< 1 Мојсијева 33 >
1 А Јаков подигавши очи своје погледа, а то Исав иде, и четири стотине људи с њим. И раздели децу уз Лију и уз Рахиљу и уз две робиње.
၁ထိုအခါ ယာကုပ်သည် မြော်ကြည့်၍၊ အစ်ကို ဧသောသည် လူလေးရာပါလျက် ချီလာသည်ကိုမြင်လျှင်၊ လေအာ၊ ရာခေလ၊ ကျွန်မနှစ်ယောက်တို့တွင် သားများ တို့ကို ဝေပေးလေ၏။
2 И намести напред робиње и њихову децу, па Лију и њену децу за њима, а најпосле Рахиљу и Јосифа.
၂ကျွန်မနှစ်ယောက်ကိုကား၊ သူတို့သားများနှင့် ရှေ့ကနေစေ၍၊ လေအာနှင့်သူ၏သားတို့ကို အလယ်၌ ၎င်း၊ ရာခေလနှင့် ယောသပ်ကို နောက်၌၎င်း ထားလေ ၏။
3 А сам прође напред, и поклони се до земље седам пута докле дође до брата свог.
၃သူတို့ရှေ့မှာ ကိုယ်တိုင်လွန်သွား၍၊ ခုနစ်ကြိမ် တိုင်အောင် ဦးညွှတ်ပြပ်ဝပ်လျက်၊ အစ်ကိုအနီးသို့ ချဉ်းကပ်လေ၏။
4 А Исав притрча преда њ и загрли га и паде му око врата и целива га, и обојица се заплакаше,
၄ထိုအခါ ဧသောသည် ကြိုဆိုခြင်းငှါ ပြေးလာ၍၊ လည်ချင်းရှက်လျက်၊ ပိုက်ဘက်နမ်းရှုတ်ခြင်းကိုပြု၍၊ နှစ်ယောက်စလုံးတို့သည် ငိုကြွေးကြ၏။
5 И Исав подигавши очи угледа жене и децу, па рече: Ко су ти оно? А Јаков рече: Деца, коју Бог милостиво дарова слузи твом.
၅ထိုနောက်၊ မြော်ကြည့်၍၊ မိန်းမများ၊ သူငယ် များကို မြင်လျှင်၊ သင်၌ပါသော ဤသူတို့သည်၊ အဘယ် သူနည်းဟုမေးသော်၊ ကိုယ်တော်၏ ကျွန်အား၊ ဘုရား သခင်ပေးသနားတော်မူသော သူငယ်ဖြစ်ကြပါ၏ဟု ပြန်ပြောပြီးမှ၊
6 И приступише робиње с децом својом, и поклонише се.
၆ကျွန်မတို့သည်၊ မိမိတို့သားများနှင့် ချဉ်းကပ်၍ ဦးညွှတ်ကြ၏။
7 Потом приступи и Лија и деца њена, и поклонише се; а најпосле приступи Јосиф и Рахиља, и поклонише се.
၇ထိုနောက်၊ လေအာသည် သူ၏သားများနှင့် ချဉ်းကပ်၍ ဦးညွှတ်ကြ၏။ ထိုနောက်၊ ယောသပ်နှင့် ရာခေလသည် ချဉ်းကပ်၍ ဦးညွှတ်ခြင်းကို ပြုကြ၏။
8 А Исав рече: Шта ће ти читава војска она коју сретох? А он рече: Да нађем милост пред господарем својим.
၈ဧသောကလည်း၊ ကျွန်ုပ်တွေ့သော တိရစ္ဆာန်စု အပေါင်းတို့သည်၊ အဘယ်သို့သောအရာနည်းဟု မေး လျှင်၊ သခင်၏စိတ်တော်နှင့် တွေ့စေခြင်းငှါ ဖြစ်ပါသည် ဟု ပြန်ပြော၏။
9 А Исав рече: Има, брате, у мене доста; нека теби шта је твоје.
၉ဧသောကလည်း၊ ငါ့ညီ၊ ငါ၌ လုံလောက်အောင် ရှိ၏။ သင်၏ဥစ္စာတို့ကို ယူထားဦးလော့ဟုဆို၏။
10 А Јаков рече: Не; ако сам сада нашао милост пред тобом, прими дар из моје руке, јер видех лице твоје као да видех лице Божје, тако си ме лепо дочекао.
၁၀ယာကုပ်ကလည်း၊ထိုသို့မဆိုပါနှင့်။ စိတ်တော် နှင့် တွေ့သည်မှန်လျှင်၊ ကျွန်တော်ဆက်သော လက် ဆောင်ကို ခံယူတော်မူပါ။ ဘုရားသခင်၏ မျက်နှာတော် ကို ဖူးမြင်ရသကဲ့သို့၊ ကိုယ်တော်၏ မျက်နှာကို ဖူးမြင် ရပါ၏။ စိတ်တော်သည်လည်းနူးညွတ်ပါ၏။
11 Прими дар мој, који ти је доведен; јер ме је обилато обдарио Бог, и имам свега. И навали на њ, те прими.
၁၁ကိုယ်တော်ထံသို့ရောက်သော ကျွန်တော်၏ မင်္ဂလာကိုခံယူတော်မူပါ။ဘုရားသခင်သည်၊ကျွန်တော်၌ များစွာသောကျေးဇူးကို ပြုတော်မူပြီ။ ကျွန်တော်၌ လုံလောက်အောင်ရှိပါ၏ဟူ၍ တိုက်တွန်းသောကြောင့် ခံယူလေ၏။
12 После рече Исав: Хајде да идемо, ићи ћу и ја с тобом.
၁၂ဧသောကလည်း၊ ခရီးသွားကြစို့၊ သင့်ရှေ့မှာ ကျွန်ုပ်သွားမည်ဟုဆိုလျှင်၊
13 А Јаков му рече: Зна господар мој да су ова деца нејака, и имам оваца и крава дојилица, па ако их устерам један дан, погинуће ми све стадо.
၁၃ယာကုပ်က၊ သခင်သိသည်အတိုင်း၊ ဤသူငယ် တို့သည် နုငယ်ပါ၏။ သားငယ်ပါသော သိုး၊ ဆိတ်၊ နွားမ တို့သည် ကျွန်တော်၌ပါပါ၏။ တနေ့ ခြင်းတွင် အနှင်လွန် လျှင်၊ ရှိသမျှတို့သည် သေကြပါလိမ့်မည်။
14 Него господар мој нека иде пред слугом својим, а ја ћу полако ићи, колико могу деца и стока, докле дођем ка господару свом у Сир.
၁၄ထိုကြောင့်သခင်သည်၊ ကိုယ်တော်၏ ကျွန်ရှေ့ မှာကြွနှင့်တော်မူပါ။ ကျွန်တော်မူကား၊ ကျွန်တော်ဆောင် ခဲ့သော တိရစ္ဆာန်များ၊သူငယ်များ၊ တတ်နိုင်သမျှအတိုင်း၊ သခင်နေရာ စိရပြည်သို့ ရောက်အောင်၊ တဖြည်းဖြည်း ပို့ဆောင်ပါမည်ဟု လျှောက်လေ၏။
15 А Исав рече: А оно да ти оставим неколико људи што су са мном. А он рече: На шта? Дај да нађем милост пред господарем својим.
၁၅ဧသောကလည်း၊ သို့ဖြစ်လျှင် အကျွန်ုပ်၌ ပါသော သူအချို့တို့ကို ညီ၌ထားခဲ့ပါရစေဟုဆိုလျှင်၊ ယာကုပ်က၊ အဘယ်အကြောင်း ရှိပါသနည်း။ သခင်၏ စိတ်တော်နှင့်တွေ့ပါစေဟု ပြန်ဆိုသော်၊
16 И тако Исав врати се исти дан својим путем у Сир.
၁၆ဧသောသည် ထိုနေ့ခြင်းတွင် စိရပြည်သို့ ခရီးသွား၍ ပြန်လေ၏။
17 А Јаков отиде у Сокот, и онде начини себи кућу а стоци својој начини стаје; зато назва оно место Сокот.
၁၇ယာကုပ်လည်း၊ သုကုတ်အရပ်သို့ ခရီးသွား၍၊ ကိုယ်နေဘို့အိမ်ကို၎င်း၊ တိရစ္ဆာန်များနေဘို့ တင်းကုပ် တို့ကို၎င်း၊ ဆောက်လေ၏။ ထို့ကြောင့် ထိုအရပ်ကို၊ သုကုတ်ဟူ၍ တွင်လေသတည်း။
18 После дође Јаков здраво у град Сихем у земљи хананској, вративши се из Падан-Арама, и намести се према граду.
၁၈ထိုနောက်မှ၊ ရှေခင်မြို့သို့ ဘေးမဲ့ရောက်လေ၏။ ပါဒနာရံပြည်မှ ပြန်လာ၍၊ ခါနာန်ပြည်သို့ ရောက်သော လမ်းခရီးတွင်၊ ထိုမြို့ရှိသတည်း။ ထိုမြို့ရှေ့မှာတဲကို ဆောက်လေ၏။
19 И купи комад земље, где разапе шатор свој, од синова Емора оца Сихемовог за сто новаца.
၁၉တဲဆောက်ရာမြေအကွက်ကို ရှေခင်၏အဘ၊ ဟာမော်၏သားတို့တွင်၊ ငွေတပိဿာ အဘိုးပေး၍ ဝယ်ရသတည်း။
20 И начини онде жртвеник, и назва га: Силни Бог Израиљев.
၂၀ထိုအရပ်၌လည်း ယဇ်ပလ္လင်ကို တည်ပြီးလျှင်၊ ဧလေလောဣသရေလဟူ၍သမုတ်လေ၏။