< Књига пророка Јеремије 23 >

1 Тешко пастирима који потиру и размећу стадо паше моје! Говори Господ.
ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ့ ထံမှာကျက်စား သော သိုး တို့ကို ဖျက်ဆီး ၍ ၊ အရပ်ရပ်သို့ ကွဲပြား စေသော သိုးထိန်း တို့သည် အမင်္ဂလာ ရှိကြ၏။
2 Зато овако вели Господ Бог Израиљев за пастире који пасу народ мој: Ви разметнусте овце моје и разагнасте их, и не обилазисте их; ево, ја ћу вас обићи за злоћу дела ваших, говори Господ.
ထိုကြောင့်၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါ ၏ လူ တို့ကို ကျွေးမွေး ရသောသိုးထိန်း တို့အမှုမှာ သင်တို့သည် ငါ ၏ သိုးစု ကို မ ကြည့်ရှု ၊ မပြုစု၊ အရပ်ရပ်သို့ ကွဲပြား စေ၍ နှင်ထုတ် သောကြောင့်၊ သင် တို့ပြု သောဒုစရိုက် အပြစ်ကို သင် တို့အပေါ် မှာ ငါ သက်ရောက် စေမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
3 И остатак оваца својих ја ћу скупити из свих земаља у које их разагнах, и вратићу их у торове њихове, где ће се наплодити и умножити.
တဖန်မိန့်တော်မူသည်ကား၊ ငါ ၏သိုးစု ကို ငါနှင်ထုတ် သော ပြည် ရှိသမျှ တို့၌ ကျန် ကြွင်းသော သိုး တို့ကို ငါစုဝေး ၍၊ နေရင်းသိုးခြံ သို့ တဖန်ငါဆောင် ခဲ့ ဦးမည်။ သူတို့သည်လည်း ၊ သားဘွား ၍ များ ပြားကြ လိမ့်မည်။
4 И поставићу им пастире, који ће их пасти, да се не боје више и не плаше и да не погине ни једна, говори Господ.
သူတို့ကို ကျွေးမွေးသော သိုးထိန်း တို့ကို သူ တို့ အပေါ် မှာ ငါခန့် ထားသဖြင့် ၊ သူတို့သည် နောက် တဖန် ကြောက် ခြင်း၊ ထိတ်လန့် ခြင်းမ ရှိ ရကြ။ ဆုံးမ ခြင်းကိုလည်း မ ခံရကြဟု ထာဝရဘုရား မိန့် တော်မူ၏။
5 Гле, иду дани, говори Господ, у које ћу подигнути Давиду Клицу праведну, која ће царовати и бити срећна и чинити суд и правду на земљи.
ထာဝရဘုရား မိန့် တော်မူသည်ကား၊ သန့်ရှင်း သော အညွန့် ကို ဒါဝိဒ် အဘို့ ငါပေါက် စေသည်အတိုင်း ၊ ဉာဏ် ကောင်းသောရှင်ဘုရင် တဦးသည် စိုးစံ ၍ ၊ မြေကြီး ပေါ် မှာ တရား သဖြင့် ဖြောင့်မတ် စွာ စီရင် ရာ ကာလ သည် ရောက် လိမ့်မည်။
6 У Његове дане спашће се Јуда, и Израиљ ће становати у миру, и ово му је име којим ће се звати: Господ правда наша.
ထိုမင်း လက်ထက် ၌ ယုဒ ပြည်သည် ကယ်တင် ခြင်းသို့ရောက်၍ ၊ ဣသရေလ ပြည်လည်း ငြိမ်ဝပ် စွာ နေ ရ လိမ့်မည်။ ထို မင်းသည် ယေဟောဝါ ဇေဒကနု ဟူသော ဘွဲ့ နာမရှိ လိမ့်သတည်း။
7 Зато, ево, иду дани, говори Господ, у које се неће више говорити: Тако да је жив Господ, који је извео синове Израиљеве из земље мисирске;
သို့ ဖြစ်၍၊ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဣသရေလ အမျိုးသား တို့ကို အဲဂုတ္တု ပြည် မှ နှုတ် ဆောင် သော ထာဝရဘုရား အသက်ရှင် တော်မူသည်ဟူ၍မ ကျိန်ဆို ဘဲ၊
8 Него: Тако да је жив Господ, који је извео и довео семе дома Израиљевог из северне земље и из свих земаља у које их бејах разагнао. И они ће седети у својој земљи.
ဣသရေလ အမျိုးသား အစဉ် အဆက်တို့ကို မြောက် ပြည် မှစ၍ ၊ နှင်ထုတ် ဘူးသော ပြည် ရှိသမျှ တို့မှ ပို့ဆောင် သော ထာဝရဘုရား အသက် ရှင်တော်မူသည် ဟူ၍ကျိန်ဆိုရသော ကာလသည် နောက်တဖန် ရောက် လိမ့်မည်။ သူ တို့သည် နေရင်းပြည် ၌ တဖန် နေ ရကြ လိမ့်မည်။
9 Ради пророка пуца срце у мени, трепећу све кости моје, као пијан сам и као човек кога је освојило вино, Господа ради и Његових ради светих речи.
ပရောဖက် များနှင့် ဆိုင်သော စကားဟူမူကား၊ ထာဝရဘုရား ကြောင့် ၎င်း ၊ သန့်ရှင်း သော စကား တော် ကြောင့် ၎င်း ငါ့ စိတ် ပျက် လျက်ရှိ၏။ ငါ့ အရိုး ရှိသမျှ တို့သည် လှုပ်ရှား ကြ၏။ ယစ်မူး သောသူ နှင့် စပျစ်ရည် နိုင် သော သူ ကဲ့သို့ ငါဖြစ် ၏။
10 Јер је земља пуна прељубочинаца, и с клетава тужи земља, посушише се паше у пустињи; трк је њихов зао и моћ њихова неправа.
၁၀အကြောင်း မူကား၊ မတရား သောမေထုန် ၌မှီဝဲ သောသူတို့သည် တပြည် လုံး၌ အနှံ့အပြားရှိ ကြ၏။ ထိုသူတို့ကြောင့် တပြည် လုံးမြည်တမ်း ရ၏။ တော ၌ ကျက်စား ရာအရပ်တို့သည် သွေ့ ခြောက်ကြ၏။ ပြည်သားများလိုက်သောလမ်း သည် မဖြောင့် ၊ သူ တို့အစွမ်း သတ္တိ သည် တရား ဘက်၌ မ နေတတ်။
11 Јер и пророк и свештеник скврне је, налазим и у дому свом злоћу њихову, говори Господ.
၁၁ပရောဖက် နှင့် ယဇ်ပုရောဟိတ် နှစ်ပါးတို့သည် ဘုရားကို မရိုမသေ ပြုကြပြီ။ ငါ့ အိမ် ၌ ပင် သူ တို့ပြုသောအဓမ္မ အမှုကို ငါတွေ့ ပြီဟု ထာဝရဘုရား မိန့် တော်မူ၏။
12 За то ће пут њихов бити као клизавица по тами, где ће попузнути и пасти; јер ћу пустити на њих зло, године похођења њиховог, говори Господ.
၁၂ထိုကြောင့်၊ သူ တို့သွားသောလမ်း သည် မှောင်မိုက် ၌ ချော တတ်သော လမ်းကဲ့သို့ ဖြစ်၍၊ သူတို့သည် တွန်း တိုးခြင်းကို ခံရ၍ လဲ ကြလိမ့်မည်။ အကြောင်း မူကား၊ သူ တို့သည် ဆုံးမ ခြင်းကို ခံရသောကာလ ၌ သူ တို့အပေါ် မှာ ဘေးဥပဒ် ကို သင့် ရောက် စေမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
13 У пророка самаријских видео сам безумље, пророковаху Валом, прелашћиваху народ мој Израиља;
၁၃ရှမာရိ ပြည်သား ပရောဖက် တို့၌ လည်း ၊ မိုက် သောသဘောကို ငါမြင် ပြီ။ သူတို့သည် ဗာလ ဘုရားကို မှီဝဲ ၍ ပရောဖက် ပြုသဖြင့် ၊ ငါ ၏လူ ဣသရေလ အမျိုးသားတို့ကို မှားယွင်း စေကြပြီ။
14 Али у пророка јерусалимских видим страхоту: чине прељубу и ходе у лажи, укрепљују руке зликовцима да се нико не врати од своје злоће; сви су ми као Содом, и становници његови као Гомор.
၁၄ယေရုရှလင် မြို့သား ပရောဖက် တို့၌ လည်း ၊ စက်ဆုပ် ရွံရှာဘွယ်သောသဘောကို ငါမြင် ပြီ။ သူတို့သည် မတရား သောမေထုန် ၌မှီဝဲလျက် ၊ မုသာ ကိုလည်း သုံး လျက် ၊ အဓမ္မ ပြုသောသူတို့ကို အားပေး တတ်သဖြင့်၊ အဘယ်သူမျှမိမိ ပြုသော အဓမ္မ အမှုကို မ စွန့် ။ ထိုသူ ရှိ သမျှတို့သည် ငါ၌ သောဒုံ မြို့သားကဲ့သို့ ၎င်း ၊ ယေရုရှလင် မြို့သား တို့သည် ဂေါမောရ မြို့သားကဲ့သို့ ၎င်း ဖြစ် ကြ၏။
15 Зато овако вели Господ над војскама о тим пророцима: Ево, ја ћу их нахранити пеленом и напојићу их жучи; јер од пророка јерусалимских изиђе оскврњење по свој земљи.
၁၅ထိုကြောင့်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် ပရောဖက် တို့အမှု ၌ မိန့် တော်မူသည်ကား ၊ သူ တို့ကို ဒေါန နှင့် ငါ ကျွေး မည်။ ဆေးခါး ကိုလည်း သောက် စေမည်။ ယေရုရှလင် မြို့သား ပရောဖက် တို့သည် မူလအမြစ်ဖြစ်၍၊ အဓမ္မ အမှုသည် တပြည် လုံး ကို နှံ့ပြား လေပြီ။
16 Овако вели Господ над војскама: Не слушајте шта говоре пророци који вам пророкују; варају вас, говоре утваре свог срца, не из уста Господњих.
၁၆ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ပရောဖက်ပြု၍ သင် တို့အား ဟော တတ်သော ဆရာ တို့၏ စကား ကို နား မ ထောင်ကြနှင့်။ သူ တို့သည် သင်တို့အား အချည်းနှီးဟော တတ် ကြ၏။ ထာဝရဘုရား ၏ နှုတ် တော်ထွက်သို့မ လိုက်၊ ကိုယ် အလို အလျောက်ရူပါရုံ ကို မြင်သည်အတိုင်း ဟော ပြောတတ်ကြ၏။
17 Једнако говоре онима који не маре за ме: Господ је рекао: Имаћете мир; и свакоме који иде по мисли срца свог говоре: Неће доћи на вас зло.
၁၇ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို မထီမဲ့မြင် ပြုသောသူတို့ အား ၊ သင် တို့သည် ငြိမ်ဝပ် ခြင်းရှိ ကြ လိမ့်မည်ဟု ဟော တတ်ကြ၏။ မိမိ တို့စိတ်နှလုံး ခိုင်မာ ခြင်း သဘောသို့ လိုက် သောသူတို့ အား၊ သင် တို့သည် ဘေးဥပဒ် နှင့် မ တွေ့ ရကြဟု ဟော တတ်ကြ၏။
18 Јер ко је стајао у већу Господњем, и видео или чуо реч Његову? Ко је пазио на реч Његову и чуо?
၁၈ထိုသူတို့တွင် အဘယ်သူ သည် ထာဝရဘုရား နှင့် တိုင်ပင်ဘက် ပြုသနည်း။ အဘယ်သူသည် အမှုတော်ကို ကြား မြင် သနည်း။ အဘယ်သူ သည် နှုတ်ကပတ် တော်ကို နားထောင် ၍ ကြား သနည်း။
19 Ево, вихор Господњи, гнев, изићи ће вихор, који не престаје, пашће на главу безбожницима.
၁၉ထာဝရဘုရား ၏ လေဘွေ တော်သည် ပူသော အရှိန်နှင့်ထွက် ၏။ ပြင်းစွာသော လေဘွေ ဖြစ်၍၊ မတရား သောသူတို့ ခေါင်း ပေါ် မှာ ပြင်းစွာတိုက် လိမ့်မည်။
20 Неће се одвратити гнев Господњи докле не учини и изврши шта је у срцу наумио; најпосле ћете разумети то сасвим.
၂၀ထာဝရဘုရား သည် လက်စ သတ်၍ ၊ အကြံအစည် တော်ကို ပြည့်စုံ စေတော်မမူမှီ အမျက် တော် မ ငြိမ်း ရ။ နောက် ကာလ ၌ သင်တို့သည် ရှင်းလင်းစွာ နားလည် ကြလိမ့်မည်။
21 Не слах тих пророка, а они трчаше; не говорих им, а они пророковаше.
၂၁ငါမ စေလွှတ် ဘဲ ထိုပရောဖက် တို့သည် ပြေး ကြပြီ ။ ငါမ မှာ ထားဘဲ သူ တို့သည် ကိုယ်အလိုအလျောက်ဟော ပြောကြပြီ။
22 Да су стајали у мом већу, тада би казивали моје речи народу мом, и одвраћали би их с пута њиховог злог и од злоће дела њихових.
၂၂ထိုသူတို့သည် ငါ နှင့် တိုင်ပင်ဘက် ပြု လျှင် ၊ ငါ့ စကား ကို ငါ၏ လူမျိုးအားဆင့်ဆို ၍ ၊ ငါ ၏လူမျိုး ကို မတရား သော လမ်း မှ ၎င်း ၊ မကောင်း သောအကျင့် ဓလေ့မှ ၎င်း လွဲသွား စေကြပြီ။
23 Јесам ли ја Бог из близа, говори Господ, а нисам Бог и из далека?
၂၃ငါ သည်နီး သော အရပ်၌ သာ ဘုရား ဖြစ် သလော။ ဝေး သော အရပ်၌ လည်း ဘုရား ဖြစ်သည် မ ဟုတ်လောဟု ထာဝရဘုရား မေး တော်မူ၏။
24 Може ли се ко сакрити на тајно место да га ја не видим? Говори Господ; не испуњам ли ја небо и земљу? Говори Господ.
၂၄ငါ မ မြင် စေခြင်းငှါ အဘယ်သူသည် မထင်ရှား သော အရပ်၌ ပုန်းရှောင် ၍ နေနိုင်သနည်းဟု ထာဝရဘုရား မေး တော်မူ၏။ ငါ သည် ကောင်းကင် မြေကြီး ကို နှံ့ပြား သည် မ ဟုတ်လောဟု ထာဝရဘုရား မေး တော်မူ ၏။
25 Чујем шта говоре ти пророци који у име моје пророкују лаж говорећи: Снио сам, снио сам.
၂၅ငါသည် အိပ်မက် မြင်ပြီ၊ အိပ်မက် မြင်ပြီဟု၊ ငါ့ နာမ ကို အမှီပြု၍၊ မုသာဖြင့် ဟောပြော သော ပရောဖက် တို့၏ စကား ကို ငါကြား ပြီ။
26 Докле ће то бити у срцу пророцима који пророкују лаж, и превару срца свог пророкују?
၂၆ထိုပရောဖက် တို့သည် အဘယ် မျှကာလပတ်လုံး ဤသို့ကြံစည်ကြလိမ့်မည်နည်း။ သူတို့သည် မုသာ စကား ကို ဟော ပြောတတ်ကြ၏။ ကိုယ် စိတ် နှလုံးလှည့်စား သည် အတိုင်း ဟောပြောတတ်ကြ၏။
27 Који мисле да ће учинити да народ мој заборави име моје уза сне њихове, које приповедају један другом, као што заборавише оци њихови име моје уз Вала.
၂၇ဘိုးဘေး တို့သည် ဗာလ ကြောင့် ငါ့ နာမ ကို မေ့လျော့ သကဲ့သို့ ၊ သူတို့သည် အိမ်နီးချင်း တ ယောက်ကို တယောက်ပြော တတ်သော အိပ်မက် များအားဖြင့် ငါ ၏ လူမျိုး သည် ငါ့ နာမ ကို မေ့လျော့ စေမည်ဟု အကြံ ရှိကြ သည်တကား။
28 Пророк који сни, нека приповеда сан; а у кога је реч моја, нека говори реч моју истинито; шта ће плева са пшеницом? Говори Господ.
၂၈အိပ်မက် မြင်သော ပရောဖက် သည် အိပ်မက် စကားကို ပြော ပါလေစေ။ ငါ ၏နှုတ်ကပတ် တော်ကို ခံရသောသူ သည်နှုတ်ကပတ် စကားတော်ကို မှန်ကန် စွာ ဟော ပြောပါလေစေ။ အဖျင်း သည်စပါး နှင့် အဘယ် သို့ဆိုင် သနည်းဟု ထာဝရဘုရား မိန့် တော်မူ၏။
29 Није ли реч моја као огањ, говори Господ, и као маљ који разбија камен?
၂၉ငါ ၏ နှုတ်ကပတ် တော်သည် မီး ကဲ့သို့ ၎င်း ၊ ကျောက် ကို ထု ချေသောသံတူ ကဲ့သို့ ၎င်း ဖြစ်သည်မဟုတ် လောဟု ထာဝရဘုရား မေး တော်မူ၏။
30 За то, ево ме на те пророке, говори Господ, који краду моје речи један од другог.
၃၀သို့ဖြစ်၍၊ ငါ့ စကား တော်ကို အိမ်နီးချင်း တယောက်မှ တယောက်ခိုး သော ပရောဖက် တို့ကို ငါ သည် ဆန့်ကျင် ဘက်ပြုမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
31 Ево ме на те пророке, вели Господ, који дижу језик свој и говоре: Он вели.
၃၁မိမိ တို့အလို အလျောက်ဟော ပြောလျက် နှင့် အမိန့် တော်ရှိ သည်ဟုဆိုသော ပရောဖက် တို့ကို ငါ သည် ဆန့်ကျင် ဘက်ပြုမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
32 Ево ме на оне који пророкују лажне сне, вели Господ, и приповедајући их заводе народ мој лажима својим и хитрином својом; а ја их нисам послао нити сам им заповедио; и неће ништа помоћи томе народу, говори Господ.
၃၂မှား သောအိပ်မက် ကိုဟော ပြော၍၊ မုသာ စကား နှင့် အချည်းနှီး စကားအားဖြင့် ငါ ၏လူမျိုး ကိုမှားယွင်း စေသော ပရောဖက်တို့ကို ငါ သည် ဆန့်ကျင် ဘက်ပြုမည်။ သူ တို့ကို ငါ မ စေလွှတ် ၊ မ မှာ ထားသောကြောင့် ၊ ဤ လူမျိုး သည် ကျေးဇူး မ ရှိဟု ထာဝရဘုရား မိန့် တော်မူ၏။
33 Ако те запита овај народ или који пророк или свештеник говорећи: Како је бреме Господње? Тада им реци: Како бреме? Оставићу вас, говори Господ.
၃၃ဤ လူမျိုး တွင် ဆင်းရဲသားဖြစ်စေ၊ ပရောဖက် ဖြစ်စေ ၊ ယဇ်ပုရောဟိတ် ဖြစ်စေ၊ တစုံတယောက်က၊ ထာဝရဘုရား ၏ ဗျာဒိတ် တော်အဘယ်သို့ နည်းဟု သင့် ကို မေး လျှင် ၊ ပြန် ပြော ရမည်မှာ၊ သင်တို့နှင့်ဆိုင်သော ဗျာဒိတ် တော်ဟူမူကား၊ သင် တို့ကို ငါစွန့်ပစ် မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
34 А пророка и свештеника и народ који рече: Бреме Господње, ја ћу покарати тог човека и дом његов.
၃၄ထာဝရဘုရား ၏ ဗျာဒိတ် တော်ရှိသည်ဟု ပြော ဆို သော ပရောဖက် ၊ ယဇ်ပုရောဟိတ် ၊ ပြည်သူ ပြည်သားကို၎င်း၊ ထိုသူ ၏ အိမ် သူအိမ်သားတို့ကို၎င်း၊ ငါသည် ဒဏ်ပေး မည်။
35 Него овако говорите сваки ближњему свом и сваки брату свом: Шта одговори Господ? И: Шта рече Господ?
၃၅သင်တို့က၊ ထာဝရဘုရား သည် အဘယ် သို့ပြန်ပြော တော်မူသနည်းဟူ၍၎င်း ၊ အဘယ်သို့ မိန့် တော်မူသနည်းဟူ၍၎င်း ၊ အိမ်နီးချင်း ၊ ညီအစ်ကို ချင်း တယောက် ကို တယောက် မေးမြန်း ရမည်။
36 А бремена Господњег не помињите више, јер ће свакоме бити бреме реч његова, јер изврћете речи Бога Живога, Господа над војскама, Бога нашег.
၃၆ထာဝရဘုရား ၏ ဗျာဒိတ် တော်ရှိသည်ဟူ၍နောက် တဖန် မ ဆို ရ။ လူ တိုင်းမိမိ စကား မှတပါး အခြား သောဗျာဒိတ် တော်မရှိရ။ အကြောင်းမူကား၊ သင်တို့သည် အသက်ရှင် တော်မူသောဘုရား ၊ ငါ တို့၏ ဘုရား သခင်တည်းဟူသောကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရ ဘုရား ၏ စကား တော်ကို ဖျက် ကြပြီ။
37 Овако реци пророку: Шта ти одговори Господ? И шта ти рече Господ?
၃၇ထာဝရဘုရား သည် သင့် အား အဘယ်သို့ ပြန်ပြော တော်မူသနည်း။ ထာဝရဘုရား သည် အဘယ်သို့ မိန့် တော်မူသနည်းဟု ပရောဖက် ကို မေး လော့။
38 Али кад кажете: Бреме Господње, зато овако вели Господ: Шта говорите ту реч: Бреме Господње, а ја слах к вама да вам кажу: Не говорите: Бреме Господње,
၃၈သင်တို့က၊ ထာဝရဘုရား ၏ ဗျာဒိတ် တော်ဟု ဆို ကြသည်ဖြစ်၍ ၊ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ထာဝရဘုရား ၏ ဗျာဒိတ် တော်ရှိ သည်ဟု မ ဆို ရမည် အကြောင်း၊ ငါပညတ် သော်လည်း ၊ သင် တို့သည် ထာဝရဘုရား ၏ ဗျာဒိတ် တော်ရှိ သည်ဟူသောစကား ကို သုံး ကြ သောကြောင့် ၊
39 Зато ево ме, ја ћу вас заборавити сасвим и одбацићу од себе вас и град који сам дао вама и оцима вашим.
၃၉ငါသည် သင် တို့ကို၎င်း၊ သင် တို့နှင့် ဘိုးဘေး တို့ အား ငါပေး သော မြို့ ကို၎င်း၊ ငါ့ ထံမှ အကုန်အစင်ကျုံး ၍ ပစ်လိုက်မည်။
40 И навалићу на вас поругу вечну и срамоту вечну која се неће заборавити.
၄၀အစဉ်အမြဲ မ မေ့လျော့ နိုင်သော ထာဝရ ကဲ့ရဲ့ ခြင်းနှင့် အရှက်ကွဲ ခြင်းကို သင် တို့အပေါ် မှာ သက်ရောက် စေမည်။

< Књига пророка Јеремије 23 >