< 1 Samueri 4 >

1 Uye shoko raSamueri rakasvika kuIsraeri yose. Zvino vaIsraeri vakaenda kundorwa navaFiristia. VaIsraeri vakaungana paEbhenezeri, vaFiristia vakavaka misasa yavo paAfeki.
ထို​အ​ခါ​ကာ​လ​၌​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​သည် ဖိ​လိတ္တိ​အ​မျိုး​သား​တို့​နှင့်​စစ်​တိုက်​ရန် ချီ​တက်​ကြ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ က​ဧ​ဗ​နေ​ဇာ​မြို့​တွင်​လည်း​ကောင်း၊ ဖိ​လိတ္တိ အ​မျိုး​သား​တို့​က​အာ​ဖက်​မြို့​တွင်​လည်း ကောင်း​တပ်​စ​ခန်း​ချ​ထား​ကြ​၏။-
2 VaFiristia vakagadzirira varwi vavo kuti vandosangana neIsraeri, uye hondo payakanga yava kupararira, Israeri yakakundwa navaFiristia avo vakauraya varume zviuru zvina zvavo pavairwira.
ဖိ​လိတ္တိ​အ​မျိုး​သား​တို့​က​ချီ​တက်​တိုက်​ခိုက် ရာ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ရေး​ရှုံး​နိမ့် ၍ လူ​ပေါင်း​လေး​ထောင်​မျှ​စစ်​မြေ​ပြင်​တွင် ကျ​ဆုံး​ကြ​၏။-
3 Varwi pavakadzoka kumusasa, vakuru veIsraeri vakabvunza vakati, “Sei Jehovha aita kuti tikundwe nhasi pamberi pavaFiristia? Ngatitorei areka yesungano yaJehovha kubva kuShiro, kuti igoenda nesu uye igotiponesa kubva muruoko rwavavengi vedu.”
မ​သေ​ဘဲ​ကျန်​ရှိ​နေ​သော​တပ်​သား​တို့​သည် တပ်​စ​ခန်း​သို့​ပြန်​လည်​ရောက်​ရှိ​လာ​သော​အ​ခါ ဣ​သ​ရေ​လ​ခေါင်း​ဆောင်​များ​က``ထာ​ဝ​ရ ဘု​ရား​သည်​အ​ဘယ်​ကြောင့်​ငါ​တို့​အား​ဖိ​လိတ္တိ အ​မျိုး​သား​တို့​လက်​တွင် ယ​နေ့​အ​ရေး​ရှုံး​နိမ့် စေ​တော်​မူ​ပါ​သ​နည်း။ ငါ​တို့​သည်​သွား​၍ ရှိ​လော​မြို့​မှ​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို​ယူ​ဆောင်​လာ​ကြ​ကုန်​အံ့။ သို့ မှ​သာ​လျှင်​ကိုယ်​တော်​သည်​ငါ​တို့​နှင့်​အ​တူ ချီ​တက်​တော်​မူ​၍ ငါ​တို့​အား​ရန်​သူ​တို့​လက် မှ​ကယ်​တင်​တော်​မူ​လိမ့်​မည်'' ဟု​ဆို​ကြ​၏။-
4 Naizvozvo vanhu vakatuma varume kuShiro, uye vakadzosa areka yaJehovha Wamasimba Ose uye agere pachigaro choushe pakati pamakerubhi. Zvino vanakomana vaviri vaEri, Hofini naFinehasi, vaivapo neareka yesungano yaMwari.
ထို့​ကြောင့်​သူ​တို့​သည်​ရှိ​လော​မြို့​သို့​စေ​တ​မန် များ​ကို​လွှတ်​၍ ခေ​ရု​ဗိမ်​အ​ထက်​စံ​တော်​မူ သော​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​၏ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ယူ​ဆောင်​လာ​စေ ၏။ ဧ​လိ​၏​သား​များ​ဖြစ်​ကြ​သော​ဟော​ဖ​နိ နှင့်​ဖိ​န​ဟတ်​တို့​သည် ပ​ဋိ​ညာဉ်​သေတ္တာ​တော် နှင့်​အ​တူ​လိုက်​ပါ​လာ​ကြ​၏။
5 Areka yesungano yaJehovha payakauya mumusasa, Israeri yose yakapururudza uye vakaita ruzha rukuru zvokuti pasi pakatinhira.
ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရောက်​ရှိ​သော​အ​ခါ ဣသ​ရေ​လ​အ​မျိုး​သား​တို့​သည်​ဝမ်း​မြောက် သ​ဖြင့် မြေ​ကြီး​ပဲ့​တင်​ထပ်​မျှ​ကျယ်​စွာ ကြွေး​ကြော်​ကြ​ကုန်​၏။-
6 Pavakanzwa mheremhere, vaFiristia vakabvunza vakati, “Mheremhere iri mumusasa wavaHebheru ndeyei?” Vakati vazvinzwa kuti areka yaJehovha yakanga yauya mumusasa,
ထို​ကြွေး​ကြော်​သံ​ကို​ဖိ​လိတ္တိ​အ​မျိုး​သား တို့​ကြား​လျှင်``ဟေ​ဗြဲ​တပ်​စ​ခန်း​မှ​ဟစ်​အော် သံ​ကို​နား​ထောင်​ကြ​လော့။ ထို​အော်​သံ​ကား အ​ဘယ်​သို့​နည်း'' ဟု​ဆို​ကြ​၏။ သူ​တို့​သည် ဟေ​ဗြဲ​တပ်​စ​ခန်း​သို့ ထာ​ဝ​ရ​ဘု​ရား​၏ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရောက်​ရှိ​လာ​သည့် အ​ကြောင်း​ကို​ကြား​သိ​ကြ​သော​အ​ခါ၊-
7 vaFiristia vakatya. Vakati, “Mwari asvika mumusasa. Tava munhamo! Hapana chinhu chakadai seichi chati chamboitika.
ကြောက်​လန့်​ကြ​လျက်``ထို​သူ​တို့​တပ်​စ​ခန်း သို့ ထာ​ဝ​ရ​ဘု​ရား​ကြွ​လာ​တော်​မူ​လေ​ပြီ။ ငါ​တို့​အ​ကျိုး​နည်း​ကြ​ပေ​တော့​အံ့။ ယ​ခင် က​ဤ​သို့​တစ်​ခါ​မျှ​မ​ဖြစ်​စ​ဖူး။-
8 Tine nhamo! Ndianiko achatirwira pamaoko avamwari ava vane simba? Ndivo vamwari vakarova vaIjipita namarudzi ose amatambudziko mugwenga.
ထို​တန်​ခိုး​ကြီး​သော​ဘု​ရား​များ​၏​လက်​မှ ငါ​တို့​အား​အ​ဘယ်​သူ​ကယ်​နိုင်​ပါ​မည်​နည်း။ ထို​ဘု​ရား​များ​ကား​အီ​ဂျစ်​အ​မျိုး​သား​တို့ အား တော​ကန္တာ​ရ​တွင်​သုတ်​သင်​သတ်​ဖြတ် သော​ဘု​ရား​များ​ဖြစ်​၏။-
9 Simbai vaFiristia! Ivai varume, mukasadaro muchava varanda vavaHebheru sezvavakanga vakaita kwamuri. Ivai varume, murwe!”
ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အား​ခဲ​ကြ​လော့။ ယောကျာ်း ပီ​သ​စွာ​တိုက်​ခိုက်​ကြ​လော့။ သို့​မ​ဟုတ်​ပါ​မူ​ဟေ ဗြဲ​အ​မျိုး​သား​တို့​သည် ငါ​တို့​ထံ​တွင်​ကျွန်​ခံ​ခဲ့ ရ​ဖူး​သည့်​နည်း​တူ​ငါ​တို့​သည် သူ​တို့​ထံ​တွင် ကျွန်​ခံ​ရ​ကြ​လိမ့်​မည်။ သို့​ဖြစ်​၍​ယောကျာ်း ပီ​သ​စွာ​တိုက်​ခိုက်​ကြ​လော့'' ဟု​ဆို​ကြ​၏။
10 Saka vaFiristia vakarwa, vaIsraeri vakakundwa uye munhu wose akatiza achidzokera kutende rake. Pakava nokuurayiwa kukuru; Israeri yakarasikirwa navarwi vetsoka zviuru makumi matatu.
၁၀ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည် အ​ပြင်း​အ​ထန် တိုက်​ခိုက်​သ​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည် အ​ရေး​ရှုံး​နိမ့်​၍​မိ​မိ​တို့​နေ​ရပ်​သို့​ထွက် ပြေး​ကြ​ကုန်​၏။ ထို​တိုက်​ပွဲ​သည်​လူ​သတ်​ပွဲ ဖြစ်​လျက် ဣ​သ​ရေ​လ​တပ်​သား​ပေါင်း​သုံး သောင်း​မျှ​ကျ​ဆုံး​သ​တည်း။-
11 Areka yaJehovha yakapambwa uye vanakomana vaviri vaEri, Hofini naFinehasi, vakafa.
၁၁ဘု​ရား​သ​ခင်​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​သည် ရန်​သူ​တို့​လက်​သို့​ကျ​ရောက်​သွား​၏။ ဧ​လိ ၏​သား​ဟော​ဖ​နိ​နှင့်​ဖိ​န​ဟတ်​တို့​နှစ်​ယောက် စ​လုံး​လည်း​အ​သတ်​ခံ​ရ​ကြ​၏။
12 Zuva rimwe chetero, mumwe murume weBhenjamini akamhanya achibva kuhondo akaenda kuShiro, nguo dzake dzakabvaruka uye ane guruva pamusoro wake.
၁၂ဗင်္ယာ​မိန်​အ​နွယ်​ဝင်​လူ​တစ်​ယောက်​သည် စစ်​မြေ မှ​လမ်း​တစ်​လျှောက်​လုံး​ပြေး​လာ​၏။ သူ​သည် ဝမ်း​နည်း​သော​အ​ထိမ်း​အ​မှတ်​ဖြင့်​အ​ဝတ် များ​ကို​ဆုတ်​ဖြဲ​ကာ ဦး​ခေါင်း​ပေါ်​တွင်​မြေ မှုန့်​တင်​လျက်​ရှိ​လော​မြို့​သို့​တစ်​နေ့​ချင်း ပင်​ရောက်​ရှိ​လာ​၏။-
13 Paakasvikako, Eri akanga akagara pachigaro chake parutivi rwenzira, akangotarisa, nokuti mwoyo wake waityira areka yaJehovha. Murume uyu paakapinda muguta akataura zvakanga zvaitika, guta rose rakachema.
၁၃ဧ​လိ​သည်​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​အ​တွက် လွန်​စွာ​စိုး​ရိမ်​ပူ​ပန်​သ​ဖြင့် လမ်း​နံ​ဘေး​ရှိ မိ​မိ​၏​ထိုင်​ခုံ​ပေါ်​တွင်​ထိုင်​ကာ​အ​ကြောင် သား​ငေး​၍​နေ​၏။ ပြေး​လာ​သော​သူ​သည်​စစ် ရှုံး​သည့်​သ​တင်း​ကို မြို့​ထဲ​တွင်​ပြော​ကြား လိုက်​ရာ​လူ​အ​ပေါင်း​တို့​သည်​ထိတ်​လန့် လျက်​ဟစ်​အော်​ကြ​ကုန်​၏။-
14 Eri akanzwa kuchema akandobvunza achiti, “Mheremhere iyi yose ndeyeiko?” Murume uyu akachimbidza kuenda kuna Eri,
၁၄ဧ​လိ​သည်​ထို​အော်​ဟစ်​သံ​ကို​ကြား​သော်``ဤ အ​သံ​ကား​အ​သို့​နည်း'' ဟု​မေး​၏။ ထို​သူ​သည် လည်း​ဧ​လိ​ထံ​သို့​အ​မြန်​လာ​ရောက်​ပြီး​လျှင် အ​ကျိုး​အ​ကြောင်း​ကို​လျှောက်​ထား​၏။-
15 akanga ava namakore makumi mapfumbamwe namasere okuberekwa uye meso ava norutara zvokuti akanga asisaoni.
၁၅(ဧ​လိ​ကား​ယ​ခု​အ​ခါ​အ​သက်​ကိုး​ဆယ် ရှစ်​နှစ်​ရှိ​၍ မျက်​စိ​ကွယ်​ခါ​နီး​ပြီ။-)
16 Akati kuna Eri, “Ndiri kubva kuhondo izvozvi; ndatotizako nhasi chaiye.” Eri akabvunza akati, “Chiiko chaitika mwanakomana wangu?”
၁၆ထို​လူ​က``အ​ကျွန်ုပ်​သည်​ယ​နေ့​ပင်​စစ်​မြေ ပြင်​မှ​လွတ်​မြောက်​ကာ လမ်း​တစ်​လျှောက်​လုံး အ​ပြေး​လာ​ခဲ့​ပါ​၏'' ဟု​လျှောက်​၏။ ဧ​လိ​က``ငါ့​သား၊ အ​ရေး​အ​ခင်း​ကား​မည် သို့​နည်း'' ဟု​မေး​၏။-
17 Murume akauya neshoko akapindura achiti, “Israeri yatiza vaFiristia, uye hondo yarasikirwa zvikuru. Uyewo vanakomana venyu vaviri Hofini naFinehasi vafa, uye areka yaMwari yapambwa.”
၁၇သ​တင်း​ယူ​ဆောင်​လာ​သူ​က``ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ဖိ​လိတ္တိ​အ​မျိုး​သား​တို့ ရှေ့​တွင်​တပ်​လန်​၍​ထွက်​ပြေး​ကြ​ပါ​၏။ ဤ စစ်​ပွဲ​တွင်​အ​ကျွန်ုပ်​တို့​သည် အ​ကြီး​အ​ကျယ် အ​ရေး​ရှုံး​နိမ့်​ကြ​ပါ​သည်​တ​ကား။ ထို့​အ​ပြင် အ​ရှင်​၏​သား​ဟော​ဖ​နိ​နှင့်​ဖိ​န​ဟတ်​တို့​သည် အ​သတ်​ခံ​ရ​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ ညာဉ်​သေတ္တာ​တော်​သည်​လည်း ရန်​သူ​များ​၏ လက်​သို့​ကျ​ရောက်​သွား​ပါ​၏'' ဟု​လျှောက်​၏။
18 Paakataura nezveareka yaMwari, Eri akawa negotsi kubva pachigaro chake parutivi rwesuo. Mutsipa wake wakatyoka akabva afa nokuti aiva murume akanga akwegura uye ari mukobvu. Akanga atungamirira Israeri kwamakore makumi mana.
၁၈ဧ​လိ​သည်​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​အ​ကြောင်း​ကို ကြား​သော​အ​ခါ တံ​ခါး​အ​နီး​ရှိ​ထိုင်​ခုံ​ပေါ်​မှ နောက်​ပြန်​လဲ​ကျ​သွား​တော့​၏။ သူ​သည်​လွန်​စွာ အို​မင်း​၍​ဝ​လွန်း​သော​ကြောင့် ယင်း​သို့​လဲ​ကျ​ရာ ၌​လည်​ကုတ်​ကျိုး​၍​သေ​လေ​၏။ သူ​သည်​အ​နှစ် လေး​ဆယ်​တိုင်​တိုင်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား ဦး​စီး​ခေါင်း​ဆောင်​လုပ်​ခဲ့​သူ​ဖြစ် သ​တည်း။
19 Muroora wake, mukadzi waFinehasi, akanga ane pamuviri ava pedyo nokuda kubatsirwa. Paakanzwa nhau idzi dzokuti areka yaJehovha yakanga yapambwa uye kuti vatezvara vake nomurume wake vakanga vafa, akarwadziwa napamuviri akabereka mwana, asi akakurirwa namarwadzo ake pakusununguka.
၁၉ဧ​လိ​၏​ချွေး​မ၊ ဖိ​န​ဟတ်​၏​ဇ​နီး​သည် ကိုယ် ဝန်​အ​ရင့်​အ​မာ​ရှိ​၍​မွေး​ဖွား​ချိန်​ပင်​နီး ကပ်​၍​နေ​လေ​ပြီ။ သူ​သည်​ထာ​ဝ​ရ​ဘု​ရား ၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော် ရန်​သူ​တို့​လက်​သို့ ကျ​ရောက်​သွား​သည့်​အ​ကြောင်း​ကို​လည်း​ကောင်း၊ မိ​မိ​၏​ယောက္ခ​မ​နှင့်​ခင်​ပွန်း​တို့​ကွယ်​လွန်​သွား ကြ​သည့်​အ​ကြောင်း​ကို​လည်း​ကောင်း ကြား​ရ သော​အ​ခါ​ရုတ်​တ​ရက်​သား​ဖွား​ခြင်း​ဝေ​ဒ​နာ ခံ​ရ​၍​က​လေး​မျက်​နှာ​မြင်​လေ​၏။-
20 Paakanga ava kufa madzimai aimubatsira akati, “Usaora mwoyo wabatsirwa nomwana mukomana.” Asi haana kumbopindura kana kuzviteerera.
၂၀သူ​သည်​သေ​အံ့​ဆဲ​ဆဲ​အ​ချိန်​၌​အ​နီး​ရှိ အ​မျိုး​သ​မီး​များ​က``အား​ခဲ​၍​ထား​ပါ။ သင်​သည်​သား​ယောကျာ်း​က​လေး​ကို​ဖွား​မြင် လေ​ပြီ'' ဟု​ဆို​ကြ​၏။ သို့​ရာ​တွင်​သူ​သည် ဂ​ရု​မ​စိုက်၊ စ​ကား​ပြန်​မ​ပြော​ဘဲ​နေ​၏။-
21 Akatumidza mukomana uyu kuti Ikabhodhi, achiti, “Kubwinya kwabva muIsraeri,” nokuda kwokutorwa kweareka yaMwari uye nokufa kwatezvara vake nomurume wake.
၂၁ထို​နောက်​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရန်​သူ​တို့ လက်​သို့​ကျ​ရောက်​သွား​သည်​ကို​လည်း​ကောင်း၊ ယောက္ခ​မ​နှင့်​ခင်​ပွန်း​ကွယ်​လွန်​ကြ​သည်​ကို လည်း​ကောင်း​အ​ကြောင်း​ပြု​၍``ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ဘုန်း​အ​သ​ရေ​ကွယ်​ပျောက် လေ​ပြီ'' ဟု​ဆို​လျက် ထို​သား​ကို​ဣ​ခ​ဗုဒ် ဟူ​၍​နာ​မည်​မှည့်​လေ​၏။-
22 Akati, “Kubwinya kwabva muIsraeri, nokuti areka yaMwari yapambwa.”
၂၂ထို​နောက်​သူ​က``ရန်​သူ​တို့​လက်​သို့​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ရောက်​ရှိ​သွား​သော​ကြောင့် ဣ​သ ရေ​လ​အ​မျိုး​သား​တို့​၏​ဘုန်း​အ​သ​ရေ ကွယ်​ပျောက်​လေ​ပြီ'' ဟု​ဆို​ပြန်​၏။

< 1 Samueri 4 >