< 2 Мојсијева 8 >
1 И рече Господ Мојсију: Иди к Фараону, и реци му: Овако вели Господ: Пусти народ мој, да ми послужи.
၁ထာဝရဘုရားကမောရှေအား``ဘုရင်ထံ သို့သွား၍`ငါထာဝရဘုရားအားဝတ်ပြု နိုင်ရန် ငါ၏လူမျိုးတော်ကိုသွားခွင့်ပြု လော့။-
2 Ако ли нећеш пустити, ево ћу морити сву земљу жабама.
၂သင်သည်သူတို့ကိုသွားခွင့်မပြုလျှင် ငါ သည်သင်၏တစ်တိုင်းပြည်လုံးကိုဖားဖြင့် ဒဏ်ခတ်မည်။-
3 И река ће се напунити жаба, и оне ће изаћи и скакати теби по кући и по клети где спаваш и по постељи твојој и по кућама слуга твојих и народа твог и по пећима твојим и по наћвама твојим;
၃မြစ်ထဲတွင်ဖားများဖြင့်ပြည့်စေမည်။ ထိုဖား တို့သည်မြစ်ထဲမှသင်၏နန်းတော်၊ အိပ်ခန်း၊ အိပ်ရာ၊ သင်၏မှူးမတ်နှင့်ပြည်သားတို့၏အိမ် များ၊ သင်၏မီးဖိုနှင့်မုန့်နယ်ရာခွက်များသို့ တက်လာကြလိမ့်မည်။-
4 И на тебе и на народ твој и на све слуге твоје скакаће жабе.
၄ဖားတို့သည်သင်နှင့်သင်၏မှူးမတ်၊ ပြည်သူတို့ အပေါ်သို့ခုန်တက်ကြလိမ့်မည်' ဟုပြောလော့'' ဟူ၍မိန့်တော်မူ၏။
5 И рече Господ Мојсију: Кажи Арону: Пружи руку своју са штапом својим на реке и на потоке и на језера, и учини нек изађу жабе на земљу мисирску.
၅တစ်ဖန်ထာဝရဘုရားက``အာရုန်အားမြစ် များ၊ ချောင်းများ၊ အင်းအိုင်များပေါ်သို့သင်၏ တောင်ဝှေးကိုကိုင်၍လက်ကိုဆန့်သောအား ဖြင့်ဖားများတက်လာ၍ အီဂျစ်တစ်ပြည်လုံး တွင်ဖားများဖြင့်ပြည့်စေလော့'' ဟုမောရှေ အားမိန့်တော်မူ၏။-
6 И пружи Арон руку своју на воде мисирске, и изађоше жабе и покрише земљу мисирску.
၆ထို့ကြောင့်အာရုန်သည်ရေပြင်ရှိသမျှပေါ် သို့သူ၏လက်ကိုဆန့်သဖြင့် ဖားများအလွန် မြောက်မြားစွာတက်လာ၍အီဂျစ်တစ်ပြည် လုံးတွင်ဖားတို့ဖြင့်ပြည့်နှက်လျက်ရှိလေ၏။-
7 Али и врачари мисирски учинише тако својим врачањем, учинише те изађоше жабе на земљу мисирску.
၇မှော်ဆရာတို့ကလည်းမိမိတို့၏အတတ် ပညာဖြင့် အီဂျစ်ပြည်သို့ဖားများတက် လာစေကြ၏။
8 А Фараон дозва Мојсија и Арона и рече: Молите Господа да уклони жабе од мене и од народа мог, пак ћу пустити народ да принесу жртву Господу.
၈ထိုအခါဘုရင်သည် မောရှေနှင့်အာရုန်တို့ ကိုခေါ်၍ ``ငါနှင့်ငါ၏ပြည်သားတို့ထံမှ ဖားတို့ကိုဖယ်ရှားပေးရန်ထာဝရဘုရား ထံဆုတောင်းပါလော့။ သို့ပြုလျှင်သင်တို့၏ အမျိုးသားများ ထာဝရဘုရားကိုယဇ် ပူဇော်ရန်သွားခွင့်ကိုငါပြုမည်'' ဟုဆို၏။
9 А Мојсије рече Фараону: Част да ти је нада мном! Докле да му се молим за те и за слуге твоје и за народ твој да одбије жабе од тебе и из кућа твојих, и само у реци да остану?
၉မောရှေက``ကိုယ်တော်နှင့်ကိုယ်တော်၏မှူးမတ် ပြည်သူတို့၏အိမ်များမှဖားတို့ကိုဖယ်ရှား ၍ နိုင်းမြစ်ထဲ၌သာဖားများနေစေရန်မည် သည့်အချိန်တွင်ဆုတောင်းပေးရပါမည် နည်း'' ဟုမေးလျှောက်သော်၊
10 А он рече: До сутра. А Мојсије рече: Биће како си казао, да познаш да нико није као Господ Бог наш.
၁၀ဖာရောဘုရင်က``နက်ဖြန်နေ့တွင်ဆုတောင်း ပေးပါလော့'' ဟုဆိုလေ၏။ ထိုအခါမောရှေက``ကိုယ်တော်ပြောသည် အတိုင်း ဆုတောင်းပေးပါမည်။ အကျွန်ုပ်တို့ ၏ဘုရားသခင်ထာဝရဘုရားနှင့်တူ သော အခြားဘုရားမရှိကြောင်းကိုယ်တော် သိပါလိမ့်မည်။-
11 Отићи ће жабе од тебе и из кућа твојих и од слуга твојих и од народа твог; само ће у реци остати.
၁၁ဖားတို့ကိုကိုယ်တော်၏နန်းတော်နှင့်ကိုယ် တော်၏မှူးမတ်ပြည်သူတို့ထံမှဖယ်ရှား၍ မြစ်ထဲ၌သာနေစေလိမ့်မည်'' ဟုလျှောက် ထားပြီးလျှင်၊-
12 И отиде Мојсије и Арон од Фараона; и завапи Мојсије ка Господу за жабе које беше пустио на Фараона.
၁၂မောရှေနှင့်အာရုန်တို့သည်ဘုရင်ထံမှထွက် ခဲ့ကြ၏။ ဘုရင်သည်ထာဝရဘုရားသင့်စေ သောဖားများ၏ဘေးမှလွတ်မြောက်ရန်အတွက် မောရှေသည်ထာဝရဘုရားထံတွင်ဆုတောင်း လေ၏။-
13 А Господ учини по речи Мојсијевој; и поцркаше жабе, и опростише их се куће и села и поља.
၁၃ထာဝရဘုရားသခင်သည်မောရှေဆုတောင်း သည့်အတိုင်းပြုတော်မူသဖြင့်အိမ်များ၊ ခြံ များ၊ လယ်ကွင်းများထဲရှိဖားများသေကြ ကုန်၏။-
14 И на гомиле их гртаху, да је смрдела земља.
၁၄အီဂျစ်ပြည်သားတို့သည်ဖားသေကောင်များ ကိုစုပုံထားကြရာတစ်ပြည်လုံးတွင်နံစော် လျက်ရှိလေ၏။-
15 А кад Фараон виде где одахну, отврдну му срце, и не послуша их, као што беше казао Господ.
၁၅တိုင်းပြည်တွင်အခြေအနေကောင်းလာကြောင်း ကိုတွေ့မြင်ရသောအခါ၊ ဘုရင်သည်ထာဝရ ဘုရားမိန့်တော်မူခဲ့သည့်အတိုင်းခေါင်းမာမြဲ ခေါင်းမာလျက် မောရှေနှင့်အာရုန်တို့၏စကား ကိုနားမထောင်ဘဲနေလေ၏။
16 А Господ рече Мојсију: Кажи Арону: Пружи штап свој, и удари по праху на земљи, нек се претвори у уши по свој земљи мисирској.
၁၆တစ်ဖန်ထာဝရဘုရားက``အာရုန်အားမြေ ကြီးကိုသင်၏တောင်ဝှေးနှင့်ရိုက်လော့။ အီဂျစ် တစ်ပြည်လုံးတွင်မြေမှုန့်ရှိသမျှသည်တော ခြင်များဖြစ်လာလိမ့်မည်ဟုပြောလော့'' ဟူ ၍မောရှေအားမိန့်တော်မူ၏။-
17 И учинише тако: Арон пружи руку своју са штапом својим, и удари по праху на земљи, и посташе уши по људима и по стоци, сав прах на земљи претвори се у уши по целој земљи мисирској.
၁၇ထို့ကြောင့်အာရုန်သည်တောင်ဝှေးဖြင့်မြေ ကြီးကိုရိုက်သဖြင့် အီဂျစ်ပြည်ရှိမြေမှုန့် ရှိသမျှသည်တောခြင်ဖြစ်လာ၍ လူနှင့် တိရစ္ဆာန်တို့၌တွယ်ကပ်လေ၏။-
18 А гледаше и врачари мисирски врачањем својим да учине да постану уши, али не могоше. И беху уши по људима и по стоци.
၁၈မှော်ဆရာတို့လည်းမိမိတို့၏အတတ်ပညာ ဖြင့် တောခြင်များဖြစ်လာရန်အားထုတ်ကြ သော်လည်းမအောင်မြင်ကြချေ။ တောခြင် များသည်လူနှင့်တိရစ္ဆာန်တို့၌တွယ်ကပ် လေသည်။-
19 И рекоше врачари Фараону: Ово је прст Божји. Али опет отврдну срце Фараону, те их не послуша као што беше казао Господ.
၁၉ထိုအခါမှော်ဆရာတို့ကဘုရင်အား``ဤ အမှုအရာသည်ထာဝရဘုရားပြုတော် မူသောအမှုဖြစ်၏'' ဟုလျှောက်ကြ၏။ သို့ ရာတွင်ဘုရင်သည်ထာဝရဘုရားမိန့်တော် မူခဲ့သည့်အတိုင်းခေါင်းမာမြဲခေါင်းမာလျက် မောရှေနှင့်အာရုန်တို့၏စကားကိုနား မထောင်ဘဲနေလေ၏။
20 А Господ рече Мојсију: Устани рано и изађи пред Фараона, ево, он ће изаћи к води, па му реци: Овако вели Господ: Пусти народ мој да ми послужи.
၂၀တစ်ဖန်ထာဝရဘုရားကမောရှေအား``နံနက် စောစောအချိန်၌ဘုရင်သည်ရေဆိပ်သို့သွား သောအခါ သူနှင့်တွေ့ဆုံ၍`ငါ၏လူမျိုးတော် သည်ငါ့အားဝတ်ပြုနိုင်ရန်သူတို့ကိုသွား ခွင့်ပြုလော့။-
21 Ако ли не пустиш народ мој, ево, пустићу на тебе и на слуге твоје и на народ твој и на куће твоје свакојаке бубине, и напуниће се бубина куће мисирске и земља на којој су.
၂၁သွားခွင့်မပြုလျှင်သင်နှင့်သင်၏မှူးမတ် ပြည်သူတို့ထံသို့မှက်ကောင်များကိုငါ စေလွှတ်မည်။ အီဂျစ်ပြည်သားတို့၏အိမ် များနှင့်မြေတစ်ပြင်လုံးကိုမှက်ကောင် များဖြင့်ပြည့်စေမည်။-
22 Али ћу у тај дан одвојити земљу гесемску, где живи мој народ, и онде неће бити бубина, да познаш да сам ја Господ на земљи.
၂၂ထိုနေ့တွင်ငါ၏လူမျိုးတော်နေထိုင်ရာ ဂေါရှင်ဒေသကိုချန်လှပ်၍ထားသဖြင့် ထို ဒေသ၌မှက်ကောင်မရှိစေရ။ ထိုသို့ပြုခြင်း အားဖြင့်ငါထာဝရဘုရားသည်ဤပြည် တွင်ရှိတော်မူကြောင်းကိုသင်သိရလိမ့်မည်။-
23 И поставићу разлику између народа свог и народа твог. Сутра ће бити знак тај.
၂၃ငါသည်ငါ၏လူမျိုးတော်နှင့်သင်၏လူမျိုး ကိုခြားနား၍ထားမည်။ ဤနိမိတ်လက္ခဏာ ကိုနက်ဖြန်နေ့တွင်ငါပြမည်' ဟုထာဝရ ဘုရားမိန့်တော်မူကြောင်းပြောလော့'' ဟူ၍ မိန့်တော်မူသည်။-
24 И учини Господ тако, и дођоше силне бубине у кућу Фараонову и у куће слуга његових и у сву земљу мисирску, да се све у земљи поквари од бубина.
၂၄ထာဝရဘုရားသည်မှက်ကောင်အုပ်ကြီးများ ကိုဘုရင်၏နန်းတော်၊ မှူးမတ်တို့၏အိမ်များ နှင့်အီဂျစ်တစ်ပြည်လုံးသို့စေလွှတ်တော်မူ ၏။ မှက်ကောင်များကြောင့်တိုင်းပြည်ပျက် ရလေ၏။
25 И Фараон дозва Мојсија и Арона, и рече им: Идите, принесите жртву Богу свом овде у земљи.
၂၅ထိုအခါဘုရင်သည် မောရှေနှင့်အာရုန်တို့ ကိုခေါ်၍``သင်တို့၏ဘုရားအားဤပြည် ထဲ၌ယဇ်ပူဇော်လော့'' ဟုဆိုလေ၏။
26 А Мојсије рече: Не ваља тако; јер бисмо принели на жртву Господу Богу свом што је нечисто Мисирцима; а кад бисмо принели на жртву што је нечисто Мисирцима на очи њихове, не би ли нас побили камењем?
၂၆မောရှေက``အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရားအား ပူဇော်သောယဇ်ကောင် များကိုအီဂျစ်အမျိုးသားတို့ကရွံရှာ ကြမည်ဖြစ်သောကြောင့် ထိုကဲ့သို့မပြုလုပ် သင့်ပါ။ အီဂျစ်အမျိုးသားတို့သည်ယဇ် ကောင်များပူဇော်ခြင်းကိုမြင်လျှင် အကျွန်ုပ် တို့အားခဲနှင့်ပစ်၍သတ်ကြပါလိမ့်မည်။-
27 Три дана хода треба да идемо у пустињу да принесемо жртву Господу Богу свом, као што нам је казао.
၂၇အကျွန်ုပ်တို့သည်ဘုရားသခင်ထာဝရ ဘုရားမိန့်တော်မူသည့်အတိုင်း တောကန္တာရ သို့သုံးရက်ခရီးသွား၍ယဇ်ပူဇော်ရပါ မည်'' ဟုလျှောက်ဆို၏။
28 А Фараон рече: Пустићу вас да принесете жртву Господу Богу свом у пустињи; али да не идете даље; па се молите за ме.
၂၈ဖာရောဘုရင်က``သင်တို့၏ဘုရားသခင် ထာဝရဘုရားအား တောကန္တာရ၌ယဇ်ပူ ဇော်ရန်ငါစေလွှတ်မည်။ သို့ရာတွင်ခရီး ဝေးမသွားရ။ ငါ့အတွက်ဆုတောင်းပေး ပါလော့'' ဟုဆိုလေ၏။
29 А Мојсије рече: Ево ја идем од тебе, и молићу се Господу да отиду бубине од Фараона и од слуга његових и од народа његовог сутра; али немој опет да превариш, и да не пустиш народ да принесе жртву Господу.
၂၉မောရှေက``နက်ဖြန်နေ့တွင်ကိုယ်တော်နှင့် မှူးမတ်ပြည်သူတို့ထံမှ မှက်ကောင်များကို ဖယ်ရှားပေးရန်ယခုကိုယ်တော်ထံမှထွက် သွားလျှင်သွားချင်း ထာဝရဘုရားထံ၌ ဆုတောင်းပေးပါမည်။ ထာဝရဘုရားကို ယဇ်ပူဇော်ရန်ဣသရေလအမျိုးသားတို့ အား ယခုသွားခွင့်ပြုပြီးမှမသွားရဟု နောက်တစ်ဖန်မလှည့်စားမတားဆီးပါ နှင့်'' ဟုလျှောက်ထားလေ၏။
30 И отиде Мојсије од Фараона, и помоли се Господу.
၃၀ထိုနောက်မောရှေသည်ဘုရင်ထံမှထွက်ခဲ့ ပြီးနောက် ထာဝရဘုရားထံ၌ဆုတောင်း လေ၏။-
31 И учини Господ по речи Мојсијевој, те отидоше бубине од Фараона и од слуга његових и од народа његовог; не оста ни једна.
၃၁ထာဝရဘုရားသည်မောရှေဆုတောင်းသည့် အတိုင်း ဘုရင်နှင့်မှူးမတ်ပြည်သူတို့ထံ၌ မှက်တစ်ကောင်မျှမကျန်စေရန်မှက်အားလုံး ကိုဖယ်ရှားတော်မူ၏။-
32 Али опет отврдну срце Фараоново, и не пусти народ.
၃၂သို့ရာတွင်ဘုရင်သည်ယခုအကြိမ်၌လည်း ခေါင်းမာမြဲခေါင်းမာလျက် ဣသရေလ အမျိုးသားတို့ကိုသွားခွင့်မပြုချေ။