< Књига о Јову 1 >

1 Беше човек у земљи Узу по имену Јов; и тај човек беше добар и праведан, и бојаше се Бога, и уклањаше се ода зла.
ယောဘအမည်ရှိသောသူတယောက်သည် ဥဇပြည်၌နေ၏။ ထိုသူသည်စုံလင်ဖြောင့်မတ်ခြင်းရှိ၏။ ဘုရားသခင်ကို ကြောက်ရွံသောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်၏။
2 И роди му се седам синова и три кћери.
သားခုနစ်ယောက်နှင့် သမီးသုံးယောက်ရှိ၏။
3 И имаше стоке седам хиљада оваца и три хиљада камила и пет стотина јармова волова и пет стотина магарица, и чељади веома много; и беше тај човек највећи од свих људи на истоку.
သူ၏ဥစ္စာကား၊ သိုးခုနစ်ထောင်၊ ကုလားအုပ်သုံးထောင်၊ နွားယှဉ်ငါးရာ၊ မြည်းမငါးရာ၊ ငယ်သား အတိုင်းမသိများသည်ဖြစ်၍၊ ထိုသူသည် အရှေ့မျက်နှာအရပ်သားတကာတို့ထက် သာ၍ကြီးသောသူဖြစ်၏။
4 И синови његови састајаху се и даваху гозбе код куће, сваки свог дана, и слаху те позиваху три сестре своје да једу и пију с њима.
ယောဘ၏ သားတို့သည် နှစ်စဉ်အတိုင်း အသီးအသီးဘွားသောနေ့ရောက်လျှင်၊ မိမိတို့အိမ်၌ ပွဲခံသဖြင့်၊ နှမသုံးယောက်ကိုလည်းခေါ်၍ အတူစားသောက်လေ့ ရှိကြ၏။
5 И кад би се обредили гозбом, пошиљаше Јов и освећиваше их, и устајући рано приношаше жртве паљенице према броју свих њих; јер говораше Јов: Може бити да су се огрешили синови моји и похулили на Бога у срцу свом. Тако чињаше Јов сваки пут.
ပွဲခံသောနေ့ရက်လွန်သောအခါ၊ ယောဘသည်သူတို့ကိုခေါ်၍ သန့်ရှင်းစေပြီးလျှင် နံနက်စောစောထ၍ သူတို့အရေအတွက်အတိုင်း မီးရှို့သောယဇ်ကိုပူဇော်လေ့ရှိ၏။ အကြောင်းမူကား၊ ငါ့သားတို့သည် မှားယွင်း၍ စိတ်နှလုံးထဲ၌ ဘုရားသခင်ကို စွန့်ပစ်ကြပြီလောဟု ယောဘအောက်မေ့၏။ ထိုသို့ယောဘသည် အစဉ်ပြုမြဲ ရှိ၏။
6 А један дан дођоше синови Божји да стану пред Господом, а међу њих дође и Сотона.
ဘုရားသခင်၏ သားတို့သည်ထာဝရဘုရားထံတော်၌ ခစားခြင်းငှါလာရသောနေ့ရက်အချိန် ရောက်လျှင်၊ စာတန်သည်လည်း သူတို့နှင့်ရောနှော၍လာ၏။
7 И Господ рече Сотони: Од куда идеш? А Сотона одговори Господу и рече: Проходих земљу и обилазих.
ထာဝရဘုရားကလည်း၊ သင်သည်အဘယ်အရပ်က လာသနည်းဟုစာတန်ကိုမေးတော်မူလျှင်၊ စာတန်က၊ မြေကြီးပေါ်မှာ လှည့်လည်၍ အရပ်ရပ်သွားလာခြင်း အမှုထဲက လာပါသည်ဟု ပြန်လျှောက်လေ၏။
8 И рече Господ Сотони: Јеси ли видео слугу мог Јова? Нема онаквог човека на земљи, доброг и праведног, који се боји Бога и уклања се ода зла.
ထာဝရဘုရားကလည်း၊ ငါ့ကျွန်ယောဘကိုဆင်ခြင်ပြီလော။ မြေကြီးပေါ်မှာသူနှင့် တူသောသူ တယောက်မျှမရှိ။ စုံလင်ဖြောင့်မတ်ပေ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်သည်ဟု စာတန်အား မိန့်တော်မူ၏။
9 А Сотона одговори Господу и рече: Еда ли се узалуд Јов боји Бога?
စာတန်ကလည်း၊ ယောဘသည် အကျိုးမရဘဲ ဘုရားဝတ်ကို ပြုသလော။
10 Ниси ли га Ти оградио и кућу његову и све што има свуда унаоколо? Дело руку његових благословио си, и стока се његова умножила на земљи.
၁၀ကိုယ်တော်သည် သူ့ကိုယ်မှစ၍ သူ့အိမ်နှင့် သူ့ဥစ္စာ ရှိသမျှ ပတ်လည်၌ စောင်ရန်းကာတော်မူသည် မဟုတ်လော။ သူပြုလေသမျှတို့ကို ကောင်းကြီးပေးတော်မူပြီ။ သူ့သို့းနွားအစရှိသော တိရစ္ဆာန်တို့သည် မြေပေါ်မှာ အလွန်ပွားများကြပြီ။
11 Али пружи руку своју и дотакни се свега што има, псоваће те у очи.
၁၁ယခုမူကား၊ လက်တော်ကိုဆန့်၍ သူ၏ဥစ္စာရှိသမျှကို ထိခိုက်တော်မူလျှင်၊ သူသည် မျက်မှောက်တော်၌ ကိုယ်တော်ကို စွန့်ပယ်ပါလိမ့်မည်ဟု ထာဝရဘုရားကို ပြန်လျှောက်လေ၏။
12 А Господ рече Сотони: Ево, све што има нека је у твојој руци; само на њега не дижи руке своје. И отиде Сотона од Господа.
၁၂ထာဝရဘုရားကလည်း၊ သူ၏ဥစ္စာရှိသမျှသည် သင့်လက်၌ရှိ၏။ သူ့ကိုယ်တခုကိုသာ မထိမခိုက်နှင့်ဟု မိန့်တော်မူလျှင်၊ စာတန်သည် ထာဝရဘုရားထံတော်မှ ထွက်သွားလေ၏။
13 А један дан кад синови његови и кћери његове јеђаху и пијаху вино у кући брата свог најстаријег,
၁၃တနေ့သ၌ ယောဘ၏သားသမီးတို့သည် အစ်ကိုအကြီးအိမ်တွင်စား၍ စပျစ်ရည်ကိုသောက်လျက် နေကြစဉ်၊
14 Дође гласник Јову и рече: Волови ораху и магарице пасаху покрај њих,
၁၄ယောဘထံသို့ တမန်တယောက်လာ၍၊ နွားတို့သည် လယ်ထွန်လျက်၊ သူတို့အနားမှာမြည်းမတို့သည် ကျက်စားလျက် ရှိကြသောအခါ၊
15 А Савеји ударише и отеше их, и побише момке оштрим мачем; и само ја један утекох да ти јавим.
၁၅ရှေဘအမျိုးသားတို့သည် တိုက်ယူသွားကြပါပြီ။ လူစောင့်တို့ကိုလည်း ထားနှင့်သတ်၍ ကျွန်တော် တယောက်တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သိတင်းကြားပြောရပါသည်ဟု လျှောက်လေ၏။
16 Док овај још говораше, дође други и рече: Огањ Божји спаде с неба и спали овце и момке, и прождре их; и само ја један утекох да ти јавим.
၁၆ထိုသို့လျှောက်စဉ်တွင်၊ အခြားသောသူတယောက်သည်လာ၍၊ ဘုရားသခင်၏မီးသည် မိုဃ်းကောင်း ကင်မှ ကျသဖြင့်၊ သိုးများနှင့် လူစောင့်များတို့ကို လောင်၍သူတို့သည်ကျွမ်းကုန်ကြပါပြီ။ ကျွန်တော်တယောက် တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သိတင်းကြားပြောရပါသည်ဟုလျှောက်လေ၏။
17 Докле овај још говораше, дође други и рече: Халдејци у три чете ударише на камиле и отеше их, и побише момке оштрим мачем; и само ја један утекох да ти јавим.
၁၇ထိုသို့လျှောက်စဉ်တွင်၊ အခြားသောသူ တယောက်သည်လာ၍၊ ခါလဒဲအမျိုးသား တပ်သုံးတပ် တို့သည် ချီ၍ ကုလားအုပ်တို့ကို တိုက်ယူသွားကြပါပြီ။ လူစောင့်တို့ကိုလည်း ထားနှင့်သတ်၍ ကျွန်တော်တယောက်တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သိတင်းကြားပြောရပါသည်ဟု လျှောက်လေ၏။
18 Докле овај још говораше, дође други и рече: Синови твоји и кћери твоје јеђаху и пијаху вино у кући брата свог најстаријег;
၁၈ထိုသို့လျှောက်စဉ်တွင်၊ အခြားသောသူတယောက်သည်လာ၍၊ ကိုယ်တော်၏သားသမီးတို့သည် အစ်ကိုအကြီးအိမ်၌ စား၍ စပျစ်ရည်ကို သောက်လျက်နေကြသောအခါ၊
19 А то ветар велик дође испреко пустиње и удари у четири угла од куће, те паде на децу и погибоше; и само ја један утекох да ти јавим.
၁၉တောမှလေကြီးလာ၍ အိမ်လေးထောင့်ကို တိုက်သဖြင့်၊ အိမ်သည် ထိုလုလင်တို့အပေါ်၌ပြိုလဲပါ၏။ သူတို့သည်သေ၍ ကျွန်တော်တယောက်တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သိတင်းကြားပြောရပါသည်ဟု လျှောက်လေ၏။
20 Тада уста Јов и раздре плашт свој, и остриже главу, и паде на земљу и поклони се,
၂၀ထိုအခါ ယောဘသည် ထ၍ မိမိဝတ်လုံကို ဆုတ်လေ၏။ ဆံပင်ကိုလည်း ရိတ်၍ မြေပေါ်မှာဝပ်လျက် ကိုးကွယ်ပြီးလျှင်၊ ငါသည် အဝတ်မပါဘဲ အမိဝမ်းထဲကထွက်လာ၏။
21 И рече: Го сам изашао из утробе матере своје, го ћу се и вратити онамо. Господ даде, Господ узе, да је благословено име Господње.
၂၁အဝတ်မပါဘဲ အမိဝမ်းထဲသို့ ပြန်သွားတော့မည်။ ထာဝရဘုရားပေးတော်မူ၏။ ထာဝရဘုရားလည်း ရုပ်သိမ်းတော်မူ၏။ ထာဝရဘုရား၏ နာမတော်သည် မင်္ဂလာရှိပါစေသတည်းဟု ဆိုလေ၏။
22 Уза све то не сагреши Јов, нити рече безумља за Бога.
၂၂ယောဘသည် ဤအမှုများနှင့် တွေ့ကြုံသော်လည်းမမှားယွင်း။ ထာဝရဘုရားကိုလည်းအပြစ် မတင်ဘဲနေ၏။

< Књига о Јову 1 >