< Псалми 81 >
1 Радујте се Богу, који нам даје крепост; покликујте Богу Јаковљевом.
၁ငါတို့ဘက်မှကာကွယ်တော်မူသောအရှင် တည်းဟူသောဘုရားသခင်အား ဝမ်းမြောက်စွာသီချင်းဆိုကြလော့။ ယာကုပ်၏ဘုရားအားထောမနာသီချင်းဆို ကြလော့။
2 Подигните песме, дајте бубањ, слатке гусле са псалтиром.
၂သီဆိုတီးမှုတ်မှုကိုအစပြုကြလော့။ စောင်း ကြီး စောင်းငယ်တို့ကိုသာယာစွာတီးကြလော့။
3 Трубите о мени у трубу, о уштапу ради празника нашег.
၃လဆန်းနေ့နှင့်လပြည့်နေ့တွင်ပွဲသဘင် ကျင်းပရန်အတွက်တံပိုးခရာမှုတ်ကြ လော့။
4 Јер је такав закон у Израиља, наредба од Бога Јаковљевог.
၄ဤသို့ပွဲသဘင်ကျင်းပရန်ဣသရေလ အမျိုးသားတို့၌ဥပဒေရှိပေသည်။ ယာကုပ်၏ဘုရားသခင်ပေးတော်မူသော အမိန့်တော်လည်းဖြစ်ပေသည်။
5 За сведочанство постави Јосифу ово, кад иђаше на земљу мисирску. Језик, ког не знах, чух!
၅ကိုယ်တော်သည်အီဂျစ်ပြည်ကိုတိုက်ခိုက်တော် မူစဉ်က ယင်းအမိန့်ကိုဣသရေလအမျိုးသားတို့အား ပေးတော်မူ၏။ မသိမကျွမ်းသောအသံကိုငါကြားရ၏။
6 "Уклонио сам рамена његова од бремена, руке његове опростише се котарица.
၆ထိုအသံက``သင်တို့၏ပခုံးထက်မှလေးလံ သော ဝန်ထုပ်ကိုငါယူပစ်လျက် သင်တို့အုတ်သယ်သည့်ခြင်းတောင်းများကို ချထားစေ၏။
7 У невољи си ме зазвао, и избавих те, услиших те усред грома, на води Мериви искушах те.
၇သင်တို့သည်ဒုက္ခရောက်စဉ်အခါ၌ ငါ့ကိုအော်ဟစ်သောအခါ ငါသည်သင်တို့အားကယ်ခဲ့၏။ မိုးသက်မုန်တိုင်းအတွင်းမမြင်နိုင်သောအရပ် မှနေ၍ သင်တို့အားငါဖြေကြားခဲ့၏။ မေရိဘစမ်းရေအနီးတွင်သင်တို့အားငါ သွေးစမ်းခဲ့၏။
8 Слушај, народе мој, и засведочићу ти, Израиљу, о кад би ме послушао:
၈ငါ၏လူစုတော်တို့၊ငါသတိပေးသည်ကို နားထောင်စေချင်စမ်းပါဘိ။ ဣသရေလအမျိုးသားတို့၊သင်တို့သည်ငါ့ စကားကို နားထောင်ကြလော့။
9 Да не буде у тебе туђег бога, и богу страном немој се клањати.
၉သင်တို့သည်အခြားသောဘုရားကိုအဘယ် အခါ၌မျှ မကိုးကွယ်ရ။
10 Ја сам Господ, Бог твој, који сам те извео из земље мисирске; отвори уста своја, и ја ћу их напунити.
၁၀ငါသည်သင်တို့ကိုအီဂျစ်ပြည်မှထုတ်ဆောင် ခဲ့သော သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။ သင်တို့ခံတွင်းကိုဖွင့်ဟကြလော့။ ငါသည်သင်တို့အားကျွေးမွေးမည်။
11 Али не послуша народ мој глас мој, Израиљ не мари за ме.
၁၁သို့ရာတွင်ငါ၏လူစုတော်ကားငါ့စကားကို နားမထောင်ကြ။ ဣသရေလအမျိုးသားတို့သည်ငါ့အမိန့်ကို မနာခံကြ။
12 И ја их пустих на вољу срца њихова, нека ходе по својим мислима.
၁၂သို့ဖြစ်၍ငါသည်သူတို့အားခေါင်းမာမြဲမာ စေရန်နှင့် သူတို့အလိုအတိုင်းပြုကျင့်စေရန်အခွင့်ပေး၏။
13 О кад би народ мој слушао мене, и синови Израиљеви ходили путевима мојим!
၁၃ငါ၏လူစုတော်သည်ငါ့စကားကို နားထောင်စေချင်စမ်းပါဘိ။ ငါ့အမိန့်ကိုနာခံစေချင်စမ်းပါဘိ။
14 Брзо бих покорио непријатеље њихове, и на противнике њихове дигао бих руку своју;
၁၄သို့ဖြစ်လျှင်ငါသည်သူတို့၏ရန်သူများကို အလျင်အမြန်အရေးရှုံးနိမ့်စေမည်။ သူတို့၏ရန်ဘက်အားလုံးကိုနှိမ်နင်းမည်။
15 Који мрзе на Господа, били би им покорни, и добри дани њихови били би довека;
၁၅ငါ့ကိုမုန်းသောသူတို့သည်ငါ့ရှေ့၌ ကြောက်ရွံ့ပျပ်ဝပ်ကြလိမ့်မည်။ သူတို့သည်ထာဝရအပြစ်ဒဏ်ခံရကြ လိမ့်မည်။
16 Најбољом би пшеницом хранио њих, и медом бих из камена ситио их."
၁၆ငါသည်သင်တို့အားအကောင်းဆုံးဂျုံဆန်ကို ကျွေးမွေး၍ တောပျားရည်ကိုသုံးဆောင်စေမည်'' ဟုဆို၏။