< 5 Мојсијева 2 >

1 Потом се вратисмо, и идосмо у пустињу к Црвеном Мору, као што ми заповеди Господ, и обилазисмо гору Сир дуго времена.
တဖန် ထာဝရဘုရားသည် ငါ့အား မိန့်တော်မူ သည်အတိုင်း၊ ငါတို့သည် လှည့်၍၊ ဧဒုံပင်လယ်လမ်းဖြင့် တောသို့ ခရီးသွားလျက်၊ စိရတောင်ကို ကြာမြင့်စွာ လှည့်လည်ကြ၏။
2 И рече ми Господ:
ထာဝရဘုရားကလည်း၊ သင်တို့သည် ကာလ အချိန်စေ့အောင် ဤတောင်ကို လှည့်လည်ကြပြီ။
3 Доста сте обилазили ту гору, обрните се на север.
တဖန် မြောက်မျက်နှာသို့ သွားကြဦးလော့။
4 И заповеди народу и реци: Сада ћете прећи преко међе браће своје, синова Исавових, који живе у Сиру; и они ће вас се бојати, али се и ви добро чувајте.
သင်သည် လူများတို့အား ဆင့်ဆိုရမည်မှာ၊ သင်တို့၏ညီအစ်ကို ဧသောအမျိုးသားတို့ နေသော စိရပြည်အနားမှာ သင်တို့ရှောက်သွားသောအခါ၊ သူတို့ သည် ကြောက်ကြလိမ့်မည်။ ထို့ကြောင့် သတိပြုကြ လော့။
5 Немојте заметати боја са њима, јер вам нећу дати земље њихове ни стопе, јер сам дао Исаву гору Сир у наследство.
သူတို့ကို အလျှင်းမပြုကြနှင့်။ သူတို့ပြည်ကို သင်တို့အား ငါမပေး။ ခြေနင်းရာခန့်ကိုမျှ မပေး။ စိရတောင်ကို ဧသောအားငါ အပိုင်ပေးပြီ။
6 Јела купујте од њих за новце, и једите; и воду купујте од њих за новце, и пијте.
သင်တို့သည် စားဘို့ရာအစာကို၎င်း၊ သောက်ဘို့ ရာရေကို၎င်း သူတို့ထံ ငွေနှင့်ဝယ်ရကြမည်။
7 Јер те је Господ Бог твој благословио у сваком послу руку твојих; и зна пут твој по овој великој пустињи, и ево четрдесет година беше с тобом Господ Бог твој, и ништа ти није недостајало.
သင်တို့ပြုလေရာရာ၌ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် ကောင်းကြီးပေးတော်မူပြီ။ ဤတော ကြီး၌ သင်တို့လှည့်လည်သော အကြောင်းအရာတို့ကို သိတော်မူ၏။ အနှစ်လေးဆယ်ပတ်လုံး သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် သင်တို့နှင့်အတူ ရှိတော်မူသည်ဖြစ်၍၊ သင်တို့၌ ဘာမျှမလိုဟု ဆင့်ဆို ရ၏။
8 И прођосмо браћу своју, синове Исавове, који живе у Сиру, пољем од Елата и од Гесион-Гавера; и оданде савивши ударисмо преко пустиње моавске.
စိရပြည်မှာနေသော ငါတို့ညီအစ်ကို ဧသော အမျိုးသားတို့အနား၌ ရှောက်လျက် ဧလပ်မြို့၊ ဧဇယုန် ဂါဗါမြို့မှသွားသော လွင်ပြင်လမ်းသို့ လိုက်ပြီးလျှင်၊ တဖန် လှည့်၍ မောဘတောလမ်းဖြင့် သွားကြ၏။
9 И Господ ми рече: Немој пакостити Моавцима ни заметати боја са њима, јер ти нећу дати земље њихове у наследство; јер дадох синовима Лотовим у наследство Ар.
ထာဝရဘုရားကလည်း၊ မောဘပြည်သားတို့ကို မနှောင့်ရှက်နှင့်။ စစ်မတိုက်နှင့်။ သူတို့ပြည်ကို သင့်အား ငါအပိုင်မပေး။ အာရပြည်ကို လောတအမျိုးသားတို့အား ငါအပိုင်ပေးပြီဟု ငါ့အား မိန့်တော်မူ၏။
10 (Пре живљаху онде Емеји, народ велик и јак и висок као Енакими;
၁၀ရှေးကာလ၌ အာနကအမျိုးသားကဲ့သို့ ကြီးမြင့် များပြားသောလူ၊ ဧမိမ်အမျိုးသားတို့သည် ထိုပြည်မှာ နေကြ၏။
11 О њима се мислило да су дивови као и Енакими; али их Моавци зваху Емеји.
၁၁ထိုသူတို့သည် အာနကအမျိုးသားကဲ့သို့ အလွန် ကြီးမားသော လူတို့အဝင်ဖြစ်သည်ကို လူများ ထင်မှတ် ကြ၏။ သို့ရာတွင် မောဘပြည်သားတို့သည် ထိုသူတို့ကို ဧမိမ်ဟူ၍ ခေါ်ကြ၏။
12 И Хореји живљаху пре у Сиру, али их синови Исавови истераше и истребише испред себе и населише се на њихово место, као што учини Израиљ у земљи свог наследства које му даде Господ.)
၁၂ရှေးကာလ၌ ဟောရိလူတို့သည်လည်း စိရပြည် မှာနေကြ၏။ ထိုသူတို့ကို ဧသောအမျိုးသားတို့သည် သုတ်သင်ပယ်ရှင်း၍ သူတို့နေရာ၌ နေကြ၏။ ထိုအတူ ထာဝရဘုရား အပိုင်ပေးတော်မူသော ပြည်ကို ဣသရေလအမျိုးသားတို့သည် ပြုရကြသတည်း။
13 А сада устаните и пређите преко потока Зареда. И пређосмо преко потока Зареда.
၁၃ယခုထ၍ ဇေရက်ချောင်းကို ကူးကြလော့ဟု မိန့်တော်မူသည်အတိုင်း၊ သင်တို့သည် ဇေရက်ချောင်းကို ကူးကြ၏။
14 А времена за које идосмо од Кадис-Варније па докле пређосмо преко потока Зареда, беше тридесет и осам година, докле не изумре у логору сав онај нараштај, људи за војску, као што им се беше заклео Господ.
၁၄ကာဒေရှဗာနာအရပ်သို့ အရင်ရောက်သော ကာလမှစ၍ ဇေရက်ချောင်းကို ကူးသောကာလ တိုင်အောင် နှစ်ပေါင်းသုံးဆယ်ရှစ်နှစ် လွန်သတည်း။ ထာဝရဘုရား ကျိန်ဆိုတော်မူသည်အတိုင်း။ အရင်စစ် သူရဲမျိုးအပေါင်းတို့သည် လူအလုံးအရင်းထဲက သေကြေ ကွယ်ပျောက်ရကြ၏။
15 Јер и рука Господња беше против њих потирући их из логора докле не помреше.
၁၅ထိုသူတို့ မကွယ်မပျောက်မှီတိုင်အောင်၊ ထာဝရ ဘုရားသည် သူတို့ကို အလုံးအရင်းထဲက ပယ်ရှားခြင်းငှါ လက်တော်ကို ဆန့်တော်မူ၏။
16 И кад сви ти људи за војску помреше у народу,
၁၆စစ်သူရဲအပေါင်းတို့သည် လူစုထဲက သေကြေ ကွယ်ပျောက်ပြီးမှ၊
17 Рече ми Господ говорећи:
၁၇ထာဝရဘုရားက၊ သင်သည် မောဘပြည်၊ အာရနယ်အလယ်၌ ယနေ့ ရှောက်သွားရမည်။
18 Ти ћеш данас прећи преко међе моавске код Ара;
၁၈အမ္မုန်အမျိုးသားတို့ အနီးသို့ရောက်သောအခါ သူတို့ကို မနှောင့်ရှက်နှင့်၊ အလျှင်းမပြုနှင့်။
19 И доћи ћеш близу синова Амонових; немој им пакостити ни заметати боја са њима, јер ти нећу дати земље амонске у наследство, јер је дадох синовима Лотовим у наследство.
၁၉အမ္မုန်အမျိုး သားနေသောပြည်ကို သင့်အား ငါအပိုင်မပေး၊ ထိုပြည်ကို လောတအမျိုးသားတို့အား ငါအပိုင်ပေးပြီဟု ငါ့အား မိန့်တော်မူ၏။
20 (И за њу се мислило да је земља дивовска; у њој пре живљаху дивови, које Амонци зваху Замзуми.
၂၀ထိုပြည်ကိုလည်း၊ အလွန်ကြီးမားသော သူတို့၏ နေရာဖြစ်သည်ဟု လူများထင်မှတ်ကြ၏။ ရှေးကာလ၌ ထိုသို့သောလူတို့သည် နေကြ၏။ သူတို့ကို အမ္မုန်ပြည်သား တို့သည် ဇံဇုမ္မိမ်ဟူ၍ ခေါ်ကြ၏။
21 Беху народ велик и јак и висок као Енакими; али их истреби Господ испред њих, те они преузеше земљу њихову и населише се на њихово место;
၂၁ထိုလူမျိုးသည် အာနကအမျိုးသားကဲ့သို့ ကြီးမြင့် များပြားသော လူဖြစ်ကြ၏။
22 Као што учини синовима Исавовим, који живљаху у Сиру, јер истреби Хореје испред њих, и преузеше земљу њихову и осташе на њиховом месту до данас.
၂၂သို့သော်လည်း စိရပြည်၌ နေသော ဧသောအမျိုးသားရှေ့မှာ ဟောရိလူတို့ကို ထာဝရဘုရား ဖျက်ဆီးတော်မူသဖြင့်၊ သူတို့နေရာ၌ ဧသောအမျိုးသားတို့သည် ယနေ့တိုင်အောင် နေကြ သကဲ့သို့၊ အမ္မုန်အမျိုးသားတို့သည် နေကြ၏။
23 И Авеје, који живљаху у Асироту па до Газе, истребише Кафтореји, који изађоше од Кафтора, и населише се на њихово место.)
၂၃ထိုအတူ၊ ဟာဇရိမ်မြို့မှစ၍ အဇ္ဇာမြို့တိုင် အောင် နေဘူးသော အာဝိမ်လူတို့ကို၊ ကတ္တောရမြို့မှ ထွက်သော ကတ္တောရိမ်လူတို့သည် ဖျက်ဆီး၍ သူတို့ နေရာ၌ နေကြ၏။
24 Устаните, идите и пређите преко потока Арнона; гле, дао сам ти у руке Сиона Аморејина, цара есевонског и земљу његову; почни узимати наследство и завојшти на њ.
၂၄သင်တို့သည် ထ၍ ခရီးသွားသဖြင့် အာနုန်မြစ် ကို ကူးကြလော့။ အာမောရိအမျိုး၊ ဟေရှဘုန်ရှင်ဘုရင် ရှိဟုန်နှင့် သူ၏မြေကို သင်တို့လက်၌ ငါအပ်သော ကြောင့်၊ ထိုမြေကို သိမ်းစပြု၍ ထိုမင်းကို စစ်တိုက် ကြလော့။
25 Данас почињем задавати страх и трепет од тебе народима под целим небом; који год чују за те, дрхтаће и препадаће се од тебе.
၂၅မိုဃ်းကောင်းကင်အောက်၌ ရှိသမျှသောလူမျိုး တို့သည် ယနေ့ သင်တို့ကို ကြောက်ရွံ့ထိတ်လန့်စရှိ မည်အကြောင်း ငါပြုမည်။ သင်တို့၏သိတင်းကို ကြား၍ တုန်လှုပ်ခြင်း၊ စိုးရိမ်ကြောင့်ကြခြင်းသို့ ရောက်ကြလိမ့် မည်ဟု မိန့်တော်မူ၏။
26 И послах посленике из пустиње Кедамота к Сиону, цару есевонском с мирним речима говорећи:
၂၆ငါသည်လည်း၊ ကေဒမုတ်တောမှ ဟေရှဘုန် ရှင်ဘုရင်ရှိဟုန်မင်းထံသို့ သံတမန်တို့ကို စေလွှတ်လျက်၊
27 Да пређем преко твоје земље; управо ћу путем ићи, нећу свртати ни надесно ни налево.
၂၇မင်းကြီး၏ ပြည်အလယ်၌ ကျွန်ုပ်ရှောက်သွားပါရစေ။ မင်းလမ်းသို့သာ လိုက်ပါမည်။ လက်ျာဘက်လက်ဝဲ ဘက်သို့မလွှဲပါ။
28 Храну да ми дајеш за новце да једем, и воду за новце да ми дајеш да пијем, само да прођем пешице,
၂၈စိရပြည်၌နေသော ဧသောအမျိုးသား၊ အာရ ပြည်၌နေသော မောဘအမျိုးသားတို့သည် ကျွန်ုပ်၌ ပြုသကဲ့သို့ ကျွန်ုပ်စားဘို့ရာ အစာကို၎င်း၊ သောက်ဘို့ ရာ ရေကို၎င်း၊ မင်းကြီးသည် ငွေနှင့်ရောင်းပါလော့။
29 Као што ми учинише синови Исавови који живе у Сиру, и Моавци, који живе у Ару, докле не пређем преко Јордана у земљу коју нам даје Господ Бог наш.
၂၉ကျွန်ုပ်တို့ဘုရားသခင် ထာဝရဘုရား ပေးတော်မူသော ပြည်သို့ ကျွန်ုပ်သည် ယော်ဒန်မြစ်ကို ကူး၍ မရောက်မှီ တိုင်အောင် မင်းကြီး ပြည်အလယ်၌ ခြေဖြင့်သွားရုံမျှသာ ပြုပါမည်ဟု မိဿဟာယစကားနှင့် ပြောဆိုသော်လည်း၊
30 Али не хте Сион, цар есевонски пустити да прођемо кроз његову земљу, јер Господ Бог твој учини те отврдну дух његов и срце његово поста упорно, да би га предао у твоје руке, као што се види данас.
၃၀ကျွန်ုပ်တို့ ရှောက်သွားရသော အခွင့်ကို ဟေရှဘုန်ရှင်ဘုရင် ရှိဟုန်မင်းသည် မပေး။ အကြောင်း မူကား၊ ယနေ့ ထင်ရှားသည်အတိုင်း၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် ထိုမင်းကို သင်တို့ လက်၌ အပ်ခြင်းငှါ၊ ခက်ထန်သော စိတ်သဘော၊ ခိုင်မာသောနှလုံးကို သူ၌ ပေးသွင်းတော်မူ၏။
31 И рече ми Господ: Гледај, почех предавати теби Сиона и земљу његову; почни узимати земљу његову да је наследиш.
၃၁ထာဝရဘုရားကလည်း၊ ရှိဟုန်မင်းနှင့် သူ၏ မြေကို သင့်အား ငါပေးစပြု၏။ ထိုမြေကို အမွေခံအံ့ သောငှါ၊ သိမ်းစပြုလော့ဟု ငါ့အား မိန့်တော်မူ၏။
32 И изиђе пред нас Сион и сав народ његов на бој у Јасу.
၃၂ထိုအခါ ရှိဟုန်မင်းသည် သူ၏လူအပေါင်းတို့ နှင့်တကွ ယာဟတ်မြို့မှာ ငါတို့ကိုတိုက်ခြင်းငှါ ထွက်လာ၏။-
33 И даде нам га Господ Бог наш, и убисмо га са синовима његовим и свим народом његовим.
၃၃ငါတို့ဘုရားသခင်ထာဝရဘုရားသည်ထိုမင်းကို ငါတို့၌ အပ်တော်မူသဖြင့် သူမှစ၍ သားများ၊ လူများအပေါင်းတို့ကို ငါတို့သည် လုပ်ကြံကြ၏။
34 И узесмо тада све градове његове, и побисмо људе по свим тим градовима, и жене и децу, не остависмо живог ниједног.
၃၄ထိုအခါ သူ၏မြို့ရှိသမျှတို့ကို တိုက်ယူ၍၊ ယောက်ျားမိန်းမ သူငယ်တို့ကို တယောက်မျှ မကြွင်း စေခြင်းငှါ ရှင်းရှင်းဖျက်ဆီးကြ၏။
35 Само стоку запленисмо за се и плен што беше по градовима које узесмо.
၃၅တိရစ္ဆာန်များ၊ မြို့ရွာ၌လက်ရဥစ္စာများကိုသာ ကိုယ်ဘို့ သိမ်းယူကြ၏။
36 Од Ароира који је на потоку Арнону, и од града који је у долини, па до Галада не беше града који би нам одолео: све то даде нам Господ Бог наш.
၃၆အာနုန်မြစ်နား၌ရှိသော အာရော်မြို့မှစ၍ ဂိလဒ်မြို့တိုင်အောင်၊ မြစ်နား၌ ရှိသမျှသော မြို့တို့တွင် ငါတို့မအောင်နိုင်သော မြို့တမြို့မျှမရှိ။ ငါတို့ဘုရား သခင် ထာဝရဘုရားသည် အလုံးစုံတို့ကို ငါတို့၌ အပ်တော်မူ၏။
37 Само к земљи синова Амонових ниси приступио нити ка коме крају на потоку Јавоку, ни ка градовима у гори нити коме месту што је забранио Господ Бог наш.
၃၇သို့ရာတွင် အမ္မုန်အမျိုးသားနေသောမြေ၊ ယဗ္ဗုတ်မြစ်နှင့်ဆိုင်သော မြေ၊ တောင်ရိုးမြို့ အစရှိသော၊ ငါတို့ဘုရားသခင် ထာဝရဘုရား မြစ်တားတော်မူသော အရာတစုံတခုကိုမျှ မချဉ်းရကြ။

< 5 Мојсијева 2 >