< Књига проповедникова 2 >
1 Ја рекох у срцу свом: Дај да те окушам весељем; уживај добра. Али гле и то беше таштина.
၁တဖန်ငါသည် ကိုယ်စိတ်နှလုံးထဲမှာ ပြောသည် ကား၊ လာပါ။ ရွှင်လန်းခြင်းအားဖြင့် သင့်ကိုငါစုံစမ်းမည်။ သို့ဖြစ်၍၊ ကာမဂုဏ်၌ပျော်မွေ့လော့ဟု ဆိုရာတွင်၊ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။
2 Смеху рекох: Лудујеш; и весељу: Шта то радиш?
၂ရယ်မောခြင်းကို သင်သည် အရူးဖြစ်၏ဟူ၍ ၎င်း၊ ရွှင်လန်းခြင်းကိုအဘယ်ကြောင့် ဤသို့ပြုသနည်း ဟူ၍၎င်း ငါဆိုရ၏။
3 Размишљах у срцу свом да пуштам тело своје на пиће, и срцем својим управљајући мудро да се држим лудости докле не видим шта би добро било синовима људским да чине под небом док су живи.
၃တဖန်လူသားတို့သည် မိုဃ်းကောင်းကင် အောက်၌၊ တသက်လုံးပြုသင့်သောအမှုကောင်းကို သိအံ့ သောငှါ၊ ပညာတရားကို လေ့ကျက်လျက်နှင့်၊ စပျစ်ရည် အလိုသို့လိုက်၍၊ မိုက်သောအကျင့်စလေ့၌ ကျင်လည်ခြင်း ငှါ၊ ငါကြံစည်၏။
4 Велика дела учиних: сазидах себи куће, насадих себи винограде;
၄ကြီးကျယ်သောအလုပ်ကို စီရင်၍အိမ်တို့ကို ဆောက်၏။ စပျစ်ဥယျဉ်တို့ကိုလည်း စိုက်၏။
5 Начиних себи вртове и воћњаке, и насадих у њима свакојаких дрвета родних;
၅ဥယျာဉ်အမျိုးမျိုးကို ပြုစု၍၊ ခပ်သိမ်းသော အသီးမျိုးကို သီးသောအပင်တို့ကိုလည်း စိုက်၏။
6 Начиних себи језера водена да заливам из њих шуму где расту дрвета;
၆သစ်ပင်မျိုးနှင့် ပြည့်စုံသောတောကို ရေလောင်း စရာဘို့ ရေကန်တို့ကိုလည်း လုပ်၏။
7 Набавих себи слуга и слушкиња, и имах слуга рођених у кући мојој; и имах говеда и оваца више од свих који бише пре мене у Јерусалиму;
၇ကျွန်ယောက်ျား၊ ကျွန်မိန်းမတို့ကိုသိမ်းယူ၍၊ ကျွန်သားပေါက်များလည်းရှိကြ၏။ ငါ့အရင်၊ ယေရုရှလင် မြို့၌ဖြစ်ဘူးသော သူအပေါင်းတို့ထက်၊ ငါသည် တိရစ္ဆာန် အကြီးအငယ်တို့နှင့် အလွန်ရတတ်၏။
8 Такође накупих себи сребра и злата и заклада од царева и земаља; набавих себи певача и певачица и милина људских, и справа музичких свакојаких.
၈ရွှေငွေကို၎င်း၊ ရှင်ဘုရင်နှင့်ဆိုင်သောဘဏ္ဍာ၊ ကျေးရွာတို့၌ ခွဲသောအခွန်ကို၎င်း ငါဆည်းပူး၏။ အငြိမ့် သမားယောက်ျားမိန်းမတို့ကို၎င်း၊ လူသားတို့ ပျော်မွေ့ တတ်သော ကြင်လျှာမိန်းမမောင်းမမိဿံတို့ကို၎င်း ငါသိမ်းယူ၏။
9 И тако постах већи и силнији од свих који бише пре мене у Јерусалиму; и мудрост моја оста са мном.
၉ထိုသို့ငါ့အရင်၊ ယေရုရှလင်မြို့၌ ဖြစ်ဘူးသောသူ အပေါင်းတို့ထက်၊ ငါသည် တိုးပွါး၍ ကြီးမြင့်ခြင်းသို့ ရောက်၏။ ငါပညာလည်း တည်လျက်ရှိ၏။
10 И шта год жељаху очи моје, не брањах им нити ускраћивах срцу свом какво весеље, него се срце моје весељаше са сваког труда мог, и то ми беше део од сваког труда мог.
၁၀ငါ့မျက်စိတပ်မက် လိုချင်သောအရာ တစုံတခု ကိုမျှ ငါမငြင်း၊ ငါ့စိတ်ရွှင်လန်းစရာ တစုံတခုကိုမျှမပယ်။ ငါကြိုးစားသမျှတို့၌ ဝမ်းမြောက်လျက်ရှိ၍၊ ကြိုးစားခြင်း အကျိုးကိုခံရ၏။
11 А кад погледах на сва дела своја што урадише руке моје, и на труд којим се трудих да урадим, гле, све беше таштина и мука духу, и нема користи под сунцем.
၁၁ထိုအခါငါစီရင်ပြုပြင်သမျှ၊ ငါကြိုးစားအားထုတ် သမျှတို့ ကိုငါကြည့်ရှု၍၊ အလုံးစုံတို့သည် အနတ္တအမှု၊ လေကိုကျက်စားသော အကျိုးတစုံတခုမျှမရှိ။
12 Тада се обратих да видим мудрост и лудост и безумље, јер шта би чинио човек који би настао после цара? Шта је већ учињено.
၁၂တဖန်ငါလှည့်၍ ပညာတရားကို၎င်း၊ လျှပ်ပေါ် ခြင်းနှင့် မိုက်မဲခြင်းတရားတို့ကို၎င်း ဆင်ခြင်၏။ရှင်ဘုရင် နောက်မှာ ဖြစ်သောသူသည် အဘယ်သို့ ပြုနိုင်သနည်း။ ပြုဘူးသည်အတိုင်းသာ ပြုနိုင်၏။
13 И видех да је боља мудрост од лудости, као што је боља светлост од мрака.
၁၃သို့ရာတွင်၊ အလင်းသည် မှောင်မိုက်ထက်မြတ် သကဲ့သို့၊ ပညာသည် မိုက်မဲခြင်းထက်မြတ်သည်ကို ငါ သိမြင်၏။
14 Мудри има очи у глави, а безумни иде по мраку; али такође дознах да једнако бива свима.
၁၄ပညာရှိသောသူ၏ မျက်စိတို့သည် သူ၏ ဦးခေါင်း၌ရှိ၏။ မိုက်သောသူမူကား၊ မှောင်မိုက်၌ ကျင်လည်တတ်၏။ သို့သော်လည်း ထိုသူအပေါင်းတို့သည် တခုတည်းသော်အမှုနှင့် တွေ့ကြုံတတ်သည်ကို ငါရိပ်မိ ၏။
15 Зато рекох у срцу свом: Мени ће бити као безумнику што бива; шта ће ми дакле помоћи што сам мудар? И рекох у срцу свом: и то је таштина.
၁၅သို့ဖြစ်၍၊ မိုက်သောသူတွေ့ကြုံသကဲ့သို့၊ ငါသည် တွေ့ကြုံလျှင်၊ အဘယ်ကြောင့်သူ့ထက်သာ၍ ပညာ ရှိသနည်းဟူ၍၎င်း၊ ဤအမှုအရာသည်လည်း အနတ္တ ဖြစ်သည်ဟူ၎င်း ငါအောက်မေ့၏။
16 Јер се неће спомињати мудрац као ни безумник до века; јер што сада јесте, све се заборавља после, и мудрац умире као и безумник.
၁၆ယခုဖြစ်သမျှသော အမှုအရာတို့ကို နောင် ကာလ၌ မေ့လျော့လိမ့်မည်ဖြစ်၍၊ မိုက်သောသူသည် အစဉ်မအောက်မေ့သကဲ့သို့၊ ပညာရှိသောသူကိုလည်း အစဉ်မအောက်မေ့တတ်။ ပညာရှိသောသူသည် မိုက် သော သူသေသကဲ့သို့ သေတတ်ပါသည်တကား။
17 Зато ми омрзе живот, јер ми није мило шта бива под сунцем, јер је све таштина и мука духу.
၁၇ထိုကြောင့်၊ အသက်ရှင်ခြင်းကို ငါငြီးငွေ့၏။ နေအောက်မှာ ပြုသောအမှုသည် ငါ၌ခက်ခဲ၏။ အလုံးစုံ တို့သည် အနတ္တအမှု၊ လေကိုကျက်စားသောအမှု ဖြစ်ကြ ၏။
18 И омрзе ми сав труд мој око ког се трудих под сунцем, јер ћу га оставити човеку који ће настати након мене.
၁၈ထိုမှတပါး၊ ငါသည်နေအောက်မှာ ကြိုးစား အားထုတ်သော အမှုအလုံးစုံတို့ကို ငါငြီးငွေ့ရသော အကြောင်းဟူမူကား၊ ထိုအမှုကို ငါ့နောက်မှဖြစ်လတံ့ သောသူအဘို့ ငါချန်ထားရမည်။
19 И ко зна хоће ли бити мудар или луд? И опет ће бити господар од свега труда мог око ког се трудих и мудровах под сунцем. И то је таштина.
၁၉ထိုသူသည် ပညာရှိမည်လော၊ မိုက်မည်လောဟု အဘယ်သူ ပြောနိုင်သနည်း။ ထိုသူသည် ငါကြိုးစား အားထုတ်သမျှ၊ နေအောက်မှာငါ့ပညာကို ထင်ရှားပြလေ သမျှသော အမှုတို့ကို အစိုးရလိမ့်မည်၊ ထိုအမှုအရာသည် လည်း အနတ္တဖြစ်၏။
20 Зато дођох на то да ми срце изгуби надање о сваком труду око ког се трудих под сунцем.
၂၀ထိုကြောင့်နေအောက်မှာ ငါကြိုးစားအားထုတ် သမျှတို့၌ မြော်လင့်စရာမရှိ။ စိတ်ပျက်အောင်တဖန် ငါကြံစည်၏။
21 Јер има људи који се труде мудро и разумно и право, па то остављају у део другом који се није трудио око тога. И то је таштина и велико зло.
၂၁အကြောင်းမူကား၊ ပညာရှိလျက် သိပ္ပံအတတ် နှင့် ပြည့်စုံလျက်၊ အမှုအောင်လျက် ကြိုးစားအားထုတ် သောသူဖြစ်သော်လည်း၊ မကြိုးစား၊ အားမထုတ်သောသူ ဝင်စရာဘို့ ထိုအမှုကိုစွန့်ထားရမည်။ ထိုအမှုအရာသည် လည်း အနတ္တအမှု၊ အလွန်ဆိုးသောအမှုဖြစ်၏။
22 Јер шта има човек од свега труда свог и од муке срца свог, коју подноси под сунцем?
၂၂လူသည်နေအောက်မှာ ကြိုးစားအားထုတ်သော အမှု အလွန်စိတ်စွဲလမ်းသောအမှု၊ အလုံစုံတို့၌ အဘယ် အကျိုးရှိသနည်း။
23 Јер су сви дани његови мука, а послови његови брига; ни ноћу се не одмара срце његово. И то је таштина.
၂၃သူ၏နေ့ရက်အပေါင်းတို့သည် ဝမ်းနည်းခြင်း၊ သူ၏အလုပ်အကိုင်လည်း ငြိုငြင်ခြင်းဖြစ်၏။ ညဉ့်အခါ၌ ပင် သူ၏စိတ်နှလုံး မငြိမ်ရ။ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။
24 Није ли, дакле, добро човеку да једе и пије и да гледа да му је души добро од труда његовог? Ја видех и то да је из руке Божије.
၂၄စားသောက်ခြင်းငှါ၎င်း၊ ကြိုးစားအားထုတ်ရာ၌ စိတ်နှလုံးပျော်မွေ့ခြင်းငှါ၎င်း၊ လူ၌ကောင်းသောအခွင့် မရှိ။ ဘုရားသခင်၏ကျေးဇူးတော်ကြောင့်သာ၊ ထိုသို့သော အခွင့်ကို ရနိုင်သည်ဟု ငါသိမြင်၏။
25 Јер ко је јео и уживао више него ја?
၂၅ဘုရားသခင်၏အခွင့်မရှိဘဲ အဘယ်သူစားရ သနည်း။ အဘယ်သူ ခံစားရသနည်း။
26 Јер човеку који Му је по вољи даје мудрост и разум и радост, а грешнику даје муку да сабира и скупља да да ономе који је по вољи Богу. И то је таштина и мука духу.
၂၆ရှေ့တော်၌ ကောင်းသောသူအား ဥာဏ်ပညာ၊ သိပ္ပံအတတ်နှင့် ဝမ်းမြောက်ခြင်းအခွင့်ကို ပေးတော်မူ၏။ အပြစ်ရှိသောသူအား ပင်ပန်းစွာ အလုပ်လုပ်ရသော အခွင့်ကို၎င်း၊ ဘုရားသခင်၏ရှေ့တော်၌ ကောင်းသော သူ အားပေးစရာဘို့၊ ဆည်ဖူးသိုထားရသောအခွင့်ကို၎င်း ပေးတော်မူ၏။ ထိုအမှုအရာသည်လည်း အနတ္တအမှု၊ လေကိုကျက်စားသော အမှုဖြစ်၏။