< 2 Makoronike 25 >

1 Amazia aiva namakore makumi maviri namashanu paakava mambo, akatonga muJerusarema kwamakore makumi maviri namapfumbamwe. Mai vake vainzi Jehoadhini, uye vaibva kuJerusarema.
အာမဇိ သည် အသက် နှစ်ဆယ် ငါး နှစ်ရှိသော်နန်းထိုင် ၍ ယေရုရှလင် မြို့၌ နှစ်ဆယ် ကိုး နှစ် စိုးစံ ၏။ မယ်တော် ကား ၊ ယေရုရှလင် မြို့သူယုဒ္ဒန် အမည် ရှိ၏။
2 Akaita zvakanga zvakanaka pamberi paJehovha, asi kwete nomwoyo wose.
ထိုမင်းသည် ထာဝရဘုရား ရှေ့ တော်၌ တရား သောအမှုကို ပြု သော်လည်း ၊ စိတ်နှလုံး မ စုံလင်။
3 Paakapedza kusimbisa umambo hwake akauraya machinda akanga auraya baba vake.
အာမဇိ သည်မင်း အာဏာတည် သောအခါ ၊ ခမည်းတော် မင်းကြီး ကိုသတ် သောကျွန် တို့ကိုသတ် လေ၏။
4 Kunyange zvakadaro haana kuuraya vanakomana vavo asi akaita sezvazvakanga zvakanyorwa muMurayiro, muBhuku raMozisi, umo Jehovha akarayira achiti, “Madzibaba havafaniri kuurayiwa nokuda kwavana vavo, uye kuti vana havafaniri kuurayiwa nokuda kwamadzibaba avo.”
သား အတွက် အဘ သည် အသေ မ ခံရ။ အဘ အတွက် သား သည်အသေ မ ခံရ။ လူ တိုင်း မိမိ အပြစ် ကြောင့် အသေ ခံရ၏ဟုမောရှေ ပညတ္တိ ကျမ်းစာ ၌ ရေးထား လျက်ရှိသော ထာဝရဘုရား ၏ပညတ် တော်ကိုစောင့်ရှောက်၍၊ ထိုကျွန်တို့၏သား များကိုမ သတ် ဘဲနေ၏။
5 Amazia akaunganidza vanhu veJudha akavaronga zvichienderana nemhuri dzavo pasi pavatungamiri vezviuru uye navatungamiri vamazana akaverengawo vaiva namakore makumi maviri naanopfuura akaona kuti vaisvika zviuru mazana matatu vakanga vakagadzirira kuenda kuhondo, vaigona kushandisa mapfumo nenhoo.
အာမဇိ မင်းသည် ယုဒ လူတို့ကိုစုဝေး စေ၍ ယုဒ လူနှင့် ဗင်္ယာမိန် လူတို့တွင်၊ အဆွေ အမျိုးအလိုက် လူ တထောင် အုပ်၊ တရာ အုပ် တို့ကို ခန့်ထား ၏။ အသက် နှစ်ဆယ် လွန်၍၊ လှံ နှင့် ဒိုင်း ကို ကိုင် တတ်သောစစ်သူရဲကောင်းတို့သည်၊ စာရင်းဝင်သည်အတိုင်း သုံး သိန်းရှိ ကြ ၏။
6 Akatorazve varwi zviuru zana kubva kuIsraeri akavaripa matarenda zana esirivha.
ခွန်အား ကြီးသော ဣသရေလ သူရဲ တသိန်း ကိုလည်း ငွေ အခွက် တထောင် နှင့် ငှါး ၏။
7 Asi munhu waMwari akauya kwaari akati, “Haiwa Mambo, ava varwi vabva kuIsraeri havafaniri kuenda nemi nokuti Jehovha havasi kuIsraeri, havasi kune upi zvake munhu wokuEfuremu.
သို့ရာတွင် ဘုရားသခင် ၏လူ တယောက်သည် လာ ၍ အိုမင်းကြီး ၊ ဣသရေလ တပ် ကိုမ လိုက် စေနှင့်။ ထာဝရဘုရား သည် ဣသရေလ လူတည်းဟူသောဧဖရိမ် အမျိုးသား အပေါင်း တို့နှင့်အတူ ရှိတော်မ မူ။
8 Kunyange mukaenda kundorwa nesimba rose, Mwari achakukundai pamberi pavavengi nokuti Mwari ane simba rokubatsira kana kuputsa.”
မင်းကြီးသွားလိုလျှင်သွား၍ စစ်တိုက် ခြင်းငှါ ခိုင်ခံ့ သော်လည်း ၊ ရန်သူ ရှေ့ မှာ ဘုရားသခင် ရှုံး စေတော်မူမည်။ ဘုရားသခင် သည် မစ ခြင်းငှါ ၎င်း၊ နှိမ့်ချခြင်းငှါ၎င်း တတ်နိုင်တော်မူ၏ဟု ပြောဆိုလျှင်၊
9 Amazia akabvunza munhu waMwari akati, “Asi, matarenda zana andakaripa kuvaIsraeri anoitwa sei?” Munhu waMwari akapindura akati, “Jehovha anogona kukupa zvakawanda kupfuura izvi.”
အာမဇိ က၊ ဣသရေလ တပ် ကိုငှါး၍ ငွေအခွက် တထောင် ကိုပေး မိသောကြောင့် ၊ အဘယ်သို့ ပြု ရမည်နည်းဟု ဘုရားသခင် ၏လူ ကို မေးမြန်း သော် ၊ ဘုရားသခင် ၏လူ က၊ ထိုမျှမက ထာဝရဘုရား သည် သာ၍ပေး နိုင်တော်မူသည်ဟု ပြန်ပြော ၏။
10 Saka Amazia akaregera varwi vose vakanga vabva kuEfuremu vachienda uye akavati vaende zvavo kumba. Vakatsamwa zvikuru nokuda kweJudha vakaenda kumba vachipopota zvikuru.
၁၀ထိုအခါ အာမဇိ သည် ဧဖရိမ် ပြည်မှ ရောက် လာသော စစ်သူရဲ တို့ ကိုခွဲထား ၍၊ မိမိ တို့နေရာ သို့ ပြန်သွား စေခြင်းငှါ လွှတ်လိုက်သဖြင့်၊ သူတို့သည် အလွန် အမျက်ထွက်၍ ယုဒ ပြည်သားတို့၌ အငြိုးထားလျက်၊ မိမိ တို့ နေရာ သို့ပြန် သွားကြ၏။
11 Ipapo Amazia akatungamirira hondo yake kuMupata weMunyu, kwaakandouraya varume veSeiri zviuru gumi.
၁၁အာမဇိ သည်လည်း ကိုယ်ကိုခိုင်ခံ့ စေ၍ ဆား ချိုင့် ကို တပ်ချီ သဖြင့် ၊ စိရ တောင်သား တသောင်း ကို လုပ်ကြံ လေ၏။
12 Hondo yeJudha yakabatazve varume zviuru gumi vakavatora vakaenda navo pamusoro pegomo pamawere vakavakanda pasi pakavhunika-vhunika.
၁၂ယုဒ အမျိုးသား တို့သည် လူတသောင်း ကို အရှင် ဘမ်း ပြီးလျှင် ၊ ကျောက် တောင်ထိပ် သို့ ဆောင် သွား၍ ၊ ကျိုးပဲ့ စေခြင်းငှါအောက် သို့ တွန်းချ ကြ၏။
13 Panguva imwe cheteyo varwi vakanga vadzoserwa naAmazia pakurwa uku vakandopamba maguta eJudhea kubva kuSamaria kusvika kuBheti Horoni. Vakauraya zviuru zvitatu zvavanhu vakatakura zvinhu zvizhinji kwazvo zvavakapamba.
၁၃ဝိုင်း၍တိုက်ရသောအခွင့်ကို အာမဇိ မပေး၊ လွှတ် လိုက်သော စစ်သူရဲ တို့မူကား ၊ ရှမာရိ မြို့မှစ၍ ဗေသောရုန် မြို့တိုင်အောင် ၊ ယုဒ မြို့ တို့ကို တိုက် သဖြင့် ၊ လူသုံး ထောင် ကိုသတ် ၍ ၊ လက်ရ ဥစ္စာအများ ကို သိမ်းသွား ကြ၏။
14 Amazia paakadzoka kundouraya vaEdhomu, akadzosa vamwari vavanhu veSeiri akavamisa, akavakotamira savamwari vake, akavapisira zvibayiro.
၁၄အာမဇိ သည် ဧဒုံ အမျိုးသားတို့ကို လုပ်ကြံ ရာမှ ပြန်လာ သောအခါ ၊ စိရ တောင်သား ကိုးကွယ်သော ဘုရား တို့ကိုဆောင် ခဲ့၍ ၊ ကိုယ်တိုင် ကိုးကွယ်ရာဘုရား ဖြစ်စေ ခြင်းငှါ၊ တည်ထောင် လျက် သူ တို့ရှေ့ မှာ ဦးညွှတ် ချ၍ နံ့သာပေါင်းကို မီးရှို့ လေ၏။
15 Kutsamwa kwaMwari kwakauya pamusoro paAmazia, akatuma muprofita kwaari, akati, “Seiko uchibvunzira kuna vamwari vavanhu ava vakatadza kuponesa vanhu vavo kubva mumaoko ako?”
၁၅ထာဝရဘုရား သည် အာမဇိ ကို အမျက် ထွက် ၍ ၊ ပရောဖက် ကို စေလွှတ် တော်မူသည်ကား ၊ မိမိ လူ တို့ကို ရန်သူ လက် မှ မ ကယ်နိုင် သော တပါး အမျိုးသားဘုရား တို့ကို အဘယ်ကြောင့် ဆည်းကပ် သနည်းဟုပြောဆို လျှင်၊
16 Achiri kutaura, mambo akati kwaari, “Ko, takugadza kuti uve mupi wamazano wamambo here? Mira! Uchafireko?” Saka muprofita akamira, asi akati, “Ndinoziva kuti Mwari akagadzirira kukuparadza nokuti wakaita izvi, uye hauna kuteerera kurayira kwangu.”
၁၆ရှင် ဘုရင်က၊ သင်သည်တိုင်ပင် မှုးမတ်ဖြစ် သလော ။တိတ်ဆိတ်စွာနေလော့။ အဘယ်ကြောင့် ရာဇဝတ်ခံချင်သနည်းဟုဆိုသော်၊ ပရောဖက် က၊ မင်းကြီးသည် ငါ ပေးသောသတိ စကားကို နား မ ထောင်၊ ဤ အမှုကို ပြု မိသောကြောင့် ၊ ဘုရားသခင် သည် မင်းကြီး ကို ဖျက်ဆီး မည် ကြံ တော်မူသည် ကို ငါသိ မြင်သည်ဟု ပြောဆို ပြီးလျှင် တိတ်ဆိတ်စွာ နေလေ၏။
17 Mushure mokunge Amazia mambo weJudha abvunza vapi vake vamazano akatumira shoko rokudenha kuna Jehoashi, mwanakomana waJehoahazi, mwanakomana waJehu, mambo weIsraeri achiti, “Uya tisangane chiso nechiso.”
၁၇ထိုနောက် ၊ အာမဇိ သည်တိုင်ပင် ပြီးမှ၊ ဣသရေလ ရှင်ဘုရင် ယေဟု သား ဖြစ်သော ယောခတ် ၏သား ယဟောရှ ထံ သို့ သံတမန်ကို စေလွှတ် ၍ ၊ ငါတို့သည် မျက်နှာချင်း ဆိုင်မိ ကြကုန်အံ့ဟု မှာ လိုက်လျှင်၊
18 Asi Jehoashi mambo weIsraeri akapindura Amazia mambo weJudha akati, “Rukato rwakanga rwuri muRebhanoni rwakatuma shoko kumusidhari wakanga uri muRebhanoni, rokuti, ‘Ipa mwanasikana wako kumwanakomana wangu kuti ave mukadzi wake.’ Ipapo imwe mhuka yomusango yaiva muRebhanoni yakauya ikatsika-tsika rukato rwuya pasi petsoka dzayo.
၁၈ဣသရေလ ရှင်ဘုရင် ယဟောရှ က၊ လေဗနုန် ဆူး ပင်သည် လေဗနုန် အာရဇ် ပင်ထံသို့ စေလွှတ် ၍၊ သင့် သမီး ကို ငါ့ သား နှင့်ပေးစားပါဟု ဆို စဉ်တွင်၊ လေဗနုန် သားရဲ တကောင်သည် ရှောက်သွား ၍ ဆူး ပင်ကို နင်း မိ၏။
19 Unozviti wakakunda vaEdhomu uye zvino wava namanyawi nokuzvikudza. Zvino gara kumba kwako! Seiko uchikumbira matambudziko uye uchizviwisira pasi iwe neJudhawo?”
၁၉သင်ကငါသည် ဧဒုံ လူတို့ကို လုပ်ကြံ ပြီဟု ဆို လျက် ၊ ဝါကြွား ချင်သောစိတ် မြင့် လှ၏။ သို့ရာတွင်ကိုယ် နေရာ ၌ နေ လော့။ သင့်ကိုယ်တိုင်နှင့် ယုဒ ပြည်သည် ဘေး ရောက် ၍ ဆုံးရှုံးစေခြင်းငှါ၊ အဘယ်ကြောင့် အမှု ရှာသနည်းဟု ယုဒရှင်ဘုရင်အာမဇိကို ပြန်၍မှာလိုက် လေ၏။
20 Kunyange zvakadaro, Amazia haana kuteerera, nokuti Mwari akaita izvozvo kuti avaise kuna Jehoashi nokuti vakanga vatsvaka vamwari veEdhomu.
၂၀ထို စကားကို အာမဇိ သည် နား မ ထောင်။ အကြောင်း မူကား၊ ဧဒုံ ပြည်ဘုရား တို့ကို ဆည်းကပ် သောကြောင့် ၊ ရန်သူ လက် သို့ အပ် ခြင်းငှါ ၊ ဘုရားသခင် စီရင်တော်မူ၏။
21 Saka Jehoashi mambo weIsraeri akavarwisa. Iye naAmazia vakatarisana paBheti Shemeshi muJudha.
၂၁ဣသရေလ ရှင် ဘုရင်သည် စစ်ချီ ၍ ၊ ရှင်ဘုရင် နှစ်ပါးတို့သည် ယုဒ ပြည်ဗက်ရှေမက် မြို့၌ မျက်နှာချင်း ဆိုင် မိကြသဖြင့်၊
22 Judha yakakundwa neIsraeri uye munhu wose akatizira kumba kwake.
၂၂ဣသရေလ အမျိုးသားရှေ့ မှာ ယုဒ အမျိုးသားရှုံး ၍ ၊ အသီးအသီး တို့သည် မိမိ တို့နေရာ သို့ ပြေး ကြ၏။
23 Jehoashi mambo weIsraeri akatapa Amazia mambo weJudha, mwanakomana waJoashi, mwanakomana waAhazia paBheti Shemeshi. Ipapo Jehoashi akauya naye kuJerusarema akaputsa rusvingo rweJerusarema kubva paSuo raEfuremu kusvika paSuo Rapakona, nzvimbo yakareba makubhiti mazana mana.
၂၃ဣသရေလ ရှင်ဘုရင် ယဟောရှ သည် ယုဒ ရှင်ဘုရင် အာခဇိသားဖြစ်သော ယောရှ ၏သား အာမဇိ ကို ဗက်ရှေမက် မြို့မှာ ဘမ်းမိ ၍ ၊ ယေရုရှလင် မြို့သို့ သွားပြီးလျှင်၊ ယေရုရှလင် မြို့ရိုး အတောင် လေးရာ ကို၊ ဧဖရိမ် တံခါး မှ သည် ထောင့် တံခါး တိုင်အောင် ဖြိုဖျက် လေ၏။
24 Akatora goridhe nesirivha yose nemidziyo yose yakawanikwa mutemberi yaMwari zvaichengetwa naObhedhi-Edhomu, pamwe chete nepfuma yose yaiva mumuzinda navanhu vorubatso, uye vakadzokera kuSamaria.
၂၄ဩဗဒေဒုံ လက်တွင်၊ ဗိမာန် တော်၌ ရှိသမျှ သော ရွှေ ငွေ မှစ၍ ၊ တန်ဆာ အလုံးစုံ နှင့် နန်းတော် ဘဏ္ဍာ အလုံးစုံကို၎င်း၊ အာမခံ သော သူ အချို့တို့ကို၎င်း ၊ ယူ၍ ရှမာရိ မြို့သို့ပြန် သွား၏။
25 Amazia mwanakomana waJoashi mambo weJudha akararama kwamakore gumi namashanu mushure mokunge Jehoashi mwanakomana waJehoahazi mambo weIsraeri afa.
၂၅ဣသရေလ ရှင်ဘုရင် ယောခတ် သား ယဟောရှ သေ သောနောက် ၊ ယုဒ ရှင်ဘုရင် ယောရှ သား အာမဇိ သည် တဆယ် ငါး နှစ် အသက်ရှင် သေး၏။
26 Zvimwe zvose zvakaitwa naAmazia mukutonga kwake kubva pakutonga kusvikira pakupedzisira hazvina kunyorwa here mubhuku ramadzimambo eJudha neIsraeri?
၂၆အာမဇိ ပြုမူသော အမှုအရာ ကြွင်း သမျှ အစ အဆုံး တို့သည်၊ ယုဒ ရာဇဝင်နှင့် ဣသရေလ ရာဇဝင် ၌ ရေးထား လျက်ရှိ၏။
27 Kubva panguva yakatsauka Amazia kubva mukutevera Jehovha, vakamupandukira muJerusarema uye iye akatizira kuRakishi vakandomuurayira ikoko.
၂၇အာမဇိ သည် ထာဝရဘုရား နောက် တော်သို့ လိုက်ရာမှလွှဲ သွားသော နောက်၊ သူ ၏တစ်ဘက် ၊ ယေရုရှလင် မြို့၌ သင်းဖွဲ့ ကြ၍ ၊ သူ သည်လာခိရှ မြို့သို့ ပြေး သည်တွင် ၊ ထို မြို့သို့ စေလွှတ် ၍ သတ် စေပြီးမှ၊
28 Akandotorwa namabhiza akazovigwa pamwe chete namadzibaba ake muGuta reJudha.
၂၈မြင်း ပေါ် ၌ တင် လျက် ၊ ယေရုရှလင်မြို့သို့ ဆောင်ခဲ့၍၊ ဘိုးဘေး တို့နှင့်အတူ ဒါဝိဒ်မြို့ ၌ သင်္ဂြိုဟ် ကြ၏။

< 2 Makoronike 25 >