< Јездрина 10 >
1 А кад се мољаше Јездра и исповедаше грехе плачући и лежећи пред домом Божјим, скупи се к њему из Израиља велико мноштво људи и жена и деце; и народ плакаше веома.
၁ဧဇရသည်ဗိမာန်တော်ရှေ့တွင်ခေါင်းငုံ့လျက် ငိုကြွေးကာ ဤအပြစ်များကိုဖော်ပြဝန်ခံ လျက်ဆုတောင်းပတ္ထနာပြုနေစဉ် ဣသရေလ အမျိုးသား၊ အမျိုးသမီးနှင့်ကလေးပါ ဝင်သောလူအုပ်ကြီးသည်ငိုကြွေးလျက် သူ့ထံစုရုံးကြကုန်၏။-
2 Тада проговори Сеханија, син Јехилов од синова Еламових и рече Јездри: Ми смо сагрешили Богу свом што узесмо жене туђинке из народа земаљских; али још има надања Израиљу за то.
၂ထိုအခါဧလံသားချင်းစုမှယေဟေလ၏ သား ရှေကနိကဧဇရအား``အကျွန်ုပ်တို့သည် လူမျိုးခြားအမျိုးသမီးများနှင့်ထိမ်းမြား စုံဖက်ခြင်းအားဖြင့် ဘုရားသခင်ကိုသစ္စာ ဖောက်ကြပါပြီ။ သို့သော်လည်းဣသရေလ အမျိုးသားတို့အတွက် မျှော်လင့်စရာရှိ ပါသေး၏။-
3 Да учинимо завет Богу свом, да отпустимо све жене и пород њихов по вољи Господњој и оних који се боје заповести Бога нашег, и по закону нека буде.
၃ယခုအကျွန်ုပ်တို့သည်ထိုမိန်းမများနှင့် သားသမီးများကိုစွန့်ကြပါမည်ဟု အကျွန်ုပ် တို့၏ဘုရားသခင်အားကျိန်ဆိုကတိပြု ရကြမည်။ ဘုရားသခင်၏အမိန့်တော်များ ကိုရိုသေလေးစားကြသောအရှင်နှင့် အခြား သူများအကြံပေးသည့်အတိုင်း အကျွန်ုပ် တို့ပြုကြပါမည်။ ဘုရားသခင်၏တရား တော်ပြဋ္ဌာန်းသည့်အတိုင်းပြုပါမည်။-
4 Устани, јер је ово твој посао; а ми ћемо бити уза те, буди слободан и ради.
၄ဤအမှုကိုအရှင်တာဝန်ယူဆောင်ရွက် တော်မူပါ။ အကျွန်ုပ်တို့သည်အရှင်အား ဝိုင်းဝန်းကူညီကြပါမည်။ သို့ဖြစ်၍ရဲရင့် စွာဆောင်ရွက်တော်မူပါ'' ဟုပြော၏။
5 Тада уста Јездра, и закле главаре свештеничке и Левите и свега Израиља да учине тако. И заклеше се.
၅ထို့ကြောင့်ဧဇရသည်ယဇ်ပုရောဟိတ်တို့ ၏ခေါင်းဆောင်များ၊ လေဝိအနွယ်ဝင်တို့၏ ခေါင်းဆောင်များ၊ ပြည်သူတို့၏ခေါင်းဆောင် များအားရှေကနိပေးသည့်အကြံအတိုင်း ဆောင်ရွက်ပါမည်ဟူသောသစ္စာကတိကို ပြုစေ၏။-
6 Потом уста Јездра испред дома Божијег, и отиде у клет Јоанана сина Елијасивовог; и ушавши не једе хлеба нити воде пи, јер тужаше ради преступа оних који бише у ропству.
၆ထိုနောက်သူသည်ဗိမာန်တော်ရှေ့မှထသွား၍ ဧလျာရှိပ်၏သားယောဟနန်၏အခန်းသို့ သွားပြီးလျှင် ပြည်နှင်ဒဏ်သင့်ရာမှပြန်လာ သူတို့သစ္စာမဲ့မှုကြောင့်တစ်ညဥ့်လုံးမစား မသောက်ဘဲညဉ်းတွားမြည်တမ်းလျက်နေ၏။
7 Потом огласише по Јудеји и Јерусалиму свим који се вратише из ропства, да се скупе у Јерусалим,
၇ထိုနောက်ပြည်နှင်ဒဏ်သင့်ရာမှပြန်လာသူ အပေါင်းတို့သည် အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူခေါင်းဆောင်များ၏အမိန့်အရ ယေရုရှလင်မြို့သို့သုံးရက်အတွင်းလာ ရောက်စုရုံးကြရမည်ဖြစ်ကြောင်း၊ ယင်း သို့လာရောက်ရန်ပျက်ကွက်သူများသည် မိမိတို့တွင်ရှိသမျှသောဥစ္စာပစ္စည်းများ ကိုအသိမ်းခံရကာ ဣသရေလအမျိုး သားအသိုင်းအဝိုင်းမှထုတ်ပယ်ခြင်း ကိုခံကြရမည်ဖြစ်ကြောင်းကို ယေရု ရှလင်မြို့နှင့်ယုဒပြည်တစ်လျှောက်လုံး ၌ကြေညာကြ၏။-
8 А ко не би дошао за три дана по договору кнезовском и старешинском, да се све имање његово разаспе, а сам да се одлучи од збора оних који се вратише из ропства.
၈
9 Тако се скупише сви људи од Јуде и Венијамина у Јерусалим за три дана, месеца деветог. И сеђаше сав народ на улици пред домом Божјим дрхћући ради те ствари и од дажда.
၉ယုဒနှင့်ဗင်္ယာမိန်နယ်မြေများတွင်နေထိုင် သူယောကျာ်းအပေါင်းတို့သည် သုံးရက်အတွင်း နဝမလနှစ်ဆယ်ရက်နေ့၌ ယေရုရှလင် မြို့ဗိမာန်တော်ရှေ့တံတိုင်းသို့လာရောက် စုဝေးကြ၏။ ထိုအခါ၌မိုးသည်းထန် စွာရွာလျက်နေ၏။ လူအပေါင်းတို့သည် ရာသီဥတုအခြေအနေကြောင့်လည်း ကောင်း၊ အစည်းအဝေးအရေးကြီးမှု ကြောင့်လည်းကောင်းတုန်လှုပ်လျက်နေ ကြ၏။
10 Тада уставши Јездра свештеник рече им: Ви сагрешисте што се оженисте туђинкама, те умножисте кривицу Израиљеву.
၁၀ယဇ်ပုရောဟိတ်ဧဇရသည်ထ၍ ထိုသူတို့ အားမိန့်ခွန်းမြွက်ကြား၏။ ဧဇရက``သင်တို့ သည်သစ္စာမဲ့ကြလေပြီ။ လူမျိုးခြားအမျိုး သမီးများနှင့်ထိမ်းမြားစုံဖက်ကာ ဣသ ရေလအမျိုးအားအပြစ်သင့်စေကြ လေပြီ။-
11 Зато сада исповедите се Господу Богу отаца својих, и учините вољу Његову, и одвојте се од народа земаљских и жена туђинака.
၁၁သို့ဖြစ်၍သင်တို့အပြစ်ကို သင်တို့ဘိုးဘေး များ၏ဘုရားသခင်ထာဝရဘုရားအား ဖော်ပြဝန်ခံပြီးလျှင် ကိုယ်တော်နှစ်သက်တော် မူသည့်အမှုကိုပြုကြလော့။ ငါတို့ပြည် တွင်သင်တို့နှင့်အတူ နေထိုင်ကြသူလူမျိုး ခြားတို့နှင့်လည်းကောင်း၊ သင်တို့၏လူမျိုး ခြားဇနီးများနှင့်လည်းကောင်းခွဲခွာ ကြလော့'' ဟုဆို၏။
12 И сав збор одговори и рече гласно: Како нам каза учинићемо.
၁၂လူတို့ကလည်း``အရှင်အမိန့်ရှိသည့်အတိုင်း အကျွန်ုပ်တို့ပြုပါမည်'' ဟုပြန်လည်ဟစ် အော်ပြောဆိုကြ၏။-
13 Али народа има много и иде дажд, не може се стајати напољу, а тај посао није за један дан ни за два, јер нас има много који сагрешисмо у том.
၁၃သို့ရာတွင်သူတို့ကဆက်လက်၍``ဤလူအုပ် သည်အလွန်ကြီးမား၍ မိုးသည်လည်းသည်း ထန်စွာရွာလျက်ရှိပါ၏။ အကျွန်ုပ်တို့သည် လဟာပြင်တွင် ဤသို့ရပ်လျက်မနေနိုင် ကြပါ။ အကျွန်ုပ်တို့အမြောက်အမြားပင် ထိုအပြစ်ကိုကူးလွန်ခဲ့ကြသည်ဖြစ်၍ ဤအမှုကိစ္စကိုတစ်ရက်နှစ်ရက်နှင့်ဆောင် ရွက်၍ပြီးမည်မဟုတ်ပါ။-
14 Да се одреде кнезови наши из свега збора, па који су год у градовима нашим ожењени туђинкама нека долазе у одређено време и с њима старешине сваког града и судије докле не одвратимо жестоки гнев Бога свог за ту ствар.
၁၄ထို့ကြောင့်အကျွန်ုပ်တို့၏အုပ်ချုပ်ရေးမှူး များသည် ယေရုရှလင်မြို့တွင်နေ၍ ဤ အမှုကိစ္စကိုတာဝန်ယူဆောင်ရွက်ကြ ပါစေ။ ထိုနောက်အကျွန်ုပ်တို့မြို့ရွာများ တွင် လူမျိုးခြားအမျိုးသမီးများနှင့် စုံဖက်နေထိုင်သူအပေါင်းတို့သည် မိမိ တို့မြို့ရွာခေါင်းဆောင်များ၊ တရားသူ ကြီးများနှင့်အတူချိန်းချက်သော အချိန်တွင်လာရောက်လျက် ဤအမှု နှင့်စပ်လျဉ်း၍ဘုရားသခင်၏အမျက် တော်ကိုပြေငြိမ်းအောင်ပြုကြပါစေ'' ဟုပြောကြားကြ၏။-
15 И одређен би на то Јонатан, син Асаилов и Јазија син Текујев; а Месулам и Саветај Левити помагаше им.
၁၅မေရှုလံနှင့်လေဝိအနွယ်ဝင်ရှဗ္ဗသဲတို့၏ ထောက်ခံမှုကိုရသော အာသဟေလ၏သား ယောနသန်နှင့်တိကဝ၏သားယဟာဇိ တို့ကလွဲ၍ အခြားအဘယ်သူမျှထို အကြံကိုမကန့်ကွက်ကြ။
16 И учинише тако који се вратише из ропства. И одвојише се Јездра свештеник и главари домова отачких по домовима отаца својих, сви поименце, и седоше првог дана десетог месеца да извиђају ствар.
၁၆ပြည်နှင်ဒဏ်သင့်ရာမှပြန်လာကြသူတို့ သည် ထိုအကြံကိုသဘောတူလက်ခံကြ သဖြင့် ပုရောဟိတ်ဧဇရသည် သားချင်းစု ခေါင်းဆောင်များအနက်လူအချို့ကိုရွေး ချယ်ကာသူတို့၏အမည်များကိုမှတ်တမ်း တင်ထား၏။ ထိုသူတို့သည်လူမျိုးခြား အမျိုးသမီးများနှင့် အိမ်ထောင်ပြုသူတို့ ၏အမှုများကိုဒသမလတစ်ရက်နေ့ ၌စတင်၍ စုံစမ်းစစ်ဆေးကြရာသုံးလ အတွင်းပြီးဆုံးလေသည်။
17 И до првог дана првог месеца свршише са свима онима који се беху оженили туђинкама.
၁၇
18 А нађоше се између синова свештеничких ожењени туђинкама између синова Исуса, сина Јоседековог и браће његове: Масија и Елијезер и Јарив и Гедалија;
၁၈လူမျိုးခြားများနှင့်အိမ်ထောင်ကျသူများ စာရင်းမှာအောက်ပါအတိုင်းဖြစ်၏။ သားချင်းစုအလိုက်ယဇ်ပုရောဟိတ်များ ယောရှုသားချင်းစုနှင့်သူ၏ညီများ။ ယောဇ ဒက်၏သားများဖြစ်ကြသောမာသေယ၊ ဧလျေဇာ၊ ယာရိပ်နှင့်ဂေဒလိ။-
19 И дадоше руке да ће пустити жене своје; и који беху згрешили принесоше по једног овна за кривицу своју;
၁၉သူတို့သည်မိမိတို့ဇနီးများနှင့်ကွာရှင်း ပါမည်ဟုကတိပြုကြပြီးလျှင် မိမိတို့ အပြစ်များအတွက်သိုးထီးတစ်ကောင်ကို ယဇ်ပူဇော်ကြ၏။
20 И од синова Имирових Ананије и Зевадија;
၂၀ဣမေရသားချင်းစုမှဟာနန်နှင့်ဇေဗဒိ။
21 И од синова Харимових Масија и Илија и Семаја и Јехило и Озија,
၂၁ဟာရိမ်သားချင်းစုမှ မာသေယ၊ ဧလိယ၊ ရှေမာယ၊ ယေဟေလနှင့်သြဇိ။
22 И од синова Пасхорових Елионај, Масија, Исмаило, Натанаило, Јозавад и Еласа,
၂၂ပါရှုရသားချင်းစု မှဧလိသြနဲ၊ မာသေယ၊ ဣရှမေလ၊ နာသနေလ၊ ယောဇဗဒ်နှင့်ဧလာသ။
23 И од Левита Јозавад и Симеј и Келаја, то је Келита, и Петаја и Јуда и Елијезер;
၂၃ယောဇဗဒ်၊ ရှိမိ၊ ကေလာယ (ခေါ်) ကေလိတ၊ ပေသာဟိ၊ ယုဒနှင့်ဧလျေဇာ။
24 И од певача Елијасив; и од вратара Салум и Телем и Урија;
၂၄ဧလျာရှိပ်။ ဗိမာန်တော်အစောင့်တပ်သားများ ရှလ္လုံ၊ တေလင်နှင့်ဥရိ။
25 А од Израиља, од синова Фаросових Рамија и Језија и Малхије и Мијамин и Елеазар и Малхија и Венаја;
၂၅ပါရုတ်သားချင်းစုမှ ရာမိ၊ ယေဇိ၊ မာလခိယ၊ မျာမိန်၊ ဧလာဇာ၊ မာလခိယနှင့်ဗေနာယ။
26 И од синова Еламових: Матанија, Захарија и Јехило и Авдија и Јеремот и Илија;
၂၆ဧလံသားချင်းစုမှမတ္တနိ၊ ဇာခရိ၊ ယေဟေလ၊ အာဗဒိ၊ ယေရမုတ်နှင့်ဧလိယ၊
27 И од синова Затових Елиоинај, Елијасив, Матанија и Јеримот и Завад и Азиза;
၂၇ဇတ္တုသားချင်းစုမှဧလိသြနဲ၊ ဧလျာရှိပ်၊ မတ္တနိ၊ ယေရမုတ်၊ ဇာဗဒ်နှင့်အာဇိဇ။
28 И од синова Вивајевих Јоанан, Ананија, Завај, Атлај,
၂၈ဗေဗဲသားချင်းစုမှယောဟနန်၊ ဟာနနိ၊ ဇဗ္ဗဲနှင့် အာသလဲ။
29 И од синова Ванијевих Месулам, Малух и Адаја, Јасув и Сеал и Рамот;
၂၉ဗာနိသားချင်းစုများမှမေရှုလ၊ မလ္လုတ်၊ အဒါသ၊ ယာရှုပ်၊ ရှာလနှင့်ရာမုတ်။
30 И од синова Фат-Моавових Авна и Хелал, Венаја, Масија, Матанија, Веселеило и Винуј и Манасија;
၃၀ပါဟတ်မောဘသားချင်းစုမှ အဒန၊ ခေလာလ၊ ဗေနာယ၊ မာသေယ ၊မတ္တနိ၊ ဗေဇလေလ၊ ဗိနွိနှင့် မနာရှေ။
31 И од синова Харимових Елијезер, Јесија, Малхија, Семаја, Симеон,
၃၁ဟာရိမ်သားချင်းစုမှ ဧလျေဇာ၊ ဣရှိယ၊ မာလခိ၊ ရှေမာယ၊ ရှိမောင်၊-
32 Венијамин, Малух, Семарија;
၃၂ဗင်္ယာမိန်၊ မလ္လုတ်နှင့်ရှေမရိ။
33 Од синова Асумових Матенај, Матата, Завад, Елифелет, Јеремај, Манасија, Симеј;
၃၃ဟာရှုံသားချင်းစုမှမတ္တနဲ၊ မတ္တသ၊ ဇာဗဒ်၊ ဧလိဖလက်၊ ယေရမဲ၊ မနာရှေနှင့်ရှိမိ။
34 Од синова Ванијевих Мадаја, Амрам и Уило.
၃၄ဗာနိသားချင်းစုမှမာဒဲ၊ အာမရံ၊ ဝေလ၊ ဗေနာယ၊ ပေဒိ၊ ခေလု၊ ဝါနိ၊ မေရမုတ်၊ ဧလျာရှိပ်၊ မတ္တနိ၊ မတ္တနဲနှင့်ယာသော။
35 Венаја, Ведеја, Хелуј,
၃၅
36 Ванија, Меримот, Елијасив,
၃၆
37 Матнија, Матенај и Јасав,
၃၇
38 И Ваније, Винуј, Симеј,
၃၈ဗိနွိသားချင်းစုမှရှိမိ၊ ရှေလမိ၊ နာသန်၊ အဒါယ၊ မာခနဒေဗဲ၊ ရှာရှဲ၊ ရှာရဲ၊ အဇ ရေလ၊ ရှေလမိ၊ ရှေမရိ၊ ရှလ္လုံ၊ အာမရိ နှင့်ယောသပ်။
39 И Селемија и Натан и Адаја,
၃၉
40 Махнадевај, Сасај, Сарај,
၄၀
41 Азареило и Селемија, Семарија,
၄၁
42 Салум, Амарија, Јосиф;
၄၂
43 Од синова Невових: Јесило, Матанија, Завад, Зевина, Јадав, Јоило и Венаја.
၄၃နေဗောသားချင်းစုမှ ယေလ၊ မတ္တိသိ၊ ဇာဗဒ်၊ ဇေဗိန၊ ယာဒေါ၊ ယောလနှင့်ဗေနာယ။
44 Сви се ови беху оженили туђинкама и неке између њих беху и децу изродиле.
၄၄ဤသူအပေါင်းတို့သည် လူမျိုးခြားအမျိုး သမီးများနှင့်အိမ်ထောင်ကျသူများဖြစ် ကြ၏။ သူတို့သည်မိမိတို့ဇနီးများကို လည်းကောင်း၊ သူတို့နှင့်ရသောသားသမီး များကိုလည်းကောင်းစွန့်လိုက်ကြ၏။ ဧဇရမှတ်စာပြီး၏။