< 2 Књига Самуилова 19 >
1 И јавише Јоаву: Ево цар плаче и тужи за Авесаломом.
၁ဒါဝိဒ်မင်းသည်အဗရှလုံအတွက်ငိုကြွေး မြည်တမ်းလျက်နေကြောင်း ယွာဘထံသို့ သတင်းရောက်ရှိလာ၏။-
2 И победа оног дана претвори се у жалост свему народу, јер народ чу у онај дан где говоре: Жали цар сина свог.
၂မင်းကြီးသည်သားတော်အတွက်ငိုကြွေး မြည်တမ်းလျက်နေကြောင်းကြားသိရသော အခါ ဒါဝိဒ်၏တပ်သားအပေါင်းတို့အဖို့ ထိုနေ့၌အောင်ပွဲသည်ဝမ်းနည်းပူဆွေးပွဲ ဖြစ်ရလေ၏။-
3 И народ се у онај дан крио улазећи у град као што се крије народ који се стиди кад побегне из боја.
၃တိုက်ပွဲမှထွက်ပြေးခဲ့သဖြင့်ရှက်ကြောက် နေသည့်စစ်သားများကဲ့သို့ သူတို့သည်မြို့ ထဲသို့တိတ်တဆိတ်ပြန်လည်ဝင်ရောက် လာကြ၏။-
4 А цар покри лице своје; и викаше гласно: Сине мој Авесаломе! Авесаломе сине мој, сине мој!
၄မင်းကြီးသည်မျက်နှာကိုအုပ်၍``အို ငါ့သား၊ ငါ့သားအဗရှလုံ၊ အဗရှလုံငါ့သား'' ဟုကျယ်လောင်စွာငိုကြွေးတော်မူ၏။
5 Тада уђе Јоав к цару у кућу, и рече: Посрамио си данас све слуге своје, које ти данас душу сачуваше, и синовима твојим и кћерима твојим и женама твојим и иночама твојим.
၅ယွာဘသည်ဘုရင့်အိမ်တော်သို့သွား၍``ယနေ့ အရှင်သည်အရှင်၏အသက်ကိုလည်းကောင်း၊ အရှင့်သားသမီး၊ မိဖုရားမောင်းမတို့၏ အသက်ကိုလည်းကောင်းကယ်ဆယ်သော အရှင့်လူတို့အားချီးမြှင့်မည့်အစား ရှုတ်ချတော်မူလေပြီ။-
6 Јер љубиш оне који мрзе на те, а мрзиш на оне који те љубе; јер си показао данас да не мариш за војводе и за слуге; и видим данас да би ти мило било да је Авесалом жив, а ми сви да смо изгинули.
၆အရှင်သည်မိမိအားချစ်မြတ်နိုးသူတို့ကို ဆန့်ကျင်ဘက်ပြု၍ အရှင့်အားမုန်းသူတို့ကို ထောက်ခံအားပေးတော်မူပြီ။ မိမိ၏တပ်မှူး များနှင့်တပ်သားများအားမည်သို့မျှပမာဏ မပြုကြောင်းထင်ရှားစေတော်မူပြီ။ ယခု အခါ၌အကျွန်ုပ်တို့အားလုံးသေ၍အဗ ရှလုံအသက်ရှင်လျက်နေမည်ဆိုပါမူ အရှင်အားရဝမ်းမြောက်တော်မူမည် ဖြစ်ကြောင်းအကျွန်ုပ်သိမြင်နိုင်ပါ၏။-
7 Зато устани сада, и изиђи и проговори лепо слугама својим; јер заклињем се Господом, ако не изиђеш, неће ниједан остати код тебе ову ноћ, и то ће бити горе по те неголи сва зла која су те сналазила од младости твоје до сада.
၇ယခုအရှင်ကြွတော်မူ၍အရှင်၏လူတို့ အားမေတ္တာစကားကိုမိန့်တော်မူပါ။ ထိုသို့ အရှင်ပြုတော်မမူပါလျှင်နက်ဖြန်နံနက် ၌ထိုသူတို့အနက်တစ်ဦးတစ်ယောက်မျှ အရှင်နှင့်အတူရှိနေတော့မည်မဟုတ် သဖြင့် အရှင့်တစ်သက်တွင်အဆိုးရွား ဆုံးသောဘေးအန္တရာယ်နှင့်တွေ့ကြုံရမည် ဖြစ်ကြောင်းကို အကျွန်ုပ်သည်ထာဝရ ဘုရား၏နာမတော်ကိုတိုင်တည်၍ကျိန် ဆိုပါ၏'' ဟုလျှောက်လေ၏။-
8 Тада уста цар, и седе на вратима; и казаше свему народу говорећи: Ево, седи цар на вратима. И дође сав народ пред цара. Али Израиљци беху побегли, свак у свој шатор.
၈ထိုအခါမင်းကြီးသည်ထပြီးလျှင်မြို့ တံခါးအနီးသို့သွား၍ထိုင်တော်မူ၏။ လူ တို့သည်ထိုအရပ်တွင်မင်းကြီးရှိတော်မူ ကြောင်းကြားသောအခါအထံတော်သို့ ချဉ်းကပ်လာကြ၏။ ဤအတောအတွင်း၌ဣသရေလအမျိုး သားအပေါင်းတို့သည် မိမိတို့နေရပ် အသီးသီးသို့ထွက်ပြေးကြ၏။-
9 И сав се народ свађаше међу собом по свим племенима Израиљевим говорећи: Цар нас је избавио из руку непријатеља наших, и избавио нас је из руку филистејских; а сада је побегао из земље од Авесалома.
၉တစ်ပြည်လုံးတွင်လူတို့က``ဒါဝိဒ်မင်းသည် ငါတို့ကိုရန်သူများလက်မှကယ်တော်မူ၏။ သူသည်ငါတို့အားဖိလိတ္တိအမျိုးသားတို့ လက်မှကယ်ဆယ်ခဲ့၏။ သို့ရာတွင်ယခု အခါအဗရှလုံအတွက်ကြောင့်တိုင်း ပြည်ကိုစွန့်ခွာသွားလေပြီ။-
10 Авесалом пак, ког помазасмо за цара над собом, погибе у боју. Сада дакле зашто оклевате те не доведете натраг цара?
၁၀ငါတို့သည်အဗရှလုံအားငါတို့၏ဘုရင် အဖြစ်ဘိသိက်ပေးခဲ့ကြသော်လည်း သူသည် စစ်ပွဲတွင်ကျဆုံးသွားလေပြီ။ ထို့ကြောင့် ဒါဝိဒ်မင်းအားပြန်လည်ခေါ်ဆောင်ရန် အဘယ်ကြောင့် ငါတို့မကြံစည်ဘဲနေကြ ပါသနည်း'' ဟူ၍အချင်းချင်းငြင်းခုံ ပြောဆိုကြ၏။
11 Зато цар Давид посла к Садоку и Авијатару свештеницима и поручи: Говорите старешинама Јудиним и реците: Зашто ви да будете последњи који ће цара натраг довести у кућу његову? Јер говор свега Израиља дође до цара у кућу његову.
၁၁ဤသို့ဣသရေလအမျိုးသားတို့ပြောဆို နေကြသည့်သတင်းသည် ဒါဝိဒ်ထံသို့ ရောက်ရှိလာ၏။ ``အဘယ်ကြောင့်သင်တို့ သည်မိမိတို့ဘုရင်အားနန်းတော်သို့ပြန် လည်ခေါ်ဆောင်ရန် ဣသရေလအမျိုး သားတို့ထက်နောက်ကျလျက်နေကြပါ သနည်း။-
12 Ви сте моја браћа, ви сте кост моја и тело моје. Зашто бисте дакле били последњи који ће натраг довести цара?
၁၂သင်တို့သည်ငါ၏ဆွေမျိုး၊ ငါ၏သွေးသား များဖြစ်ကြ၏။ ငါ့အားပြန်လည်ခေါ်ဆောင် ရန်အဘယ်ကြောင့်နောက်ကျနေရပါသနည်း'' ဟုမေးမြန်းစေရန်ယဇ်ပုရောဟိတ်ဇာဒုတ် နှင့်အဗျာသာတို့ကိုယုဒခေါင်းဆောင် များထံသို့စေလွှတ်တော်မူ၏။-
13 Реците и Амаси: Ниси ли кост моја и тело моје? Бог нека ми учини тако и тако нека дода, ако ми не будеш војвода док си жив наместо Јоава.
၁၃ထို့ပြင်အာမသအား``သင်သည်ငါ၏ဆွေမျိုး ဖြစ်၏။ ယခုအချိန်မှစ၍သင့်အားယွာဘ ၏နေရာတွင်တပ်မတော်ဗိုလ်ချုပ်အဖြစ်ငါ ခန့်ထားပြီ။ ယင်းသို့ငါမပြုပါမူဘုရားသခင်သည်ငါ့အားအဆုံးစီရင်တော်မူပါ စေသော'' ဟုပြောကြားရန်လည်းမှာတော်မူ လိုက်၏။-
14 И склони срца свих људи од рода Јудина као једног човека, те послаше к цару говорећи: Врати се са свим слугама својим.
၁၄ဒါဝိဒ်၏စကားကြောင့်ယုဒပြည်သူပြည် သားအပေါင်းတို့၏စိတ်ကိုညွှတ်စေသဖြင့် သူတို့က``မင်းကြီးနှင့်မှူးမတ်အပေါင်းတို့ ပြန်ကြွတော်မူပါ'' ဟုလျှောက်စေကြ၏။
15 И тако се цар врати, и дође до Јордана; а Јуда дође до Галгала да срете цара и да га преведе преко Јордана.
၁၅အပြန်ခရီးတွင်မင်းကြီးအားမြစ်တစ်ဘက် ကမ်းသို့ပို့ဆောင်ပေးရန် ဂိလဂါလမြို့သို့ လာရောက်ကြသည့်ယုဒပြည်သားတို့ သည်ယော်ဒန်မြစ်မှနေ၍ခရီးဦးကြို ပြုကြလေသည်။-
16 Похита и Симеј, син Гирин, од Венијамина, који беше из Ваурима, и сиђе с људима рода Јудиног на сусрет цару Давиду;
၁၆ထိုအချိန်၌ပင်လျှင်ဂေရ၏သား၊ ဗာဟု ရိမ်မြို့သားဗင်္ယာမိန်အနွယ်ဝင်ရှိမိသည် လည်း ဒါဝိဒ်မင်းကိုကြိုဆိုရန်ယော်ဒန်မြစ် သို့အလျင်အမြန်လာရောက်၏။-
17 И хиљаду људи беше с њим од рода Венијаминовог; такође и Сива слуга дома Сауловог с петнаест синова својих и двадесет слуга својих; и пређоше преко Јордана пред цара.
၁၇သူနှင့်အတူဗင်္ယာမိန်အနွယ်ဝင်လူပေါင်း တစ်ထောင်ပါ၏။ ထို့ပြင်ရှောလုမိသားစု ၏အစေခံဇိဘသည်လည်းမိမိ၏သား တစ်ဆယ့်ငါးယောက်၊ အစေခံနှစ်ဆယ်နှင့် အတူလာရောက်လေသည်။ သူတို့သည်မင်း ကြီး၏အလျင်ယော်ဒန်မြစ်သို့ရောက်ရှိ ကြ၏။-
18 Претурише и лађу да превезу чељад цареву и да учине шта би му било угодно. А Симеј, син Гирин, паде пред царем, кад хтеде да пређе преко Јордана,
၁၈သူတို့သည်ဘုရင့်အိမ်တော်သားတို့ကို မြစ်တစ်ဘက်သို့ပို့ဆောင်ပေးရန်နှင့် မင်း ကြီးအလိုရှိရာကိုဆောင်ရွက်ပေးရန် မြစ်ကိုကူးကြ၏။ မင်းကြီးသည်မြစ်ကိုကူးရန်အသင့်ပြင် ဆင်နေစဉ်ရှိမိသည်ရှေ့တော်၌ပျပ်ဝပ် ပြီးလျှင်၊-
19 И рече цару: Не прими ми безакоња, господару мој, и не помињи пакости коју је учинио слуга твој у онај дан кад је цар господар мој изашао из Јерусалима; нека цар не мисли о томе.
၁၉အရှင်မင်းကြီး၊ အရှင်ယေရုရှလင်မြို့ မှထွက်ကြွတော်မူစဉ်အခါက အရှင့် အားအကျွန်ုပ်ပြစ်မှားခဲ့သည်ကိုခွင့်လွှတ် တော်မူပါ။ ထိုအမှုအတွက်အကျွန်ုပ် အားရန်ငြိုးထားတော်မမူပါနှင့်။ ထို အမှုကိုမေ့ပျောက်တော်မူပါ။-
20 Јер слуга твој види да је згрешио; и ево дошао сам данас први из свега дома Јосифовог да сретнем цара, господара свог.
၂၀အရှင်၊ အကျွန်ုပ်သည်ပြစ်မှားမိပါပြီ။ သို့ ဖြစ်၍မြောက်ဘက်အနွယ်ဝင်များထဲမှ အကျွန်ုပ်သည်ဦးစွာပထမအရှင်မင်း ကြီးအား ယနေ့လာရောက်ကြိုဆိုခြင်း ဖြစ်ပါ၏'' ဟုလျှောက်၏။
21 Али одговори Ависај син Серујин и рече: Еда ли тога ради неће погинути Симеј што је псовао помазаника Господњег?
၂၁ဇေရုယာ၏သားအဘိရှဲက``ရှိမိအားသေ ဒဏ်ပေးသင့်ပါသည်။ သူသည်ထာဝရဘုရား ဘိသိက်ပေးတော်မူသောဘုရင်ကိုကျိန်ဆဲ သူဖြစ်ပါ၏'' ဟုလျှောက်၏။
22 А Давид рече: Шта је вама до мене, синови Серујини, те сте ми данас противници? Зар ће данас ко погинути у Израиљу, јер зар не знам да сам данас постао цар над Израиљем?
၂၂သို့ရာတွင်ဒါဝိဒ်သည် အဘိရှဲနှင့်သူ၏ အစ်ကိုယွာဘအား``သင်တို့ထင်မြင်ချက် ကိုအဘယ်သူတောင်းခံပါသနည်း။ သင် တို့သည်ငါ့ကိုဒုက္ခပေးလိုကြပါသလော။ ငါသည်ကားယခုအခါဣသရေလဘုရင် ဖြစ်လေပြီ။ ထို့ကြောင့်အဘယ်ဣသရေလ အမျိုးသားကိုမျှမသတ်ရကြ'' ဟု ဆိုပြီးလျှင်၊-
23 И рече цар Симеју: Нећеш погинути. И закле му се цар.
၂၃ရှိမိအား``သင်သည်သေဒဏ်ခံရမည်မဟုတ် ကြောင်းငါကတိပြု၏'' ဟုမိန့်တော်မူ၏။
24 Тако и Мефивостеј, син Саулов, дође цару на сусрет; он, пак, не опра ногу својих, нити браде своје очешља, ни опра хаљине своје од оног дана кад отиде цар до дана кад се врати с миром.
၂၄ထိုနောက်ရှောလု၏မြေးမေဖိဗောရှက်သည် မင်းကြီးအားခရီးဦးကြိုပြုရန်လာရောက် ၏။ သူသည်မင်းကြီးယေရုရှလင်မြို့ကထွက် ခွာသွားချိန်မှအစပြု၍ အောင်မြင်စွာပြန် လည်ရောက်ရှိလာချိန်အထိ မိမိ၏ခြေတို့ ကိုမဆေး၊ မုတ်ဆိတ်ကိုမညှပ်၊ အဝတ်အစား ကိုလည်းမလျှော်မဖွတ်ဘဲနေ၏။-
25 И срете цара кад се враћаше у Јерусалим; и рече му цар: Зашто не пође са мном, Мефивостеју?
၂၅မင်းကြီးသည်မေဖိဗောရှက်ယေရုရှလင် မြို့မှရောက်ရှိလာသောအခါ``မေဖိဗောရှက်၊ သင်သည်အဘယ်ကြောင့်ငါနှင့်အတူမ လိုက်ခဲ့ပါသနည်း'' ဟုမေးတော်မူ၏။
26 А он рече: Цару господару мој, превари ме слуга мој; јер слуга твој рече: Оседлаћу себи магарца и узјахаћу га и поћи ћу с царем; јер је хром слуга твој.
၂၆မေဖိဗောရှက်က``အရှင်မင်းကြီး၊ အရှင်သိ တော်မူသည့်အတိုင်းအကျွန်ုပ်သည်ခြေဆွံ့ သူဖြစ်ပါ၏။ အကျွန်ုပ်သည်အရှင်နှင့်အတူ မြည်းစီး၍လိုက်နိုင်ရန်မြည်းကိုကုန်းနှီး အတင်ခိုင်းသော်လည်းအကျွန်ုပ်၏အစေခံ သည်အကျွန်ုပ်အားလှည့်စားပါ၏။-
27 И он опаде слугу твог код господара мог цара; али је цар господар мој као анђео Божји; зато чини шта ти је драго.
၂၇သူသည်အကျွန်ုပ်အကြောင်းကိုလည်းမင်း ကြီးအားလိမ်လည်လျှောက်ထားပါ၏။ သို့ ရာတွင်အရှင်သည်ထာဝရဘုရား၏ကောင်း ကင်တမန်ကဲ့သို့ဖြစ်သဖြင့် မိမိမှန်ကန် သည်ဟုအရှင်ထင်မြင်တော်မူသည့်အတိုင်း ပြုတော်မူပါ၏။-
28 Јер сав дом оца мог беху људи који заслужише смрт пред царем господарем мојим, а ти посади слугу свог међу оне који једу за столом твојим, па како имаш још право, и како се могу још тужити цару?
၂၈အကျွန်ုပ်ခမည်းတော်၏အိမ်ထောင်စုသား အပေါင်းတို့သည် အရှင်၏လက်တွင်ကွပ်မျက် ခြင်းကိုခံထိုက်သူများဖြစ်ပါ၏။ သို့သော် လည်းအရှင်သည်အကျွန်ုပ်အားအရှင့်စား တော်ပွဲတွင်စားသောက်ခွင့်ကိုပေးတော်မူ ပါ၏။ အရှင်မင်းကြီးထံမှအဘယ်အရာ ကိုမျှထပ်မံအသနားခံရန်မရှိတော့ ပါ'' ဟုလျှောက်လေ၏။
29 А цар му рече: Шта би ми више говорио? Казао сам: Ти и Сива поделите њиву.
၂၉မင်းကြီးက``သင်နောက်ထပ်ပြောဆိုရန်မလို တော့ပြီ။ ရှောလု၏ဥစ္စာပစ္စည်းများကိုသင်နှင့် ဇိဘတစ်ဝက်စီယူကြရန်ငါဆုံးဖြတ်ပြီး ဖြစ်သည်'' ဟုမိန့်တော်မူ၏။
30 А Мефивостеј рече цару: Нека узме све, кад се цар господар мој вратио на миру у дом свој.
၃၀မေဖိဗောရှက်ကလည်း``အားလုံးသူ့ကိုပင် ပေးတော်မူပါ။ အရှင်မင်းကြီးကောင်းမွန် ချောမောစွာပြန်လည်ရောက်ရှိခြင်းနှင့်ပင် လျှင်အကျွန်ုပ်ကျေနပ်လျက်နေပါ၏'' ဟု လျှောက်၏။
31 И Варзелај од Галада дође из Рогелима, и пође с царем преко Јордана да га прати преко Јордана.
၃၁ဂိလဒ်ပြည်သားဗာဇိလဲသည်လည်းမင်း ကြီးအား ယော်ဒန်မြစ်တစ်ဘက်သို့ပို့ဆောင် ရန်ရောဂေလိမ်မြို့မှလာ၏။-
32 А беше Варзелај врло стар, беше му осамдесет година, и храњаше цара док беше у Маханајиму, јер беше врло богат човек.
၃၂ဗာဇိလဲသည်အသက်ရှစ်ဆယ်ရှိ၍အလွန် အိုမင်းနေလေပြီ။ သူသည်အလွန်ကြွယ်ဝ ချမ်းသာသူဖြစ်သဖြင့် မဟာနိမ်မြို့တွင် မင်းကြီးစခန်းချနေစဉ်အခါကစားနပ် ရိက္ခာထောက်ပံ့ခဲ့သူဖြစ်၏။-
33 И рече цар Варзелају: Хајде са мном; ја ћу те хранити код себе у Јерусалиму.
၃၃မင်းကြီးကသူ့အား``ငါနှင့်အတူယေရု ရှလင်မြို့သို့လိုက်ခဲ့လော့။ သင့်အားငါ ကြည့်ရှုစောင့်ရှောက်မည်'' ဟုဆို၏။
34 Али Варзелај рече цару: Колико има века мог, да идем с царем у Јерусалим?
၃၄သို့ရာတွင်ဗာဇိလဲက``အကျွန်ုပ်သည်ကြာ ကြာအသက်ရှင်ရတော့မည်မဟုတ်ပါ။ အ ဘယ်ကြောင့်အရှင်မင်းကြီးနှင့်ယေရုရှလင် မြို့သို့လိုက်ရပါမည်နည်း။-
35 Има ми данас осамдесет година; могу ли распознавати добро и зло? Може ли слуга твој кусом разликовати шта ће јести и шта ће пити? Могу ли јоште слушати глас певачима и певачицама? И зашто би слуга твој још био на теготу цару, господару мом?
၃၅အကျွန်ုပ်သည်အသက်ရှစ်ဆယ်ရှိပါပြီ။ အဘယ်အမှုတွင်မျှပျော်မွေ့နှစ်သက် ခြင်းမရှိတော့ပါ။ စားသောက်သည့်အစား အစာ၏အရသာကိုလည်းမသိနိုင်တော့ ပါ။ သီချင်းသံကိုလည်းမကြားနိုင်ပါ။ အ ကျွန်ုပ်သည်အရှင်မင်းကြီးအတွက်ဝန်လေး မည်သာဖြစ်ပါ၏။-
36 Мало ће проћи слуга твој преко Јордана с царем; а зашто би ми цар тако наплатио?
၃၆ဤသို့ကြီးမြတ်သည့်ဆုလာဘ်တော်နှင့်လည်း မထိုက်မတန်ပါ။ သို့သော်အကျွန်ုပ်သည် ယော်ဒန်မြစ်ကိုဖြတ်ကူးပြီးလျှင် အရှင် နှင့်အတူအနည်းငယ်လိုက်ပါမည်။-
37 Нека се слуга твој врати, да умрем у свом граду код гроба оца свог и матере своје. Него ево, слуга твој Химам нека иде с царем господарем мојим, и учини њему шта ти буде драго.
၃၇မိဘတို့၏သင်္ချိုင်းအနီးတွင်သေနိုင်ရန် အကျွန်ုပ်အားအိမ်သို့ပြန်ခွင့်ပြုတော်မူပါ။ ဤသူသည်အကျွန်ုပ်၏သားခိမဟံဖြစ် ပါ၏။ အရှင်မင်းကြီး၊ သူ့အားခေါ်ဆောင် သွားပြီးနောက်သူ့အတွက်အရှင်အလိုတော် ရှိသည့်အတိုင်းပြုတော်မူပါ'' ဟုလျှောက်၏။
38 А цар рече: Нека иде са мном Химам; ја ћу му учинити шта буде теби драго, и шта год заиштеш у мене, све ћу ти учинити.
၃၈မင်းကြီးကလည်း``ငါသည်သူ့ကိုခေါ်သွား ပြီးလျှင်သင်အလိုရှိသည့်အတိုင်းသူ့အတွက် ဆောင်ရွက်ပေးမည်။ သင်၏အတွက်သင်တောင်း လျှောက်သည့်အတိုင်းငါပြုမည်'' ဟုပြန်လည် မိန့်ကြားတော်မူ၏။-
39 И кад пређе сав народ преко Јордана и цар пређе, целива цар Варзелаја и благослови га, и он се врати у место своје.
၃၉ထိုနောက်ဒါဝိဒ်နှင့်သူ၏လူအပေါင်းတို့သည် ယော်ဒန်မြစ်ကိုဖြတ်ကူးကြ၏။ မင်းကြီးသည် ဗာဇိလဲအားနမ်းရှုပ်ပြီးလျှင်ကောင်းချီးပေး တော်မူ၏။ ထိုနောက်ဗာဇိလဲသည်မိမိနေရပ် သို့ပြန်လေ၏။
40 Отуда цар отиде у Галгал, и Химам отиде с њим. И тако сав народ Јудин допрати цара, и половина народа Израиљевог.
၄၀မင်းကြီးသည်ယော်ဒန်မြစ်ကိုကူးသောအခါ ယုဒပြည်တစ်ပြည်လုံးမှလူတို့နှင့် ဣသရေလ ပြည်တစ်ဝက်မှလူတို့သည်မင်းကြီးအားလိုက် ပါပို့ဆောင်ကြ၏။ ထိုနောက်မင်းကြီးသည် ဂိလဂါလမြို့သို့ဆက်လက်၍ကြွတော်မူ ၏။ ခိမဟံသည်လည်းလိုက်ပါသွားလေသည်။-
41 А гле, сви људи Израиљци дођоше к цару и рекоше му: Зашто те украдоше браћа наша, људи Јудини, и преведоше преко Јордана цара и дом његов и све људе Давидове с њим?
၄၁ထိုအခါဣသရေလအမျိုးသားအပေါင်းတို့ သည် မင်းကြီးထံလာ၍``အကျွန်ုပ်တို့၏ညီ အစ်ကိုများဖြစ်ကြသောယုဒပြည်သား တို့သည်အရှင်နှင့်တကွအရှင့်မိသားစု၊ အရှင့်လူတို့ကိုယော်ဒန်မြစ်တစ်ဘက်သို့ ပို့ဆောင်ခွင့်ရှိသည်ဟုအဘယ်ကြောင့်ထင် မှတ်ကြပါသနည်း'' ဟုလျှောက်ထားကြ၏။
42 А сви људи од Јуде одговорише људима од Израиља: Јер је цар нама род; па што се срдите тога ради? Јесмо ли шта појели цару? Је ли нас даром даривао?
၄၂ယုဒပြည်သားတို့က``မင်းကြီးသည်ငါတို့ အနွယ်ဝင်ဖြစ်သဖြင့် ငါတို့ထိုသို့ပြုကြ ခြင်းဖြစ်၏။ သို့ဖြစ်၍သင်တို့သည်အဘယ် ကြောင့်အမျက်ထွက်ရကြပါသနည်း။ ငါ တို့သည်မင်းကြီး၏ရိက္ခာတော်ကိုစား၍ ဆုလာဘ်တော်ကိုခံယူပါသလော'' ဟု ပြန်ပြောကြ၏။
43 Тада одговорише људи од Израиља људима од Јуде, и рекоше: Ми имамо десет делова у цара, и Давиду смо више него ви; зашто дакле не маристе за нас? Нисмо ли ми први говорили да доведемо натраг цара свог? Али беседа људи од Јуде беше тврђа од беседе људи од Израиља.
၄၃ဣသရေလပြည်သားအပေါင်းတို့က``ဒါဝိဒ် မင်းသည်သင်တို့ပြောသည့်အတိုင်းသင်တို့ အနွယ်ဝင်ပင်ဖြစ်စေကာမူ ငါတို့သည်သင် တို့ထက်ဆယ်ဆပို၍သူ့အားပိုင်ဆိုင်ခွင့်ရှိ ပါ၏။ သင်တို့သည်အဘယ်ကြောင့်ငါတို့ အားအထင်သေးကြပါသနည်း။ အမှန် စင်စစ်မင်းကြီးအားပြန်လည်ဖိတ်ခေါ်ရန် ဦးစွာပထမပြောဆိုကြသူများကား ငါတို့ပင်ဖြစ်ပါ၏'' ဟုဆို၏။ သို့ရာတွင်ဤသို့အရေးဆိုရာတွင်ယုဒ ပြည်သားတို့ကဣသရေလပြည်သားတို့ ထက်ပို၍ပြင်းထန်ကြ၏။