< Ekisodho 21 >

1 “Iyi ndiyo mirayiro yaunofanira kumisa pamberi pavo:
ထာဝရဘုရားကလည်း၊ သင်သည် ဣသရေလ အမျိုးသားတို့၌ စီရင် ရသော ဓမ္မသတ် ဟူမူကား၊
2 “Kana ukatenga muranda wechiHebheru, anofanira kukushandira kwamakore matanhatu. Asi mugore rechinomwe, anofanira kusunungurwa aende, asina chinhu chaanoripa.
ဟေဗြဲ အမျိုးဖြစ်သောကျွန် ကို ဝယ် လျှင် ၊ ခြောက် နှစ် သာ အစေ ကျွန်ခံစေရမည်။ သတ္တမ နှစ်ရောက် သော်၊ ကိုယ်ဘိုးကို မ တောင်းဘဲ လွှတ် ရမည်။
3 Kana akauya ari oga, anofanira kusunungurwa aende ari oga; asi kana ano mukadzi pakuuya kwake, anofanira kuenda nomukadzi wake.
ကျွန်ခံစက တယောက် တည်းခံလျှင် ၊ တယောက် တည်းထွက် ရမည်။ လင် မယား နှစ်ယောက်ခံလျှင် ၊ မယား နှင့်တကွ ထွက် စေရမည်။
4 Kana tenzi wake akamupa mukadzi uye akamuberekera vanakomana kana vanasikana, mukadzi navana vake vachava vatenzi wake, uye murume chete ndiye achasunungurwa kuti aende hake.
သို့မဟုတ်သခင် ပေးစား သောမယား ရှိ၍ ထိုမယားသည် သား သမီး ကို ဘွားမြင် လျှင် ၊ မယား နှင့် သားသမီး တို့ကို သခင် ပိုင် ရမည်။ ကျွန်မူကား၊ တ ယောက်တည်းထွက် ရမည်။
5 “Asi muranda akati, ‘Ndinoda tenzi wangu, mukadzi wangu navana vangu asi handisi kuda kusunungurwa,’
သို့မဟုတ် ကျွန် က၊ ကျွန်တော် သခင် နှင့် မယား သားသမီး တို့ကို ကျွန်တော်ချစ် ပါ၏။ မ ထွက် မသွားလိုပါ ဟု အတည့်အလင်းပြောဆို လျှင် ၊
6 ipapo tenzi wake anofanira kuenda naye pamberi pavatongi. Achaenda naye pamukova kana pagwatidziro romukova agomuboora nzeve yake norunji. Ipapo achava muranda wake kwoupenyu hwake hwose.
သခင် သည် ဘုရား သခင်ရှေ့ တော်သို့၎င်း၊ အိမ်တံခါး တိုင် သို့ ၎င်း ဆောင် ယူ၍ ၊ နားရွက် ကို စူး ဖြင့် ဖောက် ပြီးမှ ၊ ထိုကျွန်သည် အစဉ် အမြဲကျွန် ခံရမည်။
7 “Kana munhu akatengesa mwanasikana wake kuti ave murandakadzi, iyeye haafaniri kusunungurwa kuti aende sezvinoita varandarume.
အဘ သည် သမီး ကို ကျွန် ခံစေခြင်းငှာ ရောင်း လျှင် ထိုမိန်းမသည် ကျွန် ယောက်ျားကဲ့သို့ လွတ် ရသည် မဟုတ်။
8 Kana asingafadzi tenzi akamusarudza kuti ave wake, anofanira kumurega kuti adzikinurwe. Haana mvumo yokumutengesa kuvatorwa, nokuti aputsa chitenderano naye.
သခင် သည် ထိုမိန်းမ ကို သိမ်းယူ၍ မကြိုက် လျှင် ၊ ရွေး စေခြင်းငှာ အခွင့်ပေးရမည်။ သူ့ ကို လှည့်ဖြား မိ သောကြောင့် ၊ တပါးအမျိုးသား တို့သို့ ရောင်း ချပိုင်သောအခွင့် မရှိ။
9 Kana akamusarudzira mwanakomana wake, anofanira kumupa kodzero dzomwanasikana.
မိမိ သား ၌ ပေးစား လျှင် မူကား ၊ သမီး ကဲ့သို့ ပြုစု ရမည်။
10 Kana akawana mumwe mukadzi, haafaniri kunyima mukadzi wokutanga zvokudya, nguo kana kodzero dzake dzokuwanikwa.
၁၀အခြား မိန်းမကို သိမ်း ပြန်လျှင် ၊ အရင်သိမ်းသော မိန်းမ ၏ အဝတ် အစား နှင့် မယား ဝတ်ကို မ လျှော့ ရ။
11 Kana asingamupi zvinhu zvitatu izvi, anofanira kuenda akasununguka pasina kana mari yaanoripa.
၁၁ထို သုံး ပါးကို မ ပြု လျှင် ၊ ကိုယ်ဘိုး ကို မ တောင်းဘဲ လွှတ် ရမည်။
12 “Ani naani anorova munhu uye akamuuraya, zvirokwazvo naiye achaurayiwa.
၁၂လူ ကို အသေ သတ် သောသူသည် အသေ သတ်ခြင်းကို အမှန်ခံရမည်။
13 Kunyange zvakadaro hazvo, kana asingazviiti nobwoni, asi Mwari atendera kuti zviitike, iye anofanira kutizira kunzvimbo yandichatsaura.
၁၃အသေသတ်မည် အကြံ မ ရှိဘဲ၊ သူ ၏လက် ၌ လူအသက်ကို ဘုရား သခင်အပ် တော်မူလျှင်၊ ပြေး ရသောအရပ် ကို ငါခန့် ထားမည်။
14 Asi kana munhu akaronga uye akauraya mumwe munhu nobwoni, mumubvise paaritari yangu uye mumuuraye.
၁၄အိမ်နီးချင်း ကိုသတ် မည် အကြံ ရှိ၍ အနိုင်တိုက်သောသူ ကိုကား ၊ ငါ့ ယဇ် ပလ္လင်၌ ခိုလှုံသော်လည်း၊ ဆွဲယူ ၍ သတ် ရမည်။
15 “Ani naani anorova baba vake kana mai vake anofanira kuurayiwa.
၁၅မိ ဘ ကို အသေသတ် သောသူသည်၊ အသေသတ် ခြင်းကို အမှန်ခံရမည်။
16 “Ani naani anoba mumwe munhu uye akamutengesa kana kuti akawanikwa achinaye paanenge abatwa, anofanira kuurayiwa.
၁၆လူကို ခိုး သောသူသည်၊ ရောင်း သည်ဖြစ်စေ ၊ သူ ၏လက် ၌ ရှိသည်ဖြစ်စေ၊ အသေသတ် ခြင်းကို အမှန်ခံရမည်။
17 “Ani naani anotuka baba vake kana mai vake anofanira kuurayiwa.
၁၇မိ ဘ ကို ကျိန်ဆဲ သောသူသည် အသေသတ် ခြင်းကို အမှန်ခံရမည်။
18 “Kana vanhu vakakakavadzana uye mumwe akarova mumwe nebwe kana nechibhakera chake uye akasafa asi akavata panhoo,
၁၈လူ ချင်းခိုက်ရန် ပြု၍ တယောက် သည် ကျောက်ခဲ နှင့် ထု သည်ဖြစ်စေ၊ လက်သီး နှင့် ထိုးသည်ဖြစ်စေ၊ အရိုက်ခံရသောသူသည် မ သေ သော်လည်း ၊ အိပ်ရာ ၌ တုံးလုံးနေ ရလျှင်၎င်း၊
19 munhu arova haazobatwi nemhosva kana mumwe wacho akamuka akafamba-famba kunze nomudonzvo wake; kunyange zvakadaro hazvo, anofanira kuripa munhu akakuvara nokuda kwokurasikirwa kwake nenguva yake uye aone kuti apora zvachose.
၁၉တဖန်ထ ၍ တောင်ဝေး နှင့် သွား လျှင် ၎င်း၊ ရိုက်သောသူကို အပြစ် လွှတ် ရမည်။ သို့ရာတွင် နာသောသူသည် အလုပ်ပျက်ရသည်အတွက်၊ အနာ ပျောက်စေခြင်းငှါ ကုသ ရသည်အတွက်၊ ငွေကို လျော် ရမည်။
20 “Kana munhu akarova murandarume wake kana murandakadzi netsvimbo uye muranda akafa nokuda kwokurohwa, anofanira kurangwa,
၂၀သခင်သည် ကျွန် ယောက်ျားကျွန် မိန်းမကို ဒုတ် နှင့် ရိုက် ၍ ထိုကျွန်သေ လျှင် ၊ သခင်သည် လေးသော ဒဏ် ကိုခံ ရမည်။
21 asi haafaniri kurangwa kana muranda akamuka shure kwezuva rimwe chete kana maviri, sezvo muranda ari mudziyo wake.
၂၁သို့ရာတွင် ကျွန်သည် တရက် နှစ်ရက် နာ၍ မသေဘဲနေ လျှင် ၊ သခင်သည် ထိုကျွန်ကို ပိုင် သောကြောင့် ဒဏ် နှင့် လွတ်ရမည်။
22 “Kana varume vachirwa vakarova mukadzi ane mimba uye akabereka gavamwedzi asi asina kukuvara zvakanyanya, nyakupara mhosva anofanira kuripiswa zvose zvazvo zvinodiwa nomurume wacho uye zvinobvumirwa nedare remhosva.
၂၂လူ ချင်းခိုက်ရန် ပြုကြ၍ ၊ ကိုယ်ဝန် ဆောင်သော မိန်းမ ကို ထိခိုက် သဖြင့် ကိုယ်ဝန် ပျက်၍ အခြားသော အနာ မ ဖြစ် လျှင် ၊ မိန်းမ လင် စီရင် သည်အတိုင်း ဒဏ် ခံရမည်။ မင်း စီရင်သည်အတိုင်းလည်း ငွေကို လျော် ရမည်။
23 Asi kana pane kukuvara kwakaipisisa, unofanira kutora upenyu noupenyu,
၂၃အခြားသော အနာ ဖြစ်လျှင် ၊ အသက် အတွက် အသက် ကို၎င်း၊
24 ziso neziso, zino nezino, ruoko noruoko, tsoka netsoka,
၂၄မျက်စိ အတွက် မျက်စိ ကို၎င်း၊ သွား အတွက် သွား ကို၎င်း၊ လက် အတွက် လက် ကို၎င်း၊ ခြေ အတွက် ခြေ ကို၎င်း၊
25 kutsva nokutsva, ronda neronda, vanga nevanga.
၂၅မီး လောင်ခြင်းအတွက် မီး လောင်ခြင်းကို၎င်း၊ ရှန ခြင်းအတွက် ရှန ခြင်းကို၎င်း၊ ဒဏ်ချက် ရာအတွက် ဒဏ်ချက် ရာကို၎င်း ခံ ရမည်။
26 “Kana munhu akarova murandarume kana murandakadzi paziso uye akariparadza, anofanira kurega muranda achienda akasununguka kuti atsive ziso rake.
၂၆သခင် သည် ကျွန် ယောက်ျား ကျွန် မိန်းမ၏ မျက်စိ ကို ပျက် အောင်ရိုက် လျှင် ၊ မျက်စိ ပျက်သည်အတွက် လွှတ် ရမည်။
27 Uye kana akabvisa zino romurandarume kana romurandakadzi, anofanira kurega muranda aende akasununguka kuti atsive zino rake.
၂၇ထိုအတူ ကျွန် ယောက်ျား ကျွန် မိန်းမ၏ သွား ကို ကျိုး အောင်ရိုက်လျှင်၊ သွား ကျိုးသည်အတွက် လွှတ် ရမည်။
28 “Kana hando ikatunga murume kana mukadzi akafa, hando iyoyo inofanira kutakwa namabwe kusvika yafa, uye nyama yayo haifaniri kudyiwa.
၂၈နွား သည် လူယောက်ျား မိန်းမ ကို ခွေ့ ၍ လူသေ လျှင် ၊ စင်စစ်ထိုနွား ကို ကျောက်ခဲနှင့် ပစ် ၍ သတ်ရမည်။ အသား ကိုလည်း မ စား ရ။ နွား ရှင် ကိုကား ၊ အပြစ်လွှတ် ရမည်။
29 Kunyange zvakadaro hazvo, kana hando yanga ine tsika yokutunga uye muridzi wayo akamboyambirwa hake asi akasaipfigira mudanga uye ikauraya murume kana mukadzi, hando iyo inofanira kutakwa namabwe uyewo muridzi wayo anofanira kuurayiwa.
၂၉၎င်းနည်း နွား သည် အထက် က ခွေ့ ဘူး၍ ၊ ခွေ့ကြောင်းကို နွားရှင် ကြား သိလျက် မ ချည် မနှောင် အလွတ်ထား၍၊ နွားသည် ယောက်ျား မိန်းမ ကို သတ် မိလျှင် ၊ ထိုနွား ကို ကျောက်ခဲနှင့် ပစ် သတ်ရမည်။ နွား ရှင် ကိုလည်း အသေ သတ်ရမည်။
30 Kunyange zvakadaro hazvo, kana pachidikanwa muripo unobva kwaari angadzikinura hake upenyu hwake nokuripa zvose zvazvo zvinodikanwa.
၃၀သို့မဟုတ်ငွေ လျော်စေဟု စီရင် လျှင် ၊ စီရင် သည်အတိုင်း မိမိ အသက် ရွေး ရန် အဘိုးကို လျော် ရမည်။
31 Murayiro uyu unobatawo kana hando iyi yatunga mwanakomana kana mwanasikana.
၃၁သူတပါး၏ သား သမီး ကို ခွေ့ လျှင် ၊ စီရင် သည်အတိုင်း ခံ ရမည်။
32 Kana hando ikatunga murandarume kana murandakadzi, muridzi wayo anofanira kuripa mashekeri esirivha makumi matatu kuna tenzi womuranda, uye hando inofanira kutakwa namabwe.
၃၂ကျွန် ယောက်ျားကျွန် မိန်းမကို ခွေ့ လျှင် မူကား၊ နွားရှင်သည် ကျွန် ရှင် အား ငွေ အကျပ် သုံးဆယ် ကို လျော် ရမည်။ နွား ကိုလည်း ကျောက်ခဲနှင့် ပစ် သတ်ရမည်။
33 “Kana munhu akafukunura gomba kana kuchera rimwe gomba uye akarega kurifushira uye nzombe kana mbongoro ikawira mariri,
၃၃လူ သည် တွင်း ကို ဖွင့် ၍ ထားသည်ဖြစ်စေ ၊ တွင်း ကိုတူး ၍ မ ပိတ် ဘဲ ထားသည်ဖြစ်စေ၊ သူတပါး၏ မြင်း ၊ နွား သည် ထို တွင်း၌ ကျ လျှင်၊
34 muridzi wegomba anofanira kuripa kurasikirwa uku; anofanira kuripira muridzi wayo, uye chipfuwo chafa chichava chake.
၃၄တွင်း ရှင် သည် မြင်း၊ နွားအဘိုး ကို လျော် ၍ အသေ ကောင်ကို ယူ ရမည်။
35 “Kana hando yomumwe munhu ikakuvadza hando yomumwe uye ikafa, vanofanira kutengesa mhenyu yacho vagogovana zvakaenzana mari yacho vari vaviri, uye nemombe yakafawo.
၃၅အကြင် သူ၏ နွား သည်၊ သူတပါး ၏ နွား ကို အသေ ခွေ့လျှင်၊ နွားရှင်နှစ်ဦးတို့သည်၊ အသက်ရှင် သော နွား ကို ရောင်း ၍ အဘိုး ကို ဝေ ယူရမည်။ သေ သောနွားကိုလည်း ဝေ ယူရမည်။
36 Kunyange zvakadaro, kana zvakanga zvichizivikanwa kuti hando iyi yagara ine tsika yokutunga, asi muridzi akasaipfigira mudanga, muridzi anofanira kuripa chipfuwo nechipfuwo, uye chipfuwo chafa chichava chake.
၃၆၎င်း နည်းနွားသည် အထက် က ခွေ့ ဘူးကြောင်းကို ၊ နွား ရှင် သိ လျက်နှင့် မ ချည် မနှောင် အလွတ် ထားလျှင်၊ နွားသေ ကောင်ကို ကိုယ်တိုင် ယူ ရမည်။ ထိုနွား တကောင်အတွက် တ ကောင်ကို အမှန်လျော် ရမည်။

< Ekisodho 21 >