< 2 Мојсијева 26 >

1 А шатор ћеш начинити од десет завеса од танког платна узведеног и од порфире и од скерлета и од црвца; и по њима да буду везени херувими.
တနည်းကား၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်ဖြင့် ပြီးသော ခေရုဗိမ်အရုပ်နှင့် ချယ်လှယ်သော၊ ပိတ်ချောကုလားကာဆယ်ထည်ဖြင့် တဲတော်ကို လုပ်ရမည်။
2 Један завес нека буде двадесет и осам лаката дуг и четири лакта широк; сви завеси да буду једне мере.
ကုလားကာသည် အလျားနှစ်ဆယ်ရှစ်တောင်၊ အနံလေးတောင်ရှိ၍၊ ကုလားကာချင်း အလျားအနံ တူရမည်။
3 Пет завеса нека се састављају један с другим, и пет других завеса нека се састављају један с другим.
ကုလားကာငါးထည်စီ တစပ်တည်းချုပ်ရမည်။
4 И начини петље од порфире по крају једног завеса, где ће се крајеви састављати, и тако начини по крају другог завеса, где ће се крајеви састављати.
ကုလားကာတထည်ပြင်ဘက်မှာ၊ ကုလားကာနားချင်းဆက်မှီရာ၌ ကွင်းများကို ပြာသောအထည်နှင့် လုပ်ရမည်။ အခြားသော ကုလားကာ ပြင်ဘက်မှာ၊ ကုလားကာနားချင်း ဆက်မှီရာ၌လည်း ထိုအတူလုပ်ရမည်။
5 Педесет петаља начини на једном завесу, а педесет петаља начини на крају другог завеса, где ће се састављати с другим, а петље да буду једна према другој.
ကုလားကာတထည်၌ ကွင်းငါးဆယ်ကို၎င်း၊ အခြားသောကုလားကာ အနားဆက်မှီရာ၌ ကွင်းငါးဆယ် ကို၎င်း၊ ကွင်းချင်းဆိုင်မိအောင် လုပ်ရမည်။
6 И начини педесет кука од злата, да запнеш завесе један за други кукама, и тако ће бити шатор један.
ရွှေချောင်းငါးဆယ်ကိုလည်း လုပ်၍၊ ထိုရွှေချောင်းဖြင့် ကုလားကာများကို ပူးတွဲသဖြင့်၊ တဲတော် တဆောင်တည်း ဖြစ်ရမည်။
7 И начини завесе од кострети за наслон над шатором; једанаест таквих завеса начини.
တဲတော်ဖုံးအုပ်ဘို့ အခြားသော ကုလားကာဆယ်တထည်ကို ဆိတ်မွေးနှင့် လုပ်ရမည်။
8 Завес један нека буде тридесет лаката дуг, а широк четири лакта; тих једанаест завеса да су једне мере.
ကုလားကာသည် အလျားအတောင်သုံးဆယ်၊ အနံလေးတောင်ရှိ၍၊ ကုလားကာ ဆယ်တထည်တို့သည် အလျားအနံချင်းတူရမည်။
9 И састави пет завеса заједно, а шест осталих заједно, на двоје ћеш превити шести завес с предње стране наслону.
ကုလားကာငါးထည် တစပ်၊ ခြောက်ထည် တစပ်တည်း ချုပ်၍၊ ဆဌမကုလားကာကို တဲတော်ဦး၌ ခေါက်ထားရမည်။
10 И начини педесет петаља на стражњем крају првог завеса, где ће се састављати, а педесет петаља на крају другог завеса, где ће се састављати.
၁၀ကုလားကာများ ဆက်မှီရာ၌၊ ပြင်ဘက်ကနေသော ကုလားကာတထည်အနားမှာ၊ ကွင်းငါးဆယ်ကို ၎င်း၊ ဆက်မှီသော အခြားကုလားကာအနားမှာ၊ ကွင်းငါးဆယ်ကို၎င်း လုပ်ရမည်။
11 И начини кука бронзаних педесет, и запни куке на петље, и састави наслон, да буде једно.
၁၁ကြေးဝါချောင်း ငါးဆယ်ကိုလည်း လုပ်၍၊ ကွင်းတို့၌ လျှိုပြီးလျှင်၊ အပေါ်တဲတပိုင်းနှင့် တပိုင်း ပူးတွဲသဖြင့်၊ တဲတဆောင်တည်း ဖြစ်ရမည်။
12 А што је више у завеса на наслону, половина завеса што претиче, нека виси на стражњој страни шатору.
၁၂ထိုအပေါ်တဲ၌ ပိုသော ကုလားကာ တဝက်ကိုကား၊ တဲတော်နောက်ဖေးမှာ တွဲလွဲဆွဲထားရမည်။
13 И лакат с једне стране а лакат с друге стране што има више у дужину у завеса на наслону, нека виси шатору са стране и тамо и амо, да га заклања.
၁၃အပေါ်တဲ၌ပိုသော ကုလားကာ အလျားနှစ်တောင်တွင်၊ တဲတော်ဖုံးအုပ်ဘို့ တဘက်တချက် တတောင်စီ တွဲလွဲဆွဲထားရမည်။
14 И начини покривач наслону од кожа овнујских црвених обојених, и сврх њега покривач од кожа јазавичијих.
၁၄အပေါ်တဲဖုံးအုပ်ဘို့ အနီးဆုံးသောသိုးရေကို၎င်း၊ ထိုသိုးရေအပေါ်၌ တဟာရှသားရေကို၎င်း လုပ်ရမည်။
15 И начини за шатор даске од дрвета ситима, које ће стајати право.
၁၅တဲတော်ကာရန်ထောင်ထားရသော အကာရှပျဉ်ပြားတို့ကိုလည်း လုပ်ရမည်။
16 Десет лаката нека буде свака даска дуга а подруг лакта широка.
၁၆ပျဉ်ပြားသည် အလျားဆယ်တောင်၊ အနံတတောင်ထွာ ရှိရမည်။
17 Два чепа нека буду на дасци, један према другом наједнако; тако начини на свакој дасци за шатор.
၁၇ထိုပျဉ်ပြားရှိသမျှတို့၌ ခြေထောက်နှစ်ခုစီ တတန်းတည်းရှိစေခြင်းငှာ လုပ်ရမည်။
18 Тако начини даске за шатор, двадесет дасака на јужној страни.
၁၈တဲတော်တောင်ဘက်၌ ကာရန်ပျဉ်ပြား နှစ်ဆယ်ကို လုပ်ရမည်။
19 А под двадесет дасака начини четрдесет стопица од сребра: две стопице под једну даску за два чепа њена, и две стопице под другу даску за два чепа њена.
၁၉ထိုပျဉ်ပြားနှစ်ဆယ်တွင်၊ တပြားတပြားအောက်၌ ခြေထောက်နှစ်ခုစီစွပ်စရာဘို့ ငွေခြေစွပ် လေးဆယ်ကို လုပ်ရမည်။
20 А на другој страни шатора према северу двадесет дасака.
၂၀ထိုအတူ တဲတော်မြောက်ဘက်၌ ကာရန်ပျဉ်ပြား နှစ်ဆယ်ရှိရမည်။
21 Са четрдесет стопица сребрних, две стопице под једну даску и две стопице под другу даску.
၂၁ထိုပျဉ်ပြား၌လည်း ငွေခြေစွပ်လေးဆယ်၊ တပြားနှစ်ခုစီရှိရမည်။
22 А на западној страни шатора начини шест дасака,
၂၂တဲတော်အနောက်ဘက်၌ ကာရန် ပျဉ်ပြားခြောက်ပြားကို၎င်း၊
23 И две даске на два угла од шатора.
၂၃ထောင့်တဘက်တချက်၌ ကာရန် ပျဉ်ပြားနှစ်ပြားကို၎င်း လုပ်ရမည်။
24 И оне нека се састављају оздо и нека се састављају озго биочугом; тако нека буде у обе које ће бити на оба угла.
၂၄အထက်၌၎င်း၊ အောက်၌၎င်း၊ ကွင်းကိုတပ်၍ စေ့စပ်လျက် ထောင့်နှစ်ခုကို ပြီးစေရမည်။
25 Тако ће бити осам дасака са стопицама сребрним, са шеснаест стопица, две стопице под једну даску, а две стопице под другу даску.
၂၅ပျဉ်ပြားရှစ်ပြား၊ ငွေခြေစွပ်ဆယ်ခြောက်ခု၊ တပြားနှစ်ခုစီ ရှိရမည်။
26 И начини преворнице од дрвета ситима, пет за даске на једној страни шатора,
၂၆တဲတော်၌ ကာရသော ပျဉ်ပြားကို လျှိုစရာဘို့ အကာရှသား ကန့်လန့်ကျင်တို့ကို တဘက်ငါးချောင်းစီ လုပ်ရမည်။
27 И пет преворница за даске на другој страни шатора, и пет преворница за даске на западној страни шатора до оба угла.
၂၇တဲတော်နောက်ဖေး၌ ကာရသော ပျဉ်ပြားကို လျှိုစရာဘို့ ကန့်လန့်ကျင်ငါးချောင်းကိုလည်း လုပ်ရမည်။
28 А средња преворница да иде преко среде дасака од једног краја до другог.
၂၈အလယ်ကန့်လန့်ကျင်ကို၊ ထောင့်တဘက်တချက်၌ ဆုံးစေရမည်။
29 А даске окуј златом, и биочуге им начини од злата, да се кроз њих провуку преворнице, а и преворнице окуј златом.
၂၉ပျဉ်ပြားတို့ကို ရွှေနှင့်မွမ်းမံရမည်။ ကန့်လန့်ကျင်လျှိုဘို့ရာ ရွှေကွင်းကိုလည်း လုပ်၍၊ ကန့်လန့်ကျင်တို့ကို ရွှေနှင့်မွမ်းမံရမည်။
30 Тако ћеш подигнути шатор по слици која ти је показана на гори.
၃၀တောင်ပေါ်မှာ သင့်အားပြသောပုံနှင့်အညီ၊ တဲတော်ကို တည်ဆောက်ရမည်။
31 И начини завес од порфире и од скерлета и од црвца и од танког платна узведеног, и по њему нека буду везени херувими.
၃၁တနည်းကား၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောဖြင့်ပြီး၍၊ ခေရုဗိမ်အရုပ်နှင့် ချယ်လှယ်သော ကုလားကာတထည်ကို ချုပ်ရမည်။
32 И обеси га о четири ступа од дрвета ситима, окована златом, са кукама златним, на четири стопице сребрне.
၃၂ရွှေချသော အကာရှသား တိုင်လေးတိုင်အပေါ်မှာ၊ ထိုကုလားကာကို ဆွဲထားရမည်။ ထိုတိုင်တို့သည် ရွှေတံစို့နှင့်၎င်း၊ ငွေခြေစွပ်လေးခုနှင့်၎င်း ပြည့်စုံရမည်။
33 И обеси завес о куке, и унеси за завес ковчег од сведочанства, да вам завес раставља светињу од светиње над светињама.
၃၃သက်သေခံချက်ထားသော သေတ္တာကို၊ ကုလားကာအတွင်းသို့ သွင်းစရာဘို့ ထိုကုလားကာကို ရွှေချောင်းဖြင့် ဆွဲကာ၍၊ ဟဂျာအရပ်၊ ဟဂျာဟဂျုံအရပ် နှစ်ပါးစပ်ကြား၌ အပိုင်းအခြား ဖြစ်ရမည်။
34 И метни заклопац на ковчег од сведочанства у светињи над светињама.
၃၄ဟဂျာဟဂျုံ အရပ်၌ သက်သေခံချက်သေတ္တာအပေါ်မှာ၊ သေတ္တာအဖုံးကို တင်ထားရမည်။
35 И намести сто пред завес а свећњак према столу на јужној страни шатора, да сто стоји на северној страни.
၃၅ကုလားကာပြင်မှာ စားပွဲကို ထားရမည်။ တဲတောင်တောင်ဘက်နားမှာ မီးခုံကို၎င်း၊ မြောက်ဘက်နားမှာ စားပွဲကို၎င်း၊ တဘက်နှင့်တဘက် ဆိုင်မိအောင် ထားရမည်။
36 И на врата наслону начинићеш завес од порфире и од скерлета и од црвца и од танког платна узведеног, везен;
၃၆တဲတော်တံခါးဝ၌ ကာရန်၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောဖြင့် ပြီး၍၊ ချယ်လှယ်သော ကုလားကာတထည်ကို လုပ်ရမည်။
37 И за тај завес начинићеш пет ступова од дрвета ситима, које ћеш оковати златом, са кукама златним, и салићеш за њих пет стопица од бронзе.
၃၇ထိုကုလားကာဘိုပ ရွှေတံစို့နှင့်ပြည့်စုံသော အကာရှတိုင်ငါးတိုင်ကို လုပ်၍ ရွှေနှင့်မွမ်းမံရမည်။ ကြေးဝါခြေစွပ်ငါးခုကိုလည်း သွန်းရမည်။

< 2 Мојсијева 26 >