< Псалми 54 >
1 Боже! Именом својим помози ми, и крепошћу својом одбрани ме на суду.
၁အို ဘုရားသခင်၊ ကိုယ်တော်ရှင်၏တန်ခိုးတော်အားဖြင့် ကျွန်တော်မျိုးအားကယ်တော်မူပါ။ ကျွန်တော်မျိုးအားကိုယ်တော်၏အာနုဘော် အားဖြင့် လွတ်မြောက်စေတော်မူပါ။
2 Боже! Услиши молитву моју, чуј речи уста мојих.
၂ဘုရားသခင်၊ကျွန်တော်မျိုး၏ဆုတောင်း ပတ္ထနာကို ကြားတော်မူပါ။ ကျွန်တော်မျိုးတောင်းလျှောက်သောစကားတို့ကို နားထောင်တော်မူပါ။
3 Јер туђини усташе на ме; и силни траже душу моју; немају Бога пред собом.
၃မာန်မာနကြီးသူတို့သည်ကျွန်တော်မျိုးအား တိုက်ခိုက်ရန်လာကြပါပြီ။ ဘုရားကိုပမာဏမပြုသည့် ရက်စက်ကြမ်းကြုတ်သူတို့သည်ကျွန်တော်မျိုး အား သတ်ရန်ကြိုးစားကြပါ၏။
4 Гле, Бог је помоћник мој, Господ даје снагу души мојој.
၄သို့ရာတွင်ဘုရားသခင်သည်ငါ့ကိုကူမတော် မူသော အရှင်ဖြစ်၏။ ငါ၏ဘက်မှခုခံကာကွယ်တော်မူသောအရှင် ဖြစ်၏။
5 Обратиће зло на непријатеље моје, истином својом истребиће их.
၅ငါ၏ရန်သူတို့၏ဆိုးညစ်မှုသည်သူတို့အား ပြန်လည်၍ဒဏ်ခတ်စေရန်ဘုရားသခင် စီရင်တော်မူပါစေသော။ ကိုယ်တော်သည်သစ္စာစောင့်တော်မူသည်ဖြစ်၍ သူတို့အားသုတ်သင်ပယ်ရှင်းတော်မူလိမ့် မည်။
6 Радо ћу принети жртву, прославићу име Твоје, Господе, јер је добро.
၆အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အား ဝမ်းမြောက်စွာယဇ်ပူဇော်ပါမည်။ ကိုယ်တော်ရှင်သည်ကောင်းမြတ်တော်မူသည် ဖြစ်၍ ကျွန်တော်မျိုးသည်ကျေးဇူးတော်ကိုချီးမွမ်း ပါမည်။
7 Јер ме избављаш од сваке невоље, и на непријатеље моје без страха гледа око моје.
၇ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားဆင်းရဲ ဒုက္ခအပေါင်းမှကယ်ဆယ်တော်မူပါပြီ။ ကျွန်တော်မျိုးသည်ရန်သူတို့အရေးရှုံးနိမ့် ကြသည်ကို တွေ့မြင်ရပါပြီ။