< Књига пророка Исаије 7 >
1 У време Ахаза сина Јотама сина Озије цара Јудиног дође Ресин цар сирски и Факеј син Ремалијин цар Израиљев на Јерусалим да га бију, али га не могоше узети.
၁ယုဒရှင်ဘုရင်ဩဇိသားဖြစ်သော၊ ယောသံ၏ သား အာခတ်မင်းလက်ထက်၌၊ ရှုရိရှင်ဘုရင် ရေဇိန်မင်း နှင့် ဣသရေလရှင်ဘုရင် ရေမလိမင်း၏သား ပေကာမင်း တို့သည်၊ ယေရုရှလင်မြို့ကိုတိုက်ခြင်းငှါ ချီလာကြ၏။ သို့သော်လည်း၊ အကြံမမြောက်နိုင်ကြ။
2 И дође глас дому Давидовом и рекоше: Сирија се сложи с Јефремом. А срце Ахазово и срце народа његовог устрепта као дрвеће у шуми од ветра.
၂ရှုရိပြည်သည် ဧဖရိမ်ပြည်ကို အမှီပြုသည်ဟု ဒါဝိဒ်မင်းမျိုးကြားသောအခါ၊ တော်၌သစ်ပင်တို့သည် လေကြောင့် လှုပ်ရှားသကဲ့သို့၊ မင်းကြီး၏နှလုံးနှင့် ပြည် သားတို့၏နှလုံးသည် တုန်လှုပ်လျက်ရှိကြ၏။
3 Тада рече Господ Исаији: Изађи на сусрет Ахазу, ти и Сеар-јасув, син твој, накрај јаза горњег језера, на пут код поља бељаревог.
၃ထိုအခါ ထာဝရဘုရားသည် ဟေရှာယကို မိန့် တော်မူသည်ကား၊ သင်သည်သင်၏သား ရှာယာရှုပ်နှင့် အတူသွား၍၊ ခဝါသည်၏ လယ်နားမှာ ရှောက်သော လမ်း၊ အထက်ရေကန် ပြွန်ဝ၌အာခတ်မင်းကို ကြိုဆို၍ တွေ့လျှင်၊ ဆင့်ဆိုရမည်မှာ၊
4 И реци му: Чувај се и буди миран, не бој се и срце твоје нека се не плаши од два краја ових главњи што се пуше, од распаљеног гнева Ресиновог и сирског и сина Ремалијиног.
၄သတိပြု၍ ငြိမ်သက်စွာနေလော့။ မီးခိုးထွက် သော ဤထင်းစနှစ်ခုတည်းဟူသော၊ ရှုရိမင်းရေဇိန်နှင့် ရေမလိ၏သားတို့သည် ပြင်းစွာအမျက်ထွက်သော်လည်း၊ မစိုးရိမ်နှင့်၊ စိတ်မပျက်နှင့်။
5 Што се Сирци и Јефрем и син Ремалијин договорише на твоје зло говорећи:
၅ရှုရိပြည်၊ ဧဖရိမ်ပြည်၊ ရေမလိသားတို့က၊
6 Хајдемо на јудејску да јој досадимо и да је освојимо и да поставимо у њој царем сина Тавеиловог.
၆ငါတို့သည် တိုက်ယူ၍ ပြည်အလယ်မှာ တဗာလ ၏သားကို မင်းအရာ၌ ခန့်ထားကြကုန်အံ့ဟု သင့်ဘက်၌ မကောင်းသောအကြံကို ကြံကြသော်လည်း၊
7 Зато овако вели Господ Бог: Неће се то учинити, неће бити.
၇ဘုရားရှင် ထာဝရဘုရားက၊ ထိုအကြံမတည်ရ။ ထိုသို့မဖြစ်ရ။
8 Јер је глава Сирији Дамаск, а Дамаску је глава Ресин; и до шездесет и пет година сатрће се Јефрем тако да више неће бити народ.
၈ရှုရိပြည်၏ခေါင်းကား၊ ဒမာသက်မြို့။
9 И глава је Јефрему Самарија, а Самарији је глава син Ремалијин. Ако не верујете, нећете се одржати.
၉ဒမာသက်မြို့၏ ခေါင်းကား၊ ဧဖရိမ်ပြည်၏ ခေါင်းကား၊ ရှမာရိမြို့။ ရှာမာရိမြို့၏ခေါင်းကား၊ ရေမလိ သားဖြစ်ရ၏။ သို့သော်လည်း၊ခြောက်ဆယ်ငါးနှစ်အတွင်း တွင်၊ ဧဖရိမ်ပြည်ကို ပြည်မဖြစ်စေခြင်းငှါ၊ ချိုးဖဲ့လိမ့်မည်။ သင်တို့သည် မယုံလျှင်၊ မတည်ရကြဟု မိန့်တော်မူ၏။
10 И још рече Господ Ахазу говорећи:
၁၀တဖန်ထာဝရဘုရားက၊ သင်၏ဘုရားသခင် ထာဝရဘုရားထံမှာနိမိတ်လက္ခဏာကိုတောင်းပန်လော့။
11 Ишти знак од Господа Бога свог, ишти оздо из дубине или озго с висине. (Sheol )
၁၁နက်သောအရပ်၌ဖြစ်စေ၊ မြင့်သောအထက် အရပ်၌ဖြစ်စေ၊ တောင်းပန်လော့ဟု အာခတ်မင်းကို မိန့်တော်မူလျှင်၊ (Sheol )
12 А Ахаз рече: Нећу искати, нити ћу кушати Господа.
၁၂အာခတ်မင်းက၊ ကျွန်ုပ်မတောင်းပန်းပါ။ ထာဝရဘုရားကို မစုံစမ်းပါဟု ပြန်ပြော၏။
13 Тада рече Исаија: Слушајте сада, доме Давидов; мало ли вам је што досађујете људима, него досађујете и Богу мом?
၁၃ထိုအခါ ဟေရှာယက၊ အိုဒါဝိဒ်အမျိုးသားတို့၊ နားထောင်ကြလော့။ သင်တို့သည် လူကိုငြီးငွေ့စေသည် သာမက၊ ငါကိုးကွယ်သော ဘုရားသခင်ကို ငြီးငွေ့စေကြ မည်လော့။
14 Зато ће вам сам Господ дати знак; ето девојка ће затруднети и родиће Сина, и наденуће Му име Емануило.
၁၄ထိုကြောင့်၊ ထာဝရဘုရားသည် ကိုယ်တော်တိုင် နိမိတ်လက္ခဏာကို သင်တို့အားပေးတော်မူမည်။ ကြည့်ရှု လော့။ သတို့သမီးကညာသည် ပဋိသန္ဓေစွဲယူ၍၊ သား ယောက်ျားကို ဘွားမြင်လတံ့။ ထိုသားကို ဧမာနွေလ အမည်ဖြင့် မှည့်ရလတံ့။
15 Масло и мед јешће, док не научи одбацити зло а изабрати добро.
၁၅ထိုသူသည် မကောင်းသောအရာကိုပယ်၍၊ ကောင်းသောအရာကို ရွေးယူတတ်သည်တိုင်အောင်၊ နို့ဓမ်းနှင့်ပျားရည်ကို စားရလိမ့်မည်။
16 Јер пре него научи дете одбацити зло а изабрати добро, оставиће земљу, на коју се гадиш, два цара њена.
၁၆ထိုသူငယ်သည် မကောင်းသောအရာကိုမပယ်၊ ကောင်းသောအရာကို မရွေးမယူတတ်မှီ၊ သင်ကြောက် သောရှင် ဘုရင်နှစ်ဦး အစိုးရသောပြည်သည် စွန့်ပစ် သော အရပ်ဖြစ်လိမ့်မည်။
17 Господ ће пустити на те и на народ твој и на дом оца твог дане, каквих није било откад се Јефрем одвоји од Јуде, преко цара асирског.
၁၇ဧဖရိမ်အမျိုးသည် ယုဒအမျိုးနှင့် ကွာသွားသောနေ့မှ စ၍၊ မဖြစ်ဘူးသော နေ့ရက်ကာလကို ထာဝရဘုရား သည် သင်၏အပေါ်၌၎င်း၊ သင်၏လူများပေါ်၌၎င်း၊ သင်၏အမျိုးရင်းအပေါ်၌၎င်း၊ ရောက်စေတော်မူမည်။
18 И тада ће Господ зазвиждати мувама које су накрај река мисирских, и пчелама које су у земљи асирској;
၁၈ထိုကာလ၌ အဲဂုတ္တုမြစ်လက်ကြားတို့ အနားမှာ ရှိသော ယင်ကောင်ကို၎င်း၊ အာရှုရိပြည်၌ရှိသော ပျား ကောင်ကို၎င်း၊ နှိုးဆော်တော်မူသဖြင့်၊
19 И доћи ће и попадаће све у пусте долине и у камене раселине и на све честе и на свако дрвце.
၁၉သူတို့သည်လာ၍ လူဆိတ်ညံသောချိုင့်များ၊ ချောက်ကြား၊ တောအုံ၊ ကျက်စားရာများအပေါ်မှာ အကုန်အစင်နားကြလိမ့်မည်။
20 Тада ће Господ обријати бритвом закупљеном испреко реке, царем асирским, главу и длаке по ногама, и браду сву.
၂၀ထိုကာလတွင် မြစ်ကြီးတဘက်၌နေသောသူ၊ အာရှုရိရှင်ဘုရင်တည်းဟူသော ငှါးသောသင်တုန်းဖြင့် ထာဝရဘုရားသည် ဆံပင်နှင့် ခြေမွေးကို ရိတ်တော် မူမည်။ မုတ်ဆိတ်ကိုလည်း ပယ်ရှင်းတော်မူမည်။
21 И тада ко сачува кравицу и две овце,
၂၁ထိုကာလ၌ လူသည်နွားမကလေးတကောင်၊ သိုးဆိတ်နှစ်ကောင်ကိုမွေးစားလျှင်၊
22 Од мноштва млека што ће давати јешће масло; јер масло и мед јешће ко год остане у земљи.
၂၂သူတို့၌များစွာသော နို့ကိုရသဖြင့် နို့ဓမ်းကို စားရ၏။ ပြည်၌ ကျန်ကြွင်းသမျှသောသူတို့သည် ထောပတ်နှင့် ပျားရည်ကို သာစားရကြလိမ့်မည်။
23 И тада ће свако место где има хиљаду чокота за хиљаду сребрњака зарасти у чкаљ и трње.
၂၃ထိုအခါ စပျစ်နွယ်ပင်တထောင်ရှိ၍၊ ငွေ တထောင် အဘိုးထိုက်သော စပျစ်ဥယျာဉ်တိုင်း၊ ဆူးပင် မျိုးသက်သက် ဖြစ်ရလိမ့်မည်။
24 Са стрелама и с луком ићи ће се онамо, јер ће сва земља бити чкаљ и трње.
၂၄လေးနှင့်မြှားကို ဆောင်လျက် ထိုအရပ်သို့ သွားကြလိမ့်မည်။ မြေတပြင်လုံး၌ ဆူးပင်မျိုးသက်သက် ဖြစ်ရလိမ့်မည်။
25 А на све горе које су се копале мотиком, на њих неће доћи страх од чкаља и трња, него ће бити испуст воловима и газиће их овце.
၂၅ပေါက်တူးနှင့်တူးဆွရာ တောင်ယာရှိသမျှတို့ သည်၊ ဆူးပင်မျိုးကြောင့် အဘယ်သူမျှမချည်ဝံ့သဖြင့်၊ နွားလွတ်၍ ကျက်စားရာ၊ သိုးဆိတ်တို့ ကျော်နင်းရာဖြစ်ရ ကြလိမ့်မည်ဟု ဟောလေ၏။