< 1 Samueri 14 >

1 Rimwe zuva Jonatani mwanakomana waSauro akati kujaya raitakura zvombo zvake zvokurwa, “Uya tiende kumusasa wavarwi vevaFiristia kudivi rimwe iro.” Asi haana kuudza baba vake.
တနေ့သ၌ ရှောလု၏ သားယောနသန်သည် ခမည်းတော်ထံ၌ အခွင့်မပန်ဘဲ၊ လက်နက်ဆောင် လုလင်ကို ခေါ်၍၊ တဘက်၌ နေသော ဖိလိတ္တိတပ်သို့ သွားကြကုန်အံ့ဟု ဆိုလေ၏။
2 Sauro aigara nechokumucheto kweGibhea pasi pomuti womutamba muMigironi. Aiva navarume vanokarosvika mazana matanhatu,
ရှောလုသည် ဂိဗာမြို့စွန်း၊ မိဂြုန်ရွာ၊ ရိမ္မုန်ကျောက်ဆောင်နားမှာ နေ၍၊ အထံတော်၌ လူခြောက် ရာခန့်မျှရှိ၏။
3 pakati pavo pana Ahiya, akanga akapfeka efodhi. Akanga ari mwanakomana womukoma waIkabhodhi, Ahitubhi, mwanakomana waFinehasi, mwanakomana waEri, muprista waJehovha muShiro. Hapana akaziva kuti Jonatani akanga aenda.
သင်တိုင်းဝတ်၍ ရှိလောမြို့၌ ထာဝရဘုရား၏ ယဇ်ပုရောဟိတ်ဖြစ်သောသူ ဧလိနှင့် ဖိနဟတ်တို့ မှ ဆင်းသက်သော ဣခဗုဒ်၏အစ်ကို အဟိတုပ်၏သား အဟိယလည်း ရှိ၏။ ယောနသန်သွားကြောင်း ကို လူများ မသိကြ။
4 Kumativi ose omupata waida kuyambukwa naJonatani kuti asvike pamusasa wavaFiristia, kwaiva namawere; mamwe ainzi Bhozezi, mamwe achinzi Sene.
ယောနသန်သည် ဖိလိတ္တိတပ်သို့ သွားစမ်းသော လမ်းကြားမှာ၊ တဘက်တချက်၌ ကျောက်ငူရှိ၏။ ကျောက်ငူတခုသည် ဗောဇက်၊ တခုသည် သေနအမည်ရှိ၏။
5 Mamwe mawere aiva nechokumusoro kwakadziva kuMikimashi, mamwe ari zasi kwakadziva kuGebha.
တခုကား မြောက်ဘက်၌ မိတ်မတ်မြို့သို့၎င်း၊ တခုကား တောင်ဘက်၌ ဂိဗာမြို့သို့၎င်း မျက်နှာပြု သတည်း။
6 Jonatani akati kujaya raitakura zvombo zvake zvokurwa, “Uya tiyambuke tiende kumusasa wavasina kudzingiswa avo. Zvichida Jehovha achatirwira. Hapana chinodzivisa Jehovha kuti aponese, navakawanda kana navashoma.”
ယောနသန်က၊ အရေဖျားလှီးခြင်းကို မခံသော တပ်သားတို့ဆီသို့ သွားကြကုန်အံ့။ ထာဝရဘုရား သည် ငါတို့အမှုကို စောင့်ကောင်း စောင့်တော်မူလိမ့်မည်။ လူများသော်၎င်း၊ နည်းသော်၎င်း၊ ထာဝရ ဘုရား ကယ်တင်တော်မူခြင်းကို အဆီးအတား မရှိနိုင်ဟု လက်နက်ဆောင် လုလင်အား ပြောဆိုလျှင်၊
7 Mutakuri wezvombo akati, “Itai zvose zvamafunga. Endai mberi; ndinemi pamweya napamwoyo.”
လုလင်က၊ စိတ်တော်ရှိသည်အတိုင်း ပြုပါ။ လှည့်သွားပါ။ အလိုတော်ရှိသည်အတိုင်း ကျွန်တော်လိုက် ပါမည်ဟု ပြန်ပြောသော်၊ -
8 Jonatani akati, “Uya tiyambuke zvino tinange kuvarume ava uye tigorega vatione.
ယောနသန်က၊ ထိုလူတို့ဆီသို့ သွား၍ ကိုယ်ကို ပြကြကုန်အံ့။
9 Kana vakati kwatiri, ‘Mirai ipapo kusvikira tauya kwamuri,’ ticharamba tiri patiri ipapo uye hatizokwiri kwavari.
သူတို့ကနေကြ။ ငါတို့လာမည်ဟုဆိုလျှင် သူတို့ဆီသို့မသွားဘဲ နေကြမည်။
10 Asi kana vakati, ‘Uyai kuno kwatiri,’ tichakwidza, nokuti ndicho chichava chiratidzo chedu chokuti Jehovha avaisa mumaoko edu.”
၁၀သို့မဟုတ်၊ လာကြဟုဆိုလျှင် သွားကြမည်။ ထာဝရဘုရားသည် သူတို့ကို ငါတို့လက်သို့ အပ်တော် မူ၏။ ထိုသို့သော ပုပ္ပနိမိတ်ရှိရ၏ဟု ဆိုသည်နှင့်အညီ၊
11 Saka vose vari vaviri vakazviratidza kuboka ravarwi ravaFiristia. VaFiristia vakati, “Tarirai! VaHebheru vari kukambaira vachibuda mumakomba avanga vakavanda.”
၁၁နှစ်ယောက်တို့သည် ဖိလိတ္တိတပ်သားတို့အား ကိုယ်ကိုပြသော အခါ၊ ဖိလိတ္တိလူတို့က၊ ဟေဗြဲလူတို့ သည် ပုန်းရှောင်ရာတွင်းထဲက ထွက်လာပါသည်တကား ဟုဆိုလျက်၊
12 Varume veboka ravarwi vakadanidzira kuna Jonatani nomubati wake nenhumbi dzokurwa vakati, “Kwirai kuno kwatiri tigokudzidzisai chidzidzo.” Saka Jonatani akati kumubati wake wenhumbi dzokurwa nadzo, “Kwira unditevere; Jehovha avaisa mumaoko avaIsraeri.”
၁၂တပ်သားတို့က၊ လာကြ။ တစုံတခုကို ပြမည်ဟု ယောနသန်နှင့် လက်နက်ဆောင်လုလင်အားဆိုလျှင်၊ ယောနသန်က၊ ငါ့နောက်သို့ လိုက်လော့။ ထာဝရဘုရားသည် သူတို့ကို ဣသရေလလူတို့ လက်သို့ အပ်တော်မူပြီဟု လုအင်အား ဆိုသဖြင့်၊
13 Jonatani akakwira achikambaira namaoko namakumbo ake, mubati wenhumbi dzake dzokurwa ari mumashure make. VaFiristia vakati rakata rakata kuwa pamberi paJonatani, uye mubati wenhumbi dzake dzokurwa akatevera achiuraya mumashure make.
၁၃လေးဘက်တွားလျက် တက်၍၊ လုလင်လည်းလိုက်၏။ ယောနသန်ရှေ့မှာ ဖိလိတ္တိလူတို့သည် လဲ၍ လုလင်သည် သူ့သခင့် နောက်မှာ လုပ်ကြံလေ၏။
14 Pakurwisa kwokutanga, Jonatani nomubati wake wenhumbi dzokurwa nadzo vakauraya varume vanenge makumi maviri panzvimbo inenge hafu yeeka.
၁၄ယောနသန်နှင့်လုလင်ပြုသော ပဌမ လုပ်ကြံခြင်းအားဖြင့် နွားတရှဉ်းထွန်နိုင်သော မြေကွက် အတွင်း တွင် လူနှစ်ဆယ်ခန့်မျှ သေကြ၏။
15 Ipapo kutya kwakabata varwi vose vakanga vari mumusasa nomuminda, navose vakanga vari mumapoka avarwi navapambi, uye pasi pakadengenyeka. Kwakanga kuri kuvhundutswa kwakanga kwatumwa naMwari.
၁၅စစ်သူရဲများ၊ လယ်လုပ်သူများ၊ အခြားသူများအပေါင်းတို့သည် တပ်သားများ၊ လုယူသောသူများနှင့် တကွ တုန်လှုပ်ကြ၍၊ မြေကြီးလည်း လှုပ်သဖြင့်၊ အလွန်ကြီးသော တုန်လှုပ်ခြင်းရှိ၏။
16 Nharirire dzaSauro paGibhea muBhenjamini dzakaona varwi vachinyungudika kumativi ose.
၁၆ဗင်္ယာမိန်ခရိုင် ဂိဗာမြို့၌ ရှောလု၏ ကင်းစောင့်တို့သည် ကြည့်ရှုသောအခါ၊ ဖိလိတ္တိလူအလုံးအရင်း သည် လျော့၍ တယောက်ကိုတယောက် ထိုးရိုက်လျက်သွားကြ၏။
17 Ipapo Sauro akati kuvarume vakanga vanaye, “Verengai varwi muone kuti ndivanaani vasipo pakati pedu.” Vakati vadaro vakaona kuti Jonatani nomubati wake wenhumbi dzokurwa vakanga vasipo.
၁၇ရှောလုကလည်း၊ အဘယ်သူ ထွက်သွားသည်ကို သိခြင်းငှါ လူများကို ရေတွက်ကြလော့ဟု အထံတော်၌ ရှိသောသူတို့အား စီရင်သည်အတိုင်း ရေတွက်၍၊ ယောနသန်နှင့် သူ၏လက်နက်ဆောင် လုလင် မရှိ။
18 Sauro akati kuna Ahiya, “Uya neareka yaMwari.” (Panguva iyoyo vaIsraeri ndivo vakanga vanayo.)
၁၈ထိုကာလအခါ ဘုရားသခင်၏ သေတ္တာတော်သည် ဣသရေလအမျိုးသားတို့၌ ရှိသည်ဖြစ်၍၊ ရှော လုက၊ ဘုရားသခင်၏ သေတ္တာတော်ကိုယူခဲ့ပါဟု အဟိယအား ဆို၏။
19 Sauro achiri kutaura nomuprista, mhirizhonga yakanyanyisa mumusasa wavaFiristia. Saka Sauro akati kumuprista, “Dzosa ruoko rwako.”
၁၉ရှောလုသည် ယဇ်ပုရောဟိတ်နှင့် စကားပြောစဉ်တွင်၊ ဖိလိတ္တိတပ်၌ အုတ်အုတ်ကျက်ကျက်သော အသံတိုးပွားသောကြောင့်၊ ရှောလုက နေဦးတော့ဟု ယဇ်ပုရောဟိတ်အား ဆိုသဖြင့်၊
20 Ipapo Sauro navanhu vake vose vakaungana vakaenda kundorwa. Vakawana vaFiristia vari mumhirizhonga huru, vachibayana mumwe nomumwe neminondo yavo.
၂၀မိမိနှင့်လူအပေါင်းတို့သည် တယောက်ကိုတယောက် နှိုးဆော်လျက် စစ်ချီ၍ ရောက်သောအခါ၊ ဖိလိတ္တိလူတို့သည် တယောက်ကိုတယောက် ခုတ်သဖြင့် အလွန် တပ်ပျက်လေ၏။
21 VaHebheru vaya vakanga vari kuvaFiristia kare uye vakanga vaenda navo kumusasa wavo vakayambuka vakaenda kuvaIsraeri vakanga vana Sauro naJonatani.
၂၁အထက်ကာလ၌ ဖိလိတ္တိလူတို့ဘက်မှာနေ၍ အရပ်ရပ်တို့က တပ်သို့ လိုက်လာသော ဟေဗြဲလူတို့ သည်လည်း ရှောလုနှင့် ယောနသန်၌ ပါသောဣသရေလလူတို့ဘက်သို့ ဝင်ကြ၏။
22 VaIsraeri vaya vose vakanga vavanda munyika yezvikomo yeEfuremu pavakanzwa kuti vaFiristia vakanga votiza, vakateverawo muhondo vakavadzingirira zvikuru.
၂၂ဧဖရိမ်တောင်၌ ပုန်းရှောင်၍ နေသော ဣသရေလလူအပေါင်းတို့သည်လည်း၊ ဖိလိတ္တိလူ ပြေးကြောင်း ကို ကြားသောအခါ စစ်ချီ၍ ကျပ်ကျပ်လိုက်ကြ၏။
23 Saka Jehovha akarwira vaIsraeri pazuva iro, uye hondo yakaenderera mberi ikandopfuura Bheti Avheni.
၂၃ထိုသို့ ထာဝရဘုရားသည် ဣသရေလအမျိုးကို ထိုနေ့၌ ကယ်တင်တော်မူသဖြင့်၊ စစ်မှုသည် ဗေသ ဝင်မြို့သို့ လွန်သွားလေ၏။
24 Zvino varume veIsraeri vakaziya pazuva iro, nokuti Sauro akanga asunga vanhu nemhiko achiti, “Ngaatukwe munhu anodya zvokudya kusati kwadoka, ndisati ndazvitsivira vavengi vangu!” Saka hakuna munhu pavarwi akaravira chokudya.
၂၄ထိုနေ့၌ ဣသရေလလူတို့သည် ဆင်းရဲခံရကြ၏။ အကြောင်းမူကား၊ ရှောလုက၊ ငါသည် ငါ့ရန်သူတို့၌ ငါ့စိတ်ပြေမည်အကြောင်း၊ ညဦးချိန်မရောက်မှီ အစာစားသောသူတိုင်း ကျိန်ဆဲအပ်စေဟု လူတို့ အား အကျိန်ပေးသောကြောင့် အဘယ်သူမျှ အစာမစားရ။
25 Hondo yose yakapinda musango, uye imomo maiva nouchi hwapasi.
၂၅လူအပေါင်းတို့သည် မြေပေါ်၌ ပျားရည်ရှိရာတောသို့ ရောက်သဖြင့်၊
26 Vakati vapinda musango, vakaona uchi huchiyerera, asi hakuna akaisa ruoko rwake kumuromo wake, nokuti vakanga vachitya mhiko.
၂၆တောထဲသို့ ဝင်သောအခါ ပျားရည်စက်စက်ကျလျက်ရှိသော်လည်း၊ အကျိန်တော်ကို ကြောက်သော ကြောင့်၊ အဘယ်သူမျှ မိမိလက်ကို မိမိ ပါးစပ်၌ မထည့်။
27 Asi Jonatani akanga asina kunzwa kuti baba vake vakanga vasunga vanhu nemhiko, saka akatambanudza muromo wetsvimbo yakanga iri muruoko rwake akainyika muzinga rouchi. Akasimudzira ruoko rwake kumuromo wake, meso ake akabengenuka.
၂၇သို့ရာတွင် ခမည်းတော်သည် လူများတို့အား အကျိန်ပေးသည်ကို ယောနသန်မကြားသောကြောင့်၊ မိမိကိုင်သော လှံတံဖျားကို ပျားလပို့၌နှစ်၍ မိမိလက်နှင့် ယူစားသဖြင့် မျက်စိကြည်လင်လေ၏။
28 Ipapo mumwe wavarwi akati kwaari, “Baba vako vasunga varwi nemhiko vachiti, ‘Ngaatukwe munhu upi zvake anodya zvokudya nhasi!’ Ndokusaka vanhu voziya.”
၂၈ခမည်းတော်က၊ ယနေ့ အစာစားသောသူတိုင်း ကျိန်ဆဲအပ်စေဟု လူများတို့အား ကျပ်ကျပ် အကျိန် ပေးတော်မူပြီဟု လူတယောက်ကြားလျှောက်၏။ လူတို့သည်လည်း မောလျက်နေကြ၏။
29 Jonatani akati, “Baba vangu vanetsa nyika. Tarirai muone kuzaruka kwaita meso angu pandaravira chidimbu chouchi uhu.
၂၉ယောနသန်ကလည်း၊ ငါ့အဘသည် ပြည်သားတို့ကို နှောင့်ရှက်လေပြီ။ ဤပျားရည် အနည်းငယ်ကို ငါစားသောကြောင့် ငါ့မျက်စိ ကြည်လင်သည်ကို ကြည့်ပါတော့။
30 Zvaiva nani sei dai vanhu vanga vadya nhasi zvimwe zvezvakapambwa zvavakatora kuvavengi vavo. Kuurayiwa kwavaFiristia hakwaizova kukuru here?”
၃၀လူများတို့သည် ယနေ့ တွေ့မိသော ရန်သူ၏ ဥစ္စာကို စားချင်တိုင်းစားလျှင်၊ အဘယ်မျှလောက် အကျိုးကြီးလိမ့်မည်တကား။ ဖိလိတ္တိလူတို့ကို သာ၍ လုပ်ကြံကြလိမ့်မည်တကားဟု ဆိုလေ၏။
31 Musi iwoyo, shure kwokunge vaIsraeri vauraya vaFiristia kubva paMikimashi kusvika kuAijaroni, vakaneta kwazvo.
၃၁ထိုနေ့၌ ဖိလိတ္တိလူတို့ကို မိတ်မတ်မြို့မှ အာဇလုန်မြို့တိုင်အောင် လုပ်ကြံကြ၏။ ဣသရေလလူတို့ သည် အလွန်ပင်ပန်းသဖြင့်၊-
32 Vakamhanyira zvakapambwa, uye vakatora makwai, mombe nemhuru, vakazviuraya pasi ipapo uye vakazvidya, pamwe chete neropa razvo.
၃၂ရန်သူ၏ ဥစ္စာကို လုယူ၍၊ သိုး၊ နွား၊ နွားသငယ်တို့ကို မြေပေါ်မှာ သတ်ပြီးလျှင် အသွေးနှင့်တကွ စားကြ၏။
33 Ipapo mumwe akati kuna Sauro, “Tarirai vanhu vari kutadzira Jehovha nokudya nyama ine ropa.” Iye akati, “Maputsa kutenda. Kungurutsirai dombo guru kuno uku izvozvi.”
၃၃ထိုသို့ လူများတို့သည် အသွေးနှင့်တကွစား၍ ထာဝရဘုရားကို ပြစ်မှားသည်ဟု ရှောလုအား ကြား လျှောက်လျှင်၊ သင်တို့သည် သစ္စာပျက်ကြပြီ။ ကြီးစွာသော ကျောက်ကို ငါ့ထံသို့ ယနေ့ လှိမ့်ခဲ့။
34 Ipapo akati, “Endai pakati pavanhu mugovataurira kuti, ‘Mumwe nomumwe wenyu ngaauye nemombe yake, namakwai uye muzviurayire pano muzvidye. Musatadzira Jehovha muchidya nyama ichine ropa rayo.’” Saka munhu wose akauya nenzombe yake usiku ihwohwo akaiuraya ipapo.
၃၄လူများတို့တွင် အရပ်ရပ်သွား၍ လူအသီးအသီး မိမိတို့ သိုးနွားကို ဤအရပ်သို့ ယူခဲ့ပြီးလျှင်၊ ဤ အရပ်၌ သတ်စားကြစေ။ အသွေးနှင့်တကွစား၍ ထာဝရဘုရားကို မပြစ်မှားစေနှင့်ဟု မိန့်တော် မူသည်အတိုင်း၊ လူများတို့သည် အသီးအသီး မိမိတို့ သိုးနွားကို ထိုညဉ့်၌ ယူခဲ့၍ ထိုအရပ်၌ သတ် ကြ၏။
35 Ipapo Sauro akavakira Jehovha aritari; yakanga iri nguva yake yokutanga kuita izvi.
၃၅ရှောလုသည်လည်း ထာဝရဘုရားအဘို့ ယဇ်ပလ္လင်ကို တည်လေ၏။ ထိုပလ္လင်ကား ထာဝရ ဘုရားအဘို့ တည်သော ပဌမပလ္လင် ဖြစ်သတည်း။
36 Sauro akati, “Ngatiburukei zasi titevere vaFiristia usiku tindovaparadza kusvikira mambakwedza, uye tirege kusiya kana mumwe wavo ari mupenyu.” Ivo vakapindura vakati, “Itai zvamunoona kuti zvakanakisisa kwamuri.” Asi muprista akati, “Ngatibvunzei Mwari pano.”
၃၆တဖန်ရှောလုက၊ ညဉ့်အခါ ငါတို့သည် ဖိလိတ္တိ လူတို့ကို လိုက်၍ တယောက်ကိုမျှ မကျန်ကြွင်းစေ ဘဲ၊ မိုဃ်းလင်းသည်တိုင်အောင် ဖျက်ဆီးကြကုန်အံ့ဟု စီရင်၍၊ လူများတို့က စိတ်တော်ရှိသည် အတိုင်း ပြုတော်မူပါဟု ဝန်ခံကြသော်၊ ယဇ်ပုရောဟိတ်က၊ ဘုရားသခင့်အထံတော်သို့ ချည်းကပ်ကြကုန်အံ့ ဟု ဆိုလေ၏။
37 Saka Sauro akabvunza Mwari akati, “Ndoburuka nditevere vaFiristia here? Muchavaisa mumaoko avaIsraeri here?” Asi Mwari haana kumupindura musi iwoyo.
၃၇ရှောလုကလည်း၊ အကျွန်ုပ်သည် ဖိလိတ္တိလူတို့ကို လိုက်ရပါမည်လော။ သူတို့ကို ဣသရေလလူတို့ လက်သို့ အပ်တော်မူမည်လောဟု ဘုရားသခင့်ထံ အခွင့်ပန်သော်လည်း၊ ထိုနေ့တွင် ပြန်တော်မမူ။
38 Naizvozvo Sauro akati, “Uyai pano, imi mose vatungamiri vehondo, Ngatitsvakei chivi chaitwa nhasi.
၃၈ရှောလုကလည်း၊ လူတို့တွင် အရာရှိအပေါင်းတို့၊ ယနေ့ အဘယ်သူ ပြစ်မှားမိသည်ကို သိမြင်အံ့သော ငှါ ချဉ်း၍ လာကြလော့။
39 Zvirokwazvo naJehovha, iye akanunura upenyu hwavaIsraeri, kunyange dai ari Jonatani mwanakomana wangu, anofanira kufa.” Asi hapana kana mumwe wavarume akataura shoko.
၃၉ဣသရေလအမျိုးကို ကယ်တင်သော ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ ငါ့သား ယော နသန် ဖြစ်သော်လည်း၊ ဆက်ဆက် သေရမည်ဟုဆိုသော်၊ အဘယ်သူမျှ ပြန်၍မလျှောက်ဝံ့။
40 Ipapo Sauro akati kuvaIsraeri vose, “Imi mirai uko; ini naJonatani mwanakomana wangu tichamira kuno uku.” Vanhu vakapindura vakati, “Itai zvamunoona kuti zvakanakisisa kwamuri.”
၄၀ရှောလုကလည်း၊ သင်တို့သည် တဘက်၊ ငါနှင့်ငါ့သား ယောနသန်သည် တဘက်နေရကြမည်ဟု ဆိုလျှင်၊ လူများတို့က စိတ်တော်ရှိသည်အတိုင်း ပြုတော်မူပါဟု လျှောက်ကြသော်၊
41 Ipapo Sauro akanyengetera kuna Jehovha, Mwari waIsraeri akati, “Ndipeiwo mhinduro yakarurama.” Ipapo Jonatani naSauro vakabatwa nomujenya, vanhu vakawanikwa vasina mhosva.
၄၁ရှောလုက၊ ဖြောင့်မတ်စွာ စီရင်တော်မူပါဟု ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားအား ဆုတောင်းသဖြင့်၊ လူများတို့သည် လွတ်ကြ၍၊ ရှောလုနှင့် ယောနသန်ကို မှတ်တော်မူ၏။
42 Sauro akati, “Kandai mujenya pakati pangu nomwanakomana wangu Jonatani.” Ipapo Jonatani akabatwa.
၄၂ရှောလုကလည်း၊ ငါနှင့် ငါ့သား ယောနသန်အို့ စာရေးတံပြုလော့ဟု ဆိုသဖြင့်၊ ယောနသန်ကို မှတ်တော်မူ၏။ -
43 Ipapo Sauro akati kuna Jonatani, “Ndiudze zvawaita.” Saka Jonatani akati kwaari, “Ndangoravira uchi ushoma nomuromo wetsvimbo yangu. Zvino ndinofanira kufa here?”
၄၃ရှောလုကလည်း၊ သင်ပြုသော အမှုကို ပြောလော့ဟု ယောနသန်အားဆိုလျှင်၊ ယောနသန်က၊ အကျွန်ုပ်ကိုင်သော လှံဖျားနှင့် ပျားရည်အနည်းငယ်ကို ယူ၍ မြည်းစမ်းမိပါပြီ။ ထိုအမှုကြောင့်သာ သေရပါမည်ဟု ပြန်ပြော၏။
44 Sauro akati, “Mwari ngaandirove, ngaandirove kwazvo, kana iwe Jonatani ukasafa.”
၄၄ရှောလုကလည်း၊ ယောနသန်၊ သင်သည် ဆက်ဆက်မသေလျှင်၊ ဘုရားသခင်သည် ထိုမျှမက ငါ၌ ပြုတော်မူပါစေသောဟု ဆိုသော်လည်း၊-
45 Asi vanhu vakati kuna Sauro, “Jonatani angafanira kufa, iye akaponesa vaIsraeri nokuponesa kukuru kuya? Kwete! Zvirokwazvo naJehovha mupenyu, hakuna kana bvudzi romusoro wake richawira pasi, nokuti aita izvi nhasi achibatsirwa naMwari.” Saka vanhu vakanunura Jonatani, uye haana kuurayiwa.
၄၅လူများတို့က၊ ဣသရေလအမျိုး၌ ဤကယ်တင်ခြင်း ကျေးဇူးကို ပြုပြီးသော ယောနသန်သည် သေရမည်လော။ ထိုသို့ မဖြစ်ပါစေနှင့်။ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း သူ၏ ဆံခြည်တပင်မျှ မြေပေါ်မှာ မကျရ။ သူသည် ဘုရားသခင်နှင့်အတူ ယနေ့ ဝိုင်း၍ ပြုပါပြီဟု ဆိုသဖြင့်၊ အသက်ချမ်းသာစေခြင်းငှါ ယောနသန်ကို ကယ်နှုတ်ကြ၏။
46 Ipapo Sauro akarega kutevera vaFiristia, uye vakadzokera kunyika yavo.
၄၆ထိုနောက် ရှောလုသည် ဖိလိတ္တိလူတို့ကို မလိုက်။ သူတို့သည် နေရင်းအရပ်သို့ ပြန်သွားကြ၏။
47 Shure kwokugadzwa kwaSauro ushe pamusoro pavaIsraeri, akarwa navavengi vavo kumativi ose, vaiti: Moabhu, vaAmoni, Edhomu, madzimambo eZobha, navaFiristia. Kwose kwaakatendeukira, akavatambudza.
၄၇ထိုသို့ ရှောလုသည် ဣသရေလအမျိုးကို စိုးစံ၍ ပတ်ဝန်းကျင် ရန်သူ၊ မောဘပြည်သား၊ အမ္မုန်ပြည် သား၊ ဧဒုံပြည်သား၊ ဇောဘမင်းများ၊ ဖိလိတ္တိလူများတို့ကို စစ်တိုက်၍ စစ်ချီလေရာရာ၌ သူတို့ကို အောင်လေ၏။
48 Akarwa noumhare akakunda vaAmereki, akadzikinura vaIsraeri kubva mumaoko avaya vakanga vavapamba.
၄၈ဗိုလ်ခြေများကို နှိုးဆော်၍ အာမလက်အမျိုးသားတို့ကို လုပ်ကြံသဖြင့်၊ ဣသရေလအမျိုးသားတို့ကို လုယက်ဖျက်ဆီးသော သူတို့လက်မှ ကယ်နှုတ်လေ၏။
49 Vanakomana vaSauro vaiva Jonatani, Ishivhi naMarikishua. Zita romwanasikana wake wedangwe rainzi Merabhi, uye romuduku rainzi Mikari.
၄၉သားတော် ကားယောနသန်၊ ဣရွှိ၊ မေလခိရွှတည်း။ သမီးတော်နှစ်ယောက်တွင် အကြီးကားမေရပ်။ အငယ်ကား၊ မိခါလတည်း။
50 Zita romukadzi wake rainzi Ahinoami, mwanasikana waAhimaazi. Zita romutungamiri wehondo yaSauro rainzi Abhineri, mwanakomana waNeri, uye Neri akanga ari babamunini vaSauro.
၅၀မြောက်သားတော်ကား အဟိမတ်၏ သမီးအဟိနောင်တည်း။ ဗိုလ်ချုပ်မင်းကား၊ ဘထွေးတော် နေရသား အာဗနာတည်း။
51 Kishi baba vaSauro naNeri baba vaAbhineri vakanga vari vanakomana vaAbhieri.
၅၁ခမည်းတော် ကိရှနှင့် အာဗနာ၏ အဘနေရသည် အဗျေလ၏ သား ဖြစ်၏။
52 Pamazuva ose aSauro pakanga pane hondo huru kwazvo navaFiristia, uye Sauro aiti kana akaona munhu ane simba uye akashinga, aimutora omuita murwi wake.
၅၂ရှောလုလက်ထက် ကာလပတ်လုံး၊ ဖိလိတ္တိလူတို့ကို ကျပ်ကျပ်စစ်တိုက်ရကြ၏။ ခွန်အားကြီးသော သူ၊ ရဲရင့်သောသူ တွေ့သမျှတို့ကို ရှောလုသည် ရွေးကောက်ခန့်ထားလေ့ရှိ၏။

< 1 Samueri 14 >