< Mabasa 1 >
1 Mubhuku rangu rokutanga, Teofirasi, ndakanyora pamusoro pezvose zvakatanga kuitwa uye nokudzidziswa naJesu
၁အိုသော်ဖိလု၊ ယေရှုသည် ရွေးကောက်တော်မူသော တမန်တော်တို့ကို ဝိညာဉ်တော်အားဖြင့် မှာထား ပြီးမှ၊
2 kusvikira pazuva raakakwidzwa kudenga, shure kwokunge arayira, kubudikidza noMweya Mutsvene, vapostori vaakanga asarudza.
၂အထက်သို့ဆောင်ယူခြင်းကို ခံတော်မူသမျှတို့ကိုထုတ်ဘော်၍၊ အထက်ကျမ်းစာကို ငါစီရင်ရေး ထားပါပြီ။
3 Mushure mokutambudzika kwake, akazviratidza kuvarume ava uye akaratidza zviratidzo zvakasimba zvizhinji zvokuti akanga ari mupenyu. Akaonekwa navo mazuva anopfuura makumi mana uye akataura nezvoumambo hwaMwari.
၃အသေခံတော်မူပြီးလျှင်၊ တမန်တော်တို့အား အရက်လေးဆယ်ပတ်လုံးကိုယ်ကိုပြ၍ ဘုရားသခင်၏ နိုင်ငံတော်နှင့်စပ်ဆိုင်သောအရာတို့ကို မိန့်မြွက်တော်မူလျက်၊ မိမိအသက်ရှင်သည်အကြောင်းကို ခိုင်ခံ့သော သက်သေအများအားဖြင့် ပြတော်မူ၏။
4 Pane imwe nguva, paakanga achidya navo, akavarayira achiti, “Musabva muJerusarema, asi mumirire chipo chakavimbiswa naBaba vangu, icho chamakandinzwa ndichitaura pamusoro pacho.
၄ထိုတမန်တော်တို့ကို စုဝေးစေတော်မူပြီးလျှင်၊ ယေရုရှလင်မြို့မှမထွက်မသွားဘဲ ခမည်းတော်၏ ဂတိ ကိုငံ့နေမည်အကြောင်း မှာတော်မူ၍၊ ထိုဂတိတော်ကို ငါဟောပြောသဖြင့် သင်တို့သည်ကြားသိရကြပြီ။
5 Nokuti Johani akabhabhatidza nemvura, asi mushure mamazuva mashoma muchabhabhatidzwa noMweya Mutsvene.”
၅ဂတိတော်အချက်ဟူမူကား၊ ယောဟန်သည်ရေ၌ဗတ္တိဇံကိုပေး၏။ သင်တို့သည် မကြာမမြင့်မှီ သန့်ရှင်း သောဝိညာဉ်တော်၌ ဗတ္တိဇံကိုခံရကြလိမ့်မည်ဟုမိန့်တော်မူ၏။
6 Saka, vakati vaungana pamwe chete, vakamubvunza vakati, “Ishe, mava kuzodzosera ushe kuvaIsraeri panguva ino here?”
၆ထိုတမန်တော်တို့သည်လည်းစုဝေး၍၊ သခင်ဘုရား၊ ယခုအခါကိုယ်တော်သည် ဣသရေလ အမျိုးသား တို့အား နိုင်ငံကိုပြန်ပေးတော်မူမည်လောဟု မေးလျှောက်ကြလျှင်၊
7 Akati kwavari, “Hazvisi kwamuri kuti muzive nguva kana musi wakatarwa naBaba nesimba ravo pachavo.
၇သခင်ဘုရားက၊ ခမည်းတော်၏ တန်ခိုးအားဖြင့်စီရင်တော်မူသောအချိန်ကာလကို သိရသောအခွင့် သည် သင်တို့၌မရှိ။
8 Asi muchagamuchira simba kana Mweya Mutsvene auya pamusoro penyu; uye muchava zvapupu zvangu muJerusarema, nomuJudhea mose, nomuSamaria, kusvikira kumigumo yenyika.”
၈ထိုသို့မရှိသော်လည်း၊ သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကိုခံရ၍ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရ်ပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေဖြစ်ကြ လိမ့်မည်ဟု မိန့်တော်မူ၏။
9 Mushure mokunge ataura izvi, akakwidzwa kudenga pamberi pameso avo chaipo, uye gore rikamufukidza vakasazomuona.
၉တမန်တော်တို့သည် ကြည့်ရှုလျက်နေကြစဉ်၊ သခင်ဘုရားသည် အထက်သို့ဆောင်ယူခြင်းကို ခံတော် မူ၍၊ မိုဃ်းတိမ်သည် ကိုယ်တော်ကိုမျက်ကွယ်အောင် ခံယူလေ၏။
10 Vakanga vakatarisisa paakanga achienda, uye pakarepo varume vaviri vakanga vakapfeka nguo chena vakamira pavari.
၁၀ထိုသို့ကြွတော်မူသည်ကို တမန်တော်တို့သည် ကောင်းကင်သို့ စေ့စေ့ကြည့်မျှော်လျက် နေကြစဉ်တွင်၊ လူနှစ်ယောက်တို့သည် ဖြူစင်သောအဝတ်ကို ဝတ်ဆင်လျက် တမန်တော်တို့အနားမှာပေါ်လာ၍၊
11 Vakati kwavari, “Varume veGarirea, makamirireiko pano makatarisa kudenga? Iyeyu Jesu abviswa kwamuri achienda kudenga, achadzokazve sezvamamuona achienda kudenga.”
၁၁အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့ ဟုပြောဆို၏။
12 Ipapo vakadzokera kuJerusarema vachibva kugomo rinonzi reMiorivhi, rwendo rwezuva reSabata uchibva kuguta.
၁၂ထိုအခါ ယေရုရှလင်မြို့နှင့်ဥပုသ်နေ့တနေ့ခရီးသာကွာ၍ သံလွင်အမည်ရှိသောတောင်မှ ယေရုရှလင် မြို့သို့ တမန်တော်တို့သည် ပြန်ကြ၏။
13 Vakati vasvika, vakakwira kuimba yapamusoro kukamuri ravaigara. Vakanga varipo vaiti: Petro, Johani, Jakobho naAndirea; Firipi naTomasi; Bhatoromeo naMateo; Jakobho mwanakomana waArifeasi naSimoni muZeroti, uye naJudhasi mwanakomana waJakobho.
၁၃ရောက်ကြလျှင်၊ ပေတရု၊ ယာကုပ်၊ ယောဟန်၊ အန္ဒြေ၊ ဖိလိပ္ပု၊ သောမ၊ ဗာသောလမဲ၊ မဿဲ၊ အာလဖဲ၏သားယာကုပ်၊ ရှိမုန်ဇေလုတ်၊ ယာကုပ်ညီ ယုဒတို့သည် တည်းနေရာအိမ်အထက်ခန်းသို့တက်ကြ၏။
14 Vakabatana vose pakuramba vachinyengetera, pamwe chete navakadzi uye naMaria mai vaJesu, navanunʼuna vake.
၁၄ထိုသူအပေါင်းတို့သည် ယေရှု၏မယ်တော်မာရိမှစ၍ မိန်းမတို့နှင့်၎င်း၊ ညီတော်တို့နှင့်၎င်း၊ တညီ တညွတ်တည်းကြိုးစား၍ ဆုတောင်းပဌနာပြုလျက် နေကြ၏။
15 Mumazuva iwayo, Petro akasimuka pakati pavatendi (ungano yaida kusvika zana namakumi maviri)
၁၅ထိုအခါအရေအတွက်အားဖြင့် တရာနှစ်ဆယ်သောတပည့်တော်တို့၏အလယ်၌ ပေတရုသည်ထ၍၊
16 akati, “Hama, Rugwaro rwaifanira kuzadziswa rwakataurwa noMweya Mutsvene nomuromo waDhavhidhi pamusoro paJudhasi, uyo akabatsira kutungamirira vaya vakasunga Jesu,
၁၆ညီအစ်ကိုတို့၊ ယေရှုကိုဘမ်းဆီးသောသူတို့အား လမ်းပြသောယုဒရှကာရုတ်ကို ရည်မှတ်၍ သန့်ရှင်း သောဝိညာဉ်တော်သည်ဒါဝိဒ်မင်း၏နှုတ်ဖြင့် ဗျာဒိတ်ထားတော်မူနှင့်သော ကျမ်းစာချက်အတိုင်း မပြည့်စုံဘဲ မနေရ။
17 akanga ari mumwe wedu uye akanga ano mugove muushumiri uhu.”
၁၇ထိုသူသည် ငါတို့နှင့် ရေတွက်ဝင်ခြင်းသို့ရောက်၍ ဓမ္မဆရာ၏အရာကိုခံရပြီ။
18 (Nomubayiro waakawana nokuda kwokuipa kwake, Judhasi akatenga munda; imomo ndimo maakawira pasi nomusoro, muviri wake ukaputika, ura hwake hukabuda.
၁၈ထိုသူသည် မတရားသောအမှုအတွက်ဖြင့်ရသောအခနှင့် မြေတကွက်ကိုဝယ်ပြီးမှ၊ မှောက်လျက်ကျ လဲ၍ ဝမ်းကွဲသဖြင့် အအူများပေါက်လေပြီ။
19 Munhu wose akanzwa nezvazvo muJerusarema, saka vakatumidza munda uya nomutauro wavo kuti Akeridhama, ndiko kuti, Munda weRopa.)
၁၉ထိုအကြောင်းအရာကို ယေရုရှလင်မြို့၌နေသော သူအပေါင်းတို့သည်သိ၍ မိမိတို့ဘာသာအားဖြင့် ထို မြေကို အကေလဒဟုခေါ်တွင်ကြ၏။ အနက်ကားသွေးမြေဟု ဆိုလိုသတည်း။
20 Petro akati, “Nokuti kwakanyorwa mubhuku raMapisarema kuti, “‘Musha wake ngauve dongo; ngakurege kuva nomunhu anogaramo,’ uye kuti, “‘Mumwe ngaatore nzvimbo yake youtungamiri.’
၂၀ဆာလံကျမ်းစာ၌လာသည်ကား၊ သူ၏နေရာအရပ်သည် လူဆိတ်ညံရာအရပ်ဖြစ်ပါစေ။ နေသောသူ မရှိပါစေနှင့်။ သူ၏အရာကိုလည်းအခြားသူရပါစေဟု ရေးမှတ်သတည်း။
21 Naizvozvo zvakafanira kuti kusarudzwe mumwe murume akanga anesu nguva yose Ishe Jesu paaipinda nokubuda pakati pedu,
၂၁ထိုကြောင့် ဟောဟန်သည် ဗတ္တိဇံကို ပေးသည်ကာလမှစ၍၊
22 kutanga parubhabhatidzo rwaJohani kusvikira panguva yakabviswa Jesu kwatiri. Nokuti mumwe waava anofanira kuva chapupu chokumuka kwake, pamwe chete nesu.”
၂၂သခင်ယေရှုသည် ငါတို့နှင့်ခွါ၍အထက်သို့ဆောင်ယူခြင်းကို ခံတော်မူသည့်နေ့ရက်တိုင်အောင်၊ တပည့် တော်တို့နှင့်အတူ ထွက်ဝင်သွားလာတော်မူသောကာလပတ်လုံး ငါတို့နှင့်ပေါင်းဘော်၍နေသောသူတစုံတ ယောက်သည်၊ ထိုသခင်ထမြောက်တော်မူသည် အကြောင်းကိုဟောပြော၍ ငါတို့နှင့်အတူသက်သေခံဖြစ် ရမည် ဟု ပေတရုပြောဆို၏။
23 Saka vakasarudza varume vaviri vaiti: Josefa ainzi Bhanabhasi (aizivikanwawo sokunzi Jastasi) naMatiasi.
၂၃ဗာရှဗဟု ခေါ်ဝေါ်၍ ယုတ္တုအမည်သစ်ကိုရသော ယောသပ်နှင့်မဿိကိုခန့်ထား၍၊
24 Ipapo vakanyengetera vachiti, “Ishe, munoziva mwoyo yavanhu vose. Tiratidzei pakati pavaviri ava wamasarudza
၂၄ဤသို့ဆုတောင်းကြ၏။
25 kuti atore basa iri roupostori, rakasiyiwa naJudhasi achienda kunzvimbo yake.”
၂၅လူအပေါင်းတို့၏ စိတ်နှလုံးကိုသိတော်မူသောသခင်ဘုရား၊ ယုဒရှကာရုတ်သည် မိမိနေရာအရပ်သို့ သွားအံ့သောငှါ ဓမ္မဆရာ၏အရာ၊ တမန်တော်၏အရာမှရွေ့လျော့ဖောက်ပြန်သည်ဖြစ်၍၊ ထိုအရာကိုခံစေ ခြင်းငှါ ဤသူနှစ်ယောက်တို့တွင် ရွေးကောက်တော်မူသောသူကို ပြညွှန်တော်မူပါဟု ဆုတောင်းပြီးမှ၊
26 Ipapo vakakanda mijenya, uye mujenya ukawira kuna Matiasi; saka akawedzerwa kuvapostori vane gumi nomumwe.
၂၆စာရေးတံချကြသဖြင့် မဿိသည်စာရေးတံကိုရ၍၊ တကျိပ်တပါးသောတမန်တော်တို့နှင့် ရေတွက်ဝင် ခြင်းသို့ရောက်လေ၏။