< Dhuteronomi 21 >
1 Kana munhu akawanikwa akafa, akatandavara musango munyika iyo Jehovha Mwari wako ari kukupai kuti ive yenyu, uye musingazivi kuti ndiani amuuraya,
၁``အကယ်၍သင်တို့၏ဘုရားသခင်ထာဝရ ဘုရားပေးတော်မူမည့်ပြည်တွင် ကွင်းပြင်၌ လက်သည်မပေါ်သောလူသေအလောင်းတစ်ခု ကိုတွေ့ရအံ့။-
2 vakuru venyu navatongi vachaenda kundoera chinhambwe kubva pachitunha kusvika kumaguta akakomberedza.
၂သင်တို့၏အကြီးအကဲများနှင့်တရားသူ ကြီးတို့သည်ကွင်းဆင်း၍ လူသေအလောင်း တွေ့ရှိသောအရပ်နှင့်နီးစပ်ရာမြို့များ၏ အကွာအဝေးကိုတိုင်းတာရမည်။-
3 Ipapo vakuru veguta riri pedyo nechitunha vanofanira kutora tsiru remombe risina kumboshandiswa uye risina kumbokweva pajoko,
၃ထို့နောက်အလောင်းနှင့်အနီးဆုံးမြို့မှအကြီး အကဲတို့သည် ထမ်းပိုးမတင်ရသေးသော နွားမတမ်းမတစ်ကောင်ကိုရွေးရမည်။-
4 vagoenda naro kumupata usina kumborimwa kana kudyarwa uye pane rwizi runoerera. Imomo mumupata vanofanira kuvhuna mutsipa wetsiru.
၄ထိုနွားမကိုရေမခန်းသည့်ချောင်းအနီး ရှိမြေရိုင်းတစ်ကွက်သို့ခေါ်ဆောင်၍ ထို နေရာတွင်နွားမ၏လည်ကိုချိုး၍သတ် ရမည်။-
5 Vaprista, vanakomana vaRevhi vanofanira kuuya pamberi, nokuti Jehovha Mwari wenyu akavasarudza kuti vashumire nokuropafadza muzita raJehovha uye vanofanira kutonga pamhaka dzose dzegakava nedzokurwa.
၅လေဝိအနွယ်ဝင်ယဇ်ပုရောဟိတ်တို့သည်ထို အရပ်သို့သွားရကြမည်။ အဘယ်ကြောင့်ဆို သော်လက်ရောက်ကူးလွန်မှုမှန်သမျှတွင် သူ တို့စီရင်ဆုံးဖြတ်ရသောကြောင့်တည်း။ သင် တို့၏ဘုရားသခင်ထာဝရဘုရားသည် သူ တို့အားအမှုတော်ကိုဆောင်ရန်နှင့် ထာဝရ ဘုရား၏အခွင့်အာဏာဖြင့်ကောင်းချီး ပေးရန်ရွေးကောက်ထားတော်မူ၏။-
6 Ipapo vakuru vose veguta riri pedyo nechitunha vanofanira kushamba maoko avo pamusoro petsiru rakavhunwa mutsipa mumupata.
၆ထို့နောက်လူသေအလောင်းတွေ့ရှိရာအရပ် နှင့်အနီးဆုံးမြို့မှအကြီးအကဲအပေါင်း တို့သည် နွားမအပေါ်တွင်လက်ကိုရေဆေး လျက်၊-
7 Ipapo vanofanira kuti, “Maoko edu haana kudeura ropa iri, uye kana meso edu haana kuona zvichiitwa.
၇`အကျွန်ုပ်တို့သည်ထိုသူကိုမသတ်ပါ။ မည်သူသတ်သည်ဟူ၍အကျွန်ုပ်တို့မသိ ပါ။-
8 Gamuchirai henyu yananiso yavanhu venyu vaIsraeri, vamakadzikinura, imi Jehovha, uye musabata vanhu venyu nemhosva yokuteura ropa romunhu asina mhaka.” Zvino kuteurwa kweropa kuchayananisirwa.
၈အို ထာဝရဘုရား၊ ကိုယ်တော်အီဂျစ်ပြည် မှကယ်တင်ခဲ့သော ဣသရေလလူမျိုး၏ အပြစ်ကိုလွှတ်တော်မူပါ။ အကျွန်ုပ်တို့၏ အပြစ်ကိုလွှတ်တော်မူပါ။ အပြစ်မဲ့သူ တစ်ယောက်ကိုသတ်သောအပြစ်သည် အကျွန်ုပ် တို့အပေါ်တွင်မကျရောက်ပါစေနှင့်' ဟု ဆိုရမည်။-
9 Saka muchabvisa pakati penyu mhosva yokuteurwa kweropa risina mhaka sezvo maita chinhu chakanaka pamberi paJehovha.
၉သို့ဖြစ်၍ထာဝရဘုရားမိန့်မှာသည့် အတိုင်းဆောင်ရွက်ခြင်းဖြင့် သင်တို့သည် လူအသက်ကိုသတ်ခြင်းအပြစ်မှကင်း လွတ်ကြလိမ့်မည်။''
10 Kana muchinge maenda kundorwa navavengi venyu uye kana Jehovha Mwari wenyu avaisa mumaoko enyu uye mavatapa,
၁၀``သင်တို့၏ဘုရားသခင်ထာဝရဘုရား သည် စစ်ပွဲအောင်စေသဖြင့် သင်တို့သည် သုံ့ပန်းများကိုလက်ရဖမ်းဆီးမိသော အခါ၊-
11 kana ukaona pakati pavakatapwa mukadzi akanaka ukamuda, unogona kumutora ave mukadzi wako.
၁၁သုံ့ပန်းများထဲမှရုပ်အဆင်းလှသောအမျိုး သမီးကိုမြင်၍ နှစ်သက်သဖြင့်လက်ထပ်ယူ လိုပေလိမ့်မည်။-
12 Uya naye mumba mako ugomuveura musoro, ugogurira nzara dzake,
၁၂သူ့ကိုသင်၏အိမ်သို့ခေါ်ဆောင်၍သူ၏ဆံပင် ကိုရိတ်စေရမည်။ လက်သည်းများကိုလှီးစေ ရမည်။-
13 uye ugorasha nguo dzaakatapwa nadzo. Mushure mokunge agara mumba mako nokuchema baba namai vake kwomwedzi wose, ipapo ugopinda kwaari, uve murume wake naiye achava mukadzi wako.
၁၃အဝတ်အစားများကိုလဲစေရမည်။ သူသည် သင်၏အိမ်တွင်နေထိုင်၍ သူ၏မိဘများ အတွက်တစ်လကြာမျှဝမ်းနည်းပူဆွေး စေရမည်။-
14 Kana usina kufadzwa naye, murege aende chero kwaanoda. Haufaniri kumutengesa kana kumubata somuranda, sezvo uriwe wamunyadzisa.
၁၄ထို့နောက်သင်သည်သူ့ကိုမယားအဖြစ်သိမ်း ပိုက်နိုင်သည်။ နောင်အခါသူနှင့်မပေါင်းသင်း လိုလျှင် လွတ်လပ်စွာသွားခွင့်ပြုရမည်။ သင် သည်သူ့အားမယားအဖြစ်အတင်းအဋ္ဌမ္မ သိမ်းပိုက်ခဲ့သည်ဖြစ်သောကြောင့် ကျွန်အဖြစ် မစေစားရ။ ငွေနှင့်လည်းမရောင်းရ။''
15 Kana munhu aine vakadzi vaviri, uye achida mumwe asi asingadi mumwe, uye vose vakamuberekera vanakomana asi wedangwe ari mwanakomana womukadzi waasingadi,
၁၅``အကယ်၍ယောကျာ်းတစ်ဦးတွင်မယားနှစ် ယောက်ရှိလျှင် မယားနှစ်ယောက်စလုံးတွင် သားယောကျာ်းများဖွားမြင်အံ့။ သားဦးသည် သူပို၍ချစ်သောမယား၏သားမဟုတ်။-
16 kana ogova pfuma yake kuvanakomana vake, haafaniri kupa kodzero yedangwe kumwanakomana womukadzi waanoda pachinzvimbo chomwana wake wedangwe chaiye, mwanakomana womukadzi waasingadi.
၁၆ထိုသူသည်မိမိ၏သားတို့အားအမွေခွဲဝေ ပေးသောအခါ သူပို၍ချစ်သောမယား၏သား အားသားဦးရထိုက်သောဝေစုကိုမပေးရ။-
17 Anofanira kugamuchira mwanakomana womukadzi wake waasingadi sedangwe nokumupa mugove wakapetwa kaviri wezvose zvaanazvo. Mwanakomana iyeye ndiye chiratidzo chokutanga chesimba rababa vake. Kodzero yomwana wedangwe ndeyake.
၁၇သားဦးသည်သူပို၍ချစ်သောမယား၏သား မဟုတ်သော်လည်း သူရသင့်ရထိုက်သောအမွေ ဥစ္စာနှစ်ဆကိုပေးရမည်။ ထိုသားသည်သား ဦးဖြစ်သည်ကိုအသိအမှတ်ပြုလျက် သူ့ အားတရားဝင်ရထိုက်သောဝေစုကိုပေး ရမည်။''
18 Kana munhu aine mwanakomana akasindimara asingateereri baba vake namai vake uye asingavateereri kana vachimuranga,
၁၈``မိဘတို့ဆုံးမသော်လည်းမနာခံ ခေါင်းမာ၍ တော်လှန်တတ်သောသားရှိလျှင်၊-
19 baba vake namai vake vanofanira kumubata vagoenda naye kuvakuru pasuo reguta.
၁၉မိဘတို့သည်ထိုသားကိုမြို့၏အကြီး အကဲတို့ထံတွင်အစစ်ဆေးခံစေရမည်။-
20 Vachati kuvakuru, “Mwanakomana wedu uyu akasindimara uye anotimukira. Haatiteereri. Anoparadza pfuma uye chidhakwa.”
၂၀မိဘတို့က`အကျွန်ုပ်တို့၏သားသည်ခေါင်း မာ၍မိဘကိုတော်လှန်၍ မိဘစကားကို နားမထောင်ပါ။ ငွေကိုဖြုန်းတီး၍အရက် သေစာသောက်ကြူးပါသည်' ဟူ၍လျှောက် ဆိုရမည်။-
21 Ipapo varume vose vomuguta rake vachamutaka namabwe afe. Munofanira kubvisa chakaipa pakati penyu. Israeri yose ichazvinzwa igotya.
၂၁ထို့နောက်မြို့သားအပေါင်းတို့က ထိုသားကို ကျောက်ခဲနှင့်ပစ်၍သတ်ရမည်။ ဤနည်းအား ဖြင့်သင်တို့သည်ဤဒုစရိုက်ကိုဖယ်ရှားနိုင် ကြမည်။ ဣသရေလအမျိုးသားအပေါင်း တို့သည် ထိုသတင်းကိုကြားရသဖြင့် ကြောက်ရွံ့ကြလိမ့်မည်။''
22 Kana munhu achinge aine mhosva yakafanira rufu, akaurayiwa uye chitunha chake chikasungirirwa pamuti,
၂၂``သေဒဏ်ထိုက်သောပြစ်မှုကြောင့် အသေ သတ်ခြင်းခံရသူ၏အလောင်းကိုတိုင်ပေါ် တွင်ဆွဲထားလျှင်၊-
23 hamufaniri kusiya chitunha chake chiri pamuti usiku hwose. Muone kuti mamuviga zuva rimwe chetero, nokuti ani naani akasungirirwa akatukwa naMwari. Hamufaniri kusvibisa nyika yamuri kupiwa naJehovha Mwari wenyu senhaka.
၂၃ညအိပ်၍မထားရ။ အလောင်းကိုတိုင်ပေါ် တွင်ဆွဲထားခြင်းသည်တိုင်းပြည်အတွက် အမင်္ဂလာဖြစ်သောကြောင့် အလောင်းကိုနေ့ ချင်းတွင်းမြှုပ်နှံရမည်။ သင်၏ဘုရားသခင် ထာဝရဘုရားပေးသနားတော်မူမည့်ပြည် ကို မညစ်ညမ်းစေရန်ထိုအလောင်းကိုမြှုပ်နှံ လော့။''