< Књига пророка Данила 5 >
1 Цар Валтасар учини велику гозбу хиљади кнезова својих, и пијаше вино пред хиљадом њих.
၁တစ်ညသ၌ဗေလရှာဇာမင်းသည်ညစာ စားပွဲကြီးသို့မှူးမတ်တစ်ထောင်ကိုဖိတ် ကြားပြီးလျှင် သူတို့နှင့်အတူစပျစ်ရည် သောက်တော်မူသည်။-
2 Напив се вина Валтасар заповеди да се донесу судови златни и сребрни, које беше однео Навуходоносор отац му из цркве јерусалимске, да из њих пију цар и кнезови му и жене његове и иноче његове.
၂ယင်းသို့သောက်လျက်နေစဉ်ယေရုရှလင် မြို့ဗိမာန်တော်မှခမည်းတော်နေဗုခဒ် နေဇာမင်းသိမ်းယူခဲ့သည့် ရွှေဖလား၊ ငွေ ဖလားများကိုရှေ့တော်သို့ဆောင်ယူခဲ့ရန် မိန့်တော်မူ၏။ မိမိနှင့်တကွမှူးမတ်များ၊ မိဖုရားများနှင့်မောင်းမမိဿံများစပျစ် ရည်သောက်ရန်ထိုဖလားများကိုယူခဲ့ရန် အမိန့်ပေး၏။-
3 И донесоше златне судове које беху однели из цркве дома Господњег у Јерусалиму, и пијаху из њих цар и кнезови његови, жене његове и иноче његове.
၃ချက်ချင်းပင်ရွှေဖလားများရောက်ရှိလာ သောအခါ သူတို့သည်ထိုဖလားတို့ဖြင့် သောက်လျက်၊-
4 Пијаху вино, и хваљаху богове златне и сребрне и бронзане и дрвене и камене.
၄ရွှေ၊ ငွေ၊ ကြေးဝါ၊ သံ၊ သစ်သား၊ ကျောက်နှင့် ပြုလုပ်သောဘုရားတို့ကိုထောမနာပြု ကြ၏။
5 У тај час изиђоше прсти руке човечије и писаху према свећњаку по окреченом зиду од царског двора, и цар виде руку која писаше.
၅ထိုအခါလူ၏လက်တစ်ဖက်သည်ရုတ် တရက်ပေါ်လာပြီးလျှင် မီးအလင်းရောင် အများဆုံးရရှိသည့်နန်းတော်နံရံတွင် စာတန်းတစ်ခုကိုရေးသားလေ၏။ ယင်း သို့ရေးသားနေသည်ကိုမင်းကြီးမြင် တော်မူလျှင်၊-
6 Тада се промени лице цару, и мисли га његове узнемирише и појас се око њега распаса и колена му удараху једно о друго.
၆မျက်နှာညှိုးငယ်၍သွားတော်မူ၏။ သူသည် အလွန်ကြောက်လန့်ကာမျက်နှာဖြူဖတ်ဖြူ ရော်ဖြစ်လျက်ဒူးများပင်ခိုက်ခိုက်တုန်၍ လာ၏။-
7 Повика цар гласно, те доведоше звездаре, Халдеје и гатаре; и проговори цар и рече мудрацима вавилонским: Ко прочита ово писмо и каже ми шта значи, онај ће се обући у скерлет, и носиће златну верижицу о врату, и биће трећи господар у царству.
၇သို့ဖြစ်၍ပယောဂဆရာများ၊ မှော်ဆရာ များနှင့်နက္ခတ်ဆရာများကိုခေါ်သွင်းရန် ဟစ်အော်၍ မင်းချင်းတစ်ယောက်အားစေခိုင်း တော်မူ၏။ ထိုသူတို့ရောက်ရှိလာကြသော အခါမင်းကြီးက``ထိုစာတန်းကိုဖတ်၍ အနက်ကိုငါ့အားပြောကြားနိုင်သူအား တော်ဝင်ခရမ်းရောင်ဝတ်လုံကိုဝတ်စေမည်။ ဂုဏ်ထူးဆောင်ရွှေစလွယ်တော်ကိုလည်းဆွဲ စေလျက်နိုင်ငံတော်တွင်တတိယတန်ခိုး အကြီးဆုံးသောသူအဖြစ်ငါခန့်ထား မည်'' ဟုမိန့်တော်မူ၏။-
8 Тада приступише сви мудраци цареви; али не могоше прочитати писма нити казати цару шта значи.
၈ဘုရင့်အတိုင်ပင်ခံအရာရှိအပေါင်းတို့ သည်ရှေ့တော်သို့ရောက်ရှိလာကြသော်လည်း အဘယ်သူမျှထိုစာတန်းကိုမဖတ်နိုင်။ ထို စာတန်း၏အနက်ကိုလည်းမင်းကြီးအား မဖော်ပြနိုင်ကြ။-
9 Тада се цар Валтасар врло узнемири, и лице му се сасвим измени; и кнезови се његови препадоше.
၉ထိုအခါဗေလရှာဇာမင်းသည်လွန်စွာပူပင် သောကရောက်တော်မူသဖြင့် ပို၍ပင်မျက်နှာ ညှိုးငယ်လာလေသည်။ မှူးမတ်တို့သည်လည်း မှိုင်တွေလျက်နေကြ၏။
10 Дође царица ради тога што се догоди цару и кнезовима његовим у кућу где беше гозба, и проговори царица и рече: Царе, да си жив довека! Да те не узнемирују мисли твоје, и да ти се лице не мења.
၁၀မယ်တော်မိဖုရားကြီးသည်မင်းကြီးနှင့်မှူး မတ်တို့ပြောဆိုကြသည့်စကားကိုကြား သဖြင့် စားသောက်ပွဲကျင်းပရာအခန်းထဲ သို့ဝင်လာပြီးလျှင်``အရှင်မင်းကြီး၊ သက် တော်ရာကျော်ရှည်ပါစေ။ ဤမျှစိတ်အနှောင့် အယှက်ဖြစ်၍မနေပါနှင့်။ ဤမျှမျက်နှာ ညှိုးငယ်၍လည်းမနေပါနှင့်။-
11 Има човек у твом царству, у коме је дух светих богова; и у време оца твог нађе се у њега видело и разум и мудрост, каква је у богова, и цар Навуходоносор, отац твој, царе, постави га главарем врачарима, звездарима, Халдејима и гатарима;
၁၁သင်၏နိုင်ငံတော်တွင်သန့်ရှင်းမြင့်မြတ်သော ဘုရားတို့၏ဝိညာဉ်ဖြင့်ပြည့်ဝသူလူတစ် ယောက်ရှိပါ၏။ သင်၏ခမည်းတော်နန်းစံစဉ် အခါက ထိုသူ၌အသိပညာနှင့်အမြော် အမြင်၊ ဘုရားကဲ့သို့ပညာဉာဏ်ရှိကြောင်း ထင်ရှားခဲ့ပါ၏။ သင်၏ခမည်းတော်နေဗုခဒ် နေဇာမင်းသည်သူ့အားဗေဒင်ဆရာ၊ မှော် ဆရာ၊ ပယောဂဆရာနှင့်နက္ခတ်ဆရာတို့ ၏အကြီးအမှူးအဖြစ်ဖြင့်ခန့်ထားတော် မူခဲ့ပါ၏။-
12 Јер велик дух и знање и разум за казивање снова и погађање загонетки и размршивање замршених ствари нађе се у Данила, коме цар наде име Валтасар; нека сада дозову Данила, и он ће казати шта значи.
၁၂သူသည်အိပ်မက်များ၏အနက်ကိုပြန်ဆိုမှု၊ ခက်ခဲသောအမေးပုစ္ဆာများကိုဖြေရှင်းမှု၊ လျှို့ဝှက်နက်နဲသောအရာများကိုထုတ်ဖော် မှုတို့တွင်အထူးတတ်ကျွမ်းသူဖြစ်ပါ၏။ သို့ ဖြစ်၍ဗေလတရှာဇာဟူသောဘွဲ့နာမကို ခမည်းတော်ပေးအပ်တော်မူခဲ့သူဒံယေလ အားဆင့်ခေါ်ပါ။ သူသည်စာတန်း၏အနက် ကိုဖော်ပြပါလိမ့်မည်'' ဟုဆို၏။
13 Тада Данило би доведен пред цара. Цар проговори Данилу и рече: Јеси ли ти Данило између робља Јудина, које доведе из јудејске цар отац мој?
၁၃သူတို့သည်ဒံယေလအားချက်ချင်းပင်ဘုရင့် ရှေ့တော်သို့သွင်းကြသောအခါ မင်းကြီးက ဒံယေလအား``သင်သည်ယုဒပြည်မှငါ၏ ခမည်းတော်ဘုရင်မင်းခေါ်ဆောင်ခဲ့သည့် ယုဒအမျိုးသားသုံ့ပန်းတစ်ယောက်ဖြစ် သူဒံယေလဆိုသူပေလော။-
14 Чух за тебе да је дух светих богова у теби, и видело и разум и мудрост велика да се нађе у тебе.
၁၄ဘုရားများ ၏ဝိညာဉ်သည်သင်၏အတွင်း၌ကိန်းအောင်းသည် ဖြစ်၍ သင်သည်ကျွမ်းကျင်လိမ်မာလျက်၊ အသိ အမြင်ဉာဏ်ပညာတို့ဖြင့်ပြည့်စုံသူဖြစ်ကြောင်း ငါကြားသိရသည်။-
15 А сада су доведени преда ме мудраци, звездари, да прочитају писмо и кажу ми шта значи; али не могу да кажу шта то значи.
၁၅ငါသည်မိမိ၏အတိုင်ပင်ခံအရာရှိများ နှင့်ဗေဒင်ဆရာများကိုဆင့်ခေါ်ကာစေခိုင်း သော်လည်း သူတို့သည်မဖော်ပြနိုင်ကြပါ။-
16 А за тебе ја чух да можеш протумачити и замршене ствари размрсити. Ако, дакле, можеш прочитати ово писмо и казати ми шта значи, обући ћеш се у скерлет, и златну верижицу носићеш о врату, и бићеш трећи господар у царству.
၁၆သင်သည်တိမ်မြုပ်နေသောအနက်တို့ကိုဖော် ထုတ်နိုင်၍ လျှို့ဝှက်ခက်ခဲသောအရာတို့ကို ရှင်းလင်းဖော်ပြနိုင်ကြောင်းငါကြားသိတော် မူရသည်။ သင်သည်ဤစာတန်းကိုဖတ်၍ အနက်ကိုငါ့အားဖော်ပြနိုင်ပါလျှင် ငါသည် သင့်အားတော်ဝင်ခရမ်းရောင်ဝတ်လုံကိုဝတ် စေ၍ဂုဏ်ထူးဆောင်ရွှေစလွယ်တော်ကိုဆွဲ စေလျက် ငါ၏နိုင်ငံတော်တွင်တတိယတန် ခိုးအကြီးဆုံးသောသူအဖြစ်ခန့်ထား မည်'' ဟုမိန့်တော်မူ၏။
17 Тада одговори Данило и рече пред царем: Дарови твоји нека теби, и подај другом поклоне своје; а писмо ћу ја прочитати цару и казати шта значи.
၁၇ဒံယေလက``အရှင်၏ဆုတော်လာဘ်တော် တို့ကို ကိုယ်တော်ထံတော်၌သာထားရှိတော် မူပါ။ သို့မဟုတ်အခြားသူတစ်စုံတစ် ယောက်အားချီးမြှင့်တော်မူပါ။ သို့ရာတွင် အကျွန်ုပ်သည်ထိုစာတန်းကိုဖတ်၍ အနက် ကိုအရှင့်အားလျှောက်ထားပါမည်။
18 Царе, Бог Вишњи даде царство величину и славу и част Навуходоносору, оцу твом.
၁၈``အမြင့်မြတ်ဆုံးသောဘုရားသခင်သည် အရှင့်ခမည်းတော်နေဗုခဒ်နေဇာမင်းအား အုပ်စိုးခွင့်အာဏာနှင့်ကြီးမြတ်သည့်ဘုရင် တစ်ပါးဖြစ်စေတော်မူလျက် ဂုဏ်အသရေ နှင့်လည်းကောင်း၊ အာနုဘော်နှင့်လည်းကောင်း ပြည့်စုံစေတော်မူပါ၏။-
19 И од величине коју му даде сви народи, племена и језици дрхтаху пред њим и бојаху га се; убијаше кога хоћаше, и остављаше у животу кога хоћаше, узвишаваше кога хоћаше, и понижаваше кога хоћаше.
၁၉သူသည်လွန်စွာကြီးမြတ်တော်မူသဖြင့် ဘာ သာစကားအမျိုးမျိုးပြောဆိုသူလူမျိုး အသီးသီးနှင့် နိုင်ငံအသီးသီးတို့ရှိလူ အပေါင်းတို့သည်ကြောက်လန့်တုန်လှုပ်ကြ ပါ၏။ သူသည်မိမိကွပ်မျက်လိုသူကိုကွပ် မျက်၍အသက်ရှင်စေလိုသူကိုရှင်စေ တော်မူခဲ့ပါ၏။ ချီးမြှောက်လိုသူကိုချီး မြှောက်၍နှိမ့်ချလိုသူကိုနှိမ့်ချတော်မူ ခဲ့ပါ၏။-
20 Али када му се подиже срце и дух му се посили у охолости, би сметнут с царског престола свог, и узеше му славу.
၂၀သို့ရာတွင်သူသည်မာန်မာနထောင်လွှား ကာခေါင်းမာလျက် ရက်စက်စွာပြုကျင့်၍ လာသောအခါဘုန်းတန်ခိုးကွယ်ပျောက် ၍နန်းမှကျရလေပြီ။-
21 И би прогнан између људи и срце му поста као у звери, и стан му беше с дивљим магарцима, хранише га травом као говеда, и роса небеска кваси му тело, докле позна да Бог Вишњи влада царством људским, и кога хоће поставља над њим.
၂၁သူသည်လူ့အသိုင်းအဝိုင်းမှနှင်ထုတ်ခြင်း ကိုခံရကာတိရစ္ဆာန်စိတ်ပေါက်၍လာလေ သည်။ မြည်းရိုင်းတို့နှင့်အတူနေထိုင်၍နွား ကဲ့သို့မြက်ကိုစားခဲ့ရပါ၏။ အကွယ် အကာမရှိဘဲဆီးနှင်းတောတွင်စက်တော် ခေါ်ခဲ့ရလေသည်။ နောက်ဆုံး၌အမြင့်မြတ် ဆုံးသောဘုရားသခင်သည်လောကီနိုင်ငံ တို့ကိုအစိုးရတော်မူ၍ မိမိအလိုရှိသူ မည်သူအားမဆိုဤနိုင်ငံများကိုပေး တော်မူနိုင်ကြောင်းကိုမင်းကြီးဝန်ခံတော် မူခဲ့ပါ၏။-
22 А ти, Валтасаре, сине његов, ниси понизио срца свог премда си знао све ово.
၂၂သူ၏သားတော်ဖြစ်သူအရှင်သည်လည်း ထိုအမှုအရာအလုံးစုံတို့ကိုသိရှိပါ သော်လည်းမိမိကိုယ်ကိုနှိမ့်ချတော်မ မူဘဲ၊-
23 Него си се подигао на Господа небеског, и судове дома Његовог донесоше преда те, и писте из њих вино ти и кнезови твоји, жене твоје и иноче твоје, и ти хвали богове сребрне и златне, бронзане, гвоздене, дрвене и камене, који не виде нити чују, нити разумеју, а не слави Бога, у чијој је руци душа твоја и сви путеви твоји.
၂၃ကောင်းကင်ဘုံရှင်ကိုဆန့်ကျင်ဘက်ပြု၍ ဗိမာန်တော်မှရွှေဖလားများကိုရှေ့တော် သို့ယူစေတော်မူခဲ့ပါ၏။ အရှင်နှင့်တကွ အရှင့်မှူးမတ်များ၊ မိဖုရားများ၊ မောင်း မမိဿံများသည်ထိုရွှေဖလားများတွင် စပျစ်ရည်ကိုထည့်၍သောက်ပြီးလျှင် မျက်စိ မမြင်၊ နားမကြား၊ အဘယ်အရာကိုမျှ မသိသောရွှေ၊ ငွေ၊ကြေးဝါ၊ သံ၊ သစ်သား၊ ကျောက်တို့နှင့်လုပ်သောဘုရားများကို ထောမနာပြုကြပေသည်။ သို့ရာတွင် အရှင်သည်မိမိ၏အသက်ကိုလည်းကောင်း၊ မိမိပြုသောအမှုကိစ္စမှန်သမျှကို လည်းကောင်းစိုးပိုင်တော်မူသောဘုရားသခင်၏ဂုဏ်တော်ကိုကားချီးမွမ်းတော် မမူပါ။-
24 Зато од Њега би послана рука и ово писмо би написано.
၂၄သို့ဖြစ်၍ဘုရားသခင်သည်လက်ကို စေလွှတ်၍ ဤစာတန်းကိုရေးစေတော်မူ ပါ၏။
25 А ово је писмо написано: МЕНЕ, МЕНЕ, ТЕКЕЛ, УФАРСИН.
၂၅``ရေးထားသောစာကား`ရေတွက်၊ ရေတွက်၊ အလေးချိန်၊ ခွဲဝေ' ဟူ၍ဖြစ်သတည်း။-
26 А ово значе те речи: МЕНЕ, бројао је Бог твоје царство и до краја избројао.
၂၆ရေတွက်ဟူသောစကား၏အနက်အဋ္ဌိပ္ပါယ် မှာ အရှင့်နိုင်ငံသက်တမ်းကိုဘုရားသခင် ရေတွက်၍ ဆုံးခန်းတိုင်ရောက်စေတော်မူ ပြီဟူ၍ဖြစ်ပါ၏။-
27 ТЕКЕЛ, измерен си на мерила, и нашао си се лак.
၂၇အလေးချိန်ဟူသောစကား၏အနက်အဋ္ဌိပ္ပါယ် မှာ အရှင့်အားချိန်ခွင်တွင်ချိန်တွယ်၍ အလေး ချိန်လျော့နည်းနေကြောင်းတွေ့ရှိတော်မူပြီ ဟူ၍ဖြစ်ပါ၏။-
28 ФЕРЕС, раздељено је царство твоје, и дано Мидијанима и Персијанима.
၂၈ခွဲဝေဟူသောစကား၏အနက်အဋ္ဌိပ္ပါယ်မှာ အရှင်၏နိုင်ငံတော်ကိုမေဒိအမျိုးသား များနှင့်ပါရှအမျိုးသားတို့အားခွဲဝေ ပေးတော်မူပြီဟူ၍ဖြစ်ပါ၏'' ဟုလျှောက် ထား၏။
29 Тада заповеди Валтасар, те обукоше Данила у скерлет, и метнуше му златну верижицу око врата, и прогласише за њ да је трећи господар у царству.
၂၉ထိုအခါချက်ချင်းပင်ဗေလရှာဇာမင်း သည် ဒံယေလအားတော်ဝင်ခရမ်းရောင် ဝတ်လုံကိုဝတ်ဆင်စေ၍ လည်ပင်း၌ဂုဏ် ထူးဆောင်ရွှေစလွယ်ကိုဆွဲစေပြီးနောက် ဒံယေလအားနိုင်ငံတော်တွင်တတိယ တန်ခိုးအကြီးဆုံးရာထူးတွင်ခန့်ထား တော်မူ၏။-
30 Исту ноћ би убијен Валтасар, цар халдејски.
၃၀ထိုည၌ပင်လျှင်ဗာဗုလုန်ပြည်ဘုရင်၊ ဗေလရှာဇာသည်လုပ်ကြံခြင်းကိုခံ ရ၍၊-
31 А Дарије Мидијанин преузе царство, и беше му око шездесет и две године.
၃၁အသက်ခြောက်ဆယ့်နှစ်နှစ်ရှိသောမေဒိ လူမျိုးဒါရိမင်းသည်နိုင်ငံကိုသိမ်းယူ လေသည်။