လည်းသေမည်။ လူအပေါင်းတို့အပေါ်မှာ အမျက်တော်သင့်ရောက်မည်ကို စိုးရိမ်သည်ဖြစ်၍၊ သင်တို့ ဦးထုပ်ကို မချွတ်နှင့်။ အဝတ်ကို မဆုတ်နှင့်။ သင်တို့ ညီအစ်ကို ဣသရေလ အမျိုးသားရှိသမျှတို့သည် ထာဝရ ဘုရားပြုတော်မူသော မီးလောင်ခြင်းကိုသာ ငိုကြွေးမြည်တမ်းကြစေ။
7 Musabva pamusuo weTende Rokusangana nokuti mungafa nokuti mafuta aJehovha okuzodza ari pamuri.” Saka vakaita sezvakataurwa naMozisi.
သင်တို့သေမည်ကိုစိုးရိမ်သည်ဖြစ်၍၊ ပရိသတ်စည်းဝေးရာ တံခါးပြင်သို့ မထွက်နှင့်။ ထာဝရဘုရား၏ ဘိသိက်ဆီသည် သင်တို့အပေါ်၌ရှိသည်ဟု ဆိုသည်အတိုင်း သူတို့ပြုကြ၏
8 Ipapo Jehovha akati kuna Aroni,
တဖန် အာရုန်အား ထာဝရဘုရားက၊-
9 “Iwe navanakomana vako hamufaniri kunwa waini kana zvimwe zvinwiwa zvakaviriswa pose pose pamunopinda muTende Rokusangana nokuti mungafa. Uyu mutemo usingaperi kusvikira kuzvizvarwa zvinotevera.
သင်နှင့်သင်၏ သားတို့သည် သေဘေးနှင့် ကင်းလွတ်ခြင်းငှါ၎င်း၊ သန့်ရှင်းသောအရာ၊ မသန့်ရှင်း သောအရာ၊ စင်ကြယ်သောအရာ၊
10 Munofanira kuisa mutsauko pakati pezvitsvene nezvisingakoshi, pakati pezvakachena nezvisina kuchena.
၁၀မစင်ကြယ်သောအရာတို့ကို ပိုင်းခြားတတ်ခြင်းငှါ၎င်း၊ ထာဝရ ဘုရားသည် မောရှေအားဖြင့် မှာထားသမျှသော ပညတ်တို့ကို ဣသရေလ အမျိုးသားတို့၌ သွန် သင်တတ်ခြင်းငှါ၎င်း၊ ပရိသတ်စည်းဝေးရာ တဲတော်သို့ ဝင်သောအခါ၊ စပျစ်ရည်အစရှိသော ယစ် မျိုးကို မသောက်နှင့်။
11 Uye munofanira kudzidzisa vaIsraeri mirayiro yose yavakapiwa naJehovha kubudikidza naMozisi.”
၁၁သင်တို့ အမျိုးအစဉ်အဆက် စောင့်ရသော ပညတ်ဖြစ်သတည်းဟု မိန့်တော်မူ၏။
12 Mozisi akati kuna Aroni navanakomana vake vakanga vasara, Ereazari naItamari, “Torai chipiriso chezviyo kubva pazvipiriso zvakaitirwa Jehovha nomoto, zvakagadzirwa pasina mbiriso mugochiisa parutivi pearitari nokuti chitsvene-tsvene.
၁၂မောရှေသည်လည်း၊ အာရုန်နှင့်ကြွင်းသော သားဧလာဇာ၊ ဣသမာတို့ကိုခေါ်၍၊ သင်တို့သည် ထာဝရ ဘုရားအား မီးဖြင့်ပြုသော ဘောဇဉ်ပူဇော်သက္ကာ အကြွင်းကိုယူ၍ တဆေးမပါဘဲ ယဇ်ပလ္လင်နားမှာ စားကြလော့။ အလွန်သန့်ရှင်းပေ၏။
13 Zvidyei munzvimbo tsvene, nokuti mugove wenyu nomugove wavanakomana venyu, wezvipiriso zvinoitirwa Jehovha nomoto, nokuti ndakarayirwa saizvozvo.
၁၃ထိုအကြွင်းသည် ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာထဲက သင်နှင့်သင်၏ သားတို့ ခံထိုက်သောအဘို့ ဖြစ်၍ သန့်ရှင်းရာဌာနတော်၌ စားရကြမည်။ ထိုပညတ်တော်ကို ငါခံရပြီ။
14 Asi iwe navanakomana vako navanasikana vako, munogona kudya chityu chakaninirwa nebandauko rakakumikidzwa. Zvidyei munzvimbo yakacheneswa; izvi zvakapiwa kwauri navana vako somugove wenyu wezvipiriso zvokuwadzana zvavana vaIsraeri.
၁၄ချီလွှဲသောရင်ပတ်၊ ချီမြှောက်သော ပခုံးကိုကား၊ သင်နှင့်တကွသင်၏ သားသမီးတို့သည် စင်ကြယ် သောအရပ်၌ စားရကြမည်။ ဣသရေလအမျိုးသားတို့သည် ပူဇော်သော မိဿဟာယယဇ်ထဲက၊ သင်နှင့်သင်၏သားတို့သည် ခံထိုက်သောအဘို့ ဖြစ်သတည်း။
15 Bandauko rakakumikidzwa nechityu chakaninirwa zvinofanirwa kuuyiswa namafuta nezvipiriso zvinoitwa nomoto, kuti zvininirwe pamberi paJehovha sechipiriso chokuninira. Uyu uchava mugove wamuchagara muchiwana navana venyu sezvakarayirwa naJehovha.”
၁၅မီးဖြင့် ပူဇော်သော ယဇ်ကောင်ဆီဥနှင့်တကွ၊ ချီမြှောက်ရာပခုံး၊ ချီလွှဲရာရင်ပတ်ကို ထာဝရဘုရား ရှေ့တော်၌ ချီလွှဲ၍၊ ချီလွှဲသော ပူဇော်သက္ကာကို ပြုခြင်းငှါ ဆောင်ခဲ့ရကြ၍၊ ထာဝရ ပညတ်တော် အတိုင်း၊ သင်နှင့်သင်၏ သားတို့သည် ကိုယ်အဘို့ယူရကြမည်။ ထိုသို့ ထာဝရဘုရား မှာထားတော်မူပြီ ဟုဆိုလေ၏။
16 Mozisi akati abvunza nezvembudzi yechipiriso chechivi akawana yatopiswa, akatsamwira Ereazari naItamari vanakomana vaAroni vakanga vasara akabvunza akati,
၁၆တဖန် မောရှေသည် အပြစ်ဖြေရာ ယဇ်ပြုသော ဆိတ်ကို ကြိုးစား၍ ရှာသော်လည်း မတွေ့။ မီးရှို့ နှင့်ပြီ။ ထိုကြောင့် ကြွင်းသော အာရုန်သား ဧလာဇာ၊ ဣသမာတို့ကို အမျက်ထွက်လျက် ဆိုသည်ကား၊
17 “Sei musina kudyira chipiriso chechivi munzvimbo tsvene? Chitsvene-tsvene, chakapiwa kwamuri kuti chibvise mhosva yeungano nokuvayananisira pamberi paJehovha.
၁၇အပြစ်ဖြေရာယဇ်သားသည် အလွန်သန့်ရှင်း၏။ သင်တို့သည် ပရိသတ်တို့ အပြစ်ကိုခံ၍၊ ထာဝရ ဘုရားရှေ့တော်၌ သူတို့အဘို့ အပြစ်ဖြေခြင်းကို ပြုစေခြင်းငှါ ထိုယဇ်သားကို ပေးတော်မူသည်ဖြစ်၍၊ သန့်ရှင်းရာ ဌာနတော်၌ အဘယ်ကြောင့် မစားသနည်း။
18 Sezvo ropa racho risina kuuyiswa kuNzvimbo Tsvene, maifanira kudyira mbudzi munharaunda yenzvimbo tsvene, sezvandakarayira.”
၁၈ထိုယဇ်သား အသွေးကိုလည်း သန့်ရှင်းရာဌာနထဲသို့ မသွင်းပါတကား။ အကယ်၍ ငါမှာထားခဲ့သည် အတိုင်း၊ ထိုယဇ်သားကို သန့်ရှင်းရာဌာနတော်၌ စားရမည်ဟုဆိုလျှင်၊-
19 Aroni akapindura Mozisi achiti, “Nhasi vabayira chipiriso chavo chechivi nechipiriso chavo chinopiswa pamberi paJehovha asi zvinhu zvakaita seizvi zvaitika kwandiri. Jehovha aidai afara here dai ndadya chipiriso chechivi nhasi?”
၁၉အာရုန်က၊ ယနေ့ သူတို့သည် လူများတို့ အပြစ်ဖြေရာယဇ်၊ မီးရှို့ရာယဇ်ကို ပူဇော်ပါပြီ။ အကျွန်ုပ် ၌ ထိုသို့သော အမှုရောက်သည်တွင် ၊ ယနေ့အပြစ်ဖြေရာ ယဇ်သားကို စားမိလျှင်၊ ထာဝရဘုရား နှစ်သက်တော်မူပါမည်လောဟု မောရှေကို ပြောဆို၏။
20 Mozisi paakanzwa izvi akagutsikana.
၂၀မောရှေသည် ထိုစကားကို ကြားလျှင် ဝန်ခံလေ၏။

< Revhitiko 10 >