< 1 Makoronike 7 >
1 Vanakomana vaIsakari vaiva: Tora, Puwa, Jashubhi, naShimironi; vose vaiva vana.
၁ဣသခါတွင်တောလ၊ ဖုဝါ၊ ယာရှုပ်၊ ရှိမရုန် ဟူ၍သားလေးယောက်ရှိ၏။
2 Vanakomana vaTora vaiva: Uzi, Refaya, Jerieri, Jamai, Ibhisami naSamueri, vakuru vedzimba dzavo. Pamazuva okutonga kwaDhavhidhi, zvizvarwa zvaTora zvakaverengwa savarwi munhoroondo yavo zvakasvika zviuru zvina makumi maviri nezviviri namazana matanhatu.
၂တောလတွင်သြဇိ၊ ရေဖာယ၊ ယေရေလ၊ ယာမဲ၊ ယိဗသံ၊ ရှမွေလဟူ၍သားခြောက်ယောက်ရှိ ၏။ ထိုသူတို့သည်တောလသားချင်းစု၏ ဦးစီးခေါင်းဆောင်များ၊ ထင်ပေါ်ကျော်စော သောစစ်သူရဲများဖြစ်ကြ၏။ သူတို့၏သား မြေးဦးရေသည်ဒါဝိဒ်မင်း၏လက်ထက်၌ နှစ်သောင်းနှစ်ထောင်ခြောက်ရာရှိသတည်း။
3 Mwanakomana waUzi aiva: Izirahia. Vanakomana vaIzirahia vaiva: Mikaeri, Obhadhia, Joere naIshia. Vose vari vashanu vaiva madzishe.
၃သြဇိတွင်ဣဇရဟိဟူသောသားတစ် ယောက်ရှိ၏။ ဣဇရဟိနှင့်သူ၏သားများ ဖြစ်ကြသောမိက္ခေလ၊ သြဗဒိ၊ ယောလ၊ ဣရှယတို့သည်အိမ်ထောင်ဦးစီးများ ဖြစ်ကြ၏။-
4 Munhoroondo yemhuri yavo, vakanga vaine varume zviuru makumi matatu nezvitanhatu vakanga vakagadzirira kurwa, nokuti vakanga vaine vakadzi vazhinji navanakomana vazhinji.
၄သူတို့တွင်သားမယားအများအပြားရှိ သောကြောင့် သူတို့၏သားမြေးများမှစစ် မှုထမ်းရန်လူပေါင်းသုံးသောင်းခြောက် ထောင်ရရှိနိုင်လေသည်။
5 Hama dzavo vakanga vari varume vokurwa vari vedzimba dzose dzaIsakari, sokunyorwa kwazvakanga zvakaita munhoroondo yavo, vose vaisvika zviuru makumi masere nezvinomwe.
၅အစိုးရမှတ်တမ်းများအရဣသခါ၏သား ချင်းစုထဲမှအိမ်ထောင်စုရှိသမျှတို့တွင် စစ် မှုထမ်းရန်အရည်အချင်းရှိသူလူပေါင်း ရှစ်သောင်းခုနစ်ထောင်ရှိ၏။
6 Vanakomana vaBhenjamini vatatu vaiva: Bhera, Bhekeri, naJedhiaeri.
၆င်္ဗယာမိန်တွင်ဗေလ၊ ဗေခါ၊ ယေဒယေလ ဟူ၍သားသုံးယောက်ရှိ၏။
7 Vanakomana vaBhera vaiva: Ezibhoni, Uzi, Uzieri, Jerimoti naIri, vose vakuru vedzimba vashanu pamwe chete. Munhoroondo yavo varwi vakanyorwa vaiva varume zviuru makumi maviri nezviviri namakumi matatu navana.
၇ဗေလတွင်ဧဇဗုန်၊ သြဇိ၊ သြဇေလ၊ ယေရိ မုတ်၊ ဣရိဟူ၍သားငါးယောက်ရှိ၏။ သူတို့ သည်မိမိတို့သားချင်းစုထဲတွင်အိမ်ထောင် ဦးစီးများ၊ ထင်ပေါ်ကျော်စောသောစစ်သူရဲ များဖြစ်ကြ၏။ သူတို့၏သားမြေးများထဲ တွင်စစ်မှုထမ်းရန်အရည်အချင်းပြည့်သူ နှစ်သောင်းနှစ်ထောင့်သုံးဆယ့်လေးယောက် ရှိ၏။
8 Vanakomana vaBhekeri vaiva: Zemira, Joashi, Eriezeri, Erioenai, Omiri, Jeremoti, Abhija, Anatoti naAremeti. Vose ava vaiva vakomana vaBhekeri.
၈ဗေခါတွင်ဇေမိရ၊ ယောရှ၊ ဧလျေဇာ၊ ဧလိ သြနဲ၊ သြမရိ၊ ယေရိမုတ်၊ အဘိယ၊ အာန သုတ်၊ အာလမက်ဟူ၍သားကိုးယောက်ရှိ၏။-
9 Munhoroondo yavo, vakuru vemhuri vakanyorwa uye vari varwi vaiva zviuru makumi maviri namazana maviri.
၉အစိုးရမှတ်တမ်းအရသူတို့၏သားမြေး များတွင် အိမ်ထောင်စုအလိုက်စစ်မှုထမ်းရန် အရည်အချင်းပြည့်သူများမှာ လူပေါင်း နှစ်သောင်းနှစ်ရာယောက်ရှိ၏။
10 Mwanakomana waJedhiaeri ainzi Bhirihani. Vanakomana vaBhirihani vaiva: Jehushi, Bhenjamini, Ehudhi, Kenana, Zetani, Tashishi naAhishahari.
၁၀ယေဒယေလတွင်ဗိလဟန်ဟူသောသား တစ်ယောက်ရှိ၏။ ဗိလဟန်တွင်ယုရှ၊ င်္ဗယာမိန်၊ ဧဟုတ်၊ ခေနာန၊ ဇေသန်၊ သာရှိရှ၊ အဟိ ရှဟာဟူ၍သားခုနစ်ယောက်ရှိ၏။-
11 Vanakomana ava vose vaJedhiaeri vaiva vakuru vemhuri. Paiva nezviuru gumi nezvinomwe namazana maviri avarume vokurwa vakanga vakagadzirira kuenda kuhondo.
၁၁သူတို့အားလုံးသည်မိမိတို့သားချင်းစု ထဲမှအိမ်ထောင်ဦးစီးများ၊ ထင်ပေါ်ကျော် စောသောစစ်သူရဲများဖြစ်ကြ၏။ သူတို့ ၏သားမြေးများတွင်စစ်မှုထမ်းရန်အရည် အချင်းပြည့်သူလူပေါင်းတစ်သောင်းခုနစ် ထောင့်နှစ်ရာယောက်ရှိသည်။-
12 VaShupi navaHupi vaiva zvizvarwa zvaIri, uye vaHushi vaiva zvizvarwa zvaAheri.
၁၂ရှုပိမ်နှင့်ဟုပိမ်တို့သည်လည်းဤအနွယ်စု တွင်ပါဝင်ကြသတည်း။ ဒန်တွင်ဟုရှိမ်ဟူသောသားတစ်ယောက်ရှိ၏။
13 Vanakomana vaNafutari vaiva: Jazieri, Guni, Jezeri naShiremi, zvizvarwa zvaBhiriha.
၁၃နဿလိတွင်ယာဇေလ၊ ဂုနိ၊ ယေဇ၊ ရှလ္လုံ ဟူ၍သားလေးယောက်ရှိ၏။ (သူတို့သည် ဗိလဟာ၏သားမြေးများဖြစ်သတည်း။)
14 Zvizvarwa zvaManase zvaiva: Asirieri chizvarwa chake kubudikidza nomurongo wake muAramu. Iye akaberekawo Makiri baba vaGireadhi.
၁၄မနာရှေသည်အာရမိအမျိုးသမီးမယား ငယ်နှင့်ရသောသားနှစ်ယောက်မှာ အာသရေလ နှင့်မာခိရဖြစ်၏။ မာခိရ၏သားသည်ဂိလဒ် ဖြစ်၏။-
15 Makiri akatora mukadzi kubva pakati pavaHupi navaShupi. Zita rehanzvadzi yake rainzi Maaka. Chimwezve chizvarwa chainzi Zerofehadhi, akanga aine vanasikana chete.
၁၅မာခိရသည်ဟုပိမ်နှင့်ရှုပိမ်တို့အတွက်အိမ် ထောင်ဖက်များကိုရှာ၍ပေး၏။ သူ့နှမ ၏နာမည်မှာမာခါဖြစ်၏။ မာခိရ၏ဒုတိယ သားမှာဇလောဖတ်ဖြစ်၍ထိုသူ၌သမီး များသာလျှင်ရှိလေသည်။
16 Mukadzi waMakiri Maaka akabereka mwanakomana akamutumidza zita rokuti Pereshi. Mununʼuna wake ainzi Shereshi, uye vanakomana vake vaiva Uramu naRakemu.
၁၆မာခိရ၏ဇနီးမာခါသည်သားနှစ်ယောက် ကိုဖွားမြင်လေသည်။ သူတို့အားပေရက်နှင့် ရှေရက်ဟုနာမည်မှည့်၏။ ပေရက်တွင်ဥလံ နှင့်ရေကင်ဟူသောသားနှစ်ယောက်ရှိ၏။-
17 Mwanakomana waUramu ainzi Bhedhani. Ava ndivo vaiva vanakomana vaGireadhi mwanakomana waMakiri mwanakomana waManase.
၁၇ဥလံတွင်ဗေဒန်နာမည်တွင်သောသားတစ် ယောက်ရှိလေသည်။ ဤသူတို့ကားမာခိရ ၏သား၊ မနာရှေ၏မြေးဂိလဒ်မှဆင်းသက် လာသူများဖြစ်ကြ၏။
18 Hanzvadzi yake Hamoreketi akabereka Ishodhi, Abhiezeri naMara.
၁၈ဂိလဒ်၏နှမ၊ ဟမ္မောလေကက်တွင် ဣရှောဒ၊ အဗျေဇာ၊ မဟာလဟူ၍သားသုံးယောက် ရှိ၏။-
19 Vanakomana vaShimidha vaiva: Ahiani, Shekemu, Riki naAniami.
၁၉(ရှမိဒတွင်အဟိအန်၊ ရှေခင်၊ လိကဟိ၊ အနိအံဟူ၍သားလေးယောက်ရှိ၏။)
20 Zvizvarwa zvaEfuremu zvaiva: Shutera, Bheredhi mwanakomana wake, Tahati mwanakomana wake, Ereadha mwanakomana wake, Tahati mwanakomana wake,
၂၀အဖနှင့်သားနာမည်များအစဉ်အလိုက် အရ ဧဖရိမ်၏သားမြေးစာရင်းမှာဧဖရိမ်၊ ရှုသေလ၊ ဗေရက်၊ တာဟတ်၊ ဧလာဒ၊ တာဟတ်၊-
21 Zabhadhi mwanakomana wake naShutera mwanakomana wake. (Ezeri naEreadha vakaurayiwa navarume veGati vakanga vakaberekerwa munyika iyi pavakaburukira kundopamba zvipfuwo zvavo.
၂၁ဇာဗဒ်နှင့်ရှုသေလတို့ဖြစ်၏။ ဧဖရိမ်တွင် ဧဇာနှင့်ဧလဒ်ဟူသောသားနှစ်ယောက်ရှိ သေး၏။ သူတို့သည်ဂါသမြို့နေတိုင်းရင်း သားတို့၏နွားများကို ခိုးယူရန်ကြိုးစား သည့်အတွက်အသတ်ခံရကြ၏။-
22 Baba wavo Efuremu akavachema kwamazuva mazhinji uye hama dzake dzakauya kuzomunyaradza.
၂၂ဖခင်ဖြစ်သူဧဖရိမ်သည်သားနှစ်ယောက် အတွက် ရက်ပေါင်းများစွာငိုကြွေးမြည် တမ်းလျက်နေသဖြင့် သူ၏ညီအစ်ကို များလာရောက်၍သူ့အားနှစ်သိမ့်ကြ၏။-
23 Ipapo akarara nomukadzi wake zvakare akava nemimba uye akabereka mwanakomana. Akamutumidza zita rokuti Bheria nokuti mumhuri yake makanga maita dambudziko.
၂၃ထိုနောက်သူသည်မိမိ၏ဇနီးနှင့်ကိုယ်လက် နှီးနှောပြန်သဖြင့် ဇနီးသည်တွင်ကိုယ်ဝန် ရှိ၍သားတစ်ယောက်ကိုဖွားမြင်လေသည်။ သူတို့သည်မိမိတို့အိမ်ထောင်သို့ဆိုက်ရောက် ခဲ့သောဒုက္ခကိုအကြောင်းပြု၍ထိုသား အားဗေရိယဟုနာမည်မှည့်ကြ၏။
24 Mwanasikana wake ainzi Sheera, uye akavaka Bheti Horoni, yeZasi neyokumusoro uyewo neUzeni Sheera.)
၂၄ဧဖရိမ်တွင်ရှေရနာမည်တွင်သောသမီး တစ်ယောက်ရှိ၏။ ထိုအမျိုးသမီးသည် အထက်ဗေသောရုန်မြို့၊ အောက်ဗေသောရုန် မြို့နှင့်သြဇင်ရှေရမြို့တို့ကိုတည်ထောင် သူဖြစ်၏။
25 Refa aiva mwanakomana wake, Reshefi mwanakomana wake, Tera mwanakomana wake, Tahani mwanakomana wake,
၂၅ဧဖရိမ်တွင်ရေဖဟုနာမည်တွင်သော သားတစ်ယောက်ရှိ၏။ သူ၏သားမြေးများ မှာရေရှပ်၊ တေလ၊ တာဟန်၊ လာဒန်၊ အမိ ဟုဒ်၊ ဧလိရှမာ၊ နုန်၊ ယောရှုတို့ဖြစ်ကြ၏။
26 Radhani mwanakomana wake, Amihudhi mwanakomana wake, Erishama mwanakomana wake,
၂၆
27 Nuni mwanakomana wake naJoshua mwanakomana wake.
၂၇
28 Nyika dzavo nemisha yavo zvaisanganisira Bheteri nemisha yose yakaripoteredza, Naarani kumabvazuva, Gezeri nemisha yaro, kumavirira neShekemu nemisha yaro kuenda kunosvika kuAya nemisha yaro.
၂၈သူတို့သိမ်းယူ၍အခြေစိုက်နေထိုင်ကြ သည့်နယ်မြေတွင်အရှေ့သို့လားသော်နာရန် မြို့အထိ၊ ထိုမြို့နှင့်ဗေသလမြို့နှင့်အနီး တစ်ဝိုက်ရှိမြို့များ၊ အနောက်သို့လားသော် ဂေဇာမြို့အထိ၊ ထိုမြို့နှင့်အနီးတစ်ဝိုက် ရှိမြို့များပါဝင်၏။ ရှေခင်မြို့၊ အာရမြို့နှင့် ယင်းတို့၏အနီးတစ်ဝိုက်ရှိမြို့များလည်း ပါ၏။
29 Pamiganhu yaManase paiva neBheti Shani, Taanaki, Megidho neDhori pamwe chete nemisha yawo. Zvizvarwa zvaJosefa mwanakomana waIsraeri zvaigara mumaguta aya.
၂၉မနာရှေ၏သားမြေးတို့သည် ဗက်ရှန်၊ တာ နက်၊ မေဂိဒ္ဒေါ၊ ဒေါရမြို့ကြီးများနှင့်ယင်း တို့အနီးတစ်ဝိုက်ရှိမြို့များကိုအစိုးရ ကြ၏။ ဤမြို့တို့သည်ယာကုပ်၏သားဖြစ်သူ ယောသပ်၏သားမြေးတို့နေထိုင်ရာဖြစ် သတည်း။
30 Vanakomana vaAsheri vaiva: Imina, Ishivha, Ishivhi naBheria. Hanzvadzi yavo yainzi Sera.
၃၀အာရှာ၏သားမြေးများမှာအောက်ပါ အတိုင်းဖြစ်၏။ အာရှာတွင်ယိမန၊ ဣရွာ၊ ဣရွှိ၊ ဗေရိယဟူသောသားလေးယောက် နှင့်စေရဟူသောသမီးတစ်ယောက်ရှိ၏။
31 Vanakomana vaBheria vaiva: Hebheri naMarikieri, uyo aiva baba vaBhirizaiti.
၃၁ဗေရိယတွင်ဟေဗာနှင့်မာလကျေလ ဟူသောသားနှစ်ယောက်ရှိ၏။ (မာလကျေလ သည်ဗိရဇာဝိတ်မြို့ကိုတည်ထောင်သည်။)
32 Hebheri aiva baba vaJafireti, Shomeri naHotami uye nehanzvadzi yavo Shua.
၃၂ဟေဗာတွင်ယာဖလက်၊ ရှောမာ၊ ဟောသံဟူ သောသားသုံးယောက်နှင့်ရှုအာဟူသော သမီးတစ်ယောက်ရှိ၏။
33 Vanakomana vaJafireti vaiva: Pasaki, Bhimari naAshivhati. Ava ndivo vaiva vanakomana vaJafireti.
၃၃ယာဖလက်တွင်ပါသက်၊ ဗိမဟာလ၊ အာရှဝတ်ဟူ၍သားသုံးယောက်ရှိ၏။
34 Vanakomana vaShomeri vaiva: Ahi, Roga, Hubhai naAramu.
၃၄ယာဖလက်၏ညီရှောမာတွင်ရောဂ၊ ယေဟုဗ္ဗ၊ အာရံဟူ၍သားသုံးယောက်ရှိ၏။
35 Vanakomana vomununʼuna wake Heremu vaiva: Zofa, Imina, Shereshi, naAmari.
၃၅သူ၏ညီငယ်ဟောသံတွင်ဇောဖ၊ ဣမန၊ ရှေလက်၊ အာမလဟူ၍သားလေးယောက်ရှိ၏။
36 Vanakomana vaZofa vaiva: Sua, Haneferi, Shuari, Bheri, Imira,
၃၆ဇောဖ၏သားမြေးများမှာသုအာ၊ ဟာနေဖာ၊ ရွှလ၊ ဗေရိ၊ ဣမရ၊-
37 Bhezeri, Hodhi, Shama Shirisha, Itirani, naBheera.
၃၇ဗေဇာ၊ ဟောဒ၊ ရှမ္မ၊ ရှိလရှ၊ ဣသရန်၊ ဗေရတို့ ဖြစ်၏။
38 Vanakomana vaJeteri vaiva: Jefune, Pisipa naAra.
၃၈ယေသာ၏သားမြေးများမှာယေဖုန္န၊ ပိသပ၊ အာရတို့ဖြစ်၏။-
39 Vanakomana vaUra vaiva: Ara, Hanieri, naRizia.
၃၉ဥလ္လ၏သားမြေးများမှာအာရ၊ ဟံယေလ၊ ရေဇိယတို့ဖြစ်သတည်း။
40 Vose ava vaiva zvizvarwa zvaAsheri, vakuru vemhuri yavo, varume vakanga vakasarudzika, varwi vakanga vakashinga uye vari vatungamiri vakasanangurika. Uwandu hwavarume vakanga vakagadzirira kurwa sezvazvakanyorwa munhoroondo yavo hwaiva zviuru makumi maviri nezvitanhatu.
၄၀ဤသူအပေါင်းတို့သည်အာရှာ၏သားမြေး များဖြစ်ကြ၏။ သူတို့သည်အိမ်ထောင်ဦးစီး များ၊ ထင်ပေါ်ကျော်စောသောစစ်သူရဲများ၊ ထူးချွန်သောခေါင်းဆောင်များဖြစ်ပေသည်။ သူတို့တွင်စစ်မှုထမ်းရန်အရည်အချင်း ရှိသူလူပေါင်းနှစ်သောင်းခြောက်ထောင်ရှိ သတည်း။