< 2 Мојсијева 25 >
1 И Господ рече Мојсију говорећи:
၁ထာဝရဘုရားကလည်း၊ ဣသရေလအမျိုးသားတို့သည်၊
2 Реци синовима Израиљевим да ми скупе прилог: од сваког који драге воље да, узмите прилог мени.
၂ငါ့အား လက်ဆောင်ပဏ္ဏာကို ဆောင်ခဲ့ရမည်အကြောင်း ဆင့်ဆိုလော့။ ကြည်ညိုသောစေတနာစိတ် နှင့် ငါ့အား လှူသမျှသောသူတို့၌ သင်သည် အလှူကို ခံရမည်။
3 А ово је прилог што ћете узимати од њих, злато и сребро и бронзу,
၃ခံရသောအလှူဟူမူကား၊ ရွှေ၊ ငွေ၊ ကြေးဝါ၊
4 И порфиру и скерлет и црвац и танко платно и кострет,
၄ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချော၊ ဆိတ်မွေး။
5 И коже овнујске црвене обојене, и коже јазавичије, и дрво ситим,
၅အနီဆိုးသောသိုးရေ၊ တဟာရှသားရေ၊ အကာရှသစ်သား။
6 Уље за видело, мирисе за уље помазања и за мирисави кад,
၆လိမ်းရန်ဆီဘော်ဘို့၊ မီးရှို့ရာနံ့သာပေါင်းမွှေးဘော်ဘို့ရာ၊ နံ့သာမျိုး၊ မီးထွန်းစရာဆီ၊
7 Камење онихово и камење за укивање на оплећак и напрсник.
၇ရှဟံကျောက်၊ ယဇ်ပုရောဟိတ် သင်တိုင်းနှင့် ရင်ဖွဲ့၌ စီစရာကျောက်မြတ်တည်းဟူသော အလှူကို ခံရမည်။
8 И нека ми начине светињу, да међу њима наставам;
၈ငါသည် သင်တို့တွင် ကျိန်းဝပ်ရာဘို့ သန့်ရှင်းရာဌာနကို လုပ်ကြစေ။
9 Као што ћу ти показати слику од шатора и слику од свих ствари његових, тако да начините.
၉ငါပြသမျှသော တဲတော်ပုံ၊ တဲတော်တန်ဆာပုံနှင့်အညီ လုပ်ရမည်။
10 Нека начине ковчег од дрвета ситима, у дужину од два лакта и по, а у ширину од подруг лакта, и у висину од подруг лакта.
၁၀အလျားနှစ်တောင်ထွာ၊ အနံတတောင်ထွာ၊ စောက်တတောင်ထွာရှိသော သေတ္တာကို၊ အကာရှသား နှင့်လုပ်၍၊ သေတ္တာအတွင်းအပြင်ကို ရွှေစင်နှင့် မွမ်းမံရမည်။
11 И покуј га чистим златом, изнутра и споља покуј га; и озго му начини златан венац унаоколо.
၁၁သေတ္တာအပေါ်နားပတ်လည်၌ ကွပ်သော ရွှေတန်ဆာကိုလည်း လုပ်ရမည်။
12 И салиј му четири биочуга од злата, и метни му их на четири угла, да му с једне стране буду два биочуга и с друге стране два биочуга.
၁၂ရွှေလေးကွင်းကို သွန်း၍၊ သေတ္တာလေးထောင့်၌ တမျက်နှာ နှစ်ကွင်းစီ တပ်ရမည်။
13 И начини полуге од дрвета ситима, и окуј их у злато.
၁၃အကာရှသားထမ်းဘိုးကို လုပ်၍ ရွှေနှင့်မွမ်းမံပြီးမှ၊
14 И провуци полуге кроз биочуге с обе стране ковчегу, да се о њима носи ковчег;
၁၄သေတ္တာထမ်းစရာဘို့ တဘက်တချက် ရွှေကွင်းထဲသို့ လျှိုထားရမည်။
15 У биочузима на ковчегу нека стоје полуге, да се не ваде из њих.
၁၅ထိုထမ်းဘိုးကိုလည်း သေတ္တာရွှေကွင်းထဲက မနှုတ်အစဉ် ရှိစေရမည်။
16 Па у ковчег метни сведочанство, које ћу ти дати.
၁၆ငါပေးသော သက်သေခံချက်ကို၊ ထိုသေတ္တာထဲမှာ ထားရမည်။
17 И начини заклопац од чистог злата, у дужину од два лакта и по, а у ширину од подруг лакта.
၁၇အလျားနှစ်တောင်ထွာ၊ အနံတတောင်ထွာရှိသော သေတ္တာအဖုံးကိုလည်း ရွှေနှင့်လုပ်ရမည်။
18 И начини два херувима златна, једноставне их начини, на два краја заклопцу.
၁၈ရွှေခေရုဗိမ်နှစ်ပါးကိုလည်း သေတ္တာအဖုံးတွင် အလျားတဘက်တချက်၌ ထုလုပ်ရမည်။
19 И начини херувима једног на једном крају а другог херувима на другом крају; на заклопцу начините два херувима на оба краја.
၁၉ထိုခေရုဗိမ်နှစ်ပါးကို သေတ္တာဖုံး ကိုယ်ထဲကထုတ်၍၊ သေတ္တာဖုံးအပေါ်၌ တဘက်တပါးစီ လုပ်ပြီးလျှင်၊
20 И нека херувими рашире крила у вис да заклањају крилима заклопац, и нека буду лицем окренути један другом, према заклопцу нека су окренута лица херувимима.
၂၀ခေရုဗိမ်နှစ်ပါးတို့သည် မျက်နှာချင်းဆိုင်၍၊ သေတ္တာဖုံးကို ရှုလျက်၊ မိမိအတောင်ကို ဖြန့်၍ သေတ္တာဖုံးကို မိုးရမည်။
21 И метнућеш заклопац озго на ковчег, а у ковчег ћеш метнути сведочанство које ћу ти дати.
၂၁သေတ္တာအဖုံးကို သေတ္တာပေါ်မှာ တင်ရမည်။ ငါပေးသော သက်သေခံချက်ကိုလည်း သေတ္တာထဲမှာ ထားရမည်။
22 И ту ћу се састајати с тобом и говорићу ти озго са заклопца између два херувима, који ће бити на ковчегу од сведочанства, све што ћу ти заповедати за синове Израиљеве.
၂၂ထိုအရပ်၌ ငါသည် သင်နှင့်တွေ့၍၊ သက်သေခံချက်ထားသော သေတ္တာဖုံးအပေါ်၊ ခေရုဗိမ်နှစ်ပါး စပ်ကြားမှာ သင်နှင့် နှုတ်ဆက်သဖြင့်၊ ဣသရေလအမျိုးသားတို့၌ ဆင့်ဆိုရာသမျှတို့ကို စီရင်မည်။
23 Начини и сто од дрвета ситима, у дужину од два лакта, а у ширину од једног лакта, а у висину од подруг лакта.
၂၃အလျားနှစ်တောင်၊ အနံတတောင်၊ အမြင့်တတောင်ထွာရှိသော စားပွဲကိုလည်း အကာရှသားနှင့် လုပ်၍၊
24 И покуј га чистим златом, и начини му венац златан унаоколо.
၂၄ရွှေစင်နှင့် မွမ်းမံရမည်။ စားပွဲအပေါ်နားပတ်လည်၌ ကွပ်သော ရွှေတန်ဆာကို၎င်း၊
25 И начини му оплату унаоколо с подланице, и начини златан венац око оплате.
၂၅အနံလက်တဝါးရှိသော ခါးပန်းကို၎င်း၊ ခါးပန်းအပေါ်နားပတ်လည်၌ ကွပ်သော ရွှေတန်ဆာကို၎င်း လုပ်ရမည်။
26 И начини му четири биочуга од злата, и метни му те биочуге на четири угла који ће му бити код четири ноге.
၂၆ရွှေလေးကွင်းကိုလည်း လုပ်၍၊ ခြေထောက်လေးခု အထက်စားပွဲလေးထောင့်၌ တပ်ရမည်။
27 Под оплатом нека буду биочузи, да у њима стоје полуге да се носи сто.
၂၇ထိုရွှေကွင်းတို့သည် ခါးပန်းပေါ်မှာရှိ၍၊ စားပွဲထမ်းစရာ ထမ်းဘိုးနေရာဖြစ်ရမည်။
28 А полуге начини од дрвета ситима, и окуј их златом да се о њима носи сто.
၂၈စားပွဲထမ်းစရာ အကာရှသားထမ်းဘိုးကို လုပ်၍ ရွှေနှင့်မွမ်းမံရမည်။
29 И начини му зделе и чаше и ведра и котлиће, којима ће се преливати, а начинићеш их од чистог злата.
၂၉စားပွဲနှင့်ဆိုင်သော လင်ပန်း၊ ဇွန်း၊ အင်တုံ၊ လောင်းစရာဖလားများကိုလည်း ရွှေစင်နှင့် လုပ်ရမည်။
30 И метаћеш на сто хлебове, да су постављени свагда преда мном.
၃၀ငါ့ရှေ့၊ စားပွဲပေါ်မှာ ရှေ့တော်မုန့်ကို အစဉ်တင်ရမည်။
31 И начини свећњак од чистог злата, једноставан нека буде свећњак; ступ и гране и чашице, јабуке, и цветови нека буду у њега.
၃၁မီးခုံကိုလည်း ရွှေစင်နှင့်လုပ်၍၊ မီးခုံတိုင်အစရှိသော အလက်များ၊ ခွက်များ၊ ဘူးသီးများ၊ ကြာပွင့်များတို့ကို တစပ်တည်းထုရမည်။
32 А шест грана нека му излази са страна, три гране с једне стране свећњака а три гране с друге стране свећњака.
၃၂မီးခုံတိုင်တဘက်တချက်သုံးလက်စီထွက်၍၊ အလက်ခြောက်လက်ရှိရမည်။
33 Три чашице као бадем нека буду на једној грани и јабука и цвет, и три чашице као бадем и јабука и цвет на другој грани; тако нека буде на шест грана што излазе из свећњака.
၃၃မီးခုံတိုင်ထဲက ထွက်သော အလက်သုံးလက်တွင်၊ တလက် တလက်၌ ဘူးကြာပွင့်နှင့်တကွ၊ ဗာတံသီးနှင့် ပုံတူသော ခွက်သုံးခွက် ရှိရမည်။
34 И на самом свећњаку нека буду четири чашице као бадем и јабуке и цветови.
၃၄မီးခုံတိုင်၌လည်း ဘူးကြာပွင့်နှင့်တကွ၊ ဗာတံသီးနှင့်ပုံတူသော ခွက်လေးခွက် ရှိရမည်။
35 Једна јабука под две гране што излазе из њега, и једна јабука под друге две гране што излазе из њега, и једна јабука под друге две гране што излазе из њега; тако ће бити под шест грана што ће излазити из свећњака;
၃၅မီးခုံတိုင်ထဲကထွက်သော အလက်ခြောက်လက်ရှိသည်အတိုင်း၊ အလက်နှစ်ဘက်အောက်၌လည်း ဘူးသီးတလုံးစီ ရှိရမည်။
36 Јабуке и гране њихове из њега нека излазе; све једноставно од чистог злата.
၃၆ဘူးများ၊ အလက်များတို့ကို တကိုယ်တစပ်တည်းဖြစ်စေ၍၊ မီးခုံတကိုယ်လုံးကို ရွှေစင်နှင့် ထုလုပ်ရမည်။
37 И начинићеш му седам жижака, и палићеш их да светле са сваке стране;
၃၇မီးခွက်ခုနစ်လုံးကိုလည်း လုပ်ရမည်။ စားပွဲကို လင်းစေခြင်းငှာ ထိုမီးခွက်ကို ထွန်းရမည်။
38 И усекачи и спремице за гар нека буду од чистог злата.
၃၈မီးညှပ်နှင့် မီးညှပ်ခံစရာခွက်တို့သည်လည်း ရွှေစင်ဖြစ်ရမည်။
39 Од таланта чистог злата нека буде начињен са свим тим справама.
၃၉မီးခုံနှင့် မီးခုံတန်ဆာရှိသမျှတို့ကို၊ ရွှေစင်အခွက်တဆယ်နှင့် လုပ်ရမည်။
40 И гледај, те начини све ово по слици која ти је показана на гори.
၄၀တောင်ပေါ်မှာ သင့်အား ပြခဲ့ပြီးသောပုံနှင့် ညီလျော်စွာ လုပ်ခြင်းငှာ သတိပြုရမည်။