< Dhuteronomi 4 >

1 Teererai zvino, imi vaIsraeri, mitemo nemirayiro yandava kukudzidzisai. Muitevere kuti murarame uye mugopinda mugotora nyika iyo munopiwa naJehovha, Mwari wamadzibaba enyu.
ထို့​နောက်​မော​ရှေ​က​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား``သင်​တို့​အား​ငါ​သွန်​သင်​သော​ပညတ် တို့​ကို​လိုက်​နာ​လျှင် သင်​တို့​သည်​အ​သက်​ရှင်​၍ သင်​တို့​ဘိုး​ဘေး​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား ပေး​တော်​မူ​မည့်​ပြည်​ကို​လည်း​သိမ်း ပိုက်​ရ​ရှိ​ကြ​လိမ့်​မည်။-
2 Musawedzera kana kutapudza kubva pane zvandinokurayirai, asi chengetai mirayiro yaJehovha Mwari wenyu yandinokupai.
သင်​တို့​သည်​ငါ​မိန့်​မှာ​သ​မျှ​ကို​ဖြည့်​စွက် ခြင်း၊ နုတ်​ပယ်​ခြင်း​မ​ပြု​ရ။ သင်​တို့​အား​ငါ ပေး​သော သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​ပ​ညတ်​တော်​တို့​ကို​လိုက်​နာ ကြ​လော့။-
3 Makaona nameso enyu zvakaitwa naJehovha paBhaari Peori, Jehovha Mwari wenyu akaparadza mumwe nomumwe pakati penyu aitevera Bhaari Peori.
ပေ​ဂု​ရ​တောင်​တွင်​ထာ​ဝ​ရ​ဘု​ရား​ပြု​တော် မူ​သော​အ​မှု​ကို သင်​တို့​ကိုယ်​တိုင်​မြင်​ခဲ့​ရ ကြ​ပြီ။ ထို​အ​ရပ်​တွင်​ထာ​ဝ​ရ​ဘု​ရား​သည် ဗာ​လ​ဘု​ရား​ကို​ဝတ်​ပြု​သူ​မှန်​သ​မျှ အား​သေ​ကြေ​ပျက်​စီး​စေ​၍၊-
4 Asi imi mose makanamatira pana Jehovha Mwari wenyu muchiri vapenyu nhasi.
ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​ကိုး​ကွယ် သော​သင်​တို့​ကို​မူ ယ​နေ့​တိုင်​အောင်​အ​သက် ရှင်​စေ​တော်​မူ​၏။''
5 Tarirai, ndakudzidzisai mitemo nemirayiro sezvandakarayirwa naJehovha Mwari wangu, kuti muitevere munyika yamuri kupinda kuti muitore ive yenyu.
``ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း ငါ​သည်​ပ​ညတ် တော်​အား​လုံး​ကို​သင်​တို့​အား​သွန်​သင်​ခဲ့ ပြီ။ သင်​တို့​တိုက်​ခိုက်​၍​သိမ်း​ပိုက်​နေ​ထိုင်​မည့် ပြည်​တွင် ထို​ပညတ်​တော်​တို့​ကို​လိုက်​နာ​ကြ လော့။-
6 Muichengete zvakanaka, nokuti izvi zvicharatidza uchenjeri nokunzwisisa kwenyu kundudzi dzichanzwa pamusoro pemitemo iyi yose uye vachati, “Zvirokwazvo rudzi urwu rukuru, vanhu vakachenjera uye vanonzwisisa.”
သင်​တို့​သည်​ထို​ပညတ်​တော်​တို့​ကို​တစ်​သ​ဝေ မ​တိမ်း​လိုက်​နာ​စောင့်​ထိန်း​ကြ​လျှင် အ​ခြား သော​လူ​မျိုး​များ​ရှေ့​တွင်​သင်​တို့​၏၊ ဉာဏ်​ပညာ ပေါ်​လွင်​ထင်​ရှား​လိမ့်​မည်။ သူ​တို့​သည်​ထို ပ​ညတ်​တော်​ရှိ​သ​မျှ​ကို​ကြား​ရ​သော​အ​ခါ `ဤ​လူ​မျိုး​သည်​ဉာဏ်​ပညာ​အ​မြော်​အ​မြင် နှင့်​ပြည့်​စုံ​သော​လူ​မျိုး​ကြီး​ဖြစ်​ပါ​သည် တ​ကား' ဟု​ချီး​ကူး​ကြ​လိမ့်​မည်။''
7 Ndorupi rumwe rudzi rukuru runa vamwari varwo vari pedyo navo saJehovha Mwari wedu ari pedyo nesu nguva ipi neipi zvayo yatinonyengetera kwaari?
``ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် ငါ​တို့​အ​ကူ​အ​ညီ​လို​သည့်​အ​ခါ​တိုင်း ငါ​တို့​အ​နား​တွင်​ရှိ​တော်​မူ​၏။ ဤ​ကဲ့​သို့ သော​ဘု​ရား​ကို​ကိုး​ကွယ်​သည့်​လူ​မျိုး​ကြီး ရှိ​သေး​သ​လော။-
8 Uye ndorupiko rudzi rukuru rune mitemo nemirayiro yakarurama semirayiro iyi yandiri kuisa pamberi penyu nhasi?
ယ​နေ့​သင်​တို့​အား​ငါ​သွန်​သင်​သော​ပညတ် တော်​များ​ကဲ့​သို့ တ​ရား​မျှ​တ​သော​ပ​ညတ် များ​ကို​ရ​သော​လူ​မျိုး​ကြီး​ရှိ​သေး သ​လော။-
9 Asi zvichenjererei, mugonyatsozvichengetedza kuitira kuti murege kukanganwa zvinhu zvakaonekwa nameso enyu kana kuzvirega zvichibuda mumwoyo menyu mazuva ose oupenyu hwenyu. Muzvidzidzise nokuvana venyu.
သင်​တို့​သည်​သ​တိ​ရှိ​ကြ​လော့။ သင်​တို့​ကိုယ် တိုင်​မြင်​ခဲ့​သ​မျှ​တို့​ကို တစ်​သက်​လုံး​မ​မေ့ စေ​ရန်​သ​တိ​ပြု​ကြ​လော့။-
10 Murangarire zuva ramakamira pamberi paJehovha Mwari wenyu paHorebhi, paakati kwandiri, “Unganidza vanhu pamberi pangu kuti vanzwe mashoko angu vagodzidza kunditya mazuva ose avachagara panyika uye kuti vagozoadzidzisa kuvana vavo.”
၁၀သိ​နာ​တောင်​တွင်​သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​၌ သင်​တို့​ရောက်​ရှိ နေ​ကြ​စဉ်​ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား`လူ အ​ပေါင်း​တို့​ကို​စု​ဝေး​စေ​လော့။ ငါ​မိန့်​မှာ တော်​မူ​သ​မျှ​ကို​ကြား​နာ​စေ​လော့။ သို့​မှ သာ​သူ​တို့​အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ် လုံး ငါ့​ကို​ကြောက်​ရွံ့​ရို​သေ​မည်။ သူ​တို့​သွန် သင်​သ​ဖြင့်​သူ​တို့​၏​သား​သ​မီး​များ​လည်း ငါ့​ကို​ကြောက်​ရွံ့​ရို​သေ​မည်' ဟူ​၍​ငါ့​အား မိန့်​တော်​မူ​သည့်​အ​ကြောင်း​ကို သင်​တို့​၏ သား​မြေး​တို့​အား​သွန်​သင်​လော့။''
11 Makaswedera mukamira pajinga pegomo, gomo paraipfuta nomoto waisvika kumatenga chaiko, pamwe chete nemakore matema nerima guru.
၁၁``သင်​တို့​သည်​မည်း​မှောင်​၍​ထူ​ထပ်​သော​တိမ် ဖုံး​လျက် မိုး​ကောင်း​ကင်​သို့​တိုင်​အောင် မီး​လျှံ တက်​နေ​သည့်​တောင်​ခြေ​ရင်း​သို့​ချဉ်း​ကပ်​၍ ရပ်​နေ​ကြ​ကြောင်း​ကို​လည်း​ကောင်း၊-
12 Ipapo Jehovha akataura kwamuri ari mukati memoto. Makanzwa inzwi chete asi hamuna kuona kuti ndiani; kwaingova nenzwi roga.
၁၂သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ပုံ​သဏ္ဌာန် တော်​ကို​မ​မြင်​ရ​သော်​လည်း မီး​ထဲ​မှ​ကိုယ် တော်​မိန့်​တော်​မူ​သံ​ကို​ကြား​ရ​ကြ​ကြောင်း ကို​လည်း​ကောင်း သား​သ​မီး​တို့​အား​ပြော ပြ​လော့။-
13 Akataura sungano yake kwamuri, Mirayiro Gumi, yaakakurayirai kuti muitevere uye ipapo akainyora pamahwendefa maviri amabwe.
၁၃ထာ​ဝ​ရ​ဘု​ရား​က​သင်​တို့​နှင့်​ပြု​သော​ပ​ဋိ ညာဉ်​တည်း​ဟူ​သော ပ​ညတ်​တော်​ဆယ်​ပါး​ကို လိုက်​နာ​ရ​မည့်​အ​ကြောင်း​မိန့်​မြွက်​တော်​မူ​၏။ ယင်း​ပညတ်​တော်​များ​ကို​ကျောက်​ပြား​နှစ် ပြား​ပေါ်​တွင်​ရေး​ထား​တော်​မူ​၏။-
14 Zvino Jehovha akanditungamirira panguva iyo kuti ndikudzidzisei mitemo nemirayiro yamunofanira kundotevera munyika iyo yamunoyambukira Jorodhani kuti ive yenyu.
၁၄သင်​တို့​ဝင်​ရောက်​သိမ်း​ပိုက်​မည့်​ပြည်​တွင်​သင် တို့​စောင့်​ထိန်း​ရ​မည့်​ပ​ညတ်​များ​ကို သင်​တို့ အား​သွန်​သင်​ရန်​ငါ့​ကို​မိန့်​မှာ​တော်​မူ​၏။''
15 Nokuti hamuna kuona zvaakanga akaita nezuva iro Jehovha akataura kwamuri paHorebhi ari mumoto. Naizvozvo zvichenjererei zvikuru,
၁၅``ထာ​ဝ​ရ​ဘု​ရား​သည်​သိနာ​တောင်​ပေါ်​တွင် မီး​ထဲ​က​သင်​တို့​အား​မိန့်​မြွက်​တော်​မူ​သော အ​ခါ​၌ သင်​တို့​သည်​ကိုယ်​တော်​၏​ပုံ​သဏ္ဌာန် တော်​ကို​လုံး​ဝ​မ​မြင်​ရ​ကြ။ သို့​ဖြစ်​၍​သင် တို့​သည်​ယောကျာ်း​သို့​မ​ဟုတ်​မိန်း​မ​သဏ္ဌာန်၊ တိရစ္ဆာန်​သို့​မ​ဟုတ်​ငှက်​သဏ္ဌာန်၊ တွား​တတ်​သော သတ္တဝါ​သို့​မ​ဟုတ်​ငါး​သဏ္ဌာန်​နှင့်​တူ​သော ရုပ်​တု​ကို​ထု​လုပ်​၍​အ​ပြစ်​မ​ပြု​မိ​စေ ရန်​အ​ထူး​သ​တိ​ပြု​ကြ​လော့။-
16 kuitira kuti murege kuzvisvibisa muchizvigadzirira chifananidzo, chifananidzo chechinhu chipi zvacho, chingava chakaitwa somurume kana somukadzi,
၁၆
17 kana semhuka ipi zvayo panyika kana seshiri ipi zvayo inobhururuka mudenga,
၁၇
18 kana sechisikwa chipi zvacho chinofamba pasi kana hove ipi zvayo iri pasi mumvura.
၁၈
19 Uye kuti kana muchitarisa kudenga mukaona zuva, nomwedzi nenyeredzi, zvose zviri kudenga, musatsauswa kuti muzvipfugamire nokunamata zvinhu izvo Jehovha Mwari wenyu akagovera ndudzi dzose dziri pasi pedenga.
၁၉မိုး​ကောင်း​ကင်​တွင်​မြင်​ရ​သော​နေ၊ လ​နှင့် ကြယ်​နက္ခတ်​စ​သည်​များ​ကို​လည်း​ဝတ်​မ​ပြု၊ မ​ကိုး​ကွယ်​မိ​စေ​ရန်​သ​တိ​ပြု​ကြ​လော့။ ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည်​အ​ခြား​လူ​မျိုး​အ​ပေါင်း​တို့​အား ထို အ​ရာ​များ​ကို​ကိုး​ကွယ်​ခွင့်​ပေး​တော်​မူ​၏။-
20 Asi kana muri imi, Jehovha akakutorai akakubudisai muchoto chamatare, akakubudisai muIjipiti, kuti muve vanhu venhaka yake, sezvamuri nhasi.
၂၀သင်​တို့​သည်​ကား​မီး​ပြင်း​ဖို​သ​ဖွယ်​ဖြစ် သော​အီ​ဂျစ်​ပြည်​ထဲ​မှ ထာ​ဝ​ရ​ဘု​ရား​ထုတ် ဆောင်​ခဲ့​သော​လူ​မျိုး​ဖြစ်​၏။ ကိုယ်​တော်​၏​လူ မျိုး​တော်​ဖြစ်​စေ​ရန် သင်​တို့​ကို​ထုတ်​ဆောင်​ခဲ့ တော်​မူ​၏။ သို့​ဖြစ်​၍​သင်​တို့​သည်​ကိုယ်​တော် ၏​လူ​မျိုး​တော်​အ​ဖြစ် ယ​နေ့​ရပ်​တည်​လျက် ရှိ​ကြ​သည်။-
21 Jehovha akanditsamwira nokuda kwenyu, akapika kuti handingayambuki Jorodhani nokupinda munyika yakanaka iyo munopiwa naJehovha Mwari wenyu kuti ive nhaka yenyu.
၂၁ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အ​တွက်​ကြောင့်​ငါ့​အား​အ​မျက်​တော် ထွက်​၍ ငါ​သည်​ယော်​ဒန်​မြစ်​တစ်​ဘက်​သို့​ကူး ၍ သင်​တို့​အား​ပေး​သ​နား​တော်​မူ​သည့်​အ​စာ ရေ​စာ​ပေါ​ကြွယ်​ဝ​သော​ပြည်​သို့ မ​ဝင်​ရ​ဟု အ​လေး​အ​နက်​ပညတ်​တော်​မူ​သည်။
22 Ini ndichafira munyika ino; handichayambuki Jorodhani; asi imi mava kuzoyambuka nokutora nyika yakanaka.
၂၂ငါ​သည်​ဤ​အ​ရပ်​၌​သေ​ရ​မည်။ ယော်​ဒန်​မြစ် တစ်​ဘက်​သို့​ကူး​ရ​မည်​မ​ဟုတ်။ သို့​ရာ​တွင် သင်​တို့​သည်​မြစ်​ကို​ကူး​၍ အ​စာ​ရေ​စာ​ပေါ ကြွယ်​ဝ​သော​ပြည်​ကို​သိမ်း​ယူ​ရ​ကြ​တော့​မည်။-
23 Muzvichenjerere kuti murege kukanganwa sungano yaJehovha Mwari wenyu yaakaita nemi; musazviitira chifananidzo chorudzi rwechinhu chipi zvakadziviswa naJehovha Mwari wenyu.
၂၃သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က သင်​တို့​နှင့်​ပြု​ထား​သော​ပ​ဋိ​ညာဉ်​ကို​မ​မေ့ ရန်​သတိ​ပြု​လော့။ သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် မီး​လျှံ​နှင့်​တူ​သော ဘု​ရား၊ ပြိုင်​ဘက်​ကို​လုံး​ဝ​လက်​မ​ခံ​သော ဘု​ရား​ဖြစ်​သော​ကြောင့် ကိုး​ကွယ်​ရန်​အ​တွက် မည်​သည့်​ရုပ်​တု​ကို​မျှ​မ​ထု​လုပ်​နှင့်​ဟူ​သော ပ​ညတ်​ကို​စောင့်​ထိန်း​ကြ​လော့။''
24 Nokuti Jehovha Mwari wenyu moto unoparadza, ndiMwari ane godo.
၂၄
25 Mushure mokunge mava navana navazukuru uye magara nguva refu munyika, kana mukazvishatisa nokugadzira chifananidzo chorudzi rupi zvarwo, mukaita zvakaipa pamberi paJehovha Mwari wenyu muchimuita kuti atsamwe,
၂၅``သင်​တို့​သည်​ထို​ပြည်​တွင်​ကြာ​မြင့်​စွာ​နေ​ထိုင်​၍ သား​မြေး​များ​ရ​သည်​အ​ထိ​ပင်​လျှင် ထာ​ဝ​ရ ဘု​ရား​ကို​မ​ပြစ်​မှား​မိ​စေ​ရန်​ရုပ်​တု​ကို​ထု လုပ်​၍​မ​ကိုး​ကွယ်​နှင့်။ ရုပ်​တု​ထု​လုပ်​ကိုး​ကွယ် ခြင်း​သည်​မှား​ယွင်း​မှု​ဖြစ်​သော​ကြောင့် ထာ​ဝ​ရ ဘု​ရား​အား​အ​မျက်​ထွက်​စေ​တော်​မူ​လိမ့်​မည်။-
26 ndinodana denga napasi sezvapupu pamusoro penyu nhasi, kuti muchakurumidza kuparara kubva panyika yamuri kuyambukira Jorodhani kuti ive yenyu. Hamungagarimo nguva refu asi muchaparadzwa zvirokwazvo.
၂၆ထို​သို့​မှား​ယွင်း​လျှင်​သင်​တို့​အ​မျိုး​သည် ထို ပြည်​မှ​မ​ကြာ​မီ​တိမ်​ကော​ပျောက်​ကွယ်​ရ လိမ့်​မည်​ဟု ငါ​သည်​မိုး​ကောင်း​ကင်​နှင့်​မြေ ကြီး​ကို​တိုင်​တည်​လျက်​ကျိန်​ဆို​၏။ သင်​တို့ သည်​ယော်ဒန်​မြစ်​ကို​ကူး​၍​သိမ်း​ပိုက်​မည့်​ပြည် တွင် ကြာ​ရှည်​စွာ​မ​နေ​ထိုင်​ရ​ဘဲ​တစ်​မျိုး လုံး​ပျက်​စီး​ပျောက်​ကွယ်​သွား​လိမ့်​မည်။-
27 Jehovha achakuparadzirai pakati pamarudzi, uye vashoma venyu chete ndivo vachapona pakati pendudzi uko kwamuchadzingirwa naJehovha.
၂၇ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​နိုင်​ငံ​အ​နှံ့ အ​ပြား​တွင်​ကွဲ​လွင့်​နေ​ထိုင်​စေ​တော်​မူ​လိမ့် မည်။ ထို​နိုင်​ငံ​တွင် သင်​တို့​၏​လူ​ဦး​ရေ​အ​နည်း ငယ်​မျှ​သာ​ကျန်​ကြွင်း​လိမ့်​မည်။-
28 Ikoko muchanamata vamwari vakaitwa navanhu, vamatanda navamabwe, vasingagoni kana kunzwa kana kudya kana kunhuhwidza.
၂၈ထို​အ​ခါ​သင်​တို့​သည်​လူ့​လက်​ဖြင့်​လုပ်​၍ မ​မြင် နိုင်၊ မ​ကြား​နိုင်၊ မ​စား​နိုင်၊ အ​နံ့​မ​ခံ​နိုင်​သော သစ်​သား​ဘု​ရား၊ ကျောက်​ဘု​ရား​တို့​ကို​ဝတ် ပြု​ကိုး​ကွယ်​ကြ​လိမ့်​မည်။-
29 Asi kana mava ikoko mukatsvaka Jehovha Mwari wenyu, muchamuwana kana mukamutsvaka nomwoyo wenyu wose nomweya wenyu wose.
၂၉သို့​ရာ​တွင်​သင်​တို့​သည် ထို​နိုင်​ငံ​များ​၌​သင် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​ရှာ ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို​အ​စွမ်း ရှိ​သ​မျှ​နှင့်​ရှာ​လျှင်​တွေ့​လိမ့်​မည်။-
30 Kana muchinge matambudzika uye zvinhu zvose izvi zvaitika kwamuri, ipapo pamazuva achatevera muchadzoka kuna Jehovha Mwari wenyu mugomuteerera.
၃၀သင်​တို့​သည်​ဆင်း​ရဲ​ဒုက္ခ​ခံ​ရ​၍​ဖော်​ပြ​ခဲ့ သော​အ​ခြေ​အ​နေ​သို့​ဆိုက်​ရောက်​လာ​သော အ​ခါ ထာ​ဝ​ရ​ဘု​ရား​အား​ဆည်း​ကပ်​၍ အ​မိန့်​တော်​ကို​နာ​ခံ​ကြ​လိမ့်​မည်။-
31 Nokuti Jehovha Mwari wenyu ndiMwari ane ngoni, haangakusiyei kana kukuparadzai, kana kukanganwa sungano yamadzibaba enyu, yaakasimbisa kwavari nemhiko.
၃၁ထာ​ဝ​ရ​ဘု​ရား​သည် သ​နား​ကြင်​နာ​တတ် သော​ဘု​ရား​ဖြစ်​၏။ သင်​တို့​ကို​စွန့်​ပစ်​ဖျက် ဆီး​တော်​မူ​မည်​မ​ဟုတ်။ သင်​တို့​၏​ဘိုး​ဘေး တို့​နှင့်​ကိုယ်​တော်​တိုင်​ပြု​တော်​မူ​သော​ပ​ဋိ ညာဉ်​ကို​လည်း​မေ့​တော်​မူ​မည်​မ​ဟုတ်။''
32 Bvunzai zvino pamusoro pamazuva akapfuura kare imi musati mavapo, kubva nezuva iro Mwari akasika munhu panyika; bvunzai kubva kuno rumwe rutivi rwedenga kusvikira kuno rumwe. Kune chinhu chakamboitika chakakura seichi here, kana chimwe chakafanana nacho chakambonzwika?
၃၂``ဘု​ရား​သ​ခင်​သည်​ကမ္ဘာ​ပေါ်​တွင် လူ​ကို​ဖန်​ဆင်း သော​အ​ချိန်​မှ​အ​စ​ပြု​၍​သင်​တို့​မ​ဖွား​မြင် မီ​အ​တိတ်​ကာ​လ​အ​တွင်း​ကမ္ဘာ​လော​က​တစ်​ဝန်း လုံး​တွင် ဤ​မျှ​လောက်​အံ့​သြ​ဖွယ်​သော​အ​မှု​ကြီး ဖြစ်​ပျက်​ဖူး​ပါ​သ​လော။ ယင်း​ကဲ့​သို့​သော​အ​မှု ကြီး​၏​သ​တင်း​ကို​ကြား​ဖူး​ပါ​သ​လော။ စူး စမ်း​ရှာ​ဖွေ​ကြည့်​လော့။-
33 Kune vamwe vanhu vakambonzwa inzwi raMwari achitaura ari mukati momoto here, sezvamakanzwa imi uye vakararama?
၃၃မီး​ထဲ​မှ​ဘု​ရား​မိန့်​တော်​မူ​သံ​ကို​သင်​တို့ ကြား​သ​ကဲ့​သို့​သူ​တို့​ကြား​၍ အ​သက်​ချမ်း သာ​ရ​ခဲ့​ဖူး​သော​အ​ခြား​လူ​မျိုး​ရှိ​ပါ သ​လော။-
34 Kune mumwe mwari here akaedza kundozvitsaurira rudzi pakati porumwe rudzi, nemiedzo, nezviratidzo, nezvishamiso, nehondo, noruoko rune simba, noruoko rwakatambanudzwa, kana namabasa makuru anotyisa, sezvinhu zvose zvakaitwa naJehovha Mwari wenyu pamberi penyu muIjipiti?
၃၄သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် အီ​ဂျစ်​အ​မျိုး​သား​တို့​လက်​မှ​သင်​တို့​ကို ကယ်​တင်​၍ မိ​မိ​၏​လူ​မျိုး​တော်​အ​ဖြစ်​ထုတ် ဆောင်​ခဲ့​သည်။ အ​ခြား​သော​ဘု​ရား​သည် လူ​တစ်​မျိုး​အ​တွက် ထို​ကဲ့​သို့​ပြု​ခဲ့​ဖူး​ပါ သ​လော။ ထာ​ဝ​ရ​ဘု​ရား​သည်​မ​ဟာ​တန်​ခိုး တော်​ကို​ပြ​တော်​မူ​ခြင်း၊ ဘေး​ဒဏ်​နှင့်​စစ် ဘေး​သင့်​စေ​ခြင်း၊ နိ​မိတ်​လက္ခ​ဏာ​များ​နှင့် အံ့​ဖွယ်​သော​အ​မှု​တို့​ကို​ပြ​ခြင်း၊ ကြောက် မက်​ဖွယ်​သော​အ​မှု​တို့​ကို​ပြု​တော်​မူ​ခြင်း စ​သည်​တို့​ကို​သင်​တို့​ကိုယ်​တိုင်​မြင်​ခဲ့​ရ​ပြီ။-
35 Makaratidzwa zvinhu zvose izvi kuti muzive kuti Jehovha ndiMwari; kunze kwake hakuna mumwe.
၃၅ထာ​ဝ​ရ​ဘု​ရား​သာ​လျှင်​ဘု​ရား​ဖြစ်​တော်​မူ ကြောင်း၊ အ​ခြား​သော​ဘု​ရား​မ​ရှိ​ကြောင်း​ကို ထို​အ​မှု​တော်​များ​အား​ဖြင့် သင်​တို့​အား​သိ စေ​တော်​မူ​ပြီ။-
36 Kubva kudenga akaita kuti munzwe inzwi rake kuti akudzidzisei. Panyika akakuratidzai moto wake mukuru, uye makanzwa mashoko ake kubva mukati momoto.
၃၆ကိုယ်​တော်​သည်​သင်​တို့​အား​သွန်​သင်​ရန် မိုး ကောင်း​ကင်​မှ​မိန့်​တော်​မူ​သော​အ​သံ​တော်​ကို ကြား​စေ​တော်​မူ​ပြီ။ ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင် သင်​တို့​သည် ကိုယ်​တော်​၏​မီး​တောက်​မီး​လျှံ ကို​မြင်​စေ​လျက် ထို​မီး​ထဲ​မှ​သင်​တို့​အား မိန့်​ကြား​တော်​မူ​၏။-
37 Nokuti akada madzibaba enyu uye akazvitsaurira zvizvarwa zvavo zvakavatevera shure kwavo, akakubudisai muIjipiti noKuvapo kwake nesimba rake guru,
၃၇ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​၏​ဘိုး​ဘေး တို့​ကို​ချစ်​တော်​မူ​သော​ကြောင့် သူ​တို့​၏​အဆက် အ​နွယ်​များ​ကို​ရွေး​ကောက်​တော်​မူ​၍ မ​ဟာ တန်​ခိုး​တော်​ဖြင့်​ကိုယ်​တော်​တိုင် သင်​တို့​ကို အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​တော်​မူ​ခဲ့​လေ သည်။-
38 kuti adzinge pamberi penyu ndudzi dzinokupfuurai pakukura napasimba uye nokukuuyisai munyika yavo kuti aipe kwamuri senhaka sezvazviri nhasi.
၃၈သင်​တို့​ယ​ခု​ပိုင်​ဆိုင်​သော​ပြည်​သို့​ဝင်​ရောက် သိမ်း​ပိုက်​နိုင်​စေ​ရန် သင်​တို့​ချီ​တက်​ရန်​လမ်း ကြောင်း​တွင်​ရှိ​သော​သင်​တို့​ထက်​အင်​အား ကြီး​မား​သည့်​လူ​မျိုး​များ​ကို​နှင်​ထုတ်​တော် မူ​သည်။-
39 Zvizivei nokuzvichengeta mumwoyo nhasi kuti Jehovha ndiMwari ari kudenga kumusoro uye napanyika pasi. Hakunazve mumwe.
၃၉သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​ကင် မြေ​ကြီး​ပေါ်​မှာ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း၊ အ​ခြား​သော​ဘုရား​မ​ရှိ​ကြောင်း​ကို​အ​စဉ် အ​မြဲ​စွဲ​မှတ်​သ​တိ​ရ​ကြ​လော့။-
40 Chengetai mitemo nemirayiro yake yandinokupai nhasi, kuitira kuti zvigokuitirai zvakanaka imi navana venyu vanokuteverai uye kuti mugogara mazuva mazhinji panyika yamunopiwa naJehovha Mwari wenyu nokusingaperi.
၄၀ယ​နေ့​သင်​တို့​အား​ငါ​ပေး​သော​ပညတ်​တော် အား​လုံး​ကို​စောင့်​ထိန်း​ကြ​လျှင် သင်​တို့​နှင့် တ​ကွ​သင်​တို့​၏​အ​ဆက်​အ​နွယ်​တို့​သည် ကြီး​ပွား​ချမ်း​သာ​ကြ​လိမ့်​မည်။ သင်​တို့​သည် လည်း​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က သင် တို့​အား​အ​မြဲ​ပိုင်​ရန်​ပေး​တော်​မူ​သော​ပြည် တွင်​ဆက်​လက်​နေ​ထိုင်​ရ​ကြ​လိမ့်​မည်'' ဟု ဆို​လေ​၏။
41 Zvino Mozisi akatsaura maguta matatu kumabvazuva mhiri kwaJorodhani,
၄၁ထို့​နောက်​တစ်​စုံ​တစ်​ယောက်​သည် မိ​မိ​၏​ရန်​သူ မ​ဖြစ်​ခဲ့​ဘူး​သူ​ကို​အ​မှတ်​မဲ့​သတ်​မိ​သည့် အ​ခါ ထွက်​ပြေး​ခို​လှုံ​နိုင်​သော​မြို့​သုံး​မြို့​ကို မော​ရှေ​သတ်​မှတ်​ပေး​လေ​သည်။ ထို​သူ​သည် ထို​မြို့​များ​အ​နက်​မြို့​တစ်​မြို့​သို့​ထွက်​ပြေး ၍​ခို​လှုံ​လျှင် အ​သက်​ချမ်း​သာ​ရာ​ရ​မည် ဖြစ်​သည်။-
42 uko ani naani anenge auraya munhu aitizira kana achinge auraya muvakidzani wake asingaiti nobwoni uye asingazvifungiri. Aigona kutizira mune rimwe ramaguta aya kuti ararame.
၄၂
43 Maguta aya aiti: Bhezeri mudunhu rakakwirira rokurenje raiva ravaRubheni; Ramoti paGireadhi, raiva ravaGadhi; neGorani paBhashani, raiva ravaManase.
၄၃ရု​ဗင်​အ​နွယ်​အ​တွက်​ကုန်း​ပြင်​သဲ​ကန္တာရ​ရှိ ဗေ​ဇာ​မြို့​ကို​လည်း​ကောင်း၊ ဂဒ်​အနွယ်​အ​တွက် ဂိလဒ်​ဒေ​သ​ရှိ​ရာမုတ်​မြို့​ကို​လည်း​ကောင်း၊ မ​နာ ရှေ​အနွယ်​အ​တွက်​ဗာ​ရှန်​ဒေ​သ​ရှိ​ဂေါ​လန် မြို့​ကို​လည်း​ကောင်း ခို​လှုံ​ရာ​မြို့​များ​အ​ဖြစ် သတ်​မှတ်​ပေး​သည်။
44 Uyu ndiwo murayiro wakaiswa naMozisi pamberi pavaIsraeri:
၄၄မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ပညတ်​တော် များ​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပြ​ဋ္ဌာန်း​ပေး​လေ​၏။-
45 Izvi ndizvo zvakataurwa naMozisi, mitemo nemirayiro yaakavapa pavakabuda kubva muIjipiti
၄၅သူ​တို့​သည်​အီ​ဂျစ်​ပြည်​မှ​ထွက်​လာ​ပြီး နောက် ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်၊ ဗက်​ပေ​ဂု​ရ​မြို့ တစ်​ဘက်​တွင်​ရှိ​သော​ချိုင့်​ဝှမ်း​၌​ရောက်​ရှိ​နေ ကြ​စဉ်​မော​ရှေ​သည် ပညတ်​တော်​များ​ကို​ပြ​ဋ္ဌာန်း ပေး​သည်။ ထို​အ​ရပ်​သည်​ဟေ​ရှ​ဘုန်​မြို့​တွင် စိုး​စံ​သော​အာ​မော​ရိ​ဘု​ရင်​ရှိ​ဟုန်​၏​ပိုင်​နက် ဖြစ်​ခဲ့​သည်။ မော​ရှေ​နှင့်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည်​အီ​ဂျစ်​ပြည်​မှ​ထွက်​လာ​ပြီး သည့်​နောက်​ထို​ဘု​ရင်​ကို​နှိမ်​နင်း​၍၊-
46 uye vari kumabvazuva kwaJorodhani mumupata uri pedyo neBheti Peori, munyika yaSihoni mambo wavaAmori, aitonga muHeshibhoni uyo akakundwa navaIsraeri pavakabuda muIjipiti.
၄၆
47 Vakatora nyika yake nenyika yaOgi mambo weBhashani, madzimambo maviri avaAmori aiva kumabvazuva kweJorodhani.
၄၇သူ​၏​နိုင်​ငံ​ကို​လည်း​ကောင်း၊ ယော်​ဒန်​မြစ်​အ​ရှေ့ ဘက်​တွင် စိုး​စံ​သော​အ​ခြား​အာ​မော​ရိ​ဘု​ရင် ဖြစ်​သည့်​ဗာ​ရှန်​ဘု​ရင်​သြ​ဃ​၏​နိုင်​ငံ​ကို လည်း​ကောင်း​သိမ်း​ယူ​ခဲ့​ကြ​သည်။-
48 Nyika iyi yaibva paAroeri pamahombekombe oMupata weArinoni kusvika pagomo reSioni (ndiro Herimoni),
၄၈ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သိမ်း​ပိုက်​သော နယ်​မြေ​သည် အာ​နုန်​မြစ်​အ​နီး​ရှိ​အာ​ရော် မြို့​မှ​ဟေ​ရ​မုန်​ခေါ်​စိ​ယုန်​တောင်​အ​ထိ ကျယ်​ပြန့်​လေ​သည်။-
49 uye kusanganisira Arabha yose kumabvazuva kwaJorodhani, kusvikira kuGungwa reArabha, mujinga memateru ePisiga.
၄၉ထို​နယ်​မြေ​တွင်​ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​ရှိ ဒေ​သ​တစ်​ခု​လုံး​ပါ​ဝင်​၏။ ယင်း​ဒေ​သ​သည် တောင်​ဘက်​ပင်​လယ်​သေ​အ​ထိ အ​ရှေ့​ဘက် ပိ​သ​ဂါ​တောင်​ခြေ​အ​ထိ​ကျယ်​ဝန်း​လေ​သည်။

< Dhuteronomi 4 >