< 1 Мојсијева 15 >
1 После ових ствари дође Авраму реч Господња у утвари говорећи: Не бој се, Авраме, ја сам ти штит, и плата је твоја врло велика.
၁ထိုနောက်ထာဝရဘုရားသည်ဗျာဒိတ်ရူပါရုံ အားဖြင့်အာဗြံအား``အာဗြံ၊ မကြောက်နှင့်။ ငါ သည်သင့်အားအန္တရာယ်မှကာကွယ်၍ ကြီးမြတ် သောဆုကိုချပေးမည်'' ဟုမိန့်တော်မူ၏။
2 А Аврам рече Господе, Господе, шта ћеш ми дати кад живим без деце, а па коме ће остати моја кућа то је Елијезер овај Дамаштанин?
၂သို့ရာတွင်အာဗြံက``အရှင်ထာဝရဘုရား အကျွန်ုပ်တွင်သားမထွန်းကားသဖြင့် ကိုယ် တော်၏ဆုကိုအဘယ်သို့ခံစားရပါမည်နည်း။ ဒမာသက်မြို့သားဧလျာဇာသည်သာလျှင် အကျွန်ုပ်၏အမွေခံဖြစ်ပါ၏။-
3 Још рече Аврам: Ето мени ниси дао порода, па ће слуга рођен у кући мојој бити мој наследник.
၃ကိုယ်တော်သည်အကျွန်ုပ်အားသားမထွန်းကား စေသဖြင့် ကျွန်တစ်ဦးကအကျွန်ုပ်၏အမွေ ကိုခံယူရပါမည်'' ဟုလျှောက်ဆိုလေ၏။
4 А гле, Господ му проговори: Неће тај бити наследник твој, него који ће изаћи од тебе тај ће ти бити наследник.
၄ထိုအခါထာဝရဘုရားက``ဤကျွန်သည် သင်၏အမွေခံမဖြစ်ရ။ သင်၏သားအရင်း သည်သင်၏အမွေခံဖြစ်မည်'' ဟုမိန့်တော် မူပြီးလျှင်၊-
5 Па га изведе напоље и рече му: Погледај на небо и преброј звезде, ако их можеш пребројати. И рече му: Тако ће ти бити семе твоје.
၅အာဗြံကိုအပြင်သို့ခေါ်ဆောင်လျက်``မိုးကောင်း ကင်ကိုမော်ကြည့်၍ကြယ်များကိုရေတွက်လော့။ သင်၏အမျိုးအနွယ်တို့သည်ထိုမျှလောက်များ ပြားကြလိမ့်မည်'' ဟုမိန့်တော်မူသည်။
6 И поверова Аврам Богу, а Он му прими то у правду.
၆အာဗြံသည်ထာဝရဘုရားကိုယုံကြည်ကိုးစား သည်ဖြစ်၍ ထာဝရဘုရားကသူ့အားနှစ်သက် လက်ခံတော်မူ၏။
7 И рече му: Ја сам Господ, који те изведох из Ура халдејског да ти дам земљу ову да буде твоја.
၇ထိုနောက်ဘုရားသခင်က``ငါသည်သင့်အား ဤ ပြည်ကိုအပိုင်စားပေးရန်သင့်ကိုဗာဗုလုန် ပြည်၊ ဥရမြို့မှခေါ်ဆောင်ခဲ့သောထာဝရ ဘုရားဖြစ်သည်'' ဟုမိန့်တော်မူ၏။
8 А он рече: Господе, Господе, по чему ћу познати да ће бити моја?
၈ထိုအခါအာဗြံက``အရှင်ထာဝရဘုရား၊ ဤ ပြည်ကိုအကျွန်ုပ်ပိုင်ရမည်ဖြစ်ကြောင်း မည်သို့ သိနိုင်ပါမည်နည်း'' ဟုမေးလျှောက်လေ၏။
9 И рече му: Принеси ми јуницу од три године и козу од три године и овна од три године и грлицу и голупче.
၉ကိုယ်တော်က``သုံးနှစ်သားအရွယ်စီရှိသောနွားမ တစ်ကောင်၊ ဆိတ်မတစ်ကောင်၊ သိုးထီးတစ်ကောင် နှင့်တကွ ချိုးတစ်ကောင်၊ ခိုတစ်ကောင်ကိုငါ့ထံ သို့ယူခဲ့လော့'' ဟုမိန့်တော်မူ၏။-
10 И он узе све то, и расече на поле, и метну све поле једну према другој; али не расече птице.
၁၀အာဗြံသည်ထာဝရဘုရားထံတော်သို့ထို တိရစ္ဆာန်များကိုယူခဲ့ပြီးလျှင် ၎င်းတို့ကိုထက် ဝက်စီခြမ်း၍တစ်ဘက်တစ်ခြမ်းစီနှစ်တန်းဆိုင် လျက်ချထား၏။ ငှက်များကိုမူကားမခြမ်း ဘဲထားသည်။-
11 А птице слетаху на те мртве животиње; а Аврам их одгонише.
၁၁လင်းတများသည်သားကောင်များပေါ်သို့ဆင်း သက်လာကြသောအခါ အာဗြံသည်မောင်းနှင် လေ၏။
12 А кад сунце беше на заласку, ухвати Аврама тврд сан, и гле, страх и мрак велик обузе га.
၁၂နေဝင်ချိန်၌အာဗြံသည် အိပ်မောကျနေစဉ် ကြောက်ရွံ့ထိတ်လန့်လာလေသည်။-
13 И Господ рече Авраму: Знај зацело да ће семе твоје бити дошљаци у земљи туђој, па ће јој служити, и она ће их мучити четири стотине година.
၁၃ထာဝရဘုရားကသူ့အား ``သင်၏အမျိုး အနွယ်တို့သည် သူတစ်ပါး၏နိုင်ငံ၌သူစိမ်း တစ်ရံဆံအဖြစ်နေထိုင်ရကြမည်။ ထိုအရပ် တွင်သူတို့သည်နှစ်ပေါင်းလေးရာကျွန်အဖြစ် ဖြင့်နှိပ်စက်ညှင်းဆဲခြင်းကိုခံရကြမည်။-
14 Али ћу судити и народу коме ће служити; а после ће они изаћи с великим благом.
၁၄သို့သော်လည်းသူတို့အားကျွန်စေစားသော နိုင်ငံသားတို့ကိုငါဒဏ်စီရင်မည်။ ထိုပြည် မှထွက်ခွာရသောအခါသူတို့သည်ပစ္စည်း ဥစ္စာများစွာပါလျက်ထွက်သွားလိမ့်မည်။-
15 А ти ћеш отићи к оцима својим у миру, и бићеш погребен у доброј старости.
၁၅သင်သည်သင်၏ဘိုးဘေးတို့ထံငြိမ်ဝပ်စွာသွား ရမည်ဖြစ်၍၊ အသက်အရွယ်ကြီးရင့်သောအခါ သင်္ဂြိုဟ်ခြင်းကိုခံရမည်။-
16 А они ће се у четвртом колену вратити овамо; јер гресима аморејским још није крај.
၁၆သင်၏အမျိုးအနွယ်တို့သည်အမျိုးလေးဆက် တိုင်အောင်နေပြီးမှ ဤပြည်သို့ပြန်လာကြလိမ့် မည်။ အဘယ်ကြောင့်ဆိုသော်အာမောရိအမျိုး သားတို့သည် ဆိုးသွမ်း၍ဒဏ်သင့်သည့်အခါ ရောက်မှသူတို့အား ဤပြည်မှငါနှင်ထုတ် မည်ဖြစ်သောကြောင့်တည်း'' ဟုမိန့်တော်မူ၏။
17 А кад се сунце смири и кад се смрче, гле, пећ се димљаше, и пламен огњени пролажаше између оних делова.
၁၇နေဝင်၍မှောင်ကျလာသောအခါမီးခိုးထွက် သောမီးလင်းဖိုနှင့်မီးလျှံတောက်သောမီးတိုင် သည် ရုတ်တရက်ပေါ်လာပြီးလျှင်အသားခြမ်း များအကြားဖြတ်သွား၏။-
18 Тај дан учини Господ завет с Аврамом говорећи: Семену твом дадох земљу ову од воде мисирске до велике воде, воде Ефрата,
၁၈ထိုအချိန်ထိုနေရာ၌ထာဝရဘုရားသည် အာဗြံနှင့်ပဋိညာဉ်ပြုတော်မူ၏။ ထာဝရ ဘုရားက၊-
19 Кенејску, кенезејску и кедмонејску,
၁၉``ကေနိအမျိုးသား၊ ကေနဇိအမျိုးသား၊ ကာဒမောနိအမျိုးသား၊-
20 И хетејску и ферезејску и рафајску,
၂၀ဟိတ္တိအမျိုးသား၊ ဖေရဇိအမျိုးသား၊ ရေဖိမ် အမျိုးသား၊-
21 И аморејску и хананејску и гергесејску и јевусејску.
၂၁အာမောရိအမျိုးသား၊ ခါနနိအမျိုးသား၊ ဂိရဂါရှိအမျိုးသားနှင့်ယေဗုသိအမျိုး သားတို့၏ပြည်များအပါအဝင် အီဂျစ် ပြည်နယ်စပ်မှ ဥဖရတ်မြစ်တိုင်အောင်ကျယ် ပြန့်သောဒေသတစ်ခုလုံးကို သင်၏အမျိုး အနွယ်တို့အားငါပေးအပ်မည်ဟုကတိ ပြုသည်'' ဟုမိန့်တော်မူ၏။