< 2 Књига дневника 11 >
1 А кад дође Ровоам у Јерусалим, сазва дом Јудин и Венијаминов, сто и осамдесет хиљада одабраних војника, да зарате на Израиља да поврате царство Ровоаму.
၁ရောဗောင် သည် ယေရုရှလင် မြို့သို့ ရောက် သောအခါ ၊ ဣသရေလ အမျိုးကို စစ်တိုက် ၍ ၊ နိုင်ငံ တော်ကို ရောဗောင်လက်သို့ ရောက်ပြန်စေခြင်းငှါ၊ ယုဒ အမျိုး နှင့် ဗင်္ယာမိန်အမျိုးထဲက ရွေးချယ် သော စစ်သူရဲတသိန်း ရှစ်သောင်းတို့ကို စုဝေး စေ၏။
2 Али дође реч Господња Семаји, човеку Божјем, говорећи:
၂သို့ရာတွင် ဘုရားသခင် ၏နှုတ်ကပတ် တော်သည် ဘုရားသခင် ၏လူ ရှေမာယ သို့ ရောက် ၍၊
3 Кажи Ровоаму сину Соломуновом, цару Јудином и свим синовима Израиљевим од Јуде и Венијамина, и реци:
၃သင်သည် ရှောလမုန် သား ယုဒ ရှင်ဘုရင် ရောဗောင် နှင့်ယုဒ ခရိုင်၊ ဗင်္ယာမိန် ခရိုင်၌ ရှိသောဣသရေလ လူအပေါင်း တို့အား ထာဝရဘုရား၏အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊
4 Овако вели Господ: Не идите и не бијте се с браћом својом, вратите се свак к својој кући, јер сам ја наредио да тако буде. И они послушаше реч Господњу и вратише се и не идоше на Јеровоама.
၄သင် တို့ညီအစ်ကို တို့ကို စစ်တိုက် ခြင်းငှါချီ၍ မ သွား ကြနှင့်။ လူအပေါင်းတို့၊ ကိုယ် နေရာ သို့ ပြန် သွားကြလော့။ ဤ အမှု ကိုငါ စီရင် ပြီဟု မိန့် တော်မူသောထာဝရဘုရား ၏စကား တော်ကိုနားထောင် ၍ ၊ ယေရောဗောင် ကို စစ် မချီ၊ ပြန် သွားကြ၏။
5 И Ровоам седе у Јерусалиму, и сазида тврде градове у земљи Јудиној;
၅ရောဗောင် သည် ယေရုရှလင် မြို့၌ နေ ၍ ၊ ယုဒ ပြည် ၌ ခိုင်ခံ့ သောမြို့ တို့ကိုပြုစု ရာတွင်၊
6 Сазида Витлејем и Итам и Текују,
၆ဗက်လင် မြို့၊ ဧတံ မြို့၊ တေကော မြို့၊
7 И Вет-Сур и Сохот и Одолам,
၇ဗက်ဇုရ မြို့၊ ရှောကော မြို့၊ အဒုလံ မြို့၊
၈ဂါသ မြို့၊ မရေရှ မြို့၊ ဇိဖ မြို့၊
9 И Адораим и Ахис и Азику,
၉အဒေါရိမ် မြို့၊ လာခိရှ မြို့၊ အဇေကာ မြို့၊
10 И Сарају и Ејалон и Хеврон који је у земљи Јудиној и Венијаминовој тврди градови.
၁၀ဇောရာ မြို့၊ အာဇလုန် မြို့၊ ဟေဗြုန် မြို့တည်းဟူသော ယုဒ ခရိုင် နှင့် ဗင်္ယာမိန် ခရိုင်တွင် ခိုင်ခံ့ သောမြို့ တို့ကို ပြုစု လေ၏။
11 А кад утврди те градове, намести у њима заповеднике, и стаје за жито и за уље и за вино,
၁၁ရဲတိုက် များကိုလည်း ခိုင်ခံ့ စေ၍ ၊ အကြီးအကဲ နှင့်တကွ ဆီ ၊ စပျစ်ရည် များ၊ ရိက္ခါ များကို သိုထား လေ၏။
12 И у сваком граду штитова и копаља, и утврди их јако. Тако његов беше Јуда и Венијамин.
၁၂ယုဒ အမျိုးနှင့် ဗင်္ယာမိန် အမျိုးသည် အမှုတော်ကို ထမ်းရွက်သောကြောင့်၊ မြို့ အသီးအသီး တို့၌ ဒိုင်း လွှား လှံ လက်နက်များကို ထား၍ အလွန် ခိုင်ခံ့ စေ၏။
13 И свештеници и Левити, који беху по свему Израиљу, сабраше се к њему из свих крајева својих.
၁၃ဣသရေလ ပြည် အရပ်ရပ် ၌ ရှိသောယဇ် ပုရောဟိတ် လေဝိ သားတို့သည်၊ မိမိ တို့နေရာ မှ အထံ တော်သို့ လာ ကြ၏။
14 Јер оставише Левити подграђа своја и достојања своја, и отидоше у јудејску и у Јерусалим, јер их отера Јеровоам и синови његови да не врше службе свештеничке Господу.
၁၄လေဝိ သားတို့သည်၊ မိမိ တို့နေရာ ဖြစ်သော ပိုင် ထိုက်ရာအရပ်ကို စွန့် ၍ ၊ ယုဒ ပြည်ယေရုရှလင် မြို့သို့ ရောက် လာသောအကြောင်းဟူမူကား၊ ယေရောဗောင် နှင့် သူ ၏သား တို့သည်၊ လေဝိသားတို့ကို ထာဝရဘုရား ရှေ့ တော်၌ ယဇ် ပုရောဟိတ်အမှုကို စောင့်ရသောအရာမှ ချ ၍၊
15 И постави себи свештенике за висине и за ђаволе и за теоце, које начини.
၁၅မြင့် သောအရပ်၊ နတ်ဆိုး ၊ မိမိလုပ် သော နွားသငယ် တို့အဘို့ ၊ ယဇ် ပုရောဟိတ်တို့ကို ခန့်ထား သတည်း။
16 А за њима из свих племена Израиљевих који управише срце своје да траже Господа Бога Израиљевог, дођоше у Јерусалим да принесу жртву Господу Богу отаца својих.
၁၆ဣသရေလ အမျိုး၏ဘုရားသခင် ထာဝရဘုရား ကို ရှာ လိုသောငှါ ၊ သဘော ချ သောသူတို့သည်လည်း၊ ဣသရေလ ခရိုင် များထဲက ထွက်၍၊ ဘိုးဘေး တို့၏ဘုရားသခင် ထာဝရဘုရား အား ယဇ် ပူဇော်အံ့သောငှါ ၊ လေဝိ သားတို့နောက် သို့လိုက်၍ ၊ ယေရုရှလင် မြို့သို့ ရောက် လာကြ၏။
17 И тако утврдише царство Јудино, и укрепише Ровоама сина Соломуновог за три године, јер за те три године хођаху путем Давидовим и Соломуновим.
၁၇ထိုသို့သူတို့သည် ယုဒ နိုင်ငံ ကို အားပေး ၍ ရှောလမုန် သား ရောဗောင် ကို သုံး နှစ် ပတ်လုံးခိုင်ခံ့ စေကြ၏။ သုံး နှစ် ပတ်လုံးဒါဝိဒ် လမ်း၊ ရှောလမုန် လမ်း သို့ လိုက် ကြ၏။
18 А Ровоам се ожени Маелетом, кћерју Јеримота сина Давидовог и Авихаилом, кћерју Есијава сина Јесејевог,
၁၈ရောဗောင် သည်လည်း ဒါဝိဒ် သား ယေရိမုတ် သမီး မဟာလတ် ၊ ယေရှဲ သား ဧလျာဘ သမီး အဘိဟဲလ နှင့်စုံဘက် ၍၊
19 Која му роди синове: Јеуса и Самарију и Зама.
၁၉ယုရှ ၊ ရှမာရိ ၊ ဇာဟံ ၊ သား သုံးယောက်တို့ကို မြင် ရ၏။
20 А после ње ожени се Махом кћерју Авесаломовом, која му роди Авију и Атаја и Зиву и Селомита.
၂၀ထိုနောက် ၊ အဗရှလုံ သမီး မာခါ နှင့်စုံဘက် ၍ အဘိယ ၊ အတ္တဲ ၊ ဇိဇ ၊ ရှေလောမိတ် တို့ကို မြင် ရ၏။
21 А љубљаше Ровоам Маху кћер Авесаломову већма од свих жена својих и иноча својих; јер имаше осамнаест жена и шездесет иноча, и роди двадесет и осам синова и шездесет кћери.
၂၁ရောဗောင် သည် ခင်ပွန်း တဆယ် ရှစ် ယောက်၊ မောင်းမမိဿံ ခြောက်ဆယ် တို့ကို သိမ်းယူ ၍ ၊ သား နှစ်ဆယ် ရှစ် ယောက်၊ သမီး ခြောက်ဆယ် တို့ကို ရ သည်တွင် ၊ အဗရှလုံ သမီး မာခါ ကို အခြားသောခင်ပွန်း မောင်းမမိဿံ အပေါင်း တို့ထက် သာ၍ချစ် သောကြောင့်၊
22 И Ровоам постави Авију, сина Машиног, поглаваром и кнезом над браћом његовом, јер га хтеде поставити царем.
၂၂မာခါ ၏သား အဘိယ ကို ရှင် ဘုရင်အရာ ၌ ခန့်ထားမည်အကြံရှိ၍၊ ညီအစ်ကို တို့တွင် ၊ အကြီးဆုံး ဖြစ်စေ ခြင်းငှါ ချီးမြှောက် လေ၏။
23 И мудро радећи растури све синове своје по свим крајевима Јудиним и Венијаминовим, по свим тврдим градовима, и даде им хране изобила, и доведе им много жена.
၂၃ပညာ သတိနှင့်စီရင်၍ ၊ ယုဒ ခရိုင် နှင့် ဗင်္ယာမိန် ခရိုင် အရပ်ရပ် တို့တွင် ၊ ခိုင်ခံ့ သောမြို့ ရှိသမျှ တို့၌ ၊ မိမိ သား တို့ကို အနှံ့အပြား နေရာချ၍ ၊ များစွာ သောရိက္ခါ ကို သိုထား၏။ မယား အများ တို့ကို အလို ရှိ၏။