< 2 Madzimambo 25 >
1 Naizvozvo mugore repfumbamwe rokutonga kwaZedhekia, pazuva regumi romwedzi wegumi, Nebhukadhinezari mambo weBhabhironi akaenda kundorwisana neJerusarema nehondo yake yose. Akavaka misasa akakomberedza guta uye akavakawo nhare dzakanga dzakarikomberedza.
၁ဇေဒကိမင်းနန်းစံကိုးနှစ်၊ ဒသမလဆယ်ရက် နေ့တွင် ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ဗိုလ်ခြေ အပေါင်းတို့နှင့်တကွ ယေရုရှလင်မြို့သို့ စစ်ချီသဖြင့်၊ မြို့ပတ်လည်၌တပ်ချ၍ မြေကတုပ်တို့ကို တူးလုပ်ပြီးမှ၊
2 Guta rakaramba rakakombwa kusvikira pagore regumi nerimwe chete raMambo Zedhekia.
၂ဇေဒကိမင်း နန်းစံတဆယ်တနှစ်တိုင်အောင် မြို့ကိုဝိုင်းထားလေ၏။
3 Pazuva repfumbamwe romwedzi wechina nzara yakanyanya muguta zvokuti makanga musisina zvokudya zvavanhu.
၃ထိုနှစ်စတုတ္ထလကိုးရက်နေ့တွင်၊ မြို့ထဲမှာ အလွန်အစာအာဟာရခေါင်းပါးသဖြင့်၊ မြို့သူမြို့သားတို့ သည် စားစရာမရှိသောအခါ၊
4 Ipapo rusvingo rweguta rwakapwanyiwa, hondo yose ikatiza usiku napasuo raiva pakati pamasvingo maviri pedyo nebindu ramambo, kunyange veBhabhironi vakanga vakakomba guta. Vakatiza vakananga kuArabha,
၄ခါလဒဲ လူတို့သည်မြို့ရိုးကို ဖြိုဖောက်၍ မြို့ကို လည်း ဝိုင်းနေသောကြောင့်၊ မြို့သားစစ်သူရဲအပေါင်းတို့ သည် ညဉ့်အခါ ပြေး၍မြို့ရိုးနှစ်ထပ်စပ်ကြား ဥယျာဉ် တော်နားတံခါးဝဖြင့် ထွက်ပြီးမှ လွင်ပြင်သို့ သွားကြ၏။
5 asi hondo yavaBhabhironi yakadzinganisa mambo ikamubatira mumapani eJeriko. Varwi vake vose vakaparadzaniswa naye vakapararira.
၅ခါလဒဲစစ်သူရဲတို့သည် ရှင်ဘုရင်ကို လိုက်၍ ယေရိခေါလွင်ပြင်၌ မှီသဖြင့်၊ ဇေဒကိမင်း၏ စစ်သူရဲ အပေါင်းတို့သည် လွင့်ပြေးကြ၏။
6 Akabatwa akaendeswa kuna mambo weBhabhironi paRibhira, kwaakandotongwa.
၆ရန်သူတို့သည် ရှင်ဘုရင်ကိုဘမ်းဆီး၍ ဗာဗုလုန် ရှင်ဘုရင်ရှိရာ ရိဗလမြို့သို့ ဆောင်သွားကြ၏။ ဗာဗုလုန် ရှင်ဘုရင်သည် ဇေဒကိမင်း၏အမှုကို စစ်ကြောစီရင်သည် အတိုင်း၊
7 Vakauraya vanakomana vaZedhekia pamberi pake achizviona. Ipapo vakamutushura meso ake, vakamusunga nezvisungo zvamatare vakamutora vakaenda naye kuBhabhironi.
၇ဇေဒကိမင်း၏ သားတို့ကို အဘမျက်မှောက်၌ သတ်ကြ၏။ ဇေဒကိမျက်စိကိုလည်း ဖောက်ပြီးမှ၊ သူကိုကြေးဝါးကြိုးနှင့်ချည်နှောင်၍ ဗာဗုလုန်မြို့သို့ ယူသွား ကြ၏။
8 Pazuva rechinomwe romwedzi wechishanu, mugore regumi nepfumbamwe raNebhukadhinezari mambo weBhabhironi, Nebhuzaradhani mukuru wehondo yavachengeti vamambo, muranda wamambo weBhabhironi, akauya kuJerusarema.
၈ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာနန်းစံ ဆယ် ကိုးနှစ်၊ ပဥ္စမလ ခုနစ်ရက်နေ့တွင်၊ အမှုတော်ထမ်း ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် ယေရုရှလင်မြို့သို့ လာ၍၊
9 Akapisa temberi yaJehovha, nomuzinda wamambo nedzimba dzose dzeJerusarema. Akapisa, dzimba dzose dzaikosha.
၉ဗိမာန်တော်၊ နန်းတော်၊ မင်းအိမ်၊ ဆင်းရဲသား အိမ်ရှိသမျှတို့ကို မီးရှို့လေ၏။
10 Hondo yose yeBhabhironi yaiva pasi pomukuru wavarindi vamambo yakaputsa masvingo aipoteredza Jerusarema.
၁၀ကိုယ်ရံတော်မှူး၌ပါသော ခါလဒဲစစ်သူရဲ အပေါင်းတို့သည် ယေရုရှလင်မြို့ရိုးရှိသမျှတို့ကို ဖြိုဖျက် ကြ၏။
11 Nebhuzaradhani mukuru wavarindi akaendesa kuutapwa vanhu vakanga vasara muguta, pamwe chete navamwe vanhu vose zvavo navaya vakanga vaenda kuna mambo weBhabhironi.
၁၁ထိုအခါကိုယ်ရံတော်မှူး နေဗုဇာရဒန်သည် မြို့ထဲမှာ ကျန်ကြွင်းသောသူ၊ ဗာဗုလုန်ရှင်ဘုရင်ဘက်သို့ ကူးသွားနှင့်သောသူ၊ ကြွင်းသမျှသောသူတို့ကို သိမ်းသွား လေ၏။
12 Asi mukuru wavarindi akasiya vanhu vakanga vari varombo vokupedzisira munyika kuti vashande muminda yemizambiringa nemimwe minda.
၁၂သို့ရာတွင် စပျစ်ဥယျာဉ်ကိုပြုစု၍ လယ်လုပ် စေခြင်းငှါ၊ ဆင်းရဲသားအချို့တို့ကိုထားခဲ့လေ၏။
13 Vanhu veBhabhironi vakaputsa mbiru dzendarira, zvigadziko neGungwa rendarira zvakanga zviri mutemberi yaJehovha vakatakura ndarira vakaenda nayo kuBhabhironi.
၁၃ဗိမာန်တော်၌ ကြေးဝါတိုင်တို့ကို၎င်း၊ ကြေးဝါ ရေကန်ကို၎င်း၊ ရေချိုးအင်တုံအခြေအမြစ်တို့ကို၎င်း၊ ခါလဒဲလူတို့သည် ချိုးဖဲ့၍၊ ကြေးဝါရှိသမျှကို ဗာဗုလုန်မြို့သို့ ယူသွား ကြ၏။
14 Vakatorawo hari, nefoshoro, nezvidzimiso zvemwenje, nemadhishi uye nemidziyo yose yendarira yaishandiswa mutemberi.
၁၄အိုးကင်း၊ တူးရွင်းပြား၊ မီးညှပ်၊ ဇွန်းမှစ၍ အမှုတော်ထမ်းစရာ ကြေးဝါတန်ဆာရှိသမျှ တို့ကိုလည်း ယူသွားကြ၏။
15 Mukuru wehondo yavarindi vamambo akatora zvaenga zvezvinonhuhwira namadhishi okusasa nawo, nezvose zvakanga zvakagadzirwa negoridhe rakaisvonaka kana sirivha.
၁၅ရွှေတန်ဆာ၊ ငွေတန်ဆာတည်းဟူသော လင်ပန်း၊ အိုးအစရှိသော တန်ဆာများကို ရွှေဖြစ်စေ၊ ငွေဖြစ်စေ၊ ကိုယ်ရံတော်မှူးသည် ယူသွားလေ၏။
16 Ndarira yakabva pambiru mbiri, Gungwa nezvigadziko zvakanga zvagadzirirwa temberi yaJehovha naSoromoni, yakanga yakawanda zvokuti yaisagona kuyerwa.
၁၆ဗိမာန်တော်၌ ရှောလမုန်မင်းလုပ်သော တိုင်နှစ် တိုင်၊ ရေကန်တခု၊ အခြေအမြစ်များ၌ပါသော ကြေးဝါ သည် အချိန်အားဖြင့် အတိုင်းမသိ များ၏။
17 Mbiru imwe neimwe yaiva yakareba makubhiti gumi namasere. Musoro wendarira waiva pamusoro pembiru wakanga wakareba makubhiti matatu uye wakanga wakashongedzwa nomumbure uye namatamba endarira akanga akaupoteredza. Imwe mbiru nomumbure wayo yakanga yakadarowo.
၁၇တိုင်အမြင့်ကားတဆယ်ရှစ်တောင်ရှိ၏။ ကြေးဝါ တိုင်ထိပ်လည်း ရှိ၏။ တိုင်ထိပ်အမြင့်ကား သုံးတောင်ရှိ၍၊ ထိပ်ပတ်လည်း ကြေးဝါကွန် ရွက်၊ ကြေးဝါသလဲသီးတို့နှင့် ပြည့်စုံ၏။ အခြားသောတိုင်သည်လည်း ထိုအတူဖြစ်၍ ကွန်ရွက်နှင့် ပြည့်စုံ၏။
18 Mukuru wavarindi akatora Seraya muprista mukuru naZefania muprista aimutevera paukuru navachengeti vomukova vatatu akavaita vasungwa.
၁၈ကိုယ်ရံတော်မှူးသည် ယဇ်ပုရောဟိတ်မင်း စရာယ၊ ဒုတိယယဇ်ပုရောဟိတ်ဇေဖနိ၊ ဗိမာန်တော် တံခါးမှူး သုံးယောက်တို့ကို ဘမ်းဆီးလေ၏။
19 Pane avo vakanga vasara muguta, akatora mukuru wavarwi navapi vamazano vamambo vashanu. Akatorawo munyori akanga ari mubati mukuru ainyoresa vanhu venyika kuti vave varwi navamwe vanhu vake vaisvika makumi matanhatu vakawanikwa muguta.
၁၉စစ်သူရဲတို့ကိုအုပ်သော ဗိုလ်တယောက်၊ မြို့ထဲ ၌တွေ့မိသော တိုင်ပင်မှူးမတ်ငါးယောက်၊ ပြည်သူ ပြည်သားများကို နှိုးဆော်သော တပ်စာရေးကြီး တယောက်၊ မြို့ထဲ၌တွေ့မိသော ပြည်သားခြောက်ဆယ်တို့ ကိုမြို့ထဲကခေါ်သွား၍၊
20 Nebhuzaradhani mukuru wavarindi akavatora vose akavaendesa kuna mambo weBhabhironi paRibhura.
၂၀ဗာဗုလုန်ရှင်ဘုရင်ရှိရာ ရိဗလမြို့သို့ဆောင်ခဲ့ ပြီးလျှင်၊
21 Ipapo paRibhura munyika yeHamati, mambo akarayira kuti vaurayiwe. Saka Judha yakaenda kuutapwa, kure nenyika yayo.
၂၁ဗာဗုလုန်ရှင်ဘုရင်သည် ဟာမတ်ပြည်ရိဗလမြို့ ၌ ထိုသူတု့ကို ဒဏ်ပေး၍ ကွပ်မျက်လေ၏။ ထိုသို့ ယုဒအမျိုးသည် မိမိပြည်မှ သိမ်းသွားခြင်းကို ခံရ သတည်း။
22 Nebhukadhinezari mambo weBhabhironi akagadza Gedharia mwanakomana waAhikami, mwanakomana waShafani, kuti atonge vanhu vaakanga asiya muJudha.
၂၂ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ၏ အခွင့်နှင့် ယုဒပြည်၌ ကျန်ကြွင်းသေးသော လူတို့ကို အုပ်ရသော မင်းအရာ၌၊ ရှာဖန်၏သားဖြစ်သော အဟိကံ၏သား ဂေဒလိကို ခန့်ထားတော်မူ၏။
23 Vakuru vose vehondo navanhu vavo pavakanzwa kuti mambo weBhabhironi akanga agadza Gedharia kuti ave mutongi, vakauya kuna Gedharia paMizipa, Ishumaeri mwanakomana waNetania, naJohanani mwanakomana waKarea, naSeraya mwanakomana waTanhumeti muNetofati, naJaazania mwanakomana womuMaakati, navanhu vavo.
၂၃ဗာဗုလုန်ရှင်ဘုရင်သည် ဂေဒလိကို ပြည်အုပ် အရာ၌ခန့်ထားကြောင်းကို တပ်မှူးတို့နှင့် စစ်သူရဲများ တို့သည် ကြားသိသောအခါ၊ နာသနိသားဣရှမေလ၊ ကာရာသားယောဟနန်၊ နေတောဖတ်အမျိုး၊ တာနုမက် သားစရာယ၊ မာခလိအမျိုးသားယေဇနိတို့သည် မိမိ လူများနှင့်တကွ၊ ဂေဒလိရှိရာမိဇပါမြို့သို့လာ၍၊
24 Gedharia akaita mhiko kuti avasimbise, ivo navanhu vavo. Akati kwavari, “Musatya vabati vomuBhabhironi. Garai munyika mushandire mambo weBhabhironi zvigokunakirai.”
၂၄ဂေဒလိက၊ ခါလဒဲမင်းအမှုကို ဆောင်ရွက်ရ မည်အခွင့်ကို မစိုးရမ်ကြနှင့်။ ဤပြည်၌နေကြလော့။ ဗာဗုလုန်ရှင်ဘုရင်၏အမှုကို ဆောင်ရွက်ကြလော့။ သို့ပြုလျှင် ချမ်းသာရကြလိမ့်မည်ဟူ၍ ထိုသူတို့အား ကျိန်ဆိုလေ၏။
25 Kunyange zvakadaro, mumwedzi wechinomwe Ishumaeri mwanakomana waNetania, mwanakomana waErishama, akanga ari weropa roushe, akauya navarume gumi akauraya Gedharia navarume veJudha neveBhabhironi vaiva naye paMizipa.
၂၅သတ္တမလတွင်၊ ဆွေတော်မျိုးတော် ဧလိရှမာ သားသနိ၏ သားဣရှမေလသည် လူတကျိပ်နှင့်တကွ လာ၍ ဂေဒလိကို၎င်း၊ မိဇပါမြို့ ၌ ဂေဒလိထံမှာရှိသော ယုဒလူတို့နှင့် ခါလဒဲလူတို့ကို၎င်း သေအောင် လုပ်ကြံ လေ၏။
26 Zvadai, vanhu vose kubva kuvadiki kusvika kuvakuru navakuru vehondo pamwe chete vakatizira kuIjipiti, vachitya vaBhabhironi.
၂၆ထိုအခါ တပ်မှူးများနှင့် ပြည်သူပြည်သား အကြီးအငယ်အပေါင်းတို့သည် ခါလဒဲလူတို့ကို ကြောက် သောကြောင့် ထ၍ အဲဂုတ္တုပြည်သို့ သွားကြ၏။
27 Mugore ramakumi matatu namanomwe rokutapwa kwaJehoyakini mambo weJudha, mugore rakatanga Evhiri-Merodhaki mambo weBhabhironi kutonga, akasunungura Jehoyakini kubva muusungwa pazuva ramakumi manomwe romwedzi wegumi nemiviri.
၂၇ယုဒရှင်ဘုရင် ယေခေါနိသည် အချုပ်ခံရသော သက္ကရာဇ်သုံးဆယ်ခုနစ်နှစ်၊ ဒွါဒသမလနှစ်ဆယ် ခုနစ် ရက်နေ့တွင်၊ ဗာဗုလုန်ရှင်ဘုရင် ဧဝိလမေရော ဒက်နန်းစံ စက၊ ယုဒရှင်ဘုရင်ယေခေါနိကို ထောင်ထဲက နှုတ်၍ ချမ်းသာပေးလေ၏။
28 Akataura zvakanaka kwaari akamupa chigaro chokukudzwa chakapfuura chamamwe madzimambo akanga anaye muBhabhironi.
၂၈ကောင်းမွန်စွာ နှုတ်ဆက်၍ သူ၏ပလ္လင်ကို ဗာဗုလုန်မြို့မှာ အထံတော်၌ ရှိသောမင်း ကြီးများထိုင်ရာ ပလ္လင်တို့ထက် ချီးမြှင့်လေ၏။
29 Naizvozvo Jehoyakini akabvisa nguo dzake dzousungwa uye akadya patafura yamambo nguva nenguva pamazuva ose oupenyu hwake.
၂၉ယေခေါနိမင်းသည် ထောင်ထဲမှာ ဝတ်သော အဝတ်ကို လဲ၍၊ အသက်ရှည်သမျှကာလပတ်လုံး အစဉ်မပြတ်အထံတော်၌ စားသောက်ရ၏။
30 Zuva nezuva mambo akapa Jehoyakini mugove wezuva rimwe nerimwe mazuva ose oupenyu hwake.
၃၀အသက်ရှည်သမျှနေ့ရက် အစဉ်မပြတ်သူ စားစရာဘို့ ဗာဗုလုန်ရှင်ဘုရင် ပေးသနားတော်မူ၏။