< Vatongi 17 >
1 Zvino mumwe murume ainzi Mika aibva kunyika yezvikomo yaEfuremu
၁အခါတစ်ပါးကမိက္ခာအမည်ရှိသောလူ တစ်ယောက်သည် ဧဖရိမ်တောင်ကုန်းဒေသ တွင်နေထိုင်၏။-
2 akati kuna mai vake, “Mashekeri aya esirivha chiuru nezana rimwe chete akatorwa kubva kwamuri andakanzwa muchituka munhu wacho akatora, sirivha yacho ndini ndinayo; ndini ndakaitora.” Ipapo mai vake vakati, “Jehovha ngaakuropafadze, mwanakomana wangu!”
၂သူသည်မိမိ၏မိခင်အား``မိခင်၏ငွေတစ်ဆယ့် တစ်ပိဿာပျောက်ဆုံးသွားစဉ်အခါကခိုး ယူသူအား မိခင်ကျိန်ဆဲခဲ့သည်ကိုကျွန်တော် ကြားရပါသည်။ ထိုငွေသည်ကျွန်တော့်မှာ ရှိပါသည်။ ကျွန်တော်ယူမိပါသည်'' ဟု ပြောလေသည်။ သူ၏မိခင်ကလည်း``ငါ့သား၊ ထာဝရဘုရား သည်သင့်အားကောင်းချီးပေးတော်မူပါစေ သော'' ဟုဆို၏။-
3 Akati adzorera mashekeri esirivha chiuru nezana rimwe chete, kuna mai vake, ivo vakati, “Ndinotsaurira Jehovha sirivha yangu nomwoyo wose kuti mwanakomana wangu aite chifananidzo chakavezwa nomufananidzo wakaumbwa wesimbi. Ndichazoidzosera kwauri.”
၃သူသည်ထိုငွေကိုမိခင်အားပြန်၍ပေး၏။ ထို အခါမိခင်ဖြစ်သူက``ငါ့သား၊ ကျိန်စာ မသင့်စိမ့်သောငှာငါကိုယ်တိုင်ပင်ထိုငွေကို ထာဝရဘုရားအားပေးလှူဆက်ကပ်မည်။ ငွေဖြင့်မွမ်းမံထားသည့်သစ်သားရုပ်တု တစ်ခုကိုပြုလုပ်ရာတွင် ထိုငွေကိုအသုံး ပြုမည်ဖြစ်၍သင့်အားပြန်ပေးမည်'' ဟုဆို၏။-
4 Saka akadzosera sirivha kuna mai vake, uye mai vake vakatora mazana maviri amashekeri esirivha vakaapa kumupfuri wesirivha, akaita nawo mufananidzo wakavezwa nomufananidzo wakaumbwa. Uye zvakaiswa mumba maMika.
၄သားဖြစ်သူသည်လည်းထိုငွေကိုမယူဘဲ အမိအားပြန်၍ပေးလေသည်။ ထိုအခါ မိခင်သည်ငွေနှစ်ပိဿာကိုယူ၍ပန်းထိမ် အားပေးအပ်ကာ သစ်သားရုပ်တုတစ်ခု ထုလုပ်စေပြီးလျှင်ငွေဖြင့်မွမ်းမံစေ၏။ ထိုရုပ်တုကိုမိက္ခာ၏အိမ်တွင်ထားရှိ သတည်း။
5 Zvino murume uyu Mika, akanga ane imba yavamwari, uye akaita efodhi nezvimwe zvifananidzo uye akagadza mumwe wavanakomana vake kuti ave muprista wake.
၅ဤမိက္ခာဆိုသူ၌ မိမိကိုယ်ပိုင်ဝတ်ပြုကိုး ကွယ်ရာဌာနတစ်ခုရှိ၏။ သူသည်ရုပ်တု များနှင့်သင်တိုင်းတော်တစ်ခုကိုပြုလုပ် ပြီးလျှင် မိမိသားတစ်ယောက်အားမိမိ ၏ယဇ်ပုရောဟိတ်အဖြစ်ဖြင့်ခန့်ထား လေသည်။-
6 Mumazuva iwayo Israeri yakanga isina mambo; mumwe nomumwe akaita zvaaiona zvakamunakira.
၆ထိုကာလ၌ဣသရေလလူမျိုးတွင်ဘုရင် မရှိသေးချေ။ လူတိုင်းပင်မိမိ၏စိတ် သဘောအတိုင်းပြုလုပ်လေသည်။
7 Zvino kwakanga kune jaya muRevhi aibva kuBheterehema muJudha, aigara mukati morudzi rwaJudha,
၇ထိုကာလ၌ယုဒပြည်ဗက်လင်မြို့တွင် နေထိုင် သောလေဝိအမျိုးသားလူငယ်တစ်ယောက်သည်၊-
8 akabva muguta iroro achindotsvaka imwe nzvimbo yokugara. Ari munzira yake akasvika napaimba yaMika munyika yezvikomo yeEfuremu.
၈အခြားတစ်မြို့တစ်ရွာသို့သွားရောက်နေထိုင် ရန်ဗက်လင်မြို့မှထွက်ခွာလာစဉ် ဧဖရိမ် တောင်ကုန်းဒေသရှိမိက္ခာ၏အိမ်သို့ရောက် ရှိလာလေသည်။-
9 Mika akamubvunza akati, “Unobvepiko?” Iye akati, “Ndiri muRevhi anobva kuBheterehema muJudha, uye ndiri kutsvaka nzvimbo yokugara.”
၉မိက္ခာက``သင်သည်အဘယ်အရပ်မှလာသနည်း'' ဟုမေး၏။ သူက``အကျွန်ုပ်သည်ယုဒပြည်ဗက် လင်မြို့မှလေဝိအမျိုးသားဖြစ်၍နေထိုင်ရန် အရပ်ကိုရှာနေသူဖြစ်ပါသည်'' ဟုပြန်ပြော လေသည်။
10 Ipapo Mika akati kwaari, “Gara hako neni ugova baba vangu nomuprista wangu, uye ndichakupa mashekeri esirivha gumi pagore, nguo dzako dzokupfeka uye nezvokudya zvako.”
၁၀မိက္ခာကလည်း``အကျွန်ုပ်နှင့်အတူနေပါလော့။ အကျွန်ုပ်အားအကြံဉာဏ်ပေးသူ၊ အကျွန်ုပ်၏ ယဇ်ပုရောဟိတ်အဖြစ်ဖြင့်နေပါလော့။ သင့် အားတစ်နှစ်လျှင်ငွေဒင်္ဂါးတစ်ဆယ်နှင့်ဝတ်စုံ ကိုလည်းကောင်း၊ အစားအစာကိုလည်းကောင်း အကျွန်ုပ်ထောက်ပံ့ပါမည်'' ဟုဆိုလေသော်၊-
11 Saka muRevhi akabvuma kugara naye, uye jaya iri rakanga rakaita somumwe wavanakomana vake.
၁၁လေဝိလူငယ်သည်မိက္ခာနှင့်အတူနေထိုင် ရန်သဘောတူလိုက်၏။ သူသည်မိက္ခာ၏သား သဖွယ်အတူနေထိုင်လေသည်။
12 Ipapo Mika akagadza muRevhi, jaya rikava muprista wake akagara mumba make.
၁၂မိက္ခာသည်သူ့အားမိမိ၏ယဇ်ပုရောဟိတ်အဖြစ် ဖြင့်ခန့်ထားသဖြင့် သူသည်မိက္ခာ၏အိမ်၌နေထိုင် လေသည်။-
13 Uye Mika akati, “Zvino ndinoziva kuti Jehovha achandiitira zvakanaka, sezvo muRevhi uyu ava muprista wangu.”
၁၃မိက္ခာကလည်း``ယခုငါသည်လေဝိအမျိုးသား တစ်ဦးအား မိမိ၏ယဇ်ပုရောဟိတ်အဖြစ်ဖြင့် ရရှိထားလေပြီ။ ထို့ကြောင့်ထာဝရဘုရား သည်အစစအရာရာ၌ ငါ့အားတိုးတက် အောင်မြင်စေတော်မူလိမ့်မည်'' ဟုဆို၏။