< 2 Madzimambo 4 >

1 Zvino mukadzi womumwe murume weboka ravaprofita akadanidzira kuna Erisha akati, “Muranda wenyu, murume wangu afa, uye munoziva kuti aitya Jehovha. Asi zvino uyo waakanga atorera chikwereti ari kuuya kuzotora vanakomana vangu vaviri kuti vave nhapwa dzake.”
ပ​ရော​ဖက်​တစ်​ဦး​၏​မု​ဆိုး​မ​တစ်​ယောက်​သည် ဧ​လိ​ရှဲ​ထံ​လာ​၍``အ​ရှင်၊ ကျွန်​မ​၏​ခင်​ပွန်း သေ​ဆုံး​ပါ​ပြီ။ အ​ရှင်​သိ​သည့်​အ​တိုင်း​သူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​သူ​ဖြစ် ပါ​၏။ သို့​ရာ​တွင်​သူ​၏​ကြွေး​ရှင်​သည်​ကျွန်​မ ၏​သား​နှစ်​ယောက်​အား ဖခင်​၏​အ​ကြွေး​အ​တွက် ကျွန်​ခံ​စေ​ရန်​လာ​၍​ခေါ်​နေ​ပါ​သည်'' ဟု​ပြော​၏။
2 Erisha akamupindura akati, “Ndingakubatsira seiko? Nditaurire, chii chaunacho mumba mako?” Iye akati, “Murandakadzi wenyu haana kana chinhu kunze kwamafuta mashoma shoma.”
ဧ​လိ​ရှဲ​က``သင်​၏​အ​တွက် ငါ​အ​ဘယ်​သို့​ပြု​ရ ပါ​မည်​နည်း။ သင်​၏​အိမ်​တွင်​အ​ဘယ်​ပစ္စည်း​ဥစ္စာ ရှိ​ပါ​သ​နည်း။ ငါ့​အား​ပြော​လော့'' ဟု​ဆို​၏။ မု​ဆိုး​မ​က``သံ​လွင်​ဆီ​အိုး​က​လေး​တစ်​လုံး မှ​တစ်​ပါး အခြား​အ​ဘယ်​အ​ရာ​မျှ​မ​ရှိ​ပါ'' ဟု​ဖြေ​ကြား​၏။
3 Erisha akati kwaari, “Enda unokumbira vavakidzani vako vose vakupe midziyo isina chinhu. Usakumbira mishoma.
ဧ​လိ​ရှဲ​က``သင်​၏​အိမ်​နီး​ချင်း​များ​ထံ​သို့ သွား​၍ အိုး​လွတ်​ရ​နိုင်​သ​မျှ​ကို​ငှား​ရမ်း​လော့။-
4 Ipapo ugopinda mumba uzvipfigire mukova iwe navana vako. Udire mafuta mumidziyo yose, ugoisa parutivi mudziyo unenge wazara.”
ထို​နောက်​သင်​နှင့်​သင်​၏​သား​တို့​သည် အိမ်​ထဲ​သို့ ဝင်​၍​တံ​ခါး​ကို​ပိတ်​ပြီး​လျှင် ငှား​ရမ်း​ထား​သည့် အိုး​များ​ပြည့်​အောင်​ဆီ​ကို​လောင်း​ထည့်​ကြ​လော့။ ဆီ​ပြည့်​သည်​နှင့်​တစ်​ပြိုင်​နက် တစ်​အိုး​ပြီး​တစ် အိုး​ဖယ်​၍​ထား​ကြ​လော့'' ဟု​ဆို​၏။
5 Naizvozvo akabva kwaari, akapfiga mukova iye navana vake vari mukati. Vakauya nemidziyo kwaari, iye akaramba achingodira.
သို့​ဖြစ်​၍​ထို​မု​ဆိုး​မ​သည် မိ​မိ​၏​သား​များ​ကို ခေါ်​၍ အိမ်​ထဲ​သို့​ဝင်​ကာ​တံ​ခါး​ကို​ပိတ်​ပြီး​လျှင် သူ​၏​သား​များ​ယူ​ဆောင်​လာ​သော​အိုး​များ ထဲ​သို့​ဆီ​လောင်း​ထည့်​လေ​သည်။-
6 Midziyo yose yakati yazara, akati kumwanakomana wake, “Ndivigire mumwe mudziyo.” Asi iye akapindura akati, “Hapachina mumwe mudziyo wasara.” Ipapo mafuta akabva aguma.
ထို​အိုး​များ​အား​လုံး​ဆီ​ပြည့်​သော​အ​ခါ မု​ဆိုး​မ​က``အိုး​လွတ်​ကျန်​သေး​သ​လော'' ဟု သား​တို့​အား​မေး​၏။ သား​တစ်​ယောက်​က``မ​ကျန် တော့​ပါ'' ဟု​ဆို​လိုက်​သည်​နှင့်​ဆီ​ထွက်​ရပ်​လေ​၏။-
7 Akaenda kundoudza munhu waMwari uye iye akati, “Chienda unotengesa mafuta ugoripa zvikwereti zvako, iwe navanakomana vako mugorarama neanenge asara.”
မု​ဆိုး​မ​သည်​ပ​ရော​ဖက်​ဧ​လိ​ရှဲ​ထံ​သို့​ပြန် လာ​သော​အ​ခါ ပ​ရော​ဖက်​က``ဆီ​ကို​ရောင်း​ချ​၍ အကြွေး​ရှိ​သ​မျှ​ကို​ဆပ်​ပြီး​နောက် ကျန်​ငွေ​ဖြင့် သင်​နှင့်​သား​များ​အ​သက်​မွေး​ကြ​လော့'' ဟု ပြော​၏။
8 Rimwe zuva Erisha akaenda kuShunemi. Ikoko kwaiva nomukadzi akanga ari mupfumi, uye akamugombedzera kuti agare ambodya. Saka nguva dzose paaipfuura nepo, aimirapo odya.
တစ်​နေ့​သ​၌​ဧ​လိ​ရှဲ​သည်​ရှု​နင်​မြို့​သို့​သွား​၏။ ထို​မြို့​တွင်​ချမ်း​သာ​ကြွယ်​ဝ​သော​အ​မျိုး​သ​မီး တစ်​ဦး​ရှိ​၏။ သူ​သည်​ဧ​လိ​ရှဲ​အား​ဖိတ်​ခေါ်​၍ ကျွေး​မွေး​ဧည့်​ခံ​၏။ ထို​ကြောင့်​ထို​အ​ချိန်​မှ အ​စ​ပြု​၍​ဧ​လိ​ရှဲ​သည် ထို​မြို့​သို့​ရောက်​သည့် အ​ခါ​တိုင်း​ထို​အ​မျိုး​သ​မီး​၏​အိမ်​တွင်​စား သောက်​လေ​သည်။-
9 Mukadzi akati kumurume wake, “Ndinoziva kuti murume uyu anopfuura napano, mutsvene waMwari.
ထို​အ​မျိုး​သ​မီး​က​မိ​မိ​၏​ခင်​ပွန်း​အား``ကျွန်​မ တို့​၏​အိမ်​သို့​မ​ကြာ​ခ​ဏ​လာ​ရောက်​တတ်​သူ​သည် သန့်​ရှင်း​မြင့်​မြတ်​သူ​ဧ​ကန်​အ​မှန်​ဖြစ်​ကြောင်း ကျွန်​မ​သိ​ပါ​၏။-
10 Ngativakei kamuri padenga tigomuisira mubhedha netafura, nechigaro uye nerambi imomo. Ipapo achakwanisa kugaramo paanenge angotishanyira.”
၁၀ကျွန်မ​တို့​သည်​အိမ်​မိုး​ပေါ်​တွင် အ​ခန်း​ငယ်​ကို​ပြု လုပ်​၍​ကု​တင်၊ စား​ပွဲ၊ ကု​လား​ထိုင်​နှင့်​မီး​ခွက်​တို့ ကို​ထား​လျှင် ထို​သူ​သည်​ကျွန်​မ​တို့​ထံ​သို့​ရောက် ရှိ​လာ​သည့်​အ​ခါ​တိုင်း ထို​အ​ခန်း​တွင်​တည်း​ခို နိုင်​ပါ​လိမ့်​မည်'' ဟု​ပြော​၏။
11 Rimwe zuva Erisha akati asvika, akakwira kukamuri rake ndokurara imomo.
၁၁တစ်​နေ့​သ​၌​ဧ​လိ​ရှဲ​သည် ရှု​နင်​မြို့​သို့​ပြန်​လာ ပြီး​လျှင် နား​နေ​ရန်​မိ​မိ​၏​အ​ခန်း​သို့​သွား​၏။-
12 Akati kumuranda wake Gehazi, “Dana mukadzi muShunami.” Naizvozvo akamudana, uye akamira pamberi pake.
၁၂သူ​သည်​မိ​မိ​၏​အ​စေ​ခံ​ဂေ​ဟာ​ဇိ​အား အိမ်​ရှင် အ​မျိုး​သ​မီး​ကို​အ​ခေါ်​ခိုင်း​လေ​သည်။ ထို အ​မျိုး​သ​မီး​ရောက်​ရှိ​လာ​သော​အ​ခါ၊-
13 Erisha akati kwaari, “Muudze kuti, ‘Makatitamburira imi pane zvose izvi, zvino mungaitirwewo chii? Tingakumiririrai kuna mambo here kana kumukuru wehondo?’” Iye akapindura akati, “Ndine musha pakati pavanhu vokwangu.”
၁၃ဂေ​ဟာ​ဇိ​အား``ဤ​အ​မျိုး​သ​မီး​သည် ငါ​တို့ အား​ဤ​မျှ​ဒုက္ခ​ခံ​၍​လုပ်​ကျွေး​ပြု​စု​သည့် အ​တွက် ငါ​တို့​အ​ဘယ်​သို့​ကျေး​ဇူး​တုံ့​ပြန် ရ​ပါ​မည်​နည်း။ သူ့​အား​မေး​ကြည့်​ပါ​လော့။ သူ​သည်​မိ​မိ​၏​အ​တွက်​ငါ့​အား​ဘု​ရင့်​ထံ တော်​သို့​သော်​လည်း​ကောင်း၊ တပ်​မ​တော်​ဗိုလ်​ချုပ် ထံ​သို့​သော်​လည်း​ကောင်း သွား​ရောက်​ပြော​ကြား ပေး​ရန်​အ​လို​ရှိ​ကောင်း​ရှိ​ပေ​လိမ့်​မည်'' ဟု ဆို​၏။ ထို​အ​ခါ​အ​မျိုး​သ​မီး​က``ကျွန်​မ​သည်​ဤ အ​ရပ်​တွင် ဆွေ​မျိုး​များ​နှင့်​နေ​ရ​သ​ဖြင့်​ကျွန်​မ မှာ​လို​လေ​သေး​မ​ရှိ​ပါ'' ဟု​ပြန်​ပြော​၏။
14 Erisha akabvunza akati, “Angaitirwe chiiko?” Gehazi akati, “Zvirokwazvo, haana mwanakomana uye murume wake akwegura.”
၁၄ထို​နောက်​ဧ​လိ​ရှဲ​သည်​ဂေ​ဟာ​ဇိ​အား``ထို​အ​မျိုး သ​မီး​ကို ငါ​တို့​အ​ဘယ်​သို့​ကျေး​ဇူး​ပြု​ပါ​မည် နည်း'' ဟု​မေး​ပြန်​၏။ ဂေ​ဟာ​ဇိ​က``သူ​မှာ​သား​သ​မီး​မ​ရှိ​ပါ။ သူ​၏ ခင်​ပွန်း​သည်​လည်း​အို​မင်း​ပါ​ပြီ'' ဟု​ဆို​၏။
15 Ipapo Erisha akati, “Mudane.” Naizvozvo akamudana, mukadzi akamira pamukova.
၁၅ဧ​လိ​ရှဲ​က``ထို​အ​မျိုး​သ​မီး​ကို ဤ​နေ​ရာ​သို့ ခေါ်​ခဲ့​လော့'' ဟု​အ​မိန့်​ရှိ​သည့်​အ​တိုင်း အ​မျိုး သ​မီး​သည်​လာ​၍​တံ​ခါးဝ​တွင်​ရပ်​လျက်​နေ​၏။-
16 Erisha akati, “Nenguva inenge ino gore rinouya, uchafungatira mwanakomana mumaoko ako.” Iye akati, “Kwete, ishe wangu. Haiwa munhu waMwari, musarevera nhema murandakadzi wenyu!”
၁၆ထို​အ​ခါ​ဧ​လိ​ရှဲ​က``သင်​သည်​နောင်​နှစ်​ခါ ဤ​အ​ချိန်​၌​သား​ကို​ချီ​ပိုက်​ရ​လိမ့်​မည်'' ဟု​ပြော​၏။ အ​မျိုး​သ​မီး​က``အို အ​ရှင်၊ ကျွန်​မ​အား​လိမ် လည်​၍​မ​ပြော​ပါ​နှင့်။ အ​ရှင်​သည်​ဘု​ရား​သ​ခင် ၏​အ​စေ​ခံ​ဖြစ်​ပါ​၏'' ဟု​ပြန်​ပြော​၏။
17 Asi mukadzi akava nemimba, uye gore raitevera nenguva yakare iyoyo akapona mwanakomana, sezvaakanga audzwa naErisha.
၁၇သို့​ရာ​တွင်​နောင်​တစ်​နှစ်​ဤ​အ​ချိန်​လောက်​၌ အ​မျိုး သ​မီး​သည်​သား​ယောကျာ်း​ကို​ဖွား​မြင်​လေ​သည်။
18 Mwana akati akura, nerimwe zuva akaenda kuna baba vake, kwavaiva navakohwi.
၁၈နှစ်​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​ကောက်​ရိတ်​ချိန် တစ်​ခု​သော​နံ​နက်​ခင်း​၌ သူ​ငယ်​သည်​လယ်​ထဲ တွင်​ကောက်​ရိတ်​သ​မား​များ​နှင့်​အ​တူ​ရှိ​သည့် ဖ​ခင်​ထံ​သို့​သွား​ရောက်​ပြီး​နောက်၊-
19 Akati kuna baba vake, “Musoro wangu! Musoro wangu!” Baba vake vakataurira muranda vakati, “Mutakurei muende naye kuna mai vake.”
၁၉ရုတ်​တ​ရက်``ခေါင်း​ကိုက်​သည်၊ ခေါင်း​ကိုက်​သည်၊'' ဟု ဆို​၏။ သို့​ဖြစ်​၍​ဖ​ခင်​သည် အ​စေ​ခံ​တစ်​ယောက်​အား``ဤ သူ​ငယ်​ကို​ချီ​၍​သူ​၏​မိ​ခင်​ထံ​သို့​ပို့​လော့'' ဟု အ​မိန့်​ပေး​၏။-
20 Mushure mokunge muranda amusimudza, akaenda naye kuna mai vake, mukomana akagara pamakumbo amai vake kusvikira masikati, ndokubva afa.
၂၀အ​စေ​ခံ​သည်​လည်း​သူ​ငယ်​ကို​ချီ​၍ သူ​၏​မိ​ခင် ထံ​သို့​ပို့​၏။ မိ​ခင်​သည်​သား​ငယ်​ကို​မွန်း​တည့်​ချိန် တိုင်​အောင် မိ​မိ​၏​ပေါင်​ပေါ်​တွင်​တင်​ထား​၏။ ထို အ​ချိန်​၌​သူ​ငယ်​သေ​ဆုံး​သွား​လေ​သည်။-
21 Vakakwira pamusoro naye vakandomuradzika pamubhedha womunhu waMwari, ndokupfiga mukova ndokubuda.
၂၁ထို့​ကြောင့်​မိ​ခင်​သည်​သူ့​ကို​ဧ​လိ​ရှဲ​၏​အ​ခန်း သို့​ပွေ့​ချီ​ကာ ကု​တင်​ပေါ်​မှာ​တင်​ပြီး​နောက် တံ​ခါး​ကို​ပိတ်​ထား​၏။-
22 Mukadzi akadana murume wake akati, “Ndapota, ndidanire mumwe wavaranda nembongoro kuti ndiende kumunhu waMwari nokukurumidza ndigodzoka.”
၂၂ထို​နောက်​မိ​မိ​၏​ခင်​ပွန်း​ကို​ခေါ်​၍``ပ​ရော​ဖက် ဧ​လိ​ရှဲ​ထံ​သို့​ကျွန်​မ​သွား​ရ​ပါ​မည်။ အ​စေ​ခံ တစ်​ယောက်​နှင့်​မြည်း​တစ်​ကောင်​ကို​ကျွန်​မ​ထံ သို့​စေ​လွှတ်​ပေး​ပါ'' ဟု​ပြော​၏။
23 Iye akamubvunza akati, “Uri kuendereiko kwaari nhasi? Hakusi Kugara kwoMwedzi kana Sabata.” Akapindura akati, “Hazvina mhosva.”
၂၃ခင်​ပွန်း​ဖြစ်​သူ​က``အ​ဘယ်​ကြောင့်​ယ​နေ့​သွား လို​ပါ​သ​နည်း။ ယ​နေ့​သည်​ဥ​ပုသ်​နေ့​မ​ဟုတ်။ လဆန်း​ပွဲ​နေ့​လည်း​မ​ဟုတ်'' ဟု​ဆို​၏။ ဇ​နီး​ဖြစ်​သူ​က``ယင်း​သို့​ပင်​မ​ဟုတ်​သော်​လည်း ကိစ္စ​မ​ရှိ​ပါ'' ဟု​ပြန်​ပြော​၏။-
24 Akaisa chigaro pamusoro pembongoro akati kumuranda wake, “Tungamira; usafamba zvishoma uchiitira ini kunze kwokunge ndakuudza.”
၂၄ထို​နောက်​သူ​သည်​မြည်း​ကို​ကုန်း​နှီး​တင်​စေ​ပြီး လျှင် အ​စေ​ခံ​အား``မြည်း​ကို​အ​မြန်​ဆုံး​မောင်း နှင်​ပေး​ပါ။ ငါ​အ​မိန့်​မ​ပေး​ဘဲ​အ​သွား​မ​နှေး စေ​နှင့်'' ဟု​မှာ​ကြား​ထား​၏။-
25 Naizvozvo akaenda akasvika kumunhu waMwari paGomo reKarimeri. Akati achimuona achiri kure, munhu waMwari akati kumuranda wake Gehazi, “Tarisa! Hoyo mukadzi muShunami!
၂၅သို့​ဖြစ်​၍​အ​မျိုး​သ​မီး​သည်​ဧ​လိ​ရှဲ​ရှိ​ရာ ကာ​ရ မေ​လ​တောင်​ထိပ်​သို့​ထွက်​ခွာ​သွား​လေ​သည်။ သူ့​ကို​အ​ဝေး​မှ​လာ​နေ​သည်​ကို​ဧ​လိ​ရှဲ​မြင်​နေ သ​ဖြင့် မိ​မိ​၏​အ​စေ​ခံ​ဂေ​ဟာ​ဇိ​အား``ရှု​နင်​မြို့ သူ​လာ​နေ​ပါ​သည်​တ​ကား။-
26 Mhanya undosangana naye ugomubvunza kuti, ‘Munofara mose here? Ko, murume wako anofara here? Ko, mwana wako anofara here?’” Mukadzi akati, “Zvose zvakanaka.”
၂၆သူ့​ထံ​သို့​အ​လျင်​အ​မြန်​သွား​၍`ကိုယ်​တိုင်​မာ ၏​လော၊ ခင်​ပွန်း​မာ​၏​လော၊ သား​ငယ်​မာ​၏​လော၊' ဟု​မေး​မြန်း​လော့'' ဟု​ဆို​၏။ အ​မျိုး​သ​မီး​သည်​ဂေ​ဟာ​ဇိ​အား``ကျန်း​မာ​ပါ သည်'' ဟု​ပြန်​ပြော​၏။-
27 Paakasvika kumunhu waMwari paGomo, akabata makumbo ake. Gehazi akauya achiti amusundire kure, asi munhu waMwari akati, “Murege akadaro! Nokuti ane shungu dzinomutambudza, asi Jehovha akandivanzira chinhu ichi uye haana kundiudza kuti imhaka yei.”
၂၇သို့​ရာ​တွင်​ဧ​လိ​ရှဲ​ထံ​သို့​ရောက်​သော​အ​ခါ​ဦး ညွှတ်​ပျပ်​ဝပ်​ပြီး​လျှင် ဧ​လိ​ရှဲ​၏​ခြေ​ကို​ဖက်​၏။ ဂေ​ဟာ​ဇိ​သည်​အ​မျိုး​သ​မီး​အား​တွန်း​ဖယ်​မည် ပြု​သော​အ​ခါ ဧ​လိ​ရှဲ​က``သူ့​အား​ရှိ​စေ​တော့။ သူ​သည်​အ​လွန်​စိတ်​ဆင်း​ရဲ​လျက်​နေ​သည်​ကို မ​မြင်​သ​လော။ ဤ​အ​မှု​နှင့်​ပတ်​သက်​၍ ထာ​ဝရ ဘု​ရား​သည်​ငါ့​အား​ဖော်​ပြ​တော်​မ​မူ​ခဲ့'' ဟု ဆို​၏။
28 Mukadzi akati, “Ndakakukumbirai mwanakomana here, tenzi wangu? Ko, handina kukutaurirai kuti musandinyengedzera here?”
၂၈အ​မျိုး​သ​မီး​က``အ​ရှင်၊ ကျွန်​မ​သည်​အ​ရှင့်​ထံ တွင်​သား​ဆု​ကို​တောင်း​ပါ​သ​လော။`အ​ချည်း​နှီး ကျွန်​မ​မျှော်​လင့်​၍​မ​နေ​ပါ​ရ​စေ​နှင့်' ဟု​အ​ရှင့် အား​ပြော​ကြား​ခဲ့​သည်​မ​ဟုတ်​ပါ​လော'' ဟု ဆို​၏။
29 Erisha akati kuna Gehazi, “Zvisunge chiuno ubate tsvimbo yangu muruoko rwako umhanye. Kana ukasangana naani zvake, usamukwazisa, uye ani naani anokukwazisa, iwe usapindura. Uradzike tsvimbo yangu pauso hwomukomana.”
၂၉ဧ​လိ​ရှဲ​သည်​ဂေ​ဟာ​ဇိ​၏​ဘက်​သို့​လှည့်​၍``ငါ ၏​တောင်​ဝှေး​ကို​ယူ​၍​အ​လျင်​အ​မြန်​သွား​လော့။ လမ်း​တွင်​မည်​သူ့​ကို​မျှ​နှုတ်​မ​ဆက်​နှင့်။ သင့်​အား နှုတ်​ဆက်​သူ​ရှိ​လျှင်​လည်း​ပြန်​၍​ဖြေ​မ​နေ​နှင့်။ အိမ်​သို့​အ​ရောက်​သွား​၍​သူ​ငယ်​၏​အ​ပေါ်​တွင် ငါ​၏​တောင်​ဝှေး​ကို​တင်​ထား​လော့'' ဟု​စေ​ခိုင်း လေ​သည်။
30 Asi mai vomwana vakati, “Zvirokwazvo naJehovha mupenyu, uye noupenyu hwenyu, handisi kuzokusiyai.” Naizvozvo akasimuka akamutevera.
၃၀အ​မျိုး​သ​မီး​က​ဧ​လိ​ရှဲ​အား``အ​သက်​ရှင် တော်​မူ​သော​ထာ​ဝရ​ဘု​ရား​နှင့်​အ​ရှင်​၏​အ​ပေါ် တွင်​ကျွန်​မ​ထား​ရှိ​သော​ကျေး​ဇူး​သစ္စာ​ကို​တိုင် တည်​၍ အ​ရှင်​မ​ပါ​က​ကျွန်​မ​သွား​မည်​မ​ဟုတ် ပါ'' ဟု​ပြော​၏။ သို့​ဖြစ်​၍​ဧ​လိ​ရှဲ​သည်​ထ​၍ သူ​နှင့်​အ​တူ​လိုက်​သွား​လေ​သည်။-
31 Gehazi akatungamira mberi akandoisa tsvimbo pachiso chomwana, asi hapana chakanzwika kana chakapfakanyika. Naizvozvo Gehazi akadzokera kuti andosangana naErisha akamuudza kuti, “Mukomana haana kumuka.”
၃၁ဂေ​ဟာ​ဇိ​သည်​ရှေ့​မှ​သွား​နှင့်​ပြီး​လျှင်​ဧ​လိ​ရှဲ ၏​တောင်​ဝှေး​ကို​က​လေး​၏​အ​ပေါ်​တွင်​တင်​ထား​၏။ သို့​ရာ​တွင်​သူ​ငယ်​ထံ​မှ​အ​သံ​ကို​မ​ကြား​ရ။ အ​သက်​ရှင်​သည့်​လက္ခ​ဏာ​ကို​လည်း​မ​တွေ့​ရ သ​ဖြင့်​ဂေ​ဟာ​ဇိ​သည်​ဧ​လိ​ရှဲ​ကို​ပြန်​၍ ကြို​ဆို​ကာ``သူ​ငယ်​မ​နိုး​ပါ'' ဟု​ပြော​၏။
32 Erisha paakasvika pamba, akawana mukomana ari pamubhedha akafa.
၃၂ဧ​လိ​ရှဲ​သည်​အိမ်​သို့​ရောက်​သော​အ​ခါ​တစ်​ကိုယ် တည်း​အ​ခန်း​ထဲ​သို့​ဝင်​၍ ကု​တင်​ပေါ်​တွင်​သေ​နေ သော​သူ​ငယ်​ကို​တွေ့​လေ​၏။-
33 Akapinda mukati, akapfiga mukova iye nomwana vari vaviri, akanyengetera kuna Jehovha.
၃၃သူ​သည်​တံ​ခါး​ကို​ပိတ်​ပြီး​လျှင်​ထာ​ဝ​ရ​ဘု​ရား အား​ဆု​တောင်း​လေ​၏။-
34 Ipapo akakwira pamubhedha akatsivama pamusoro pomwana, akaisa muromo wake pamuromo womwana, nameso ake pameso omwana, uye maoko pamaoko ake. Paakatsivamira pamusoro pake, muviri womukomana wakatanga kudziya.
၃၄ထို​နောက်​သူ​ငယ်​၏​အ​ပေါ်​တွင်​မှောက်​လျက်​နှုတ်​ချင်း၊ မျက်​စိ​ချင်း၊ လက်​ချင်း​ထပ်​၍​ထား​၏။ ယင်း​သို့ သူ​ငယ်​၏​အ​ပေါ်​တွင်​မှောက်​၍​နေ​သော​အ​ခါ သူ​ငယ်​၏​ကိုယ်​ခန္ဓာ​သည်​နွေး​စ​ပြု​လာ​၏။-
35 Erisha akafuratira, achifamba-famba mukati mekamuri akadzokerazve pamubhedha akatsivamazve pamusoro pake. Mukomana akahotsira kanomwe kose ndokusvinura meso ake.
၃၅ဧ​လိ​ရှဲ​သည်​ထ​၍​အ​ခန်း​ထဲ​တွင်​စင်္ကြံ​လျှောက် ပြီး​နောက် သူ​ငယ်​၏​အ​ပေါ်​တွင်​တစ်​ဖန်​မှောက်​၍ နေ​ပြန်​၏။ သူ​ငယ်​သည်​ခု​နစ်​ကြိမ်​ချေ​ဆတ်​ပြီး နောက်​မျက်​စိ​ဖွင့်​၏။-
36 Erisha akadana Gehazi akati kwaari, “Dana mukadzi muShunami.” Iye akaita saizvozvo. Akati apinda, Erisha akati kwaari, “Tora mwanakomana wako.”
၃၆ဧ​လိ​ရှဲ​သည်​ဂေ​ဟာ​ဇိ​အား​သူ​ငယ်​၏​မိ​ခင်​ကို အ​ခေါ်​ခိုင်း​၏။ အ​မျိုး​သ​မီး​ရောက်​လာ​သော​အ​ခါ ဧ​လိ​ရှဲ​က​သူ့​အား``ဤ​မှာ​သင်​၏​သား'' ဟု​ဆို​၏။-
37 Ipapo akapinda, akazviwisira patsoka dzake akakotamira pasi, akasimuka akatora mwanakomana wake akabuda.
၃၇အမျိုး​သ​မီး​သည်​ဧ​လိ​ရှဲ​၏​ခြေ​ရင်း​တွင်​ပျပ်​ဝပ် ပြီး​လျှင် မိ​မိ​၏​သား​ကို​ချီ​၍​ထွက်​ခွာ​သွား​လေ သည်။
38 Erisha akadzokera kuGirigari uye maiva nenzara mudunhu imomo. Boka ravanakomana vavaprofita parakanga rigere pamberi pake, akati kumuranda wake, “Gadzai hari huru mubikire boka ravaprofita ava zvokudya.”
၃၈အ​ခါ​တစ်​ပါး​၌​နိုင်​ငံ​တစ်​ဝှမ်း​လုံး​တွင် အ​စာ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​ဆိုက်​ရောက်​နေ​ချိန် ၌ ဧ​လိ​ရှဲ​သည်​ဂိ​လ​ဂါ​လ​မြို့​သို့​ပြန်​လေ​သည်။ သူ​သည်​ပ​ရော​ဖက်​တစ်​စု​ကို​သွန်​သင်​လျက်​နေ စဉ် ထို​သူ​တို့​အ​တွက်​အိုး​ကြီး​တစ်​လုံး​ဖြင့် ဟင်း​ချက်​ရန် မိ​မိ​၏​အ​စေ​ခံ​အား​ပြော ကြား​၏။-
39 Mumwe wavo akaenda kuminda kundotanha muriwo akawana magaka omusango. Akaunganidza mamwe acho akaazadza mujasi rake. Paakadzokera, akaatema-tema ndokuaisa muhari yomuriwo, kunyange zvazvo pakanga pasina aiziva kuti zvaiva zvii.
၃၉ပ​ရော​ဖက်​တစ်​ပါး​သည်​ဟင်း​သီး​ဟင်း​ရွက်​များ ခူး​ရန် လယ်​တော​သို့​သွား​ရာ​ဘူး​ပင်​ရိုင်း​တစ်​ပင် ကို​တွေ့​သ​ဖြင့် သယ်​နိုင်​သ​မျှ​သော​ဘူး​သီး​တို့ ကို​ခူး​ဆွတ်​ပြီး​သော် ဘူး​ရိုင်း​မှန်း​မ​သိ​ဘဲ​ခွဲ စိတ်​၍​ဟင်း​အိုး​တွင်​ခတ်​လေ​သည်။-
40 Zvokudya zvakapakurirwa vanhu, asi pavakatanga kudya vakadanidzira vakati, “Nhai munhu waMwari, mune rufu muhari!” Uye vakatadza kuzvidya.
၄၀ထို​ဟင်း​ကို​လူ​တို့​စား​သောက်​ရန်​လောင်း​ထည့် လိုက်​သော​အ​ခါ သူ​တို့​သည်​မြည်း​စမ်း​မိ​သည် နှင့်​တစ်​ပြိုင်​နက်​ဧ​လိ​ရှဲ​အား``ဤ​ဟင်း​တွင် အ​ဆိပ်​ခတ်​ထား​ပါ​သည်​တ​ကား'' ဟု​ဟစ် အော်​ကာ​မ​စား​ဘဲ​နေ​ကြ​၏။-
41 Erisha akati, “Uyai noupfu.” Akahuisa muhari akati, “Ipai vanhu vadye.” Ipapo hapana kuzova nechinokuvadza muhari.
၄၁ဧ​လိ​ရှဲ​သည်​မုန့်​ညက်​အ​နည်း​ငယ်​ကို​တောင်း​ယူ ကာ​အိုး​ထဲ​သို့​ပစ်​ထည့်​လိုက်​၏။ ထို​နောက်``ဤ​သူ တို့​စား​သောက်​ရန်​လောင်း​ထည့်​လော့'' ဟု​ဆို​သည့် အ​တိုင်း​လောင်း​ထည့်​သော​အ​ခါ​အ​ဆိပ်​မ​ရှိ တော့​ချေ။
42 Mumwe murume akauya achibva kuBhaari Sharisha achivigira munhu waMwari marofu makumi maviri echingwa chebhari chakanga chabikwa nezviyo zvakatanga kuibva, pamwe chete nehura dzezviyo zvitsva. Erisha akati, “Ipai vanhu vadye.”
၄၂အ​ခြား​အ​ခါ​တစ်​ပါး​၌​လည်း​လူ​တစ်​ယောက်​သည် ထို​နှစ်​ပေါ်​မု​ယော​ကောက်​ဦး​နှင့်​လုပ်​သော​မုန့်​အ​လုံး နှစ်​ဆယ်​ကို​ဧ​လိ​ရှဲ​အ​တွက် ဗာ​လ​ရှ​လိ​ရှ​မြို့​မှ ယူ​ဆောင်​လာ​၏။ ဧ​လိ​ရှဲ​သည်​ပ​ရော​ဖက်​တို့​ကို ထို​အ​စား​အ​စာ​ဖြင့်​ဧည့်​ခံ​ရန်​မိ​မိ​၏​အ​စေ​ခံ အား​ပြော​၏။-
43 Muranda wake akati, “Ndingagovera izvi kuvanhu zana sei?” Asi Erisha akapindura akati, “Ipai vanhu vadye. Nokuti zvanzi naJehovha, ‘Vachadya vakasiya zvimwe.’”
၄၃သို့​ရာ​တွင်​အ​စေ​ခံ​က``လူ​တစ်​ရာ​ကို​ဤ​မျှ​လောက် နှင့်​ကျွေး​နိုင်​ပါ​မည်​လော'' ဟု​ဆို​၏။ ဧ​လိ​ရှဲ​က``ထို အ​စား​အ​စာ​ကို ဤ​သူ​တို့​ကို​ကျွေး​လော့။ ထာ​ဝရ ဘု​ရား​က`သူ​တို့​သည်​ဝ​စွာ​စား​ရ​ကြ​သည့်​အ​ပြင် စား​စ​ရာ​အ​ချို့​ပင်​ကျန်​ကြွင်း​လိမ့်​မည်' ဟု​မိန့် တော်​မူ​၏'' ဟု​ပြန်​ပြော​လေ​သည်။-
44 Ipapo akavaisira pamberi pavo zvokudya, vakadya vakasiya zvimwe, sezvakanga zvataurwa neshoko raJehovha.
၄၄သို့​ဖြစ်​၍​အ​စေ​ခံ​သည်​ပ​ရော​ဖက်​တို့​အား ထို အ​စား​အ​စာ​ကို​တည်​ခင်း​ကျွေး​မွေး​ရာ​ထာ​ဝ​ရ ဘု​ရား​ဗျာ​ဒိတ်​တော်​နှင့်​အ​ညီ ထို​သူ​တို့​အား လုံး​ဝ​စွာ​စား​ရ​ကြ​ပြီး​နောက်​စား​စ​ရာ အ​ချို့​ပင်​ကျန်​ကြွင်း​သေး​သည်။

< 2 Madzimambo 4 >