< Књига пророка Исаије 38 >
1 У то време разболе се Језекија на смрт; и дође к њему пророк Исаија син Амосов и рече му: Овако вели Господ: Нареди за кућу своју, јер ћеш умрети и нећеш остати жив.
၁ထိုကာလအခါ ဟေဇကိမင်းသည် သေနာစွဲ သဖြင့်၊ အာမုတ်သား ပရောဖက်ဟေရှာယသည် လာ၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကိုယ်အိမ်အမှုကို စီရင်လော့။ သင်သည် အသက်မရှင်၊ သေရမည်ဟု အမိန့် တော်ကို ပြန်လေ၏။
2 А Језекија се окрете лицем к зиду, и помоли се Господу,
၂ဟေဇကိမင်းသည်လည်း ထရံသို့ မျက်နှာလှည့် ၍၊ အိုထာဝရဘုရား၊ အကျွန်ုပ်သည် ရှေ့တော်၌ သစ္စာ စောင့်လျက်၊ စုံလင်သော စိတ်နှလုံးနှင့် ကျင့်၍၊ နှစ်သက် တော်မူသည်အတိုင်း ပြုကြောင်းကို အောက်မေ့တော် မူပါ။ အကျွန်ုပ်တောင်းပန်ပါ၏ဟု အလွန်ငိုကြွေးလျက်၊ ထာဝရဘုရားကို ဆုတောင်းလေ၏။
3 И рече: Ох, Господе, опомени се да сам једнако ходио пред Тобом верно и с целим срцем, и творио шта је Теби угодно. И плака Језекија веома.
၃
4 Тада дође реч Господња Исаији говорећи:
၄တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဟေရှာယသို့ရောက်၍၊
5 Иди и реци Језекији: Овако вели Господ Бог Давида оца твог: Чуо сам молитву твоју, и видео сам сузе твоје, ево додаћу ти веку петнаест година.
၅သင်သည် ဟေဇကိမင်းထံသို့ သွားပြီးလျှင်၊ သင့်အဘ ဒါဝိဒ်၏ ဘုရားသခင်ထာဝရဘုရား မိန့်တော် မူသည်ကား၊ သင်၏ ပဌနာစကားကို ငါကြားပြီ။ သင်၏ မျက်ရည်ကိုလည်း ငါမြင်ပြီ။ သင်၏ အသက်၌ တဆယ် ငါးနှစ်ကို ငါဆက်၍ ပေးမည်။
6 И избавићу тебе и овај град из руку цара асирског, и бранићу овај град.
၆သင်နှင့် ဤမြို့ကို အာရှုရိရှင်ဘုရင်လက်မှ ငါ ကယ်လွှတ်မည်။ ဤမြို့ကို ငါ ကွယ်ကာစောင့်မမည် အရာကို ပြောလော့ဟု မိန့်တော်မူ၏။
7 И ово нека ти буде знак од Господа да ће учинити Господ шта је рекао.
၇ဟေရှာယက၊ ထာဝရဘုရား အမိန့်တော်ရှိသည် အတိုင်း ပြုတော်မူမည်ဟု ထာဝရဘုရားသည် သင့်အား ပေးတော်မူသော လက္ခဏာသက်သေဟူမူကား၊
8 Ево ја ћу вратити сен по коленцима по којима је сишао на сунчанику Ахазовом натраг за десет коленаца. И врати се сунце за десет коленаца по коленцима по којима беше сишло.
၈ကြည့်ရှုလော့။ အာခတ်၏နေတိုင်းနာရီပေါ်မှာ ရွေ့သော အရိပ်ကို ဆယ်ချက်ပြန်စေမည်ဟု ဆို၏။ ဆိုသည်အတိုင်း ဆယ်ချက်ရွေ့ပြီးသော အရိပ်သော ဆယ်ချက်ပြန်လေ၏။
9 Ово написа Језекија цар Јудин кад се разболе, и оздрави од болести своје:
၉ယုဒမင်းကြီးဟေဇကိသည် အနာမှ ထမြောက် ၍ ရေးထားသော စာဟူမူကား၊
10 Ја рекох, кад се пресекоше дани моји: Идем к вратима гробним, узе ми се остатак година мојих. (Sheol )
၁၀ငါသည် ငြိမ်သက်စွာ နေစဉ်အခါ၊ မရဏာနိုင်ငံ တံခါးသို့ ဝင်ရပါသည်တကား။ ငါ၌ ကြွင်းသော နှစ်များ ကို ငါ ရှုံးပြီဟု ငါဆိုသတည်း။ (Sheol )
11 Рекох: Нећу видети Господа Господа у земљи живих, нећу више видети човека међу онима који станују на свету.
၁၁အသက်ရှင်သော သူတို့၏ နေရာ၌၊ ထာဝရ ဘုရားကို ငါမမြင်ရ။ ငြိမ်းရာအရပ်သားတို့နှင့် ပေါင်း ဘော်ရသဖြင့်၊ နောက်တဖန် လူတို့ကို မမြင်ရ။
12 Век мој прође и пренесе се од мене као шатор пастирски; пресекох живот свој као ткач, одсећи ће ме од оснутка; од јутра до вечера учинићеш ми крај.
၁၂သိုးထိန်းတဲကဲ့သို့ ငါနေသော အိမ်ကို နှုတ်ပယ် ၍၊ အခြားတပါးသို့ ဆောင်သွားပြီ။ ရက်ကန်းသည် ပြုသကဲ့သို့ ငါ့အသက်သည် လိပ်လျက်ရှိ၍၊ ရက်ကန်းစင် မှ ငါ့ကို ပယ်ဖြတ်တော်မူလိမ့်မည်။ တနေ့ခြင်းတွင် ငါ့ကို ဆုံးစေ တော်မူလိမ့်မည်ဟု ငါဆိုသတည်း။
13 Мишљах за јутра да ће као лав потрти све кости моје; од јутра до вечера учинићеш ми крај.
၁၃ငါ့အရိုးရှိသမျှတို့ကို ချိုးတော်မူသည် ဖြစ်၍၊ ငါသည် ခြင်္သေ့ဟောက်သကဲ့သို့ နံနက်တိုင်အောင် မြည်ရ ၏။ တနေ့ခြင်းတွင် ငါ့ကို ဆုံးစေတော်မူလိမ့်မည်ဟု ငါဆိုသတည်း။
14 Пиштах као ждрал и као ластавица, уках као голубица, очи ми ишчилеше гледајући горе: Господе, у невољи сам, олакшај ми.
၁၄ငါသည် တီတီတွတ်နှင့် ဇရက်ကဲ့သို့ မြည်၍ ချိုးကဲ့ သို့ ညည်းတွန်ရ၏။ ငါ့မျက်စိတို့သည် မျှော်ကြည့်၍ အားလော့ကြပြီ။ အိုဘုရားရှင်၊ ညှဉ်းဆဲခြင်းကို ခံရသော အကျွန်ုပ်ဘက်၌ နေတော်မူပါ။
15 Шта да кажем? Он ми каза, и учини. Проживећу све године своје по јаду душе своје.
၁၅အဘယ်သို့ ငါပြောရမည်နည်း။ ငါ့အား ဂတိ ပေးတော်မူပြီ။ ဂတိတော်အတိုင်းလည်း ပြုတော်မူပြီ။ ငါ၌ ကျန်ကြွင်းသော နှစ်စဉ်ကာလပတ်လုံး၊ ငါသည် စိတ် ဆင်းရဲခြင်းကို အောက်မေ့၍၊ ဖြည်းဖြည်းသွားပါမည်။
16 Господе, о том се живи и у том је свему живот духа мог, исцелио си ме и сачувао у животу.
၁၆အို ဘုရားရှင်၊ ထိုသို့သောအားဖြင့် အသက်ရှင် ရပါ၏။ ထိုအရာရှိသမျှတို့၌ အကျွန်ုပ်ဝိညာဉ်၏ အသက် တည်ရပါ၏။ ကိုယ်တော်သည် အကျွန်ုပ် အနာရောဂါကို ငြိမ်းစေ၍၊ အကျွန်ုပ်အသက်ကို ရှင်စေတော်မူ၏။
17 Ево, на мир дође ми љут јад; али Теби би мило да извучеш душу моју из јаме погибли, јер си бацио за леђа своја све грехе моје.
၁၇အကျွန်ုပ်ခံရသော ဝေဒနာသည် ငြိမ်းပါပြီ။ အကျွန်ုပ်၏ ဝိညာဉ်ကို သနား၍၊ ဖျက်ဆီးရာ တွင်းထဲက နှုတ်ယူတော်မူပြီ။ အကျွန်ုပ်အပြစ်ရှိသမျှတို့ကို နောက် တော်သို့ ပစ်လိုက်တော်မူပြီ။
18 Јер неће гроб Тебе славити, неће Те смрт хвалити, и који сиђу у гроб не надају се Твојој истини. (Sheol )
၁၈အကယ်စင်စစ် မရဏာနိုင်ငံသည် ဂုဏ်တော်ကို မချီးမွမ်းရပါ။ သေနေသော သူသည် ဂုဏ်တော်ကို ထောမနာသီချင်းမဆိုရပါ။ တွင်းထဲသို့ ဆင်းသော သူသည် သစ္စာတော်ကို မမြော်လင့်ရပါ။ (Sheol )
19 Живи, живи, они ће Те славити као ја данас: отац ће синовима јављати истину Твоју.
၁၉အသက်ရှင်သောသူ၊ အသက်ရှင်သော သူသာ လျှင်၊ ယနေ့ အကျွန်ုပ်ပြုသကဲ့သို့၊ ဂုဏ်တော်ကို ချီးမွမ်း ရပါလိမ့်မည်။ အဘသည် သားတို့အား သစ္စာတော်ကို ဘော်ပြရပါလိမ့်မည်။
20 Господ ме спасе, зато ћемо певати песме моје у дому Господњем док смо год живи.
၂၀ထာဝရဘုရားသည် ငါ့ကို ကယ်တင်တော်မူပြီ။ ထိုကြောင့်၊ ငါတို့သည် တသက်လုံး ဗိမာန်တော်၌ စောင်း တီး၍ သီချင်းဆိုကြလိမ့်သတည်း။
21 А Исаија беше рекао да узму груду сувих смокава и превију на оток, те ће оздравити.
၂၁ဟေရှာယကလည်း၊ သင်္ဘောသဖန်းသီးအလုံး အထွေးကိုယူ၍ နယ်ပြီးမှ၊ အနာကို အုံကြလော့။ ထိုသို့ ပြုလျှင် မင်းကြီးသည် သက်သာရလိမ့်မည်ဟု ဆိုလေ၏။
22 И Језекија беше рекао: Шта ће бити знак да ћу отићи у дом Господњи?
၂၂ဟေဇကိမင်းကလည်း၊ ငါသည် ဗိမာန်တော်သို့ တက်လိမ့်မည်ဆိုသော်၊ အဘယ်လက္ခဏာ သက်သေရှိ သနည်းဟု မေး၏။