< Књига о Јову 1 >
1 Беше човек у земљи Узу по имену Јов; и тај човек беше добар и праведан, и бојаше се Бога, и уклањаше се ода зла.
၁ယောဘ အမည် ရှိသောသူတယောက်သည် ဥဇ ပြည် ၌ နေ ၏။ ထို သူ သည်စုံလင် ဖြောင့်မတ် ခြင်းရှိ ၏။ ဘုရား သခင်ကို ကြောက်ရွံ သောသူ၊ မ ကောင်းသောအကျင့်ကို ရှောင် သောသူဖြစ်၏။
2 И роди му се седам синова и три кћери.
၂သား ခုနစ် ယောက်နှင့် သမီး သုံး ယောက်ရှိ ၏။
3 И имаше стоке седам хиљада оваца и три хиљада камила и пет стотина јармова волова и пет стотина магарица, и чељади веома много; и беше тај човек највећи од свих људи на истоку.
၃သူ ၏ဥစ္စာ ကား၊ သိုး ခုနစ် ထောင် ၊ ကုလားအုပ် သုံး ထောင် ၊ နွား ယှဉ်ငါး ရာ ၊ မြည်း မငါး ရာ ၊ ငယ်သား အတိုင်း မသိများ သည်ဖြစ်၍ ၊ ထို သူ သည် အရှေ့ မျက်နှာအရပ် သားတကာ တို့ထက် သာ၍ကြီး သောသူဖြစ် ၏။
4 И синови његови састајаху се и даваху гозбе код куће, сваки свог дана, и слаху те позиваху три сестре своје да једу и пију с њима.
၄ယောဘ ၏ သား တို့သည် နှစ်စဉ်အတိုင်း အသီးအသီးဘွားသောနေ့ရောက်လျှင်၊ မိမိ တို့အိမ် ၌ ပွဲ ခံ သဖြင့် ၊ နှမ သုံး ယောက်ကို လည်းခေါ် ၍ အတူ စား သောက် လေ့ ရှိကြ၏။
5 И кад би се обредили гозбом, пошиљаше Јов и освећиваше их, и устајући рано приношаше жртве паљенице према броју свих њих; јер говораше Јов: Може бити да су се огрешили синови моји и похулили на Бога у срцу свом. Тако чињаше Јов сваки пут.
၅ပွဲ ခံသောနေ့ ရက်လွန်သောအခါ ၊ ယောဘ သည်သူ တို့ကိုခေါ်၍ သန့်ရှင်း စေပြီးလျှင် နံနက် စောစောထ ၍ သူ တို့အရေ အတွက်အတိုင်း မီး ရှို့သောယဇ်ကိုပူဇော် လေ့ရှိ၏။ အကြောင်း မူကား၊ ငါ့ သား တို့သည် မှားယွင်း ၍ စိတ် နှလုံးထဲ ၌ဘုရား သခင်ကို စွန့်ပယ်ကြပြီလောဟု ယောဘ အောက်မေ့ ၏။ ထိုသို့ ယောဘ သည် အစဉ် ပြု မြဲ ရှိ၏။
6 А један дан дођоше синови Божји да стану пред Господом, а међу њих дође и Сотона.
၆ဘုရား သခင်၏ သား တို့သည်ထာဝရဘုရား ထံ တော်၌ ခစား ခြင်းငှါ လာ ရသော နေ့ ရက်အချိန် ရောက်လျှင် ၊ စာတန် သည်လည်း သူ တို့နှင့်ရောနှော၍လာ ၏။
7 И Господ рече Сотони: Од куда идеш? А Сотона одговори Господу и рече: Проходих земљу и обилазих.
၇ထာဝရဘုရား ကလည်း ၊ သင်သည်အဘယ် အရပ်က လာ သနည်းဟုစာတန် ကို မေး တော်မူလျှင် ၊ စာတန် က၊ မြေကြီး ပေါ် မှာ လှည့်လည် ၍ အရပ်ရပ်သွား လာခြင်း အမှုထဲက လာပါသည်ဟု ပြန် လျှောက်လေ၏။
8 И рече Господ Сотони: Јеси ли видео слугу мог Јова? Нема онаквог човека на земљи, доброг и праведног, који се боји Бога и уклања се ода зла.
၈ထာဝရဘုရား ကလည်း ၊ ငါ့ ကျွန် ယောဘ ကိုဆင်ခြင် ပြီလော။ မြေကြီး ပေါ် မှာသူ နှင့် တူသောသူ တယောက်မျှမ ရှိ။ စုံလင် ဖြောင့်မတ် ပေ၏။ ဘုရား သခင်ကို ကြောက်ရွံ့ သောသူ၊ မ ကောင်းသောအကျင့်ကို ရှောင် သောသူဖြစ်သည်ဟု စာတန် အား မိန့် တော်မူ၏။
9 А Сотона одговори Господу и рече: Еда ли се узалуд Јов боји Бога?
၉စာတန် ကလည်း ၊ ယောဘသည် အကျိုး မရဘဲ ဘုရား ဝတ်ကို ပြုသလော။
10 Ниси ли га Ти оградио и кућу његову и све што има свуда унаоколо? Дело руку његових благословио си, и стока се његова умножила на земљи.
၁၀ကိုယ်တော် သည် သူ့ ကိုယ်မှစ၍သူ့ အိမ် နှင့် သူ့ ဥစ္စာ ရှိသမျှ ပတ်လည် ၌ စောင်ရန်းကာ တော်မူသည် မဟုတ် လော။ သူ ပြု လေသမျှတို့ကို ကောင်းကြီး ပေးတော်မူပြီ။ သူ့ သိုး နွားအစရှိသော တိရစ္ဆာန်တို့သည် မြေ ပေါ် မှာ အလွန်ပွားများ ကြပြီ။
11 Али пружи руку своју и дотакни се свега што има, псоваће те у очи.
၁၁ယခု မူကား ၊ လက် တော်ကိုဆန့် ၍ သူ ၏ဥစ္စာရှိသမျှ ကို ထိခိုက် တော်မူလျှင် ၊ သူသည် မျက်မှောက် တော်၌ ကိုယ်တော် ကို စွန့်ပယ် ပါလိမ့်မည်ဟု ထာဝရဘုရား ကို ပြန် လျှောက်လေ၏။
12 А Господ рече Сотони: Ево, све што има нека је у твојој руци; само на њега не дижи руке своје. И отиде Сотона од Господа.
၁၂ထာဝရဘုရား ကလည်း ၊ သူ ၏ဥစ္စာရှိသမျှ သည် သင့် လက် ၌ ရှိ၏။ သူ့ ကိုယ်တခုကိုသာ မ ထိ မခိုက်နှင့်ဟု မိန့် တော်မူလျှင် ၊ စာတန် သည် ထာဝရဘုရား ထံ တော်မှ ထွက်သွား လေ၏။
13 А један дан кад синови његови и кћери његове јеђаху и пијаху вино у кући брата свог најстаријег,
၁၃တနေ့ သ၌ယောဘ ၏သား သမီး တို့သည် အစ်ကို အကြီး အိမ် တွင် စား ၍ စပျစ်ရည် ကိုသောက် လျက် နေကြစဉ်၊
14 Дође гласник Јову и рече: Волови ораху и магарице пасаху покрај њих,
၁၄ယောဘ ထံ သို့ တမန် တယောက်လာ ၍ ၊ နွား တို့သည် လယ်ထွန် လျက်၊ သူ တို့အနား မှာမြည်း မတို့သည် ကျက်စား လျက် ရှိကြသောအခါ၊
15 А Савеји ударише и отеше их, и побише момке оштрим мачем; и само ја један утекох да ти јавим.
၁၅ရှေဘ အမျိုးသားတို့သည် တိုက် ယူ သွားကြပါပြီ။ လူ စောင့်တို့ကိုလည်း ထား နှင့် သတ် ၍ ကျွန်တော် တယောက် တည်း ကျန်ရစ် လျက် ၊ ကိုယ်တော် အား သိတင်းကြား ပြောရပါသည်ဟု လျှောက် လေ၏။
16 Док овај још говораше, дође други и рече: Огањ Божји спаде с неба и спали овце и момке, и прождре их; и само ја један утекох да ти јавим.
၁၆ထိုသို့ လျှောက် စဉ် တွင်၊ အခြားသောသူတယောက်သည်လာ ၍၊ ဘုရား သခင်၏မီး သည် မိုဃ်းကောင်းကင် မှ ကျ သဖြင့် ၊ သိုး များနှင့် လူ စောင့်များတို့ကို လောင် ၍ သူတို့သည်ကျွမ်း ကုန်ကြပါပြီ။ ကျွန်တော် တ ယောက် တည်း ကျန်ရစ် လျက် ၊ ကိုယ်တော် အား သိတင်းကြား ပြောရပါသည်ဟုလျှောက် လေ၏။
17 Докле овај још говораше, дође други и рече: Халдејци у три чете ударише на камиле и отеше их, и побише момке оштрим мачем; и само ја један утекох да ти јавим.
၁၇ထိုသို့ လျှောက် စဉ် တွင်၊ အခြားသောသူ တယောက်သည်လာ ၍ ၊ ခါလဒဲ အမျိုးသားတပ် သုံး တပ် တို့သည် ချီ ၍ ကုလားအုပ် တို့ကို တိုက် ယူ သွားကြပါပြီ။ လူ စောင့်တို့ကိုလည်း ထား နှင့် သတ် ၍ ကျွန်တော် တ ယောက်တည်း ကျန်ရစ် လျက် ၊ ကိုယ်တော် အား သိတင်းကြား ပြောရပါသည်ဟု လျှောက် လေ၏။
18 Докле овај још говораше, дође други и рече: Синови твоји и кћери твоје јеђаху и пијаху вино у кући брата свог најстаријег;
၁၈ထိုသို့ လျှောက် စဉ် တွင်၊ အခြားသောသူတယောက်သည်လာ ၍ ၊ ကိုယ်တော် ၏သား သမီး တို့သည် အစ်ကို အကြီး အိမ် ၌ စား ၍ စပျစ်ရည် ကို သောက် လျက်နေကြသောအခါ၊
19 А то ветар велик дође испреко пустиње и удари у четири угла од куће, те паде на децу и погибоше; и само ја један утекох да ти јавим.
၁၉တော မှ လေ ကြီး လာ၍ အိမ် လေး ထောင့် ကို တိုက် သဖြင့် ၊ အိမ်သည် ထိုလုလင် တို့အပေါ် ၌ပြိုလဲ ပါ၏။ သူတို့သည်သေ ၍ ကျွန်တော် တ ယောက်တည်း ကျန်ရစ် လျက် ၊ ကိုယ်တော် အား သိတင်းကြား ပြောရပါသည်ဟု လျှောက် လေ၏။
20 Тада уста Јов и раздре плашт свој, и остриже главу, и паде на земљу и поклони се,
၂၀ထိုအခါ ယောဘ သည် ထ ၍ မိမိ ဝတ်လုံ ကို ဆုတ် လေ၏။ ဆံပင် ကိုလည်း ရိတ် ၍ မြေ ပေါ်မှာဝပ် လျက် ကိုးကွယ် ပြီးလျှင် ၊ ငါသည် အဝတ် မပါဘဲ အမိ ဝမ်း ထဲက ထွက် လာ၏။
21 И рече: Го сам изашао из утробе матере своје, го ћу се и вратити онамо. Господ даде, Господ узе, да је благословено име Господње.
၂၁အဝတ် မပါဘဲ အမိဝမ်းထဲ သို့ ပြန် သွားတော့မည်။ ထာဝရဘုရား ပေး တော်မူ၏။ ထာဝရဘုရား လည်း ရုပ်သိမ်း တော်မူ၏။ ထာဝရဘုရား ၏ နာမ တော်သည် မင်္ဂလာ ရှိပါစေသတည်းဟု ဆို လေ၏။
22 Уза све то не сагреши Јов, нити рече безумља за Бога.
၂၂ယောဘ သည် ဤ အမှုများ နှင့် တွေ့ကြုံသော်လည်းမ မှားယွင်း။ ထာဝရဘုရား ကိုလည်းအပြစ် မ တင်ဘဲနေ၏။