< Књига пророка Језекиља 43 >

1 Потом ме одведе к вратима која гледају на исток.
ထိုနောက်မှ အရှေ့ဘက်သို့ မျက်နှာပြုသော တံခါးဝသို့ တဖန်ခေါ်သွား၏။
2 И гле, слава Бога Израиљевог дохођаше од истока, и глас јој беше као глас велике воде, и земља се сјаше од славе Његове.
ဣသရေလအမျိုး၏ ဘုရားသခင်ဘုန်းတော် သည် အရှေ့မျက်နှာမှလာ၍၊ အသံသည် သမုဒ္ဒရာ သကဲ့သို့ဖြစ်၏။ ရောင်ခြည်တော်အားဖြင့် မြေတပြင်လုံး လင်း၏။
3 И утвара коју видех беше као утвара коју видех кад дођох да затрем град: беше утвара као она коју видех на реци Хевару; и падох на лице своје.
ငါမြင်သော ရူပါရုံသည် မြို့တော်ကိုဖျက်ဆီးခြင်း ငှါ လာသောအခါ၊ ငါမြင်သော ရူပါရုံနှင့်တူ၏။ ထင်ရှား သောအရာတို့သည် ခေဗာမြစ်နားမှာ ငါမြင်ဘူးသော အရာများကဲ့သို့ဖြစ်၍၊ ငါသည် ပြပ်ဝပ်လျက်နေ၏။
4 А слава Господња уђе у дом на врата која гледају на исток.
ထာဝရဘုရား၏ ဘုန်းတော်သည် အရှေ့ဘက် သို့ မျက်နှာပြုသော တံခါးလမ်းဖြင့် အိမ်တော်ထဲသို့ ဝင်တော်မူ၏။
5 И подиже ме дух и одведе ме у унутрашњи трем; и гле, дом беше пун славе Господње.
ထိုအခါ ဝိညာဉ်တော်သည် ငါ့ကိုချီလျက် အတွင်း တန်တိုင်းထဲသို့ ဆောင်သွား၍၊ ထာဝရဘုရား၏ ဘုန်းတော်သည် တအိမ်လုံးကို ဖြည့်တော်မူ၏။
6 И чух где ми проговори из дома, и Човек стајаше код мене.
အရင်လူသည် ငါ့အနားမှာရပ်နေလျက်၊ အိမ်တော်ထဲက ငါ့အား မိန့်တော်မူသောအသံကို ငါကြား သည်ကား၊
7 И рече ми: Сине човечји, ово је место престола мог и место стопа ногу мојих, где ћу наставати усред синова Израиљевих до века; и дом Израиљев неће више скврнити свето име моје, ни они ни цареви њихови курварством својим и мртвим телесима царева својих на висинама својим.
အချင်းလူသား၊ ဤအရပ်သည် ငါ့ပလ္လင်တည်ရာ အရပ်၊ ငါ့ခြေဘဝါးနင်းမြဲအရပ်၊ ဣသရေလအမျိုးသား တို့တွင် အစဉ်အမြဲငါ့နေရာအရပ် ဖြစ်၏။ ဣသရေလ ရှင်ဘုရင်များနှင့် အမျိုးသားတို့သည် မှားယွင်းခြင်းအား ဖြင့်၎င်း၊ ရှင်ဘုရင်၏အသေကောင်အားဖြင့်၎င်း၊ မြင့်ရာ အရပ်တို့၌ငါ၏နာမတော်မြတ်ကို နောက်တဖန် မရှုတ်ချရကြ။
8 Меташе праг свој до мог прага, и довратнике своје до мојих довратника и преграду између мене и себе, те скврнише свето име моје гадовима својим које чињаху; зато их сатрх у гневу свом.
သူတို့တံခါးခုံကိုလည်း ငါ့တံခါးခုံအနားမှာ၎င်း၊ သူတို့တိုင်ကို လည်း ငါ့တိုင်အနားမှာ၎င်း တည်စိုက်လျက်၊ ငါနှင့်သူတို့စပ်ကြားမှာ နံရံတခတည်းသာရှိလျက်၊ သူတို့ ပြုမိသော စက်ဆုပ်ရွံရှာဘွယ်အမှုတို့ဖြင့်၊ ငါ၏နာမတော် မြတ်ကို ရှုတ်ချသောကြောင့်၊ ငါသည်အမျက်ထွက်၍ သူတို့ကို ဖျက်ဆီးပြီ။
9 Сада нека уклоне далеко од мене курварство своје и мртва телеса царева својих, и наставаћу усред њих до века.
ယခုမူကား၊ သူတို့မှားယွင်းခြင်းအမှုများနှင့် ရှင်ဘုရင်၏အသေကောင်များကို ငါမှဝေးစွာ ပယ်ရှား ကြစေ။ ငါသည်လည်း သူတို့တွင် အစဉ်အမြဲနေမည်။
10 Ти, сине човечји, покажи дому Израиљевом овај дом, нека се постиде безакоња свог, и нека измере све.
၁၀အချင်းလူသား၊ ဣသရေလအမျိုးသားတို့သည် ကိုယ်ဒုစရိုက်အပြစ်ကြောင့် ရှက်ကြောက်စေခြင်းငှါ အိမ်တော်ကိုပြလော့။ အိမ်တော်ပုံကို သူတို့ တိုင်းကြ စေလော့။
11 И кад се постиде свега што су чинили, покажи им облик од дома и ред и изласке и уласке, и све облике и сву уредбу и све облике и све законе, и опиши им га да пазе на сав облик његов и на све уредбе, и тако чине.
၁၁သူတို့သည် ကိုယ်ပြုမိသောအမှုများကြောင့် အမှန်ရှက်ကြောက်လျှင်၊ အိမ်ပုံသဏ္ဌာန်နှင့် ထွက်ရာ ဝင်ရာတံခါးဝများ၊ ကျင့်ရသမျှသော ထုံးစံများ၊ စီရင် ထုံးဖွဲ့ချက်တရား အလုံးစုံတို့ကိုပြလော့။ သူတို့သည် ထုံးစံ များနှင့် စီရင်ထုံးဖွဲ့ချက်အလုံးစုံတို့ကို ကျင့်စောင့်စေခြင်း ငှါ သူတို့ရှေ့မှာ ရေးထားလော့။
12 А ово је закон за дом: наврх горе колико заузима унаоколо да буде светиња над светињама. Ето, то је закон за дом.
၁၂တောင်ထိပ်ပေါ်မှာတည်သော အိမ်တော်၏ ကရားဟူမူကား၊ အိမ်တော်နယ်နိမိတ်ရှိသမျှတို့သည် အလွန်သန့်ရှင်းရကြမည်။ ဤရွေ့ကား၊ အိမ်တော်၏ တရားပေတည်း။
13 А ово је мера за олтар на лакте, а у лакту је један обичан лакат и подланица: подножје му лакат високо и лакат широко, а оплата на њему по крају унаоколо с педи; таква је горња страна олтару.
၁၃ယဇ်ပလ္လင်အတိုင်းအရှည်ကား၊ သံတောင်ဖြင့် တိုင်းလျှင်၊ ဘိနပ်အမြင့်တတောင်၊ အကျယ်တတောင်၊ ပတ်လည်အနားပတ် အကျယ်တထွာရှိ၍၊ ယဇ်ပလ္လင် ပြင်ဘက်၌ တည်ရ၏။
14 А од подножја на земљи до нижег појаса два лакта, и у ширину један лакат; а од мањег појаса до већег појаса четири лакта, и у ширину лакат.
၁၄အောက်အထစ်သည် မြေနှင့်နှစ်တောင်ကွာ၍ အကျယ်တတောင်ရှိရမည်။ ငယ်သောအထစ်နှင့် ကြီး သောအထစ်သည် လေးတောင်ကွာ၍ အကျယ်တတောင် ရှိရမည်။
15 А сам олтар да буде четири лакта висок, од олтара горе да буду четири рога.
၁၅ယဇ်ပလ္လင်အမြင့်သည်လည်း လေးတောင်ရှိရ မည်။ ဦးချိုလေးချောင်းလည်း တက်ရမည်။
16 А олтар да буде дванаест лаката дуг и дванаест лаката широк, и четвртаст на четири стране.
၁၆ယဇ်ပလ္လင်သည် စတုရန်းဖြစ်၍၊ အလျား တဆယ်နှစ်တောင်၊ အနံလည်း တဆယ်နှစ်တောင် ရှိရမည်။
17 И појас да је четрнаест лаката дуг и четрнаест лаката широк на четири стране, а оплата око њега од по лакта, и подножје му од лакта унаоколо, и басамаци му да буду окренути на исток.
၁၇အောက်အထစ်သည်လည်း စတုရန်းဖြစ်၍ အလျား တဆယ်လေးတောင်၊ အနံလည်းတဆယ် လေးတောင်ရှိရမည်။ အနားပတ်သည်လည်း အကျယ် တထွာရှိရမည်။ ဘိနပ်သည်ယဇ်ပလ္လင်ပတ်လည်၌ တတောင်ထွက်၍၊ တက်ရာလမ်းသည် အရှေ့သို့ မျက်နှာ ပြုရမည်။
18 И рече ми: Сине човечји, овако вели Господ Господ, ово су наредбе за олтар кад се начини да се на њему приносе жртве паљенице и да се кропи крвљу.
၁၈တဖန်အချင်းလူသား၊ အရှင်ထာဝရဘုရား မိန့်တော်မူ သည်အတိုင်း၊ မီးရှို့ရာယဇ်ကိုပူဇော်၍ အသွေးကိုဖျန် ဘို့ရာ၊ ယဇ်ပလ္လင်ကိုတည်သောနေ့၌ ကျင့်ရသောတရား ဟူမူကား၊
19 И свештеницима Левитима који су од семена Садоковог, који приступају к мени, говори Господ Господ, да ми служе, даћеш јунца за жртву за грех.
၁၉အမှုတော်ကိုဆောင်၍ ငါ့ထံသို့ ချဉ်းကပ်သော လေဝိအမျိုး၊ ဇာဒုတ်သားယဇ်ပုရောဟိတ်တို့အား အပြစ် ဖြေရာယဇ်ဘို့၊ ပျိုသောနွားထီးတကောင်ကို အပ်ရမည်။
20 И узми крви његове, и помажи му четири рога и четири угла од појаса и оплату унаоколо, тако ћеш га очистити и учинити очишћење за њ.
၂၀နွားအသွေးအချို့ကိုယူ၍ ယဇ်ပလ္လင်ဦးချို လေးချောင်း၊ အထစ်လေးထောင့်၊ အနားပတ်ကိုလူးသော အားဖြင့် သန့်ရှင်းစင်ကြယ်စေရမည်။
21 Потом узми јунца за грех, и нека се спали на месту одређеном у дому изван светиње.
၂၁အပြစ်ဖြေရာ ယဇ်ဘို့နွားကောင်ကို ယူ၍ သန့်ရှင်းရာဌာနပြင်၊ ဗိမာန်တော်အတွင်းတွင် ခန့်ထားသော အရပ်၌မီးရှို့ရမည်။
22 А други дан принеси јарца здравог за грех, и нека очисте њим олтар како су очистили јунцем.
၂၂ဒုတိယနေ့၌လည်း အပြစ်မရှိသော ဆိတ်သငယ် ကို ယူ၍၊ အပြစ်ဖြေရာ ယဇ်ဘို့ပူဇော်ရမည်။ ယဇ်ပလ္လင် ကို နွားအသွေးနှင့်သန့်ရှင်းစေသကဲ့သို့ ဆိတ်အသွေး နှင့် သန့်ရှင်းစေရမည်။
23 А кад очистиш, принеси јунца здравог и овна од стада здравог.
၂၃ထိုသို့ယဇ်ပလ္လင်ကို သန့်ရှင်းစေပြီးသည်နောက်၊ အပြစ်မရှိ၊ ပျိုသောနွားထီးနှင့် အပြစ်မရှိသော ဆိတ်ထီးကိုထာဝရဘုရား ရှေ့တော်၌ပူဇော်ရမည်။
24 И кад их принесеш пред Господом, нека свештеници баце на њих соли и принесу их на жртву паљеницу Господу.
၂၄ယဇ်ပုရောဟိတ်တို့သည် ဆားကိုတင်လျက်၊ ထိုယဇ်ကောင်တို့ကို ထာဝရဘုရားအဘို့ မီးရှို့၍ ပူဇော် ရမည်။
25 Седам дана приноси јарца за грех сваки дан; и јунца и овна из стада здравог нека приносе.
၂၅ခုနစ်ရက်ပတ်လုံး တနေ့တနေ့လျှင်၊ ဆိတ်တ ကောင်ကို အပြစ်ဖြေရာယဇ်ပြု၍ ပူဇော်ရမည်။ အပြစ် မရှိ၊ ပျိုသောနွားထီးတကောင်နှင့် သိုးထီးတကောင်ကို လည်း ပူဇော်ရမည်။
26 Седам дана нека чине очишћење за олтар, и очисте га и посвете.
၂၆ခုနစ်ရက်ပတ်လုံး ယဇ်ပလ္လင်ကို သန့်ရှင်း စင်ကြယ်စေ၍၊ ကိုယ်ကိုလည်း ယဇ်ပုရာဟိတ်အရာ၌ ခန့်ထားရကြမည်။
27 А кад се наврше ти дани, осмог дана и после нека приносе свештеници на олтару жртве ваше паљенице и жртве ваше захвалне, и примићу вас, говори Господ Господ.
၂၇ခုနစ်ရက်စေ့သောနောက် အဋ္ဌမနေ့၌၎င်း၊ ထိုနေ့မှစ၍၎င်း၊ ယဇ်ပုရောဟိတ်တို့သည် ယဇ်ပလ္လင် ပေါ်မှာ သင်တို့မီးရှို့ရာယဇ်များနှင့် မိဿဟာယယဇ်များ ကို ပူဇော်ရကြမည်။ ငါသည်လည်း၊ သင်တို့လက်ခံ မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။

< Књига пророка Језекиља 43 >