< 2 Мојсијева 12 >
1 И рече Господ Мојсију и Арону у земљи мисирској говорећи:
၁ထာဝရဘုရားက အီဂျစ်ပြည်တွင်မောရှေ နှင့်အာရုန်တို့အား၊-
2 Овај месец да вам је почетак месецима, да вам је први месец у години.
၂``ဤလသည်သင်တို့၏နှစ်ပထမလဖြစ် စေရမည်။-
3 Кажите свему збору Израиљевом и реците: Десетог дана овог месеца сваки нека узме јагње или јаре, по породицама, по једно на дом;
၃ဣသရေလအမျိုးသားအပေါင်းတို့အား ဤသို့ညွှန်ကြားလော့။ ဤလဆယ်ရက်နေ့တွင် မိသားစုတစ်စုလျှင် သိုးကလေးသို့မဟုတ် ဆိတ်ကလေးတစ်ကောင်ကျစီရွေးယူရမည်။-
4 Ако ли је дом мали за јагње или јаре, нека узме к себи суседа, који му је најближи, с онолико душа колико треба да могу појести јагње или јаре.
၄အကယ်၍မိမိ၏မိသားစုသည်သိုးကလေး တစ်ကောင် သို့မဟုတ်ဆိတ်ကလေးတစ်ကောင် လုံးကိုစား၍မကုန်နိုင်လျှင် အိမ်နီးချင်း မိသားစုနှင့်ပေါင်းစပ်၍လူတစ်ယောက်စား နိုင်သမျှ စားမည့်သူဦးရေကိုတွက်ချက် ကာတိရစ္ဆာန်တစ်ကောင်ကိုစားသုံးရမည်။-
5 А јагње или јаре да вам буде здраво, мушко, од године; између оваца или између коза узмите.
၅သင်တို့သည်သိုးသို့မဟုတ်ဆိတ်ကိုရွေးယူ နိုင်သည်၊ သို့သော်ထိုတိရစ္ဆာန်သည်အပြစ်အနာ ကင်းသောတစ်နှစ်သားအထီးဖြစ်ရမည်။-
6 И чувајте га до четрнаестог дана овог месеца, а тада савколики збор Израиљев нека га закоље увече.
၆ဣသရေလအမျိုးသားတို့သည်ထိုသားကောင် များကိုထိန်းကျောင်းထားပြီးလျှင် ပထမလ တစ်ဆယ်လေးရက်နေ့ညဦးပိုင်း၌ယင်းသား ကောင်တို့ကိုသတ်ရမည်။-
7 И нека узму крви од њега и покропе оба довратка и горњи праг на кућама у којима ће га јести.
၇ထိုနောက်အသားကိုစားသုံးသူများနေထိုင် ရာအိမ်၏တံခါးထုပ်နှင့်တံခါးတိုင်နှစ်တိုင် တို့တွင် ထိုသားကောင်၏သွေးကိုသုတ်လိမ်း ရမည်။-
8 И нека једу месо исте ноћи, на ватри печено, с хлебом пресним и са зељем горким нека једу.
၈ထိုညတွင်အသားကိုမီးကင်၍တဆေးမဲ့ မုန့်၊ ခါးသောအရွက်တို့နှင့်စားရကြမည်။-
9 Немојте јести сирово ни у води кувано, него на ватри печено, с главом и с ногама и с дробом.
၉အသားကိုအစိမ်းလိုက်ဖြစ်စေ၊ ပြုတ်၍ဖြစ် စေမစားရ။ တိရစ္ဆာန်၏ဦးခေါင်း၊ ခြေလက်၊ ဝမ်း တွင်းသားနှင့်တကွတစ်ကောင်လုံးကိုမီးကင် ရမည်။-
10 И ништа немојте оставити до јутра; ако ли би шта остало до јутра, спалите на ватри.
၁၀နံနက်တိုင်အောင်အသားအကြွင်းအကျန် မရှိစေရ။ အကြွင်းအကျန်ရှိခဲ့လျှင်မီး ရှို့ပစ်ရမည်။-
11 А овако једите: опасани, обућа да вам је на ногу и штап у руци, и једите хитно, јер је пролазак Господњи.
၁၁သင်တို့သည်ခါးကိုစည်း၍ဖိနပ်ကိုစီး လျက်လက်ထဲတွင်တောင်ဝှေးကိုကိုင်ပြီးလျှင် ထိုအသားကိုအလျင်အမြန်စားကြရမည်။ ထိုပွဲတော်သည်ထာဝရဘုရား၏ပသခါ ပွဲတော်ဖြစ်၏။
12 Јер ћу проћи по земљи мисирској ту ноћ, и побићу све првенце у земљи мисирској од човека до живинчета, и судићу свим боговима мисирским, ја Господ.
၁၂``ထိုနေ့ညတွင်ငါသည် အီဂျစ်ပြည်ကိုဖြတ် သန်းကြွသွား၍ လူနှင့်တိရစ္ဆာန်တို့၏သားဦး ရှိသမျှတို့ကိုသေဒဏ်ခတ်၍ အီဂျစ်ပြည် ရှိဘုရားအပေါင်းတို့ကိုဒဏ်စီရင်မည်။ ငါသည်ထာဝရဘုရားဖြစ်၏။-
13 А крв она биће вам знак на кућама, у којима ћете бити; и кад видим крв, проћи ћу вас, те неће бити међу вама помора, кад станем убијати по земљи мисирској.
၁၃သင်တို့နေထိုင်ရာအိမ်တံခါးတိုင်တို့တွင် သုတ်လိမ်းထားသောသွေးသည်အမှတ်အသား ဖြစ်လိမ့်မည်။ ငါသည်သွေးကိုမြင်ရသောအခါ သင်တို့အိမ်ကိုကျော်လွန်သွားမည်။ သို့ဖြစ်၍ ငါသည်အီဂျစ်ပြည်ကိုဒဏ်ခတ်သောအခါ သင်တို့သည်၎င်းဒဏ်မှလွတ်ကင်းကြလိမ့် မည်။-
14 И тај ће вам дан бити за спомен, и празноваћете га Господу од колена до колена; празнујте га законом вечним.
၁၄ငါထာဝရဘုရားပြုသည့်အမှုကိုသတိရ ရန် ဤနေ့ရက်ကိုပွဲတော်နေ့အဖြစ်ဆင်ယင် ကျင်းပရမည်။ သင်တို့သည်ထိုနေ့ကိုဘုရား ပွဲတော်နေ့အဖြစ်ထာဝစဉ်ကျင်းပရကြ မည်'' ဟုမိန့်တော်မူ၏။
15 Седам дана једите хлебове пресне, и првог дана уклоните квасац из кућа својих; јер ко би год јео шта с квасцем од првог дана до седмог, истребиће се она душа из Израиља.
၁၅ထာဝရဘုရားက``သင်တို့သည်ခုနစ်ရက် ပတ်လုံးတဆေးပါသောမုန့်ကိုမစားရ။ တဆေးမဲ့မုန့်ကိုသာစားရမည်။ ပထမ နေ့တွင်သင်တို့၏အိမ်များမှတဆေးကို ဖယ်ရှားရမည်။ ထိုခုနစ်ရက်အတွင်း၌တစ် စုံတစ်ယောက်သောသူသည် တဆေးပါသော မုန့်ကိုစားမိလျှင်ထိုသူသည်ငါ၏လူမျိုး တော်မှအပယ်ခံရမည်။-
16 Први дан биће свети сабор; тако и седми дан имаћете свети сабор; никакав посао да се не ради у те дане, осим шта треба за јело свакој души, то ћете само готовити.
၁၆ပထမနေ့နှင့်သတ္တမနေ့၌ဝတ်ပြုအစည်း အဝေးကိုကျင်းပရမည်။ ထိုနေ့ရက်များ တွင်စားစရာပြင်ဆင်ခြင်းအလုပ်မှတစ် ပါးအခြားအလုပ်မလုပ်ရ။-
17 И држите дан пресних хлебова, јер у тај дан изведох војске ваше из земље мисирске; држите тај дан од кољена до кољена законом вечним.
၁၇ငါသည်ထိုနေ့တွင်သင်တို့ဗိုလ်ခြေများကို အီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သည်ဖြစ်ခြင်း ကြောင့် ဤတဆေးမဲ့မုန့်ပွဲတော်ကိုထာဝ စဉ်ကျင်းပကြလော့။-
18 Првог месеца четрнаести дан увече почните јести пресне хлебове па до двадесет првог дана истог месеца увече.
၁၈သင်တို့သည်ပထမလတစ်ဆယ့်လေးရက် နေ့ညနေမှ နှစ်ဆယ့်တစ်ရက်နေ့ညနေ တိုင်အောင်တဆေးမဲ့မုန့်ကိုစားရမည်။-
19 За седам дана да се не нађе квасца у кућама вашим; јер ко би год јео шта с квасцем, истребиће се она душа из збора Израиљевог, био дошљак или рођен у земљи.
၁၉ခုနစ်ရက်ပတ်လုံးသင်တို့၏အိမ်များတွင် တဆေးမရှိစေရ။ ဣသရေလအမျိုးသား ဖြစ်စေ၊ အခြားအမျိုးသားဖြစ်စေ မည်သူ မဆိုတဆေးပါသောမုန့်ကိုစားမိလျှင် ထို သူသည်ငါ၏လူမျိုးတော်မှအပယ်ခံရမည်။-
20 Ништа с квасцем немојте јести, него једите хлеб пресан по свим становима својим.
၂၀တဆေးပါသည့်မုန့်ကိုလုံးဝမစားရ၊ သင် သည်မည်သည့်အရပ်တွင်နေထိုင်သည်မဆို တဆေးမဲ့မုန့်ကိုသာစားရမည်'' ဟုမိန့်တော် မူ၏။
21 И сазва Мојсије све старешине израиљске, и рече им: Изберите и узмите себи јагње или јаре по породицама својим, и закољите пасху.
၂၁မောရှေသည်ဣသရေလအမျိုးသားခေါင်း ဆောင်အပေါင်းတို့ကိုခေါ်၍``သင်တို့၏မိသားစု အသီးသီးသည် ပသခါပွဲတော်ကိုဆင်ယင် ကျင်းပနိုင်ရန် တိရစ္ဆာန်များထဲမှရွေးယူ၍ ပသခါပွဲအတွက်သတ်ကြလော့။-
22 И узмите киту исопа и замочите је у крв, која ће бити у здели, и покропите горњи праг и оба довратка крвљу, која ће бити у здели, и ниједан од вас да не излази на врата кућна до јутра.
၂၂ထိုနောက်ဟုဿုပ်ညွန့်တစ်စည်းကိုယူ၍အင်တုံ ထဲရှိသိုး၏သွေး၌နှစ်ပြီးလျှင် တံခါးထုပ်နှင့် တံခါးတိုင်နှစ်တိုင်တို့ကိုသုတ်ရမည်။ နံနက် ချိန်သို့ရောက်သည့်တိုင်အောင်မည်သူမျှမိမိ အိမ်အပြင်သို့မထွက်ရ။-
23 Јер ће изаћи Господ да бије Мисир, па кад види крв на горњем прагу и на оба довратка, проћи ће Господ мимо она врата, и неће дати крвнику да уђе у куће ваше да убија.
၂၃ထာဝရဘုရားသည်အီဂျစ်အမျိုးသား တို့ကိုသေဒဏ်စီရင်ရန် အီဂျစ်ပြည်ကို ဖြတ်သန်းကြွသွားသည့်အခါတံခါးထုပ်၊ တံခါးတိုင်တို့တွင်သွေးကိုမြင်ရလျှင် သင် တို့အသက်ချမ်းသာရစေရန် သေမင်းတမန် အား သင်တို့၏အိမ်များကိုကျော်သွားစေ တော်မူမည်။ သင်တို့၏အိမ်များထဲသို့ဝင်၍ သင်တို့အားသတ်ခွင့်ပေးမည်မဟုတ်။-
24 И држите ово као закон теби и синовима твојим довека.
၂၄သင်တို့နှင့်သင်တို့၏သားသမီးများသည် ဤပညတ်ချက်များကိုအစဉ်လိုက်နာ ကျင့်သုံးရကြမည်။-
25 И кад дођете у земљу коју ће вам дати Господ, као што је казао, држите ову службу.
၂၅ထာဝရဘုရားကတိထားတော်မူသော ပြည်သို့ သင်တို့ဝင်ရောက်ကြသောအခါ ဤဝတ်ကိုပြုရမည်။-
26 И кад вам кажу синови ваши: Каква вам је то служба?
၂၆သင်တို့၏သားသမီးများက`ဤသို့ဝတ်ပြု ခြင်းမှာမည်သို့ဆိုလိုပါသနည်း' ဟုမေး လျှင်၊-
27 Реците: Ово је жртва за пролазак Господњи, кад прође куће синова Израиљевих у Мисиру убијајући Мисирце, а домове наше сачува. Тада народ сави главу и поклони се.
၂၇သင်တို့က`ထာဝရဘုရားသည်အီဂျစ် ပြည်သားတို့အားသုတ်သင်ဖျက်ဆီးသော အခါ အီဂျစ်ပြည်မှဣသရေလအမျိုး သားတို့၏အိမ်များကိုကျော်၍ ငါတို့အား အသက်ချမ်းသာစေခဲ့သဖြင့် ထာဝရ ဘုရားအားပသခါယဇ်ကိုပူဇော်ခြင်း ဖြစ်သည်' ဟုဖြေကြားရမည်'' ဟုညွှန် ကြားလေ၏။ ထိုအခါဣသရေလအမျိုးသားတို့သည် ဦးညွှတ်၍ထာဝရဘုရားအားရှိခိုး ကြ၏။-
28 И отидоше и учинише синови Израиљеви, како заповеди Господ преко Мојсија и Арона, тако учинише.
၂၈ထိုနောက်မောရှေနှင့်အာရုန်တို့ညွှန်ကြား သည့်အတိုင်း သူတို့သည်လိုက်နာဆောင်ရွက် ကြ၏။
29 А око поноћи поби Господ све првенце у земљи мисирској од првенца Фараоновог који хтеде седети на престолу његовом до првенца сужња у тамници, и шта год беше првенац од стоке.
၂၉သန်းခေါင်အချိန်တွင်ထာဝရဘုရားသည် အီဂျစ်ဘုရင်၏နန်းလျာသားဦးမှစ၍ ထောင်တွင်းရှိ အကျဉ်းသမားသားဦးတိုင် အောင်အီဂျစ်ပြည်ရှိသားဦးမှန်သမျှကို လည်းကောင်း၊ တိရစ္ဆာန်တို့၏သားဦးဟူသမျှ ကိုလည်းကောင်းသေဒဏ်စီရင်တော်မူ၏။-
30 Тада уста Фараон оне ноћи, он и све слуге његове и сви Мисирци, и би вика велика у Мисиру, јер не беше куће у којој не би мртваца.
၃၀ထိုညတွင်အီဂျစ်ဘုရင်နှင့်မှူးမတ်ပြည်သူ အပေါင်းတို့သည် ထ၍အော်ဟစ်ငိုကြွေးမြည် တမ်းကြလေ၏။ အဘယ်ကြောင့်ဆိုသော်အီဂျစ် တစ်နိုင်ငံလုံးတွင် သားမသေသောအိမ်တစ် အိမ်မျှမရှိသောကြောင့်ဖြစ်သတည်း။-
31 И дозва Мојсија и Арона по ноћи и рече: Устајте, идите из народа мог и ви и синови Израиљеви, и отидите, послужите Господу, као што говористе.
၃၁ထိုညချင်းတွင်ဘုရင်သည်မောရှေနှင့်အာရုန် တို့ကိုခေါ်၍``သင်တို့နှင့်ဣသရေလအမျိုး သားတို့သည် ငါ၏ပြည်မှထွက်သွားကြ လော့။ သင်တို့တောင်းဆိုသည့်အတိုင်းသွား၍ ထာဝရဘုရားအားဝတ်ပြုကိုးကွယ်ကြ လော့။-
32 Узмите и овце своје и говеда своја, као што говористе, и идите, па и мене благословите.
၃၂သင်တို့၏ သိုး၊ ဆိတ်၊ နွားတို့ကိုလည်းယူဆောင် သွားကြလော့။ ငါသည်ကောင်းချီးခံစားရစေ ရန်ဘုရားသခင်ထံဆုတောင်းပေးပါလော့'' ဟုဆိုလေ၏။-
33 И Мисирци наваљиваху на народ да брже иду из земље, јер говораху: Изгибосмо сви.
၃၃အီဂျစ်အမျိုးသားတို့က``သင်တို့သည်ဤ ပြည်မှမထွက်လျှင် ငါတို့အားလုံးသေရ ပါလိမ့်မည်'' ဟုဆိုလျက်ဣသရေလအမျိုး သားတို့ကိုအီဂျစ်ပြည်မှ အလျင်အမြန် ထွက်သွားရန်တိုက်တွန်းကြလေသည်။-
34 И народ узе тесто своје још неускисло, умотавши га у хаљине своје, на рамена своја.
၃၄သို့ဖြစ်၍သူတို့သည်တဆေးမရောသေး သောမုန့်စိမ်းကိုမုန့်နယ်ခွက်များတွင်ထည့်၍ အဝတ်နှင့်ထုတ်ပြီးလျှင်ပခုံးပေါ်၌ထမ်း ယူကြ၏။-
35 И учинише синови Израиљеви по заповести Мојсијевој, и заискаше у Мисираца накита сребрних и накита златних и хаљина.
၃၅မောရှေမှာကြားထားသည့်အတိုင်းဣသ ရေလအမျိုးသားတို့သည် အီဂျစ်ပြည် သားတို့ထံမှရွှေထည်၊ ငွေထည်၊ အဝတ် အထည်များကိုတောင်းယူကြ၏။-
36 И Господ учини, те народ нађе љубав у Мисираца, те им дадоше; тако опленише Мисирце.
၃၆အီဂျစ်အမျိုးသားတို့သည်ဣသရေလ အမျိုးသားတို့အားရိုသေလေးစားစေရန် ထာဝရဘုရားပြုတော်မူသဖြင့်သူတို့ တောင်းသမျှကိုပေးကြ၏။ ဤနည်းအား ဖြင့်သူတို့သည် အီဂျစ်အမျိုးသားတို့၏ ပစ္စည်းဥစ္စာများကိုယူဆောင်သွားကြ၏။
37 И отидоше синови Израиљеви из Рамесе у Сохот, око шест стотина хиљада пешака, самих људи осим деце.
၃၇ဣသရေလအမျိုးသားတို့သည်ရာမသက် မြို့မှ သုကုတ်မြို့သို့ခြေလျင်ခရီးဖြင့်ထွက်ခွာ လာခဲ့ကြ၏။ အရေအတွက်အားဖြင့်အမျိုး သမီးနှင့်ကလေးများမပါဘဲ စုစုပေါင်း လူခြောက်သိန်းမျှရှိလေသည်။-
38 И других људи много отиде с њима, и стоке ситне и крупне врло много.
၃၈သူတို့နှင့်အတူဣသရေလအမျိုးသား မဟုတ်သောသူမြောက်မြားစွာတို့နှင့် သိုး၊ ဆိတ်၊ နွားများစွာတို့လည်းလိုက်ပါသွားကြလေ သည်။-
39 И од теста које изнесоше из Мисира испекоше погаче пресне, јер не беше ускисло кад их потераше Мисирци, те не могаше оклевати, нити спремише себи брашњенице.
၃၉သူတို့သည်အီဂျစ်ပြည်မှယူဆောင်ခဲ့သော တဆေးမရောသည့်မုန့်စိမ်းဖြင့်မုန့်ဖုတ်ကြ ၏။ အီဂျစ်ပြည်မှသူတို့အားရုတ်တရက် နှင်ထုတ်လိုက်ကြသည်ဖြစ်ခြင်းကြောင့် မုန့် စိမ်း၌တဆေးရောရန်အချိန်မရခဲ့ ကြချေ။
40 А бавише се синови Израиљеви у Мисиру четири стотине и тридесет година.
၄၀ဣသရေလအမျိုးသားတို့သည်အီဂျစ် ပြည်တွင် နှစ်ပေါင်းလေးရာသုံးဆယ်နေထိုင် ခဲ့ကြ၏။-
41 И кад се наврши четири стотине и тридесет година, у исти дан изађоше све војске Господње из земље мисирске.
၄၁နှစ်ပေါင်းလေးရာသုံးဆယ်စေ့သောနေ့၌ ပင်ထာဝရဘုရား၏လူမျိုးတော်သည် အီဂျစ်ပြည်မှထွက်ခွာလာခဲ့ကြ၏။-
42 Та се ноћ светкује Господу, у коју их изведе из Мисира; то је ноћ Господња, коју треба да светкују синови Израиљеви од кољена на кољено.
၄၂ထိုနေ့ညသည်ထာဝရဘုရားကသူတို့ ကိုအီဂျစ်ပြည်မှထုတ်ဆောင်ရန်စောင့်ကြပ် ကြည့်ရှုသောညဖြစ်၏။ သို့ဖြစ်၍ဣသရေလ အမျိုးအစဉ်အဆက်တို့သည် ထိုညကို ထာဝရဘုရားထုတ်ဆောင်တော်မူရာည အထိမ်းအမှတ်ပွဲတော်အဖြစ်နှစ်စဉ် ကျင်းပကြလေသည်။
43 И рече Господ Мојсију и Арону: Ово нека буде закон за пасху: ниједан туђин да је не једе;
၄၃ထာဝရဘုရားကမောရှေနှင့်အာရုန်တို့ အား``ပသခါပွဲတော်နှင့်ဆိုင်သောစည်းကမ်း ဥပဒေသများသည်ကားဤသို့တည်း။ မည် သည့်လူမျိုးခြားကိုမျှထိုပွဲတွင်ပါဝင် စားသောက်ခွင့်မပြုရ။-
44 А сваки слуга ваш купљен за новце, кад га обрежете, онда нека је једе.
၄၄သို့သော်အရေဖျားလှီးခြင်းမင်္ဂလာကို ခံ ပြီးသောငွေဝယ်ကျွန်သည်စားနိုင်၏။-
45 Дошљак или најамник да је не једе.
၄၅ဧည့်သည်သို့မဟုတ်အခစားအလုပ် သမားများမစားရ။-
46 У истој кући да се једе, да не изнесете меса од ње из куће, и кости да јој не преломите.
၄၆ပသခါစားပွဲကိုပြင်ဆင်သောအိမ်ထဲ၌သာ စားရမည်။ အိမ်ပြင်သို့ယူမသွားရ။ သား ကောင်၏အရိုးများကိုလည်းမချိုးရ။-
47 Сав збор Израиљев нека чини тако.
၄၇ဣသရေလအမျိုးတစ်မျိုးလုံးသည်ထိုပွဲ တော်ကိုကျင်းပရမည်။-
48 Ако би код тебе седео туђин и хтео би светковати пасху Господњу, нека му се обрежу све мушкиње, па онда нека приступи да је светкује, и нека буде као рођен у земљи; а нико необрезан да је не једе.
၄၈လူမျိုးခြားတစ်ဦးဦးသည်သင်နှင့်အတူ နေထိုင်၍ ထာဝရဘုရား၏ပသခါပွဲတော် တွင်ပါဝင်လိုလျှင် သူနှင့်သူ၏အိမ်သားတို့ ကိုဦးစွာအရေဖျားလှီးမင်္ဂလာခံစေပြီး မှ ထိုသူအားဣသရေလအမျိုးသား ကဲ့သို့သတ်မှတ်ကာထိုပွဲတော်၌ပါဝင် စေနိုင်၏။ အရေဖျားလှီးခြင်းမင်္ဂလာ မခံသူမှန်သမျှသည်ထိုပွဲသို့ဝင်၍ မစားရ။-
49 Закон један да је и рођеном у земљи и дошљаку који седи међу вама.
၄၉ဣသရေလအမျိုးသားများသော်လည်း ကောင်း၊ သင်တို့နှင့်အတူနေထိုင်သောလူ မျိုးခြားတို့သည်သော်လည်းကောင်း ဤစည်း ကမ်းဥပဒေသများကိုလိုက်နာရမည်'' ဟုမိန့်တော်မူ၏။-
50 И учинише сви синови Израиљеви како заповеди Господ Мојсију и Арону, тако учинише.
၅၀ထာဝရဘုရားကမောရှေနှင့်အာရုန်တို့ အားမိန့်ကြားသမျှအတိုင်း ဣသရေလ အမျိုးသားတို့လိုက်နာဆောင်ရွက်ကြ၏။-
51 И тај дан изведе Господ синове Израиљеве из земље мисирске у четама њиховим.
၅၁ထိုနေ့၌ပင်ထာဝရဘုရားသည် ဣသ ရေလအမျိုးသားအပေါင်းတို့ကိုအီဂျစ် ပြည်မှထုတ်ဆောင်တော်မူ၏။